Friday, March 25, 2011

စကခ (၅) လက်အောက်ခံ တပ်ဖွဲ့ ချောဆွဲ


စကခ (၅) လက်အောက်ခံတပ်ရင်း ၃၇၁ ဟာမဲနတာခီး ရေတံလျှောက်ဂိတ်မှ လာသမျှခရီး သည် ဈေးသည်နဲ့ ယာဉ်တွေ ကိုအတင်းအဓမ္မလိုက်လံ ချောဆွဲနေတယ်လို့ဒီကနေ့ သိရှိရပါတယ်။

နအဖ ဗိုလ်မှူး သန်းနိုင်လွင် ဦးစီးတဲ့ တပ်ရင်း ၃၇၁ တပ်ဖွဲ့ဟာ မဲနတာခီး ရေတလျောက်ဂိတ်ကနေ ထိတပေါင်စခန်းကို တပ်ရိက္ခာတွေ ပို့ပေးဖို့အတွက် ခရီးသည် ဈေးသည်နဲ့ ထော်လာဂျီယာဉ်တွေကို အတင်းလိုက်လံ ချောဆွဲနေပါတယ်။ ရေတံလျှောက်ဂိတ်ဟာ မြဝတီမြို့တောင်ဘက် ထိုင်းနယ်စပ်နဲ့ တမိုင်ခရီးလောက်ရှိပါတယ်။
ရေတံလျှောက်ဂိတ်ကနေ ထိုင်းဘက်ကို ရောက်လာတဲ့ ဈေးသည်တဦးက သူတွေ့ကြုံရတဲ့ အခြေအနေကို ပြောပြတာက
“လာသမျှ အကုန် ချောဆွဲနေတာပဲ လူလည်းဆွဲတယ် ကားတွေ ထော်လာဂျီတွေလည်းဆွဲတယ်။ သူတို့ ရိက္ခကို ပို့ဖို့လုပ် နေတာလေ။ ထိတပေါင်စခန်းကိုပို့မှာ၊ မိုးကလည်း ရွာတယ် လမ်းတွေလည်းမကောင်းဘူး။ အရင်နှစ်တွေက ဒီလို့ ရိက္ခာ ပို့တဲ့ကိစ္စ ခုလို ဖမ်းတယ်ဆီးတယ် ချောဆွဲတယ် မကြုံဖူးဘူး၊ အခုဟာက ဒီကေဘီအေနဲ့ ပြန်ပြီး ပစ်ကြခတ်ကြဖြစ် ကုန် တော့ သူတို့လည်း ရိက္ခာသယ်ပို့ရတာ ခက်ကုန်ပြီ ဖြစ်မယ်” လို့ ပြောပြသွားပါတယ်။

No comments: