Thursday, March 24, 2011
တိုကျို ၂၃ မြို့နယ်နဲ့ မြို့ ၅ မြို့က ရေမှာ ရေဒီယိုဓာတ်သတ္တိကြွမှုတွေ့ရှိ
မတ်လ ၂၂ ရက်နေ့လယ်ပိုင်းက တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ဟာ တိုကျို ၂၃ မြို့နယ်နဲ့ မြို့ ၅ မြို့ က ရေပိုက်လိုင်း တွေကနေလာတဲ့ ရေမှာရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်းပါဝင်မှုဟာအစိုးရရဲ့ စံအဖြစ် သတ်မှတ်ထားတဲ့ပမာဏထက် ပါဝင်မှုများပြားနေတဲ့အတွက် အဲဒီရေကို အသက်တနှစ်အောက် ကလေး တွေကိုမတိုက်ပါနဲ့ ပြောဆိုပါတယ်။
ကလေး တွေကို တိုက်လို့ရှိရင် အိုင်အိုဒင်းဓာတ်ခန္ဓာကိုယ်အတွင်း ၀င်ရောက်ပြီး ကိုယ်လက်မအီမသာဖြစ်တာတို့ သွေးထဲမှာ ပါ ၀င်တဲ့ ဓာတ်ပစ္စည်းတွေ ထိခိုက်တာတွေဖြစ် နိုင်ပါတယ်။ ကလေးငယ်တဲ့အတွက် ခံနိုင်ရည်မရှိတဲ့သဘော ဖြစ်ပါတယ်။ အ၀တ်လျှော်တာ။ ဆေးကြောတာ။ ရေချိုးတာတွေ လုပ်လို့ရပါတယ်။ ဘာမှမဖြစ်ဘူးလို့ မဲဂျီးရိုးဘူတာနားမှာရှိတဲ့ Gakushuen တက္ကသိုလ်က ပါမောက္ခတဦးက ပြောပါတယ်။
ခတ်ဆုရှီကာ့မြို့နယ်တွင်းရှိ ခါနားမားချိ ရေသန့်စင်စက်ရုံမှာ ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်း တွေ့ရှိရတယ်လို့ ပြောပါ တယ်။ အဲဒီစက်ရုံကနေ တိုကျို ၂၃ မြို့နယ်၊ နဲ့ တိုကျိုရဲ့အနောက်ဘက်မှာရှိတဲ့ မူဆာရှီနိုမြို့။ မီတာ့ကာမြို့။ မာချီဒါမြို့။ တာ့မာမြို့။ အိနာဂိမြို့တွေကို ရေပေးနေတာ ဖြစ်ပါတယ်။
ဖူကူရှီးမားခရိုင်ထွက် ဟင်းသီးဟင်းရွက်တွေကိုလည်း တင်ပို့ရောင်းချခွင့်ပိတ်ပင်လိုက်ပါတယ်။ ဟိုးရင်းဆို(မုံညင်းစိမ်းအ နု) နိုကိုဥ။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူ၊ ချင်းဂင်းဆိုင်(မုံညင်း)၊ နွားနို့စိမ်း စတာတွေ ဖြစ်ပါတယ်။
ဂျပန့်ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်နိုင်တာမျိုးမရှိဘူးလို့ ပြောပါတယ်။ ချက်ချင်း လက်ငင်းထိခိုက်မှုမရှိနိုင်ဘူးဆိုတော့ ရေရှည်မှာထိခိုက်နိုင်တယ်ဆိုတဲ့ သဘောမျိုးလားဆိုတာ စဉ်းစားစရာပါပဲ။ ဒါပေမဲ့ ဂျပန်အစိုးရကတော့ ရေရှည်မှာ ထိခိုက်မှုလုံးဝမဖြစ်စေချင်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်တာဖြစ်ပါတယ်။ ကျန်း မာရေးဆိုင်ရာကျွမ်းကျင်သူတွေက ပြည်သူတွေအနေနဲ့ အစိုးရိမ်လွန်တာမျိုးမဖြစ်ကြဖို့ ပြောဆိုကြပါတယ်။
ပိုက်လိုင်းကလာတဲ့ရေသောက်တာနဲ့ ပတ်သက်ပြီး တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့အရာရှိတဦးက အချိန်ကြာကြာ တောက်လျှောက်သောက်ရတဲ့ အခြေအနေမျိုးဖြစ်လာခဲ့ရင် လူ့ကျန်းမာရေးကို ထိခိုက်နိုင်ခြေရှိတဲ့ စံနှုန်းသတ်မှတ်ချက် ကို ရောက်နိုင်တယ်ဆိုလို့ ပြောပါတယ်။ ဒါကြောင့် ပိုက်လိုင်းရေကိုပဲ တောက်လျှောက် သောက်တာမျိုးမလုပ်တာ ကောင်းပါတယ်။ တခြားအစားထိုးအရည်တွေကိုလည်း သောက်သင့်ပါတယ်။
ဒီအတောအတွင်း နံပတ် ၃ ဓာတ်ပေါင်းဖို အပူချိန်လျော့ကျဖို့နဲ့ လျှပ်စစ်ဓာတ်အားပြန်ရပြီး ပုံမှန်အလုပ်တွေကို ပြန်လုပ် နိုင်ဖို့ ၀န်ထမ်းတွေကြိုးပမ်းနေတဲ့အချိန်မှာ ညနေ ၄ နာရီ ၂၀ မိနစ်မှာ ဓာတ်ပေါင်းဖိုရှိရာ အဆောက်အအုံတွင်းကနေ မီး ခိုးမဲတွေထွက်လာလို့ စိုးရိမ်ရတဲ့အခြေအနေလို့တွက်ဆပြီး TEPCO ဟာ အလုပ်လုပ်နေတဲ့ သူ့ရဲ့ဝန်ထမ်းတွေကို ပြန် ကယ်ထုတ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုမီးခိုးထွက်ရတာလဲဆိုတာကို မသိရပါဘူး။ ဒီလိုပဲ ရေပက်ဖျန်းမယ့်အစီအစဉ်ကို လည်း ယာယီရပ်ဆိုင်းလိုက်ပါတယ်။
အီဘားရားကိခရိုင် တိုးကိုင်းမူရာ့ ရွာက ရေပိုက်လိုင်းကနေ ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်း တွေ့ရှိရလို့ တီဘီအက်စ် ရုပ်မြင်သံကြား ၁၁ နာရီသတင်းမှာကြေညာသွားပါတယ်။
ကျော်ကျော်စိုး
၂၃း၄၃ နာရီ
မတ်လ ၂၃ ရက် ၂၀၁၁ ခုနှစ်
Labels:
Japan,
Nuclear Melted down,
water
Subscribe to:
Post Comments (Atom)
No comments:
Post a Comment