Monday, May 27, 2013

ကမ္ဘာပေါ်မှာ ပြုပြင်ပြောင်းလဲဖို့ အခက်ဆုံးဥပဒေကို ဘယ်လိုပြုပြင်ကြမလဲ

ကမ္ဘာပေါ်မှာ ပြုပြင်ပြောင်းလဲဖို့ အခက်ဆုံးဥပဒေကို ဘယ်လိုပြုပြင်ကြမလဲ
ဗကပ ပြောရေးဆိုခွင့်ရှိသူ သဘောထား ၁/၂၀၁၃ (၂၇-၅-၁၃)

(၁) “၂၀၀၈ အခြေခံဥပဒေ” နဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို “အားလုံး” က သဘောပေါက်ကြပြီ ထင်ပါတယ်။ သြစတြေးလျက ပညာရှင်ပြောမှ မဟုတ်ပါဘူး။ (ဗမာပြည်နိုင်ငံရေးအကြောင်းကို တချို့က အနောက်နိုင်ငံသားတွေပြောတာကိုမှ
တန်ဖိုးထားချင်ကြတယ်) စဉ်းစားချင့်ချိန်နိုင်သူအားလုံး စောစောကတည်းက သဘောပေါက်ပြီးသားပါ။

ဒါကြောင့်ပဲ ဗကပ က

- လွှတ်တော်ထဲဝင်ပြီး ဥပဒေပြင်ဖို့ကို “စိတ်ကူးယဉ်တာပဲ” လို့ ထောက်ပြပြီး သဘောမတူခဲ့ပါဘူး။

- “ဝင်ပြီးပြင်ချင်တယ်” ဆိုရင်လည်း လုပ်ကြည့်ပေါ့လို့ သဘောထားတဲ့အကြောင်းလည်း သဘောထားပေးခဲ့ပါတယ်။

(၂) သတိပေးချင်ပါတယ်။
-၂၀၀၈ အခြေခံဥပဒေ ရဲ့ ဖခင်က ဗိုလ် (ဦး) သန်းရွှေ ဖြစ်ပြီး သားဖွားဆရာက “သမ္မတကြီး” ဦးသိန်းစိန် ဖြစ်ပါတယ်။ အဲဒီအခြေခံဥပဒေရဲ့ အကျိုးစီးပွားကို အများဆုံးခံစားရသူက ကာ/ချုပ် ဖြစ်တယ်ဆိုတာပါပဲ။

(၃) “၂၀၁၅” ရွေးကောက်ပွဲမတိုင်မီ အဲဒီအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုတဲ့ “ဆန္ဒ” ဟာ “လက်တွေ့” မကျပါဘူး

- အမေရိကန်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ စတာတွေက ၂၀၀၈ အခြေခံဥပဒေကို အလေးမထားတော့ပါဘူး။ တရုတ်ကိုတော့ ပြောမနေနဲ့။ သူက ဘာမဆိုလက်ခံပြီးသား။

- လွှတ်တော်ထဲဝင်ပြီး ပြင်မယ်ဆိုတဲ့ “ဝင် - ပြင်” လမ်းစဉ်ဟာ နောက်ဆုံးတော့ ၁၉၆၂ က “တော်လှန်ရေးကောင်စီ” ကို ယုံစားပြီး “ဝင်-ပြင်” လမ်းစဉ်လိုက်ခဲ့တဲ့ “ပမညတ” ရဲ့ ဇာတ်သိမ်းမျိုးပဲ ကြုံရမှာပါ။

- အခုတော့ ဗိုလ်သိန်းစိန်အပါ စစ်အုပ်စုခေါင်းဆောင်တွေဟာ ပြည်တွင်းပြည်ပ ပြောခွင့်ကြုံတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်ဘူးလို့ ထုတ်ပြောနေတာတွေရဲ့ အဓိပ္ပာယ် ရှင်းနေပါတယ်။ တချက်က သူတို့ကတော့ လုံးဝပြင်ပေးမှာ မဟုတ်ဘူးဆိုတာရယ်၊ နောက်တချက်က “ငါတို့လက်နဲ့ရေးတာကို ခြေနဲ့ဖျက်ဝံ့ဖျက်ကြစမ်း” ဆိုတဲ့ အဓိပ္ပာယ်ပါ။

No comments: