မုံရွာ
လက်ပံတောင်းတောင်၊ မအူပင် မလက်တိုကျေးရွာအုပ်စု၊ ကျောက်ပန်းတောင်း
နှစ်ကျပ်ခွဲကျေးရွာ။ သုံးလအတွင်း ဗမာနိုင်ငံမှာ အစိုးရရဲ့ပုလိပ်တွေ အကြမ်းဖက်မှုတွေ
ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကေအိုင်အေကို ဒီနေ့အထိ မပြတ်ဆက်တိုက်
ထိုးစစ်ဆင်နေတာပါ ထည့်တွက်လိုက်ရင် ဗမာပြည်မှာ လူထုအပေါ်လက်နက်နဲ့
အကြမ်းဖက်ဖြေရှင်း နေတဲ့ နှုန်းထားဟာ
ကမ္ဘာမှာ ထိပ်ဆုံးထဲကပါဝင်တယ်လို့ ပြောနိုင်ပါတယ်။
ကမ္ဘာမှာ ထိပ်ဆုံးထဲကပါဝင်တယ်လို့ ပြောနိုင်ပါတယ်။
ဒါကိုတခါ
ထပ်အသေးစိတ် စူးစမ်းလိုက်ရင် ဗမာပြည်မှာ ဗိုလ်သိန်းစိန် ကြံ့ဖွတ်အစိုးရတက်လာပြီးမှ၊
နောက်ပြီး ဒီအစိုးရ သက်တမ်းရှည်လာတာနဲ့အမျှ လူထုအပေါ် အကြမ်းဖက်မှုတွေ
ပိုများလာတယ်ဆိုတာကို တွေ့ရမှာပါ။ ဒီတော့ လူထု ဘက်က မစဉ်းစားဘဲ နေလို့မရတဲ့
ပြဿနာတွေ ပေါ်လာပါတယ်။ အဲဒါတွေက …
(၁)
လူထုလှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းတာတွေဟာ ဘာလို့မြို့ပြတွေမှာ သိပ်မဖြစ်ပွားဘဲ
(အခုအခါမှာ မြို့ပြတွေမှာ လူထုလှုပ်ရှားမှုတွေဟာလည်း မပြတ်ဖြစ်ပေါ်နေတာပါ)
ကျေးလက်တွေမှာ ပိုဖြစ်ပွားနေတာလဲ။
(၂)
အရင်ကတော့ ထစ်ကနဲရှိ စစ်တပ်ကို ခေါ်သွင်းလာလေ့ရှိတဲ့ စစ်အာဏာပိုင်တွေဟာ ဘာဖြစ်လို့
အခုအခါမှာ ပုလိပ် ကိုချည်း လူမိုက်လုပ်ခိုင်းနေတာလဲ။
(၃)
လူထုဆန့်ကျင်မှုတွေ နေရာအနှံ့မှာ ပေါ်နေတဲ့အကြားက လူထုရဲ့မြေတွေကို လူထုသဘောမတူဘဲ
သိမ်းယူတာ တွေ ထပ်မံပေါ်ပေါက်နေတာလဲ (မတ်လ ၄ ရက်နေ့မှာပဲ ရန်ကုန် သင်္ဃန်းကျွန်းမှာ
စစ်တပ်က မြေတွေသိမ်းလို့ လူထု ဆန္ဒပြမှုတွေ ပေါ်ခဲ့သေးတယ်)
(၄)
ဆန္ဒပြလူထုတွေကို နှိမ်နင်းတဲ့အခါတိုင်း ပုလိပ်တွေက မောက်မောက်မာမာ
ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာဟာ နောက်ကနေ အာပေးခွင့်ပြုထားတာ ရှိလို့လား။
(၅)
လွှတ်တော်ကြီးရှိတယ်၊ စုံစမ်းရေးကော်မရှင် (လက်ပံတောင်းကိစ္စ) တွေ
ဖွဲ့ပါတယ်ဆိုတဲ့နောက်မှာ အကြမ်းဖက်မှု တွေ ဘာလို့ လျော့မသွားရတာလဲ
(စုံစမ်းရေးကော်မရှင်က ဘာအဖြေမှ မထုတ်နိုင်သေးတာကတော့ တပိုင်းပေါ့)။
ဒီမေးခွန်းတွေကို
အဖြေရှာရင်း ပေါ်ထွက်လာတာက ဒီလိုနှိမ်နင်းမှုတွေဟာ တိုက်ဆိုင်မှုတွေ မဟုတ်ဘူး၊
ပေါ်လစီအရ အစီအစဉ်တကျ လုပ်ကိုင်နေတာတွေ ဖြစ်တယ်ဆိုတာပါပဲ။
ဗိုလ်ချုပ်ကြီးဟောင်း
ဦးသိန်းစိန်ဟာ ဒီနေ့ ဗမာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းနေပါတယ်၊
အမျိုးသားသွေးစည်းညီ ညွတ်ရေးကို တည်ဆောက်နေပါတယ်၊ အောင်မြင်မှုများရှိသလို
စိန်ခေါ်မှုများလည်း ရှိနေပါတယ်ဆိုတဲ့ စကားတွေနဲ့ မျက်ရည်ခံထိုးပြီး
ကမ္ဘာလှည့်ပိုက်ဆံတောင်းနေချိန်မှာ ပြည်တွင်းမှာတော့ သူ့လူတွေက သူတို့ကို “အာခံ”
သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တာတွေ တိုးလုပ်နေပါတယ်။
တိုင်းပြည်မှာ
အမျိုးသားရင်ကြားစေ့ရေး လုပ်တယ်ဆိုတာ အထက်ပိုင်းကလူတွေရဲ့ အကျိုးစီးပွားတွေအတွက်ပဲ
ရော့နင် တဖဲ့၊ ရော့ ငါတဖဲ့၊ နင်က ဘာတာဝန်ယူ ငါက ဘာတာဝန်ယူဆိုတာမျိုး
ဝေခြမ်းစားသောက်နေလို့နဲ့ မရပါဘူး။ အောက် ခြေပြည်သူလူထုပါ ပါဝင်ခံစားရတဲ့
စေ့စပ်မှုမျိုး ဖြစ်ရပါမယ်။ အခုဖြစ်နေတာက အထက်မှာ နှစ်ပါးကြည်လုပ်နေကြပြီး
အောက်ခြေပြည်သူလူထုအပေါ်မှာတော့ မစေ့စပ်စတမ်းအကြမ်းနည်းနဲ့ချည်း ဖြေရှင်းနေပါတယ်။
နောက်ပြီး အထက် ပိုင်းမှာ စည်းစိမ်တွေ တိုးသထက်တိုးလာပြီး အောက်ခြေပြည်သူလူထုရဲ့ ပစ္စည်းဥစ္စာနဲ့
အကျိုးစီးပွားတွေကတော့ လျော့ ပါးရင်းလျော့ပါး ဖြစ်လာနေပါတယ်။ လယ်မြေတွေ ခြံမြေတွေ
အသိမ်းခံရတာဟာ အဆိုးဆုံးအဆင့်ကို ရောက်နေပါပြီ။ တောင်သူလယ်သမားတွေရဲ့
ဘိုးဘွားပိုင် ဓားမဦးချမြေတွေကို စစ်တပ်၊ အစိုးရဌာန၊ ကုမ္ပဏီစတာတွေက ပံ့သကူပစ္စည်း
ကောက်ယူသလို ထင်တိုင်းသိမ်းနေကြပါတယ်။ တနေ့ကဆိုရင် သမ္မတ အကြံပေးဆိုတဲ့လူကတောင်
မြေသိမ်းတယ်ဆို တာ တွေ့လိုက်ရပါတယ်။ တကယ့်ကို ကျားချေးလည်းကြောက်ရတဲ့ ဘဝမျိုးပါ။
ဒါနဲ့တဆက်တည်း
ဒီရက်ပိုင်းမှာ တွေ့လာနေရတာတခုက ပုံနှိပ်ဥပဒေကြမ်းကို ထုတ်လာတာ ဖြစ်ပါတယ်။
မီဒီယာလွတ် လပ်ခွင့် စကားတွေ ဖောင်ဖောင်ပြောနေတဲ့ကြားက ထွက်လာတဲ့ ဒီဥပဒေကြမ်းကို
ပြည်တွင်းပြည်ပမှာ ဆန့်ကျင်တုံ့ပြန် ကြတာတွေ ချက်ချင်းကြားလာရတာကို
အားလုံးသတိပြုမိကြပါတယ်။ ဝက်အူတွေ တင်းတာကတော့ အသေအချာပါပဲ။
ဗိုလ်ချုပ်ကြီး
(အငြိမ်းစား) ဦးသိန်းစိန်ရဲ့ အစိုးရဟာ ၂ နှစ်ကျော် သက်တမ်းအတွင်းမှာပဲ အခုလို
ကိုယ့်ဇာတ်ကိုယ်မနိုင် ဘဲ ဘီလူးထွက် ထွက်နေတာကို ကြည့်ရင် သူတို့ရဲ့ စိတ်ရင်းကို
အတိုင်းသား မြင်နိုင်ပါတယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ ပြည်သူလူထုအပေါ် အထင်သေး
ရန်ငြိုးထားမှု၊ သူတို့ရဲ့အကျိုး (နိုင်ငံရေး စီးပွားရေး) အတွက်ဆိုရင် တပြားဖို့းမှ
အ လျှော့မပေးလိုမှု စတာတွေက ပေါ်ပေါက်လာတဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ
ကြံ့ဖွတ်အစိုးရ နောက် ကြောင်းပြန်လှည့်တာ မဟုတ်ပါဘူး။ ဇာတိပြတာပါ။
ရဲဘော်ဖိုးသံချောင်း
၁၁၊ ၃၊
၂၀၁၃
No comments:
Post a Comment