ပညာတတ်တဲ့ဘု
ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဘက်လှ ဦးကျော်လွင်ဆိုတာ ရှိပါတယ်။ အရင် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) မှာ တာဝန်ထမ်းဆောင်ပါတယ်။ သူ့ရဲ့ ဇနီးမယားက အစ္စလာမ်ဘာသာဝင်ပါ။ နောက်ပိုင်းမှာတော့ သူ့ရဲ့ ဇနီးမယား မိသားစုတွေ အားလုံး ဗုဒ္ဓဘာသာ ဖြစ်သွားပါတယ်။ အခြားသော သာဓကတွေလဲ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ လေ့လာကြည့်ပါ့ ဗုဒ္ဓဘာသာ အမျိုးသားနဲ့ အစ္စလာမ် အမျိုးသမီး၊ အစ္စလာမ် အမျိုးသားနဲ့ ဗုဒ္ဓဘာသာ အမျိုးသမီး လက်ထပ် ထိမ်းမြားကြတာတွေ အများကြီး ရှိနေပါတယ်။ အားလုံးလဲ ဗုဒ္ဓဘာသ မဖြစ်လာသလို၊ အားလုံးလဲ အစ္စလာမ်ဘာသာဝင် ဖြစ်မသွားပါဘူး။ အားလုံး အစဉ်ပြေကြတယ်လို့ ပြောလို့ မရသလို၊ အားလုံး အစဉ်မပြေဘူးလို့လဲ ပြောမရပြန်ဘူး။ မြတ်စွားဘုရားက ဟောထားပီးသားပါ...
သမသဒ္ဓါ-တူမျှသော သဒ္ဓါတရား ရှိကြရမယ်၊
သမသီလာ-တူမျှသော သီလရှိကြရမယ်၊
သမစာဂါ-တူမျှသော စွန့်ကြဲမှုရှိကြရမယ်၊
သမပညာ-တူမျှသော ပညာရှိကြရမယ်
အဲဒီလိုမှ မတူဘူးဆိုရင်...အဲဒီအိမ်ထောင်ရေ
အဲဒါဟာ ဘာသာခြားနဲ့ အိမ်ထောင်ပြုတဲ့သူတွေမှာ တွေ့ကြုံရနိုင်သလို၊ ဘာသာတူခြင်းမှာလဲ တွေ့ကြုံရနိုင်ပါတယ်.. ဥပမာ ဇနီးမယားက ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းတယ် အိမ်သားဖြစ်တဲ့သူက အရက်ကလေးသောက်၊ ဖဲလေးရိုက်၊ မိန်းမလဲ လိုက်စားလိုက်သေးဆိုရင် ဘာသာတူခြင်းလဲ အစဉ်မပြေနိုင်သလို၊ ဘာသာခြားနဲ့လဲ အစဉ်မပြေနိုင်ပါဘူး။
အဲဒီလို မဟုတ်ဘဲ အိမ်သားက ငါးပါးသီလကို အသက်တမျှ လိုက်နာစောင့်ထိန်းတယ်၊ အိမ်သူဖြစ်တဲ့သူက အရပ်တကာလှည့်အတင်းပြော၊ တွေ့တဲ့ယောကျာ်းတိုင်းကို ကြာ ကြည့်ကြည့်နေရင် အဲဒီ အိမ်ထောင်ရေးလဲ မသင့်မြတ်နိုင်ပါဘူး။ ဘာသာတူခြင်းကော မတူခြင်းကို မသင့်မြတ်နိုင်ပါဘူး။
မိမိ၏ ပုဂ္ဂလိက အမြင်အရပြောရရင်တော့ အစ္စလာမ်ဘာသာဝင်တွေထဲမှာလဲ လူတိုင်း အိမ်ထောင်ရေးအစဉ်ပြေနေတယ်လို့ ထင်ပါသလား။ မထင်ပါနဲ့ အိမ်ထောင်ရေး အစဉ်မပြေတဲ့ အစ္စလာမ်ဘာသာ ၀င်တွေ အများကြီးပါ။ ဗုဒ္ဓဘာသာ အတူတူချင်းကော လူတိုင်းရဲ့ အိမ်ထောင်ရေးက အစဉ်ပြေနေတယ်လို့ ထင်ပါသလား၊ မထင်ပါနဲ့ အစဉ်မပြေတာတွေ ထုနဲ့ ဒေးပါ။
ဘာဖြစ်လို့ပါလဲ လူတွေမို့ပါ။
အဲဒီတော့ ကိုယ့်ဗုဒ္ဓဘာသာတွေ အစ္စလာမ်ဘာသာဝင် မဖြစ်စေချင်ရင် ဘာသာတရားကို သေသေချာချာနားလည်အောင် သင်ပေးရမယ်၊ ဘာသာတရားနဲ့ ပါတ်သက်ရင် ယုံကြည်ချက် ခိုင်မာလာအောင်၊ ဘာနဲ့ပဲ စွယ်စွယ် တခြားဘာသာတရားကို ပြောင်းမသွားအောင် တရားနည်းလမ်းကျကျ သွန်သင်ဘို့၊ ညွှန်ပြဘို့ ဆုံးမဘို့ဆိုတာ ဦးဇင်းတို့ သာသနာ့ ၀န်ထမ်း ရှင်ရဟန်းတွေရဲ့ တကယ့်တာဝန် တွေပါပဲ။
အဲဒီလို မဟုတ်ပဲ မိမိဘာသာမှ တစ်ခြားဖြစ်တဲ့ ဘာသာတရားတွေကို ကောင်းတယ်၊ မကောင်းဘူး၊ မှားတယ်၊ မှန်တယ် ဝေဖန်ပုတ်ခတ်နေတာ လူတော်လူကောင်းတွေရဲ့ အလုပ်မဟုတ်ပါဘူး။ ပိဋကတ်သုံးပုံထဲမှာလဲ ကြည့်ကြည့်ပါ မြတ်စွားဘုရားရှင်က ကိုးကွယ်မှုမတူတဲ့သူတွေကို ဘယ်တုန်းကမှ ပုတ်ခတ်ဟောပြောတာ မရှိခဲ့ပါဘူး။ အဲဒီလို ဟောဘို့လဲ စိတ်ဖြင့်တောင် ကြံစည်တော် မမူပါဘူး။ အထူးသဖြင့် အစ္စလာမ် ဘာသာ၊ ခရစ်ယာန်ဘာသတွေ ဗုဒ္ဓဘုရား ပွင့်ပေါ်တော်မူတဲ့ အချိန်က မပေါ်ပေါက်သေးတော့ ပိုလို့တောင်မပြောခဲ့သေး၊ မဟောခဲ့သေးတယ်။ မပေါ်သေးလို့ မဟောတာ ပေါ်ရင်ဟောခဲ့မှာလို့တော့...မပြေ
တစ်ချို့က ပြောကျတယ်...အစ္စလာမ် ဘာသာဝင်တွေကို ဗလီတွေကနေထောက်ပံ့တယ်တဲ့..ကဲထော
ပုဂ္ဂလိက ခံစားချက်လေး ပြောဦးမယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာ ကိုယ်တိုင် အဆင့်အတန်းတွေ ကွဲမှန်း မသိကွဲကုန်ကျပြီ၊ အခုလက်ရှိ အနေအထားကိုကြည့် ချမ်းသာတဲ့ ဘုန်းကြီး၊ ဘုန်းကြီးတဲ့ဘုန်းကြီးတွေ အနားမှာကြည့် ဘယ်သူတွေဝိုင်းနေတာလဲ။ ဆင်းရဲတဲ့သူတွေ ကပ်နိုင်ရဲ့လား၊ ဝေလာဝေး သဘောရိုးနဲ့ ကပ်ရင်တောင် မရှိခိုးနိုးနိုးနဲ့ ကြည့်ကြတာမို့လား။ အဲဒါ ဘာတွေ ဖြစ်လာလဲ။ များသောအားဖြင့်....ပညာတတ်တဲ့ ဘုန်းကြီး၊ ချမ်းသားတဲ့ဘုန်းကြီး၊ ဘုန်းကြီးတဲ့ ဘုန်းကြီးတွေဟာ ပညာတတ်၊ ဥစ္စာချမ်းသာတဲ့ လူတွေ အတွက် သီးသန့်ဖြစ်သွားတယ်။ ပညာမဲ့ ပစ္စည်းမဲ့ ရဟန်းတော်တွေ ကတော့ ပညာမဲ့ ပစ္စည်းမဲ့ လူတွေအတွက် အလိုအလို အော်တို ဖြစ်သွားတယ်။ မဟုတ်ဘူးလို့ ငြင်းချင်လဲ ငြင်းနိုင်ပါတယ်။ ဘုန်းကြီး အချင်းချင်းတောင် ဗေဒင်ဟောလို့ပဲ ချမ်းသာ ချမ်းသာ၊ တရားဟောလို့ပဲ ချမ်းသာ ချမ်းသာ ဘုန်းကြီးလို့ပဲ ချမ်းသာ ချမ်းသာ၊ စီးပွားရေးလုပ်လို့ပဲ ချမ်းသာ ချမ်းသာ အဲဒီလို ချမ်းသာတဲ့ ဘုန်းကြီးက နာမည်ကြီးတဲ့ ဘုန်းကြီးက ဘယ်လောက်ပဲ ၀ိနည်းလေးစား လေစား၊ ဘယ်လောက်ပဲ စာတတ်တတ် ထည့်ကို မတွက်တာ။
တောင်စဉ်ရေမရတွေ ဖြစ်ကုန်ပီလား မသိဘူး အချုပ်ပြောချင်တာကတော့ သူများဘာသာတရားတွေ ကောင်းတာ မကောင်းတာကို ဝေဖန်မနေဘဲ
ဒီကနေ့ တကယ်တန်း သာသနာပြုနည်း အမှန်ဖြစ်တဲ့ (မိမိ အယူအဆ) ဓမ္မစကူးလ် ဖေါင်းဒေရှင်းလုပ်ငန်းတွေကို ဘယ်သူလုပ်တာမို့လို့ စတဲ့ကျဉ်းမြောင်းတဲ့ အတ္တစွဲတွေ ဖယ်ပြီး ၀ိုင်းဝန်းအားပေးကြပါစို့လို့ ဆန္ဒပြုရင် ...
လူတိုင်းလူတိုင်း ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်မျှော်မြင်နိုင်ကြပါစေ။
မူရင်း .. http://www.facebook.com/
1 comment:
I'm totally agreed with ur Idea.
We will never follow other religions if we know that BUDDHIST is how much treasure and important for our life and future.
Please don't pointed to other religion and show and teach and prove to people that how much the BUDDHISM is essential and useful for our daily lives.
Post a Comment