(အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်သူတွေဘက်က စလုပ်ပေးရမယ့် အလုပ် မရှိဘူးလို့ဘဲ မြင်တယ်။)
၂၀၀၈ ဖွဲ့စည်းပုံနဲ့ တမတ်သားပါလီမန်အောက်က အမတ်ဖြစ်ခွင့်ဆိုတာ စစ်အစိုးရရဲ့ ပေးတာယူ၊ ကျွေးတာစား လမ်းစဉ်ပဲ ဖြစ်တယ်။
ပြင်မယ်ဆိုပြီး ၀င်သွားတဲ့သူတွေ ပါလီမန်ထဲမှာ ပထမဆုံး ပေးတာယူ ကျွေးတာစားရတဲ့ ဘ၀တော့
ရောက်သွားရတာပဲ။
ဦးအောင်မင်း တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးအမည်တတ် ဆွေးနွေးပွဲတွေဆိုတာ အဲဒီ ပေးတာယူ ကျွေးတာစားလမ်းစဉ်ရဲ့  အဆွယ်အပွားပဲ ဖြစ်တယ်။ စစ်အစိုးရက အဆင့်လျှော့နိုင်သမျှလျှော့ချပြီး ငြမ်းအဖြစ်အသုံးပြုနေတာဖြစ်လို့ နောက်ဆုံး သူတို့ပဲ ဖျက်ပစ်မှာပါ။
အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အဲဒီ ပေးတာယူ၊ ကျွေးတာစား လမ်းစဉ်ထဲ မှာမရှိပါဘူး။ မရှိတာကို အရှိလုပ်ပြီး ပြောဆိုဝါဒဖြန့်တာဟာ လူထုကို ထင်ယောင် ထင်မှားဖြစ်စေပြီး လူထုကို သစ္စာဖေါက်ရာ ကျလိမ့်မယ်လို့ပဲ မြင်ပါတယ်။
စစ်အစိုးရပေးတဲ့ ကားသွင်းခွင့်အပါအ၀င် ငါရတဲ့ ငါ့အဖွဲ့အစည်းရတဲ့ အခွင့်အရေးကို မျိုည့်ပဲ လူထုရတဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ အခြားအခွင့်အရေးကို ကြည့်ရပါမယ်။
ကျနော်တို့ကြည့်ရမှာက စစ်အစိုးရနဲ့ လက်တစုပ်စာ နိုင်ငံရေးသမားကြားက၊ လက်တစုပ်စာ နိုင်ငံရေးပါတီတွေကြားက အမျိုးသားပြန်လည်သင့်မြတ်ရေး မဟုတ်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဖိနှိပ်သူကစတင်ပြီး ဖိနှိပ်မှု တွေကို လျှော့ချပြီး အဖိနှိပ်ခံပြည်သူတွေ ယုံကြည်မှုရှိအောင် လက်တွေ့လုပ်ဆောင်မှ အဓိပါယ်ရှိပါလိမ့်မယ်။ ပြည်သူက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘာတွေထပ်ပြီး လိုက်လျှောရအုံးမှာလဲ။ ပြည်သူတွေဖက်က စလုပ်ရမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ရမယ့်အလုပ် မရှိဘူးလို့ပဲ မြင်တယ်။
စစ်အစိုးရက (ပါလီမန်ပြင်ပ) နိုင်ငံရေးအရ တန်းတူဆွေးနွေးအဖြေရှင်ချင်တဲ့ ဆန္ဒရှိဖို့ပဲလိုတယ်။ အဲဒီလိုနည်းကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှာလို့ရတယ်။
အခုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ကြွေးကြော်နေတဲ့သူတွေက ဘာအဓိပ္ပာယ်နဲ့ ပြောနေသလဲဆိုတာ တိတိကျကျမသိရဘူးဖြစ်နေတယ်။ စစ်အစိုးရနဲ့ သူတို့ကြား သင့်မြတ်ရေးလား ။
စစ်အစိုးရက အမျိုးသားပြန်လည်သင့်မြတ်မှုကို လူထုနဲ့ရှာချင်ရင် ဥပမာ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့် အရေး၊ ကျောင်းသားအခွင့်အရေး ဒါတွေကို ခိုင်မာအောင် ဥပဒေပြဋ္ဌာန်ပြီး လုပ်ပေးနိုင်လို့လားဆိုတဲ့ စေတနာရှိလို့လား လုပ်ပေးခဲ့လို့လား ဆိုတဲ့မေးခွန်းကို မေးရမှာ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပမဏာလုပ်ရမယ့် အစပျိုးချက်တွေပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းပေးရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစရှာမှုလို့ပြောနိုင်ရင်တောင် ဖျက်သိမ်း ယုံနဲ့ တပြည်လုံးအမျိုးသားပြန်လည်သင့် မြတ်ရေးရပြီလို့ ပြောလို့ အာမမခံနိုင်ဘူး။
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုပြီး လိပ်ခေါင်းထွက်အောင်လဲအော်ပေါ့။ လူကြားကောင်းအောင်ထက် အနှစ်သာရ လဲ ရှာရပါမယ်။ စစ်အစိုးရနဲ့ စကားပြောနေကြတဲ့လူတွေ အမျိုးသားပြန်လည်သင့်မြတ်ရေးရှိသလား အဓိပ္ပာယ်က ဘာလဲဆိုတာ မမေးကြဘူးနဲ့ တူတယ်။
စစ်အစိုးရက တကယ်အမျိုးသားပြန်လည်သင့်မြတ်ရေးကို တပါတီ တဖွဲ့ချင်း လူမျိုးစုတခု လူပုဂ္ဂိုလ်တဦးတည်းကို ခွဲထုတ် ဖဲ့ထုတ်ရှာလို့ရတဲ့ကိစ္စမဟုတ်ဘူး။ လုပ်ချင်တဲ့လူတွေကလည်း သိဖို့လိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာလဲ သင့်မြတ်ရေး မဖြစ်နိုင်ဘူး။
မူဝါဒရေးရာ ချစားပျက်စီး အလွဲသုံးစား ဖေါက်ဖျက်မှုတွေကို ကြည့်ရပါမယ်။ စစ်အစိုးရဟာ တိုင်းပြည်ကိုရောင်းစားရုံ သာမက အတိုက်အခံနိုင်ငံရေးသမားတွေကိုတောင် လက်ညှိုးထိုးအသုံးချတဲ့ ခေတ်ပါ။
စစ်အစိုးရပေးနိုင်တာ အမျိုးသားပြန်လည်သင့်မြတ်ရေး မဟုတ်ပါဘူး။ ပေးတာယူ ကျွေးတာစားလမ်းစဉ်ပါ။ စစ်အစိုးရ အမြင့်ဆုံးလုပ်နိုင်ရင် ယာယီ အပစ်အခတ်ရပ်စဲရေးပါ ငြိမ်းချမ်းရေး မဟုတ်ပါဘူး။ ခိုင်မာတဲ့ အပစ်အခတ်အဆင့်မ ရောက်သေးပါဘူး။
ဒီနေ့ ဖိနှိပ်မှု၊ ဖမ်းဆီးမှု၊ စစ်ပွဲတွေ စစ်ပြေးဒုက္ခသည်တွေဆိုတာ ပေးတာယူ ကျွေးတာစားလမ်းစဉ်နဲ့ အဲဒီလမ်းစဉ်နဲ့ တိုက်ရိုက် ဆက်စပ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီကနေ့ တချို့နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ပေးတာစား ကျွေးတာယူလမ်းစဉ်နဲ့ ဆက်စပ်ပတ်သက်ပြီးနေတာကြောင့် ကင်းရှင်းအောင်နေကြရပါမယ်။
လူထုရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အဖိနှိပ်ခံ ဘ၀လွတ်မြောက်ရေးနဲ့ ဖီလာဆန့် ကျင်မှု သစ္စာဖေါက်မှုတွေသာလျှင်ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ရဲဘော်သံဒုတ်
Than Doke facebook
No comments:
Post a Comment