Friday, July 5, 2013

၈၈ နဲ့ ကျနော့်ရဲ့အချစ်

သြော်...
၂၅ နှစ်ပြည့်တဲ့လား ... ။

နောက်ကြောင်းပြန်လှည့်ကြည့်ရင်
ကျနော်တို့ငယ်ဘဝ
ရိုးသားမူတွေမြင်
ရနိုင်ပေမဲ့

နောက်ကြောင်းပြန်မလှည့်စေချင်သူတွေထဲ
ကျနော်လည်းပါဝင်လို့နေတာ
နောက်တခေါက်ဒီနေရာ
ပြန်ရဖို့
မသေချာတာမို့ဘဲဖြစ်မှာ

ဘာပဲဖြစ်ဖြစ် ၈၈ နဲ့
နောက်မှာကျန်ခဲ့တဲ့
(၁၉ နှစ်ပြည့်အပါအ၀င်)
အမှတ်တရတွေကိုတော့
ရိုးရိုးသားသားချစ်တယ်ဗျာ ...။

ကိုမျိုး (မြန်မာစာ)
၃.၆.၂၀၁၃

No comments: