Sunday, August 18, 2013

ဦးသန်းရွှေနဲ့ စီအိုင်အေ ကစားပွဲမှာ ဦးသန်းရွှေ အနိုင်ရ

(အစ်ကိုကြီးတယောက် ဂျီတော့မှာ ရှင်းပြတာကို ပြန်ရေးတာပါ)

ဟိုတလောက ဦးသန်းရွှေ နဲ့ စီအိုင်အေ ညှိနေတယ်လို့ ကြားပါတယ်။

ဦးသန်းရွှေဘက်က သူတို့ တဆွေလုံးတမျိုးလုံး အမေရိကားမှာ ခြေချခွင့်၊ စီပွားလုပ်ကိုင်ခွင့်၊ မြန်မာပြည်က ပိုင်ဆိုင်မှုတွေကို ကာကွယ်ခွင့်တွေ အကုန်တောင်းပါသတဲ့။

စီအိုင်အေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးဖို့၊ ပြည်တွင်းငြိမ်းချမ်းရး မရအရ ဆောင်ရွက်ဖို့၊ နိုင်ငံရေးအကျဉ်း သားတွေ လွှတ်ပေးဖို့၊ ဖက်ဒရယ်ပြည်ထောင်စုလမ်းစဉ်ကိုသွားဖို့၊ တရုတ်ပြည်နဲ့ လုပ်ထားတဲ့ စီမံကိန်းတွေ ပြန်လည်သုံးသပ်ဖို့
တောင်းဆိုပါသတဲ့၊

အဲလို ဦးသန်းရွှေ နဲ့ စီအိုင်အေ တွေ့ဆုံဖြစ်သွားတဲ့ အဓိကအကြောင်းအရာကတော့ မြစ်ဆုံနဲ့ ကျောက်ဖြူကူမင်း ပိုက်လိုင်းကိစ္စတွေ ကြောင့်ပါပဲတဲ့။ မြစ်ဆုံကို ဆက်မလုပ်ဘဲ တားခဲ့တယ်၊ ကျောက်ဖြူကူမင်းကျတော့ လုပ်ဖြစ်အောင် ဆက်လုပ်ပြတယ်တဲ့။

ခုအချိန်ထိ မြန်မာပြည်ရဲ့ အဆုံးအဖြတ် ဦးသန်းရွှေလက်ထဲမှာပဲ ရှိနေသေးတာတဲ့၊ ဦးသန်းရွှေက အချိန်တိုင်း စောင့် ကြည့်ပြီး နောက်ကွယ်ကနေ အမိန့်တွေပေးနေတုန်း၊ ဦးသန်းရွှေကို သူ့ တပည့်တွေကလည်း သစ္စာခံနေကြတုန်းပေါ့တဲ့။

စီအိုင်အေဘက်က ကြည့်တဲ့အမြင်က မြစ်ဆုံကိစ္စဟာ ပြည်တွင်းအရေးသက်သက်ပဲ၊ ကျောက်ဖြူကူမင်းပိုက်လိုင်း ကျတော့ တရုတ်ပြည်က ဗမာပြည်ကို မဟာဗျူဟာမြောက် ဝင်လာတာလေ၊ တရုတ်တွေ အန္ဒိယသမုဒ္ဒယာကြီးကို ခိုင်မာတဲ့ အကြောင်းပြချက်နဲ့ စတင်ထိတွေ့ခွင့်ရသွားတာပေါ့။

ပြောရမယ်ဆိုရင် ဦးသန်းရွှေနဲ့ အမေရိကန် ကစားကွက်ထဲမှာ ဦးသန်းရွှေက အမေရိကန်ရဲ့ အညှာကို အပိုင်ကိုင်သွား နိုင်တာပေါ့။

တရုတ်အနေနဲ့ မြန်မာပြည်တွင်းမှာ လောလောလတ်လတ် လုပ်နေတဲ့ ကိစ္စကြီး ၃ ခုရှိတယ်၊ မြစ်ဆုံ လက်ပံတောင်းနဲ့ ကျောက်ဖြူ ကိစ္စတွေလေ၊ မြစ်ဆုံကို ဦးသန်းရွှေက လျှော့ပေးလိုက်တယ်၊ လက်ပန်တောင်းကို တို့လို့တန်းလန်း လုပ်ထားနိုင်တယ်၊ ကျောက်ဖြူကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်ပြနိုင်ခဲ့တယ်။

ကျောက်ဖြူကိစ္စပြည်တွင်းမှာ စိတ်ဝင်စားမှုတွေတက်လာတဲ့အခါတိုင်း ဟိုဟာဒီဟာ တွေဖြစ်လာတာ လက်တွေ့ပဲလေ၊ အဲဒီကစားကွက်အတွက် ဦးသန်းရွှေက ရခိုင်နဲ့ မိတ္ထီလာကိုတောင် ထိုးကျွေးခဲ့သေးတာပဲတဲ့။

ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေကိုလည်း အလုပ်တွေရှုပ် တိုင်တွေပတ်နေအောင် လုပ်ထားနိုင်ခဲ့တယ်၊ သူ့လူတွေ ဖြစ်တဲ့ ဦးသိန်းစိန် ဦးရွှေမန်းနဲ့ ကာချုပ်မင်းအောင်လှိုင် တို့ကိုလည်း သူတို့အကြား တည့်သလိုလို မတည့်သလိုလိုနဲ့ ခုအချိန်ထိ သူ့ စကားမြေဝယ်မကျ နားထောင်နေအောင် လုပ်ထားနိုင်ခဲ့တယ်လေ။

ပြည်ပက နိုင်ငံရေးလှုပ်ရှားသူတွေကိုလည်း ဦးသန်းရွှေက တဖက်လှည့် သူ့အိပ်ကပ်ထဲပြန် ထဲ့ထားနိုင်ခဲ့တယ်တဲ့။ စင်္ကာပူကတဆင့် ငွေတွေကို အမေရိကားကို နည်းမျိုးစုံထုတ်၊ အမေရိကားမှာ အန်ဂျီအိုတွေ အထိထိုးဖောက်၊ ပြည်ပ အတိုက်အခံတွေကို တဖက်လှည့်ထောက်ပံ့နိုင်တဲ့အထိ ဦးသန်းရွှေ လက်တံခြေတံရှည်ခဲ့ပါတယ်တဲ့။

တိုင်းရင်းသားတပ်တွေနဲ့လည်း စစ်တိုက်တဲ့သူနဲ့ စစ်တိုက်နေတဲ့ အချိန်မှာ ဝေစားမျှစားလုပ်တဲ့သူနဲ့ ဝေစားမျှစားလုပ်ပြီး ပါဝါဘဲလန့်စ် ဖြစ်အောင် လုပ်ထားနိုင်ခဲ့ပါတယ်တဲ့။

ငွေရေးကြေးရေး ဈေးကွက်ကြီးကိုလည်း တဒေါ်လာ ၈၀၀ ကနေ ၁၀၀၀ ဖြစ်အောင် ရက်ပိုင်းလေးအတွင်းမှာ ကစားပြနိုင်ခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေကိုလည်း မြေဈေးတက်အောင်လုပ်ပြီး အနှောင့်အယှက် ပေးနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ဦးသန်းရွှေဟာ လပေါင်း ၃၀ အတွင်းမှာ မြန်မာပြည်ကြီးဟာ သူ့လက်ထဲမှာရှိနေတုန်း၊ သူလိုချင်တာတွေ မညှိလို့ရှိရင် မြန်မာပြည်ကြိးကို အချိန်မရွေး တရုတ်လက်ထဲ ထိုးအပ်နိုင်တယ်ဆိုတာ ပြနိုင်ခဲ့ပါတယ်တဲ့။

ဒီအချိန်မှာ အမှတ်ရသွားစေတဲ့ ဖြစ်ရပ်လေးကတော့ စီနီယာ ဘုတ်ရှ်နဲ့ ယဲ့လ်ဆင်တို့ ဆက်ဆံရေးပါပဲ၊ ယဲ့ဆင် တက်လာကာစအထိ အမေရိကန် နဲ့ ရုရှားတို့ဟာ စစ်အေးတိုက်ပွဲတွေ ဖြစ်နေတုန်းပါတဲ့။ ရုရှားရွေးကောက်ပွဲမှာ စီနီယာဘုတ်ရှ်က ယဲ့လ်ဆင် ကို ထောက်ပံ့ငွေတွေ စီအိုင်အေကတဆင့် လျှို့ဝှက်ပေးခဲ့ပါတယ်တဲ့၊ ပုံအောကို ပေးခဲ့တာပါတဲ့။ အဲဒါကို ဆီးနိတ်မှာ မေးခွန်းထုတ်ကြတော့ ရုရှားမှာ ကွန်မြူနစ်တွေ ပြန်ခေါင်းထောင်လာရင်၊ ဇိုင်ယင်နော့ဗ်စကီး ကို အမျိုးသားရေးတွေ ခေါင်းထောင်လာရင် ရေရှည်မှာသုံးရမယ့် ပုံစံသစ် စစ်အေးတိုက်ပွဲအတွက် ကုန်ကျမယ့် စားရိတ်က အခုပေးလိုက်တာထက် အပုံကြီးကိုကြီးမှာတဲ့။

အခုလည်း ဒီလိုပါပဲ။ မြန်မာပြည်ထဲကို တရုတ်တွေ စူးစူးနစ်နစ် ဝင်ရောက်ပြီးမှ မြန်မာ့ဒီမိုကရေစီအရေးမှာ ဖင့်နွဲ့နှောင့် နှေးသွားပြီးမှ ပြန်ဆယ်ရရင် လက်ဝင်တဲ့ ပမာဏနဲ့ လောလောဆယ် ဦးသန်းရွှေကို လိုက်လျှောလိုက်ရင် ပွန်းပဲ့သွားမယ့် ပမာဏကို ချိန်ပြီး စီအိုင်အေက ဦးသန်းရွှေကို အလျှော့ပေးလိုက်တာပါတဲ့။

မြန်မာပြည်မှာ ဆက်လုပ်မယ့် တရုတ်စီမံကိန်းကြီးတွေဖြစ်တဲ့ ကျောက်ဖြူကူမင်း ရထားလမ်း ကားလမ်းနဲ့ မြန်မာပြည် အလယ်ပိုင်းက ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်စက်မှုဇုန် စီမံကိန်းကြီတွေကို အမေရိကန်က သဘောမတွေ့လှဘူးလေ၊

နိုင်ငံရေးအရကြည့်မယ်ဆိုရင် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ တရုတ်ပြည်ဘေးမှာ ဖက်ဒရယ်ဒီမိုကရေစီလုပ်နေတဲ့ စီပွားရေး အလားအလာကောင်းတဲ့ နိုင်ငံ တနိုင်ငံအဖြစ် တရုတ်တို့က မြန်မာတွေကို ဖြစ်မလာစေချင်ဘူးလေ။

မြန်မာတွေရဲ့ ဒီမိုကရေစီပြုပြင်မှုတွေက တကယ့် အမှန်ဖြစ်လာရင် တရုတ်အတိုက်အခံတွေအတွက် တကယ့်ကို အားတက်စရာဖြစ်လာမှာတဲ့၊ နောက် မြန်မာပြည် စီးပွားရေး တိုးတက်ထွန်ကားလာရင် တရုတ်ပညာတတ်တွေက မြန်မာပြည်ကို လက်ညှိုးထိုးပြီး တရုတ်အာဏာရှင်တွေကို မေးခွန်းထုတ်လာကြမှာတဲ့။

တရုတ်ပြည် ပတ်ပတ်လည်မှာ ဒီမိုကရေစီ နာမည်တပ်ပြီး ဆင်းရဲမွဲတေ ဘာသာရေးအစွန်းရောက် မတည်မငြိမ်ဖြစ်နေ တဲ့ ဘင်္ဂလားဒေရှ့်လို နိုင်ငံပုံစံ မျိုးတွေကိုပဲ တရုတ်အာဏာရှင်တွေက မြင်ချင်နေကြတာ မဟုတ်လားတဲ့။

တကယ်တော့ ဦးသန်းရွှေဟာ အမေရိကန် ဥပဒေအရ အကာအကွယ်ပေးတာကို သေမတတ် လိုချင်နေခဲ့တဲ့သူပါတဲ့။ သူ့ကို မားကို့စ်ကနမူနာ ပြခဲ့တယ်လေ၊ ဖိလစ်ပိုင်မှာ မားကို့စ်ရဲ့ အပြစ်တွေအတွက် ဒဏ်ခတ်ချင်သူတွေ ဘယ်လောက်များများ အမေရိကန်ရဲ့ဥပဒေကို ဘယ်သူမှ ကျော်လို့မရခဲ့ပါဘူးတဲ့လေ၊ မားကို့စ် က အမေရိကန်မှာ စိတ်အေးချမ်းသာစွာ ခေါင်းချနိုင်ခဲ့တာ ဦးသန်းရွှေ အတွက် လမ်းစရခဲ့တာပါပဲတဲ့။ သူ့အလှည့်ကျရင် မားကို့စ်ထက် သာအောင်လုပ်မယ်လို့ ကြုံးဝါးထားဟန်ရှိပါတယ် တဲ့။

ဒါ့ကြောင့် ဦးသန်းရွှေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး မဟာဗျူဟာမြောက် အစီအစဉ်တွေကို လုပ်ခဲ့တာပေါ့တဲ့၊ နေပြည်တော်မြို့သစ်၊ အမြန်လမ်း၊ ပေါင်းလောင်းရေအားလျှပ်စစ်၊ ရဲရွာရေးအားလျှပ်စစ်၊ ဥမင်လှိုဏ်ခေါင်း၊ လေကြောင်းရန်ကာကွယ်ရေး၊ နျူကလီယားစီမံကိန်း စတာတွေကို စပ်ဆက်ကြည့်ရင် သိနိုင်ပါတယ် တဲ့။

ဒါဆို ဘာကိုကြည့်ပြီး ဦးသန်းရွှေ အနိုင်ရသွားတယ်လို့ ပြောနိုင်တာလဲလို့ မေးကြည့်တော့ …

အခုပဲ ဦးသိန်းစိန်က ကြေငြာနေပြီလေ၊ နောက်လာမယ် လ ၃၀ မှာ ဆောင်ရွက်မယ့် အစီအစဉ်တွေလေ၊ နောက် ပြီးခဲ့တဲ့ ၈၈ ငွေရတုမှာ ပြည်ပရောက် နိုင်ငံရေးအတိုက်အခံတွေ ဘယ်သူမဆို အခမ်းအနားတက်ရောက်ဖို့ လက်ခံခဲ့တာ တွေ၊ အခမ်းအနားမှာ သူ့တပည့်တွေကိုလွှတ်ပြီး ပါဝင်စေခဲ့တာတွေ၊ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၃၅၀ ပြည့် အရေးတော်ပုံ စတဲ့ စကားလုံးတွေ သုံခိုင်းတာတွေ၊ နောက်ဆုံး ဦးသန်းရွှေရဲ့ လက်တံ ခြေတံ ဘယ်လောက်ရှည်သလဲ ဆိုရင် နိုင်အောင်တို့ ခင်ဥမ္မာတို့ ရဲ့ အိပ်ကပ်ထဲကို တဖက်လှည့် ပိုက်ဆံထည့်ပြီး အဲဒီ ၈၈ ငွေရတုပွဲမှာ အန်ဂျီအို နှဖူးစည်းနဲ့ လူတွေကို စတိတ်စင်ပေါ်တင်ပြီး အခမ်းအနားကို ချုပ်ကိုင်နိုင်ခဲ့တယ်တဲ့၊ အဲဒီငွေရတု အခမ်းအနားရဲ့ ဒုတိယနေ့ ညနေပိုင်းလေးကို ဗီဒီယိုမှတ်တမ်းတွေ ပြန်ကြည့်ရင် အထင်းသားတွေ့နိုင်တယ်တဲ့။ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့၊ အားလုံးပါဝင်တဲ့ညီလာခံကျင်းပဖို့ ဆိုတာတွေက ဦးသန်းရွှေ ကိုယ်တိုင် နောက်ကွယ်ကချပေးလိုက်တဲ့ စလိုဂမ်တွေပါပဲတဲ့၊ တွေးကြည့်မယ်ဆိုရင် အဲဒီ စလိုဂမ်ပါ အကြောင်းအရာတွေဟာ လာမယ့် လ ၃၀ မှာ လက်တွေ့ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေအုံးမယ့် အရာတွေပါတဲ့။

ပြောချင်တာက ဒီ စလိုဂမ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီရဲ့ လှုပ်ရှားမှုတွေကို ကျုံးသွင်းပြီး မှေးမှိန်အောင် လုပ်ပစ်မှာတဲ့။ ဒီ စလိုဂမ်တွေက တတိယအင်အားစု ဖော်ဆောင်ရေးဆိုတာကိုပဲ ဦးတည်စေမှာတဲ့၊ ဒီစလိုဂမ်တွေက ကြံ့ခိုင်ရေးပါတီရဲ့ ရပ်တည်မှုတွေကို အာမခံချက်ပေးနိုင်မှာတဲ့။ အဲဒီစလိုဂမ်တွေ စင်ပေါ်ရောက်အောင် ဘယ်သူက နှပ်ကြောင်းပေးပြီး အတိုင်အဖောင်ညီညီချုပ်ကိုင်သွားသလဲ ဆိုတာ ဒုတိယနေ့ ညနေပိုင်း အခွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်တဲ့။ အဓိက ကတော့ ဦးသန်းရွှေဟာ သူမသေခင် နောင် ၁၀ နှစ်လောက်အထိ မဟာဗျူဟာ မြောက် အဆုံးအဖြတ်တွေမှာ ဝင်ပါနိုင်လောက်အောင် နိုင်ငံရေးပါဝါ ငွေကြေးဓနပါဝါ ခိုင်မာတဲ့ အဆက်အသွယ်ပါဝါကို ထူထောင်ထားနိုင်ခဲ့တယ် တဲ့။

ဦးသိန်းစိန်က ဝန်ထမ်းတွေကို လစာရဲ့ ၁၀ ဆ ထုတ်ချေးမယ့် အစီအစဉ်ဟာ စီအိုင်အေက မီးစိမ်းပြလို့ စလုပ်လိုက်တဲ့ အစီအစဉ်ပဲတဲ့။ ဦးသန်းရွှေ အုပ်စု ဒီအချိန်မှာ ပျှော်ပျှော်ရွှင်ရွှင် အောင်ပွဲခံနေတာတွေကို ကြည့်တတ်ရင်မြင်နိုင်ပါတယ် တဲ့။

ငါတို့ မြန်မာနိုင်ငံကြီးရဲ့ ကံကြမ္မာကတော့ ငါတို့လက်ထဲမှာ မရှိသေးဘူး။ တရုတ် အမေရိကန်နဲ့ ဦးသန်းရွှေတို့ရဲ့ လက်ထဲမှာ ရှိနေတုန်းပဲ ညီလေးရေလို့ ကျနော့်ကို ပြောပြခဲ့ပါတယ်။

ကျနော်လည်း သက်ပြင်းရှည်ကြီးကိုပဲ ချနေရပါတော့တယ် ဗျာ…

Hawdeka Khalaylay
ဖေ့စ်ဘုတ်မှ …

1 comment:

MYANMAR said...

that is real true some.