Saturday, August 31, 2013

လပြည့် ညနေ

သစ်ပင်တွေက
တောင်တန်းတွေက
နှင်းဆီရှက်သွေးကောင်းကင်က
အိပ်တန်းဝင် ငှက်ကလေးပျံသန်းနေပုံက
ခွပ်ဒေါင်းအလံတိုင်မှာ

အိတွဲကျနေပုံက ...

ရန်သူမျိုးငါးပါး ပိုအားသန်တဲ့ခေတ်မှာ
ကိုယ့်စပါး ကိုယ်ရိတ်သိမ်းခွင့်ရလိုက်တဲ့
တောပုန်းတောင်သူကြီးတယောက်
ဒီညနေကို
ထိုင်ငေးနေလိုက်ပုံများ ...

ကိုထက်မိုး


(၂၀၀၅ ခုနှစ် ဇွန်လ ၁၅ ရက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆုံးပါးသွားတဲ့ ရဲဘော်ထက်မိုး ရဲ့ ကဗျာ ဖြစ်ပါတယ်)

No comments: