၂၀၁၀ နိုဝင်ဘာမှာ သေနတ်စပေါက်တယ်ဆိုပေမဲ့ တကယ်တော့
၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ်စီမံချက်အောက်မှာ ကိုးကန့်ငြိမ်းအဖွဲ့ကို စစ်အင်အားနဲ့
အကြမ်းဖက်ဖြိုခွဲချိန်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်အားလုံးအတွက် အပစ်အခတ်ရပ်စဲရေးပုံစံဟောင်းဟာ
လက်တွေ့အားဖြင့် ပျက်ပြယ်သွားပြီဖြစ်ပါတယ်။
ဝ နဲ့ မိုင်းလားလို တချို့အဖွဲ့တွေကလည်း သေနတ်သံသာမထွက်ပေမဲ့
စစ်စည်းရုံးမှုတွေလုပ်၊ အရေးပေါ်စစ်သင်တန်း တွေပေးပြီး အမြင့်ဆုံးတပ်လှန့်ထားခဲ့ပါတယ်။
ခေတ်မှီလက်နက်ကြီးတွေလည်း ထုနဲ့ထယ်နဲ့ဖြည့်တင်းခဲ့ပါတယ်။ ရန်သူတင့်ကားသုံးနိုင်မယ့်
ကွင်းပြင်ကြီးတွေကို ဘူဒိုဇာနဲ့ထိုးပြီး တင့်ကားထောင်ချောက်တွေ၊ မိုင်းကွင်းတွေ မိုင်နဲ့ချီပြီး
အကြီးအကျယ် ခံစစ်ပြင်ခဲ့ကြပါတယ်။
အခုအချိန်မှာ ပုံစံသစ်အပစ်အခတ်ရပ်စဲရေးဆိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေကို
စီးပွားရေးနဲ့ မြှူဆွယ်ဖျက် ဆီးတာ၊ တဖွဲ့ချင်းထဲမှာရော၊ တဖွဲ့နဲ့တဖွဲ့ကြားမှာရော သွေးခွဲတာတွေကတော့
အရင်ပုံစံဟောင်းအတိုင်းပါဘဲ။
အပစ်အခတ်ရပ်စဲရေးကို အခုလုပ်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက်
"နိုင်ငံရေးအရ လှိုင်းစီးနေတာ"ဖြစ်တယ်၊ "ပြည်နယ်တွေရဲ့အားကို လိုချင်လို့ဖြစ်တယ်"ဆိုတာ
ဦးအောင်မင်းတို့က ဝန်ခံထားပြီးဖြစ်ပါတယ်။ ဆိုလိုတာက တကယ် ငြိမ်းချမ်းရေးရချင်လို့မဟုတ်ဘဲ
အာဏာရကြံ့ဖွတ်ပါတီ မဲနိုင်ရေးအတွက်ဘဲဖြစ်နေပါတယ်။ ဗိုလ်ခင်ညွန့် ရှိတုံးကလဲ NLD အာဏာရလာရင်
စစ်တပ်နဲ့ အပစ်ရပ်တိုင်းရင်းသားပေါင်းပြီး ပြန်တိုက်မယ်လို့ အားကိုးတကြီးနဲ့ ဗြောင်ပြောခဲ့ဖူးပါတယ်။
အခုဆိုရင် အပစ်အခတ်ရပ်စဲရေးဆိုပြီး ထိုးလိုက်ရတဲ့လက်မှတ်တွေကလည်း
ဂဒီးဂဒီး။ ပဏာမအပစ်ရပ်စာချုပ်၊ ပြည် နယ်အဆင့်အပစ်ရပ်စာချုပ်၊ ပြည်ထောင်စုအဆင့်အပစ်ရပ်စာချုပ်တဲ့။
တချို့များအဆင့်တခုတည်းကို ၃-၄ ခါထိုးရတာ လည်းရှိသေး။ အခုတခါ တပြည်လုံးအပစ်ရပ်စာချုပ်ဆိုတာကို
နေပြည်တော်မှာ လာထိုးရအုံးမတဲ့။ တိုက်ပွဲတွေက တော့ တခြိမ်းခြိမ်းဖြစ်နေဆဲ။
စစ်အုပ်စုရဲ့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးလမ်းပြမြေပုံ
၈ ချက်ဆိုတာမှာလည်း ၆ ချက်ဟာ အငြင်းပွားစရာ ကြို တင်စည်းကမ်းသတ်မှတ်ချက်တွေဖြစ်တဲ့အတွက်
တိုင်းရင်းသားတွေကို ချည်ပြီးတုတ်ပြီးလုပ်တာဖြစ်လို့ ဘယ်လိုမှ ငြိမ်းချမ်းရေးအထောက်အကူ
မဖြစ်နိုင်။
၁၄ ချက်တောင်းလည်း တင်ပြပေးမယ်၊ ၂၁ ချက်တောင်းလည်း
တင်ပြပေးမယ်၊ ၃၃ ချက်တောင်းလည်း တင်ပြမယ်နဲ့ တခုမှမငြင်း၊ ဒါပေမဲ့ တကယ်ရတာက မဖြစ်စလောက်။
လက်မှတ်ဘယ်လောက်ထိုးထိုး၊ အချက်ဘယ်နှစ်ချက်တင်တင်၊
ကာချုပ်အမိန့်ကို ကျော်လို့မရဘူးလို့ ပြောနေမှတော့
အားလုံးဟာ လိမ်နေတာ ဟန်ပြလုပ်နေတာ ရှင်းနေပါတယ်။
ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးသိန်းဇော်တို့လုပ်သမျှဟာ
ဗိုလ်မင်းအောင်လှိုင်အမိန့်ကိုကျော်မရ။ ဦးအောင်မင်းတောင် ကာချုပ်မျက်နှာမော့ကြည့်နေရတဲ့အချိန်မှာ
ဦးအောင်မင်းအောက်က လက်ထောက်တောက်တိုမယ်ရ အဆင့်ဘဲရှိတဲ့ MPC က Technical Team လို့ဆိုတဲ့အဖွဲ့လေးက
KIA Technical Team တင်တာတွေကို အဆင်သင့်မဖြစ်သေးဘူး ပြောတာလည်း မဆန်းပါဘူး။
စစ်တပ်အဓိကပါတဲ့ ကာလုံ ၁၁ ယောက်မှာ အများစုကြီးဟာ တိုင်းရင်းသားတွေ၊
လက်နက်ကိုင်အဖွဲ့တွေကို အခွင့် အရေးပေးဖို့သဘောထား မရှိသူတွေဖြစ်ပါတယ်။ ကာလုံတင်မက
မူလလက်ဟောင်းကြံ့ဖွတ်ပါတီကလဲ စစ်လက်ဝါး ကြီးအုပ်နိုင်ငံရေး-စီးပွားရေးစနစ်ကိုဘဲ ဘိန်းစွဲသလိုစွဲနေတဲ့အကြောင်း
ကြံ့ဖွတ်ဒုဥက္ကဌ ဦးဌေးဦးက ဗြောင်ဝန်ခံ/ကြိမ်း ဝါးထားပါပြီ။ ၂၀၀၈ အခြေခံဥပဒေ ပြင်စရာမလို၊
ပြင်ချင်တဲ့လူတွေက ရူးနေတာလို့ ပြောင်ပြောင်ပြောတဲ့ ဦးဌေးဦးဟာ ဦးသန်းရွှေထောင်ခဲ့တဲ့
အာဏာရအစိုးရပါတီမှာ ဒုဥက္ကဌ ဖြစ်နေပါတယ်။ ဦးအောင်မင်းက တရုတ်ဟာ ကျေးဇူးရှင်တွေ ဖြစ်တယ်၊
တရုတ်ကိုကြောက်ရတယ်လို့ ဗြောင်ပြောခဲ့သလို ဦးဌေးဦးကလည်း NLD ဟာ အနောက်အုပ်စုကို လိုလား
တဲ့ပါတီ၊ အနောက်အုပ်စုသြဇာခံအဖွဲ့လို့ ဗြောင်အပုပ်ချပြီး တရုတ်ကွန်မြူနစ်ဗဟိုကော်မတီဝင်
အိုက်ပင်းကို ၂၀၁၂ မေလတုံးက အရှက်မရှိဘလိုင်းကြီးဖားခဲ့ပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့
တရားစီရင်ရေး ဆိုတဲ့ တန်းတူနယ်ပယ်ကြီး ၃ ခုအကြား အပြန် အလှန်ထိန်းညှိမှု
check-and-balance ထည့်သွင်းချမှတ်ထားတာရှိပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ ဗမာပြည်မှာတော့
ဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိတဲ့ စစ်အာဏာ ဆိုတဲ့နယ်ပယ်တခုထပ်တိုးပြီး နယ်ပယ် ၃ ခုအပေါ်ကနေ
တဖက်သတ် ချုပ်ထိန်းမှု check-without-balance လုပ်ထားပါတယ်။ နယ်ပယ် ၄ ခုထဲမှာ စစ်အာဏာနယ်ပယ်ဟာ
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနယ်ပယ်တွေထက် ပိုမြင့်တဲ့နေရာ ရထားပါတယ်။
ဒီကနေ့ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့တွေကို ကိုင်တွယ်ဆက်ဆံဖို့
တပ်မတော်မူ ၆ ချက်ဆိုတာ ၂၀၀၈ အခြေခံဥပဒေ မှာလည်းမပါ၊ ၁၉၅၉ တပ်မတော်အက်ဥပဒေမှာလည်းမရှိ၊
ကကနကောင်စီ အမိန့်ညွှန်ကြားချက်တွေမှာလည်း မတွေ့ ပါဘူး။ တကယ်တော့ ဒီ မူ ၆ ချက်ဆိုတာ
၁၉၈၉ တုံးက စစ်တပ်နဲ့ ထောက်လှမ်းရေးတွေ တဖက်သတ်ထုတ်ခဲ့တဲ့ "တဖက်အဖွဲ့အစည်းများလိုက်နာရန်
စည်းကမ်းချက် ၁၀ ချက်"၊ ဗိုလ်ခင်ညွန့်တို့ စစ်ထောက်လှမ်းရေးအဖွဲ့တွေ ဂျောင်း သွားပြီးတော့
၂၀၀၄ မှာ အသစ်ထပ်ထုတ်ခဲ့တဲ့ "ငြိမ်းချမ်းရေးရယူစဉ် သဘောထားတူညီချက် ၁၄ ချက်"
တို့နဲ့ အနှစ် သာရအတူတူဘဲဖြစ်တာ တွေ့နိုင်ပါတယ်။ စစ်အာဏာတည်တန့်ခိုင်မြဲရေးအတွက် စိတ်ရူးပေါက်သလို
ရေးဆွဲထုတ်ပြန် ထားတဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒသာ ဖြစ်ပါတယ်။
အချက်
|
'တပ်မတော်မူ' ၆ ချက် (၂၀၁၃)
|
|
'သဘောထားတူညီချက်' ၁၄ ချက်
(၂၀၀၄)
|
|
'တဖက်အဖွဲ့လိုက်နာရန်' ၁၀ ချက် (၁၉၈၉)
|
၁
|
လူသစ်စုဆောင်းခြင်း၊ အင်အားတိုးချဲ့ခြင်း မပြုရ။
|
၃
|
အင်အားမတိုးချဲ့ရ၊ လူသစ်မစုရ။
|
၂
|
အင်အားတိုးချဲ့ခြင်း မပြုရ။
|
၎
|
စစ်သင်တန်း မပေးရ၊ စစ်လေ့ကျင့်မှု မလုပ်ရ။
|
||||
၅
|
လူ၊ လက်နက်၊ ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရမည်။
|
||||
၂
|
အခွန်ကောက်ခြင်း မပြုရ။
|
၆
|
ဆက်ကြေး၊ ဘိန်းခွန် မကောက်ရ။
|
၃
|
ဆက်ကြေး၊ အခွန်အကောက်များ မကောက်ခံရ။
|
၁၂
|
နေထိုင်စားသောက်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးမည်။
|
၎
|
ပြည်သူလူထုထံမှ ရိက္ခာသီးနှံ ပစ္စည်းများ မကောက်ခံရ။
|
||
၃
|
ခွင့်ပြုချက်မရဘဲ စခန်းအသစ်တည်ခြင်း၊ သွားလာခြင်း
မပြုရ။
|
၇
|
အစိုးရကွပ်ကဲမှုနဲ့ သွားလာရမည်။
|
၁
|
သတ်မှတ်နယ်မြေအတွင်း၌သာ တပ်ဖွဲ့များနေထိုင်ရမည်။
|
၈
|
သတ်မှတ်နယ်မြေအပြင်သို့ သွားလျှင် တပ်ကိုသတင်းပို့၍
လက်နက်မဲ့ သွားလာရမည်။
|
၉
|
မြို့များသို့သွားလာရာတွင် လက်နက်၊ ဆက်သွယ်ရေးစက်
မယူရ။
|
||
၁၁
|
နယ်မြေဖြန့်ကျဲ၍ ကန့်သတ်ခြင်း မပြုဘဲ ဖွံ့ဖြိုးရေးလုပ်လိုသည့်နေရာ
များအား သတ်မှတ်ပေးရမည်။
|
၁၀
|
မြို့များသို့သွားလာရာတွင် ထောက် လှမ်းရေးကို ကြိုတင်အကြောင်း
ကြားရမည်။
|
||
၎
|
အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရ။
|
၁၀
|
အစိုးရ၏အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး နှင့် တရားစီရင်ရေးအပိုင်းများတွင်
ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။
|
၅
|
နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း
မပြုရ။
|
၅
|
လူသတ်ခြင်း မပြုရ။
|
၂
|
လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် စွန့်လွှတ်ရမည်။
|
|
|
၆
|
အစိုးရပြည်သူ့စစ်တပ်ဖွဲ့ကို ထိပါးခြင်း မပြုရ။
|
၁၃
|
နိုင်ငံတော်ဦးဆောင်မှုအောက်တွင် ဒေသပြည်သူလူထု အကျိုးစီးပွား
ကာကွယ်စောင့်ရှောက်ရမည်။
|
|
|
|
|
၉
|
နိုင်ငံရေးပါတီများနဲ့ ကင်းရှင်းစွာနေရမည်။
|
၆
|
မြို့ပေါ်နိုင်ငံရေးပါတီအဖွဲ့များနဲ့ မဆက်သွယ်ရ။
|
|
|
၁
|
အစိုးရကိုဆန့်ကျင်တဲ့အဖွဲ့များနဲ့ မဆက်သွယ်ရ။
|
၇
|
မတရားသင်းအဖွဲ့များနဲ့ မဆက်သွယ်ရ။
|
၈
|
ထောက်လှမ်းရေးခွင့်ပြုချက်မယူဘဲ တခြားငြိမ်းအဖွဲ့များနဲ့
မဆက်သွယ် ရ။
|
||||
|
|
၁၄
|
နိုင်ငံတော်၏မူးယစ်ဆေး တိုက်ဖျက် ရေးလုပ်ငန်းများကို
ထောက်ကူရ မည်။
|
|
|
ဘယ်ခေတ်ဘယ်အခါနဲ့မှမတူအောင် ဖွံ့ဖြိုးရေးတွေ အကြီးအကျယ်လုပ်နေတယ်၊
အထူးသဖြင့် နယ်စပ်ဒေသနဲ့ တိုင်း ရင်းသားလူမျိုးတွေအတွက် ဖွံ့ဖြိုးရေးတွေ ဒင်းကြမ်းလုပ်ပေးနေတယ်ဆိုတဲ့
နဝတ-နအဖ-ကြံ့ဖွတ်အစိုးရတွေဟာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ့်ဖာသာကိုယ်
ဖွံ့ဖြိုးရေးလုပ်တဲ့အခါ လိုက်လံပိတ်ပင်တာ၊ သူတို့ခွင့်ပြုချက်ယူခိုင်းတာတွေကိုလည်း
ဘယ်လိုမှသူတို့ဝင်လို့မရတဲ့ ပန်ဆန်း၊ မိုင်းလား၊ လိုင်ဇာတို့ကလွဲရင် နေရာ တကာမှာ တွေ့ရပါတယ်။
အဲသလိုဘဲ Code of Conduct ဘယ်လောက်ရေးရေး၊ ဦးသိန်းစိန်-ဦးရွှေမန်း-ဦးအောင်မင်း
ဘယ်လောက် သဘော တူတူ၊ ကာချုပ် လက်မခံရင် ဘာမှဖြစ်မလာပါဘူး။ လောလောဆယ်မှာတော့ ထိပ်ဆုံးက
ဦးသန်းရွှေကိုယ်ပွား ကာလုံ တင်မက တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးပွဲလုပ်မယ့် ဇာတ်စင်ပိုင်ရှင်ဦးရွှေမန်းတောင်
လက်မခံပါဘူး။
အခုဆိုရင် အပစ်ရပ်အဖွဲ့တွေဟာ ဦးအောင်မင်း-ဦးသိန်းစိန်ကခွင့်ပြုမှ
ဒေါ်စု၊ ဦးရွှေမန်း၊ ဦးဌေးဦး တို့နဲ့ တွေ့ခွင့်ရှိပါ တယ်။ ဗိုလ်မင်းအောင်လှိုင်ဆိုရင်တော့
ဦးသိန်းစိန်ကခွင့်ပြုတောင် တွေ့ခွင့်ရချင်မှရမယ့်အဖြစ်မျိုးပါ။ ဒါပေမဲ့ UWSA နဲ့ ကျတော့
ကာချုပ်ရော၊ အောင်မင်း-သိန်းဇော်တို့ရော၊ ရွှေမန်းတို့ရော မတင်းရဲဘဲ လျှော့ပေးခဲ့ပါတယ်။
ဦးသိန်းစိန် မဟုတ်ဘဲ ဗိုလ်မင်းအောင်လှိုင်က ဆွေးနွေးပွဲကို တိုက်ရိုက်ဖုံးဆက်ပြီး လိုက်လျောချက်တွေ
ပေးခဲ့ရပါတယ်။ ဘယ်သူ နဲ့ တွေ့ခွင့်မရှိ၊ ဘယ်သူနဲ့ဘဲ တွေ့ခွင့်ရှိတွေလည်း မလုပ်ရဲပါဘူး။
ဖြစ်စဉ်က တောင်ပိုင်းက UWSA စခန်းတွေကို မြန်မာတပ်က ပိတ်ဆို့တာ၊ အနိုင်ကျင့်တာလုပ်ကြည့်တဲ့အခါ
ဝ တပ်က မြန်မာတပ်တွေကို ပြန်ဝိုင်းပြီး ပိတ်ဆို့ပစ် လိုက်လို့ ဗိုလ်မင်းအောင်လှိုင်တို့
လျှော့သွားတာ ဖြစ်ပါတယ်။
တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ထုံးစံအားဖြင့် တပြည်လုံးနဲ့ဒိုင်ခံတိုက်နေတဲ့၊
အားပိုကြီးတဲ့ အစိုးရ စစ်တပ် ဘက်က စကြေညာရမှာဖြစ်ပါတယ်။ ကိုယ့်နယ်မြေသေးသေးလေးထဲမှာ
ခုခံကာကွယ်နေရတဲ့ အဖွဲ့အစည်းတွေ လက် မှတ်ထိုးထိုး မထိုးထိုး ကြေညာ ရပ်စဲပေးရမှာ ဖြစ်တယ်။
အခုတော့ ဒီအဖွဲ့လေးတွေဘက်က လက်မှတ်စထိုးမှ အပစ် အခတ်ရပ်မယ်ဆိုပြီး ပြောင်းပြန်တွေလုပ်နေပါတယ်။
သူပုန်တဖွဲ့တည်းရှိပြီး အဲဒီတဖွဲ့တည်းကဘဲ တနိုင်ငံလုံးအနှံ့မှာ တိုက်နေတာဆိုရင်တော့
အဲသလိုတောင်းဆိုတာ ဟုတ်တုတ်တုတ်ရှိပါသေးတယ်။ အခုတော့ တိုင်းရင်းသားတွေ လိုချင်တာက တပြည်လုံးအပစ်အခတ်ရပ်စဲရေးကြေညာပေးဖို့၊
စစ်ကြံ့ဖွတ်ခေါင်းဆောင်တွေလိုချင်တာက တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေ
လာလက်မှတ်ထိုးဖို့ ဖြစ်နေတဲ့အတွက် ဘယ်လောက်ထိလွဲနေ တယ်ဆိုတာ လူတိုင်းတွေ့နိုင်ပါတယ်။
ဒါတင်မက ဘယ်ပြင်ညာယှိမြှောက်ပေးလိုက်သလဲမသိ၊ သူတို့ကိုယ်သူတို့
ကုလသမဂ္ဂစာချုပ်လိုလို၊ ILO ကွန်ဗင်းရှင်း လိုလိုနဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်တော်ကြီးကို
တဖွဲ့ပြီးတဖွဲ့ အချိန်မရွေးလာထိုးဖို့ ဖွင့်ထားပေးမယ်တဲ့။ နိုင်ငံစုံစာချုပ်တွေလို
နိုင်ငံဘယ်နှစ်ရာခိုင်နှုန်းပြည့်ရင် မထိုးတဲ့အဖွဲ့တွေအတွက်ပါ အတည်ဖြစ်သွားမယ်ဆိုဘဲ။
ကိုယ့် အခြေအနေကိုယ် ဘာများအောက်မေ့နေလဲ မသိပါဘူး။ လူရယ်စရာဖြစ်တာလည်းမပြောနဲ့။
တကယ်တော့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံး
လက်မှတ်ထိုးလည်း၊ ဗိုလ်မင်းအောင်လှိုင်တို့စစ်တပ် ကမထိုးရင် ဘာမှ ထူးခြားလာမှာမဟုတ်ပါဘူး။
ဗမာစစ်တပ်ကိုကိုယ်စားပြုတဲ့ ဗိုလ်မင်းအောင်လှိုင်ကလက်မှတ်မထိုး ရင် ဦးအောင်မင်း၊ ဒါမှမဟုတ်
ဦးသိန်းစိန် ဦးရွှေမန်းတို့ထိုးလည်း ဘာမှထူးခြားမှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၈
အခြေခံဥပဒေအရ စစ်အာဏာဟာ ဦးသိန်းစိန်-ဦးရွှေမန်း-ဦးဌေးဦးတို့အောက်မှာ ရှိမနေလို့ဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ဦးသိန်းစိန်-ဦးအောင်မင်းတို့ကြားမှာ
ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး တပြည်လုံးဘဲ ဖြစ်ဖြစ်၊ တဖွဲ့ချင်းဘဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးစာချုပ်
လက်မှတ်ထိုးဖို့က ဘာမှအရေးမပါဘဲ ဦးသိန်းစိန်-ဦးအောင်မင်းတို့နဲ့ ဗိုလ်မင်းအောင်လှိုင်တို့ကြား
ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ် အရင်ချုပ်ဖို့၊
အရင် လက်မှတ်ထိုးဖို့က လုံးဝ(လုံးဝ) အရေးတကြီးလိုအပ်နေပါတယ်။
အဲသလိုစာချုပ်မျိုး ကောင်းကောင်းလေးတခု
ချုပ်ပြီး မှဘဲ တိုင်းရင်းသားနယ်မြေရောက်တပ်မတော်သားတွေရဲ့ စုတ်ပြတ်နုံချာမရေမရာဘဝ
အဆုံးသတ်နိုင်ပြီး တိုင်းရင်း သားလက်နက်ကိုင်တွေ၊ တိုင်းရင်းသားမဟုတ်တဲ့လက်နက်ကိုင်တွေနဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ စာချုပ်တွေ အောင်အောင်မြင်မြင်ဆက်လုပ်လို့ရနိုင်မှာ
ဖြစ်ပါတယ်။
ဂါမဏိ
No comments:
Post a Comment