Friday, September 20, 2013
လက်ပန်တောင်း လယ်သမားများကို ရဲမှူးကြီး နေထွန်း ဖမ်းတော့မည်
(KO Han Win Aung ၊ ၁၉-၉-၂၀၁၃)
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆုံးရူံးနစ်နာမှုအမျိုးမျိုး ခံစားနေရသော
လယ်သမားများသည် ယနေ့ နေ့လည် (၁) နာရီတွင် ဆည်တည်း၊ ဇီးတောရွာသစ်ရှိ ဆက်ဆံရေးရုံးသို့ အင်အား (၂၅၀) ခန့်၊ ကျေးရွာပေါင်း
(၁၂) ရွာရှိ လယ်သမားများ သွားရောက်တင်ပြခဲ့သည်။
အာဏာပိုင်များဘက်မှ လယ်တဧက (၁၀) သိန်းနှုန်းဖြင့် ယခုလ (၃၀-၉-၂၀၁၃) ကို နောက်ဆုံးထားပြီး ထုတ်ယူရန်၊ မထုတ်ယူပါ ဒေသရံပုံငွေအဖြစ် သုံးတော့မည်၊ဖြစ်ကြောင်း ပြောကြားပြီး၊ မြေလျှော်ကြေးမယူသည်ဖြစ်စေ၊ ယူသည်ဖြစ်စေ၊ လယ်ယာမြေများကို ဝင်ရောက်ထွန်ယက်ပါက ဖမ်းဆီးတော့မည်ဖြစ်ကြောင်း ရဲမှူးကြီး နေထွန်းမှ ခြိမ်းခြောက်ပြောကြားခဲ့သည်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လက်မှတ်ကိုလဲ စီမံကိန်းဆောင်ရွက်ပြီး နောက်သုံးနှစ်အကြာမှ ရရှိပြသမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက် မှ ပြောကြားသည်။ စီမံကိန်းမြေစာပုံများကြောင့် သိမ်းဆည်းမြေယာမဟုတ်သည့် မြေဧက (၈၅၀၀) ကျော်ကိုလဲ တာဝန်မခံနိုင်သေးကြောင်း
အာဏာပိုင်များမှ ပြောကြားသည်။
ဒေသခံလယ်သမားများမှ မြေယာသိမ်းပိုက်ငွေများကို လက်ခံမှု (၅၀%) ရှိပါက စီမံကိန်းကို လုပ်တော့မည်ဟု အာဏာပိုင်တို့ တဖက်သတ်ပြောဆိုမှုကြောင့် အခက်အခဲများကို သွားရောက်တင်ပြသော လယ်သမားများအနေဖြင့် ယခုလို မတရားအကြမ်းဖက်
ဆက်လုပ်မည်ဆိုပါက ယခုပင် ဖမ်းဆီးထောင်ချပါ၊ မြေတွေကိုတော့ တရားမျှတမှုမရှိသည့် စီမံကိန်းဖြစ်သည့်အတွက်ကြောင့် စွန့်လွတ်မည်မဟုတ်ကြောင်း ပြောဆိုပြီး
ဆွေးနွေးပွဲပျက်ပြားကာ နေ့လယ် (၃း၅၀) နာရီတွင် ဆန္ဒပြ၍ ပြန်လည်ထွက်ခွာခဲ့သည်။
မိုးကြိုးပြင်ကျေးရွာမှ ဆန္ဒပြခွင့်ကို အာဏာပိုင်တို့ (၂) ကြိမ်တိတိ ပယ်ချထားပြီး၊
၁၉-၉-၂၀၁၃ နေ့တွင်လဲ ပေါက်ကွဲယမ်းများကို ဦးပိုင်ကုမ္ပဏီမှ ဆယ်ဘီးကား (၄၇)
စီးဖြင့် လက်ပန်တောင်းကို သယ်ဆောင်ထားသည်။ ဆည်တည်းကျေးရွာထိပ်
မြေသိမ်းငွေလက်မခံထားသော မြေများကို ၁၉-၉-၂၀၁၃ မနက် (၉) နာရီတွင် ရဲများအင်အားသုံးကာ အလံတိုင်များ လာရောက်စိုက်ထူခဲ့သည်၊၊
စစ်ခရိုနီဆန့်ကျင်ရေး အရေးတော်ပုံ အောင်ရမည်
၁၉-၉၂၀၁၃
ဆက်သွယ်ရန်ဖုန်း .. ၀၉၃၃၂၂၀၉၆၈ ၊ ၀၉၃၃၄၃၉၀၅၆
အာဏာပိုင်ဖုန်း .. ၀၉၅၁၉၄၆၀၆ (ရဲမှူးကြီး နေထွန်း)
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment