Friday, October 11, 2013

ဒီည ဧည့်စာရင်း လာမစစ်နဲ့

အပြစ်တွေလား
အချစ်တွေလား
အချိန်တွေသာ ရှိခဲ့ရင်
မသောက်မစား
ကျမ်းစာ ဖတ်ပါ့မယ်
နူရ်ဘီ။

အပြစ်တွေပိုများအောင်
ဒီညတော့ ငါမသေချင်ဘူး
မင်းနဲ့ ငါဝိုင်နီ သောက်
ပေါင်မုန့် စားပြီး
ကျမ်းစာအုပ်ကို သက်သေထားမယ်
အခန်း မကြီးပေမယ့်
နှစ်ယောက်အိပ်တယ်
ဘုရား သခင်
ဒီည ဧည့်စာရင်းလာမစစ်ပါနဲ့
မျက်နှာအောက်ချ ငါပြောလိုက်မယ်
နူရ်ဘီ။

မောင်ကြီးငြိမ်းချမ်း

(အပြစ်အတွက် အိပ်မက်ခြင်းမှ)

No comments: