Saturday, October 12, 2013

ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောက်တိုဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့ သဘောတူညီချက်

မြစ်ကြီးနားမြို့ အောက်တိုဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၃ ရက်ကြာ ငြိမ်းချမ်းရေး ကော်မတီနှင့် ကေအိုင်အို တို့ ဆွေးနွေးပွဲမှ သဘောတူညီချက် အချက် ၇ ချက်

(၁) သဘောတူညီခဲ့ရာတွင် ၂ ဖက် နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်၊
(၂) ၂ ဖက် တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု လျှော့ချရေးနှင့် တိုက်ပွဲများဆက်လက် မဖြစ်ပွားရေး ထိန်းသိမ်းဆောင်ရွက်သွားရန်၊
(၃) ၂ ဖက် ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ကို ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းရန် ၊ အဆိုပါ အဖွဲ့လိုက်နာရမည့် အခြေခံမူ ၅ ချက်နှင့် စည်းကမ်းချက် ၁၈ ချက် ရေးဆွဲရန်၊
(၄) IDP ဒုက္ခသည်များကို ပြန်လည် ထူထောင်နိုင်ရေးအတွက် ရွာ ၄ ခုကို ကနဦး စတင်ပြောင်းရွေ့ရန်၊
(၅) အများပြည်သူသုံးလမ်းများ ပြန်လည်ဖွင့်လှစ်ရန်၊ ကေအိုင်အိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရန်၊
(၆) ရှေ့လုပ်ငန်းစဉ်များကို ၂ ဖက်စောင့်ကြည့်ရေးအဖွဲ့က ဆက်လက်ဆွေးနွေးရန်နှင့်
(၇) နောင်ဆွေးနွေးပွဲကို အမြန်ဆုံးလုပ်ဆောင်ရန်

No comments: