သာယာဝတီ ပေါင်းတည်တကြောမှာလှ
အဇာနည်အပေါင်း တကယ်ပေါလှပါတယ်။
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)
တစ်ထောင့်ကိုးရာလေးဆယ့်တစ်
ဒီဇင်ဘာနှစ်ဆယ့်ငါးမှာ
ဦးနာဂရုနဲ့ ဒေါ်ကြိုင်တို့က ဖွားမြင်တယ်။
အသက်နှစ်ဆယ့်တစ်နှစ်အရွယ်မှာ
သာယာဝတီခရိုင်
အုပ်ဖိုမြို့နယ်ကျောင်းသားသမဂ္ဂ
ဥက္ကဋ္ဌဖြစ်ခဲ့။
ကျွန်းဆွယ်အရေးတော်ပုံမှ
ခြောက်ဆယ့်ရှစ်ခုနှစ် ကျွန်းတိုက်ပွဲ
ကျွန်းသိမ်းပွဲသူရဲကောင်းတဦး ဖြစ်တယ်။
ဆယ်ကျော်သက်အရွယ်မှ
ကျဆုံးချိန်အထိ
ဘဝတလျှောက်လုံး လူထုဘက်သား
တော်လှန်ရေးသမားအဖြစ်
တသက်တာ အနစ်နာခံခဲ့။
လူကိုခွေးသတ်တဲ့ ခေတ်
စစ်ဖိနှိပ်အောက်
ဒူးမထောက်အညံ့မခံ
ဒေါင်းအလံအောက်
မဖေါက်မပြန်
တော်လှန်ရေးသမားအစစ်
ဦးအောင်မေသု ဖြစ်တယ်။
လူကိုသတ်လည်း
စိတ်ဓါတ်မသေ
ဖေါက်ပြန်တဲ့စနစ်အောက်က
နွေဦးခေါ်သံ
ဒေါင်းအမည်နာမရှေ့မှာ
ဦးသု ကို တွေ့လိမ့်မယ်။
အနီ
တစ္ဆေအခြောက်မခံ
မဖေါက်မပြန်
သစ္စာမှန်စေ
မသေတဲ့ငှက်
မျိုးဆက်တိုင်းမှာ
ဒေါင်းဖန်လ်ဝါ
သာလိမ့်ဦးမပေါ့။
အလေးနီဖြင့်
ရဲစွေးသည့်သွေး
သစ္စာရေး၍
ဒေါင်းသွေးသစ္စာ နီဦးမည်။ ။
(ဦးအောင်မေသုသို့ ဤကဗျာဖြင့် အလေးနီပြုပါသည်)
နီလွင်သွေး(ဒဿနိက)
၁၀ ၊ ၈ ၊၂၀၁၃
အင်္ဂါနေ့
No comments:
Post a Comment