Tuesday, October 8, 2013

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွင်းရှိ လက်နက်ကိုင်များနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထားသူ ၅၆ ဦး ပြန်လွတ်မြောက်

အောက်တိုဘာ ၈ ရက်နေ့တွင် တိုင်းရင်းသားဒေသမှ တရားမဝင်အသင်းများနှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးထောင် ချခံထားရသူ ၅၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

လားရှိုးထောင်မှ
ဆမ်လှ၊ လှခိုင်၊ ကွမ်းခမ်း၊ အိုက်ရီ(ခေါ်)ရီဆာ၊ အိုက်စံ၊ ရောလီ(ခေါ်)မာဂမ်၊ ဆန်လူ၊ ဘရမ်နမ်၊ တယ်ဂျုံး၊ ဇုန်းလွတ်ဇောင်းခေါင်၊ ဇောင်းခွန်၊ ပေါ်ဆိုင်းအောင်လီ၊ စိုင်းမောင်ဝင်း(ခေါ်) မောင်ဝင်း(ခေါ်)အိုက်ဝင်း၊ အိုက်ခမ်း၊ ထွန်းလှ၊ အိုက်တူး(ခေါ်) နိုင်တူး စသည့် ၁၅ ဦး လွတ်မြောက်လာသည်။

မြစ်ကြီးနားထာင်မှ တူးနန်း၊ ကလေးထောင်မှ မာတူး (ခေါ်) တူး ဂျာ (ခေါ်) နော်ထွန်းအေး၊ လှဆိုင် (ခေါ်) မိုးဆွေ၊ ဘရန်ဆိုင်း (ခေါ်) ဝမ်ဆိုင်း၊ ရောင်ချိုင်းထောင် (ခေါ်) ယောင်ချိုင်းထောင် တို့လေး ဦးနှင့် မိတ္ထီလာ ထောင်မှ အိုက်စံ (ခေါ်) ဒွဲလာ (ခေါ်) ဒေါင်ဟောင်း၊ ထောင်းခေါင်၊ ဂန်ရှောင်၊ ပန်းအောင် တို့ ၄ ဦးဖြစ်ကြောင်း သိရသည်။

ထို့နောက် သီပေါထောင်မှ လွတ်မြောက်လာသူ ၁ဝ ဦးမှာ နိုင်ခမ်း၊ လှဂျာ၊ မာတူး၊ အာစိန္ဒ၊ ဟန်ဆန် (ခေါ်) လုံးဟန် (ခေါ်) ဘိုးတော်၊ အိုက်လူ၊ ထွန်းနေ၊ သိန်းအောင်(ခေါ်) လုံးထကြာ (ခေါ်) ဆန်ကြာ၊ စိုင်းကျော်ဦး (ခေါ်) အိုက်ကော့၊ သိန်းတန်၊ အိုက်ညွန့်တို့ဖြစ်ပြီးတောင်ကြီးထောင်မှ စိုင်းလင်းလောင်(ခေါ်) အိုင်လင်း၊ ကသာထောင်မှ မာဂမ်(ခေါ်) ဂမ်တီး၊ ခန္ဓီး ထောင်မှ ဆိုင်းဆန်းအောင်၊ အင်းစိန် ထောင်မှ လောဟောင် (ခေါ်) ရန်နိုင်၊ မြောင်းမြထောင်မှ ကျော်ဟန်ထွန်း နှင့် တောင်စွန်းထောင်မှ ရန်ရိုးချွန် (ခေါ်) လောအိုက်တို့ဖြစ် သည်။

ဗန်းမော်ထောင်မှ လွတ်မြောက်လာသူ ၇ ဦးမှာ တင်ထွန်း၊ နော်ဆိုင်း၊ စံဖဲ၊ လဆန်ခါးလီ၊ အင်ခွန်လရိန်၊ ဇိန်ထုံးထွယ်၊ မုံနန် (ခေါ်) မိုးဒီ တို့နှင့် ကျိုင်းတုံထောင်မှ ၆ ဦးမှာ အိုက်လုံ၊ ဘောရယ်၊ အိုက်အွန်၊ အိုက်ခမ်းလျန်၊ မောင်စွမ်း(ခေါ်) စိုင်းဟုန်ဖ၊ အိုက်လာ (ခေါ်) စိုင်းပေါလုတို့ဖြစ်ပြီး မိုင်းဆတ်ထောင်မှ ဆိုင်းလွိုင်ဆာ (ခေါ်) လျန်းဆာ၊ မင်းအောင်တို့ဖြစ်သည်။

လွတ်မြောက်လာသူများနှင့် ပတ်သက် ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုတင်မောင်ဦးကာခုလွတ်မြောက်လာ သူများမှာ တိုင်းရင်းသားဒေသများမှဖြစ်ပြီး စစ်ပွဲဖြစ်ပွားနေသောဒေသမှ ပြည်သူများ အား အစိုးရတပ်မှ တိုင်းရင်းသားလက်နက် ကိုင်များနှင့် နီးစပ်မှု ရှိသည်ဟု ယူဆကာဖမ်းဆီးခံခဲ့ရသူအများအပြားရှိသည်ဟု ပြောကြားခဲ့သည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်တဦဖြစ်သည့် ဦးဘိုကြည်က ...
“ပုဒ်မ ၁၈ တို့ ၅ဝ၅ (ခ) တို့ မလွတ်တာနဲ့ပတ်သက်ရင် အစိုးရနဲ့ပဲ ပိုပြီးတော့ အဓိကသက်ဆိုင်ပါတယ်။ အစိုးရက သူတို့လက်ထက်မှာ ဖမ်းထားတဲ့ သူတွေနဲ့ ပတ်သက်ပြီးနောက်မှဆွေးနွေးပါ လို့ ပြောထားတယ်။ ကျွန်တော်တို့ကတော့ ဒေါ်နော်အုန်းလှကိုလွှတ်ဖို့ တိုက်တွန်းပြော ဆိုနေတာ ရှိပါတယ်။ အစည်းအဝေးခန်း ထဲမှာပြောခဲ့တာက နော်အုန်းလှတို့ကို မလွှတ်ရင် အားလုံးဝိုင်းမေးကြလိမ့်မယ်။ လာမည့်အစည်းအဝေးမှာ ထပ်ပြီးတော့ ဆွေးနွေးမှာပါ။ ကျွန်တော်တို့ AAPP ရယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရယ်၊ှSNLD ရယ်၊ နိုင်င့ရေးအကျဉ်းသားဟောင်း များအဖွဲ့ချုပ်ရယ် စတဲ့အဖွဲ့တွေ တွေ့ဆုံပြီးတော့ မတ်လ ၁၄ ရက်နေ့က work shop တခုလုပ်ပြီး နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြတယ်။ အဲဒီ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီတဲ့ လူမှန်သမျှ မည်သူ့ကိုမဆို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ပြီး ဒီလူတွေမလွှတ်မချင်း ဆက်ပြီးကျိုးစားဆောင်ရွက်သွားမှာပါ။ အခုလွတ်လာသူတွေ ကလည်း တကယ့်တိုင်းရင်းသားအစစ်တွေပဲ ဖြစ်ပါတယ်” ဟု ကိုဘိုကြည်က ပြောကြားခဲ့သည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၁၁ ကြိမ်မြောက်အဖြစ် နိုင်ငံရေးအကျဉ်းသားများအား လွတ်ပေးခြင်းဖြစ်ပြီး သမ္မတ ဦးသိန်းစိန်က ယနေ့ ဘရူနိုင်းနိုင်ငံသို့ သွားရောက်ကာ အာဆီယံနိုင်ငံများအစည်းအဝေးသို့ သွားရောက်နေချိန်လည်း ဖြစ်သည်။


No comments: