မရည်ရွယ်ဘဲ အသက်တွေကြီးသွားခဲ့။
သုညတွေအများကြီးရေးထားတဲ့ လက်ရေးလှစာအုပ်ထဲမှာ
ဘဝကိုရောထည့်ထားလိုက်တယ် မသိမသာ။
လိမ်မှလူရာဝင်တဲ့ ရပ်ကွက်ရဲ့ဘေးနားက အိမ်လေးတလုံးမှာ
လက်ရေးလှစာအုပ်ရယ် ...
ငါ ရယ် ...
ငါ့ အသက်တွေ ရယ် ... နေထိုင်တယ်။
မ လာ ပါ နဲ့
ဆက်ဝေမိုး
၁ ရက် ၅ လ ၂၀၁၀
ညဘက် ၂ နာရီ ၂၀ ကျော်ပြီ။
(နေ့သစ် www.naytthit.net မှာ တင်ခဲ့ဖူးတဲ့ ကဗျာ)
No comments:
Post a Comment