Tuesday, April 22, 2014

ဆရာကြီး ဦးဝင်းတင် သို့

ပိတောက်တွေ
ဖူးသစ်ဝေခွင့်မရတဲ့ ဒီကာလ
ကျနော်တို့ နှလုံးသားက
ယုံကြည်ရတဲ့
ကဗျာတပုဒ်ကိုမှ
သေမင်းက


ဝိညာဉ်နှုတ်သွားလေပြီ။

တောစောင့်နတ်
တောင်စောင့်နတ်တွေ
ပေါ့လျော့ကြပါပေတယ်။

ဆရာမရှိတဲ့ကျောင်းလို
ခေါင်းလောင်းသံမချိုလေတော့ပေဘူး

ဘီးတဖက်မရှိတဲ့ ရထား
ခရီးကြမ်းနှင်ဖို့ ခက်သွားပေါ့
ဆရာကြီးရေ။

ငါတို့ အလံတွေကို တဝက်ချ
ဦးခေါင်းတွေကို ညွှတ်လိုက်ကြ။

ငါတို့ရဲ့ မှုန်ဝါးသွားတဲ့
မျက်လုံးတွေထဲမှာတော့
ဆရာကြီး ဦးဝင်းတင် တွေ
အများကြီးကို ပြန်ဖြစ်နေရဲ့။

မိုးသီးဇွန်
ဧပြီလ၂၂၊ ၂၀၁၄

No comments: