တိုင်းကျိုပြည်ဆောင်
လူထုဘက်တော်သားကြီးဆရာကို
နိုင်ငံတော်က ရလိုက်တယ်
ဆရာ့ဘဝတခုလုံး
နိုင်ငံတော်ကို ပေးအပ်ခဲ့တယ်
ဆရာ့ဘဝဟာ လူထုဘဝ
ဆရာ့ခံစားမှုဟာ
လူထုခံစားမှု။
အမျိုးသားရင်ကြားစေ့ရေး
ငြိမ်းချမ်းရေး ဒီမိုကရေစီရေးအတွက်
ဒီနေ့အထိ တရားမရနိုင်သေးတဲ့ လူတစုကို
တရားချရတာလည်း တရားကိုအားနာဖို့ကောင်းပြီ။
ဆရာ့လို လူထုဘဝကိုခံယူ
ဆရာ့လို လူထုခံစားမှုကိုစာနာ
ဆရာ့လို ခြေလှမ်းဖြောင့်ရင်
ဆရာအမြဲတမ်း ဝတ်ထားတဲ့
ထောင်ဝတ်စုံ အင်္ကျီပြာကို
မထိကိုင်မိရင်တောင်
ပြည်သူများရဲ့ ဘုံရည်မှန်းချက်တွေဆီ
နီးသထက် နီးသွားမှာ မလွဲဘူး။
(21-4-2014 နေ့မှာ ကွယ်လွန်သူ ဆရာဦးဝင်းတင်သို့ ဂါရဝဖြင့်)
မောင်အောင်ပွင့်
21-4-2014
No comments:
Post a Comment