အနှစ်ချုပ် - “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ ဟောပြောတာခြင်း တူပေမယ့် ဒလိုင်းလားမား နှင့် သီတဂူသည် မတူညီနိုင်။ ရှေ့ကလူသည် ဘုရားစကား အစစ်အမှန် (ဗုဒ္ဓဝါစန) ကို ဟောပြောနေတာ ဖြစ်ပြီး နောက်ကလူမှာ ဗုဒ္ဓဝါစနကို ဖျက်ဆီးသူ ဖြစ်နေပါ၏။ တရားဓမ္မ၏ နှစ်လိုချီးကျုးဖွယ် ဖြစ်မှုဟူသည် စာသားမဟုတ်၊ ဟောပြောပြနေသူ၏ အခြေခံမူလစရိုက် ၊ စင်ကြယ်သော စေတနာရှိမှု မရှိမှု ပေါ်မှာ မူတည်ကြောင်း ပိဋကတ်တော် အကိုးအကားတို့ကို ယူ၍ စိတ်ပညာနှင့် ဒဿန ရှုထောင့်တို့မှလည်း ဝေဖန်ကာ
အဆုံးအဖြတ်ကို ပြဆိုထားပါသည်။
မထေရ် ဝဿကာရ ။ ။ အသို့နည်း၊ ငါတို့၏ဆရာ ဗုဒ္ဓသည် တပါးပါးသော ဘိက္ခုရဟန်းကို ဆရာမျက်ကွယ်ပြုပြီးနောက် သာသနာကို ဦးဆောင်ရန် ညွှန်ပြခဲ့ပေ သလော ?
မထေရ် အာနန္ဒာ။ ။ မညွှန်ပြခဲ့ပါ
မထေရ် ဝဿကာရ ။ ။ သို့ဆိုလျှင် သံဃာတို့အကြား ကွဲပြားခဲ့သော် ကိုးစားရမည့် ခေါင်းဆောင်ဆိုသူ မရှိလျှင် အသို့ ဖြေရှင်းပါအံ့ ?
မထေရ် အာနန္ဒာ။ ။ ငါတို့၌ ကိုးစားရမည့် ခေါင်းဆောင် မရှိသည် မဟုတ်ပါ။ ဆရာ ဟောကြားခဲ့သော ဓမ္မသည်လျှင် ထင်ရှားကျန်ရစ်ခဲ့ပြီ။ ဓမ္မသည် ငါတို့၏ ကိုးစားရာ ခေါင်းဆောင် ဖြစ်ပါ၏ ။ သံဃာသည် ဓမ္မကို ဆရာပြုသဖြင့်သာ ညီညွတ်ပါအံ့
မထေရ် ဝဿကာရ ။ ။ သို့ဆိုသော်လည်း တစုံတဦးသည် တရားဓမ္မကို သံသယ ဝင်လျှင် သံဃာသည် ကွဲပြားလိမ့်မည် မဟုတ်ကုန်လော ?
မထေရ် အာနန္ဒာ။ ။ တစုံတဦးသည် တရားဓမ္မကို သံသယဝင်လျှင် ငါတို့သည် ဤသံသယကို “တရားဓမ္မနှင့် အညီသာ” အပြန်အလှန် ဝိုင်းဝန်း ဆွေးနွေးပါအံ့။ “တရားဓမ္မကို ကျွမ်းကျင်နားလည်သော” ရဟန်းသည် ဤဆွေးနွေးမှုတို့မှ နေ၍ ကောင်းမွန်သော ရလဒ် ထွက်ပေါ်လာစေရန် ဦးဆောင်နိုင်ပါအံ့။
မထေရ် ဝဿကာရ ။ ။ မျှော်လင့်ချက်သက်သက် ဖြစ်နေပေသလော ?
မထေရ် အာနန္ဒာ။ ။ များစွာ အန္တရာယ်ကြီးမားသော —အဆုံးအဖြတ် ချမှတ်ပိုင်ခွင့် ရှိသည့် သာသနာ့ ခေါင်းဆောင်တဦး ထားရမည် ဆိုတာထက် — ဤသို့ပဲ မျှော်လင့်မိပါသည်
လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် နှစ်လယ်ကတည်းက မဘသဂိုဏ်း၏ အစည်းအဝေးတွင် “မဘသ ဂိုဏ်းသစ်ကြီး (ဝါ) ဘုန်းကြီးတပ်မတော်ကြီး ဆိုတာဟာ နိုင်ငံတော် သံဃမဟာနာယက နှင့် တစိတ်တဝမ်းတည်း အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရန် ထူထောင်ခြင်း ဖြစ်သည်” ဟု ကြွေးကြော်ခဲ့သော သီတဂူဘုန်းကြီးသည် မကြာသေးမီက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် တခြားသံဃ ဂိုဏ်းတွေကိုလည်း သံဃမဟာနာယက အဖွဲ့ (ဝါ) ‘နိုင်ငံတော်’ မှ “တရားဝင်” အသိအမှတ် ပြုပေးဖို့ရန်လိုသည်ဟု ဖိအားပေးတောင်းဆိုခဲ့သည်မှာ မဆန်းလှပါ။ သီတဂူဘုန်းကြီး၏ နာမည်ကြီးမှုကို ကြောက်ရသလို အစိုးရ ပေးစာကမ်းစာကို အစဉ်သဖြင့် မှီခိုကပ်မြှောင် စားသောက်နေသော မဟန အဖွဲ့က ကောက်ကျစ်စုတ်ပဲ့ လူသိရှင်ကြား အရှက်မဲ့သော မဘသ အဖွဲ့ကို မွန်မြတ်သော သံဃာ့အဖွဲ့အစည်းကြီးအဖြစ် “တရားဝင်” အသိအမှတ် ပြုပေးသည့်အပြင် “ရဲရဲတောက် ဘာသာစောင့်အဖွဲ့ကြီး” အဖြစ် ဘိသိက်သွန်းခဲ့သည်မှာလည်း မဆန်းလှပါ။ ဆန်းသလောက် ခု စာရေးသူ ဖော်ပြရမည့် အကြောင်းအရာမှာ ၎င်း သီတဂူ၊ မဘသ၊ မဟန နှင့် ‘ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေး’ စသဖြင့် တို့၏ လုပ်ရပ်သည် ဗုဒ္ဓဘုရားရှင် ချမှတ်ခဲ့သော မူဝါဒကို လုံးဝ ဆန့်ကျင် နင်းချေဖျက်နေခြင်း ဖြစ်သောကြောင့် ထိုလုပ်ရပ်တို့သည် “တရားဝင်ခြင်း” လုံးဝ မရှိကြောင်း ဆိုတာကို ဖြစ်ပါသည်။
ခု ကျွန်တော် ဖော်ပြခဲ့သော ပထမသင်္ဂါယနာဝင် ရှေးဦးဆုံး မထေရ်ကြီးများ အပြန်အလှန် ဆွေးနွေးမှု လေးငါးကြောင်းမျှ ကို ဖတ်ရှုလိုက်ရလျှင်ပင် လက်ရှိ ‘ထေရဝါဒ’ ဗုဒ္ဓသာသနာကို ကာကွယ် စောင့်ရှောက်နေသူများ ဟု နာမည်ခံထားသော ဗမာပြည် ဘုန်းကြီးတို့တွင် တကယ့်စစ်မှတ်သော “ထေရဝါဒ” အသိဟုလည်း မရှိ၊ ဒါ့ထက်ဆိုးသည်မှာ ၎င်းတို့၏ ကောက်ကျစ်မောက်မာလှသည့် အသိကို ‘ထေရဝါဒ’ အဖြစ် သူတို့ဟာသူတို့ ယုံကြည်၊ အများပြည်သူကိုပါ ဤ ကောက်ကျစ်ယုတ်ညံ့လှသည့် အတွေးအခေါ်၊ အပြုအမူ၊အကြံအစည်တို့ကို “ဗုဒ္ဓဓမ္မ သာသနာတော်ကြီး” အဖြစ် ပုံသွင်းကာ ကိုးကွယ်ခိုင်းနေပါသည်။ ဝီရသူသည် အလွန် ကောက်ကျစ်၏၊ ဒါပေမယ့် အစိုးရ၏ နှိပ်စက်မှုကို အနည်းအကျဉ်း ခံခဲ့ရဘူး၊ ငယ်ဘဝလည်း နာဘူးသောကြောင့် တခါတခါတွင် “ငါတို့ လိမ်နေကြတာပါ” ဟု နိုင်ငံခြားစာနယ်ဇင်းသမားတို့ကိ
အာဏာရှင် နေဝင်းသည် သံဃမဟာနာယက (လက်ရှိမဟန) အဖွဲ့ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံက ရဟန်းသံဃာ မှန်သမျှသည် (ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ပါမကျန်) မဟန လက်အောက်ခံအဖွဲ့ ဖြစ်သည်ဟု မျက်နှာထားတင်းတင်းနဲ့ ဆိုခဲ့လေသည်။ နေဝင်းနဲ့ အလားတူပါပဲ၊ ယခုအခါမှာ သီတဂူဘုန်းကြီးသည် “ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ သံဃာ့ အဖွဲ့အစည်းတည်ဆောက်ပုံ ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရမည်၊ ‘မဘသ’ အပါအဝင် အသိအမှတ်ပြုသင့်သော အဖွဲ့အစည်းတို့ကို အသိအမှတ်ပြုရမည်” ဟု ဟိန်းဟောက် အမိန့်ပေးလာပါသည်။ သည်ဘက်တခြမ်းက သင်း၏ ဆိုလိုရင်းမှာလည်း အသိအမှတ် မပြုသင့်သော အဖွဲ့အစည်းတို့ကို သံဃာ့ အဖွဲ့အစည်းအဖြစ် ခေါ်ဝေါ်ခြင်း မပြုရဘူးဟု ဖြစ်ကာ ၎င်း “နိုင်ငံတော်အဆင့်” ဘုန်းကြီးခေါင်းဆောင်ဆိုသူ တို့၏ အသိအမှတ်ပြုခြင်းကို မခံရသူသည် “ရဟန်းသံဃာ” ဟု မခေါ်ဝေါ်ရဘူးဟု ဆိုနေခြင်း ဖြစ်ပါ၏။ တနည်းပြောရလျှင် နေဝင်းကတော့ “ရဟန်းဆိုရင် သူပုန်ဖြစ်တတ်လွန်းလို့” ဆိုတဲ့ သံဃာကို (ချေမှုန်းရန်) စစ်ရေးရည်ရွယ်ချက် နှင့် သံဃနာယကကို ဖွဲ့စည်းခဲ့သည်။ သီတဂူ ဆိုတဲ့ သည်မိစ္ဆာရဟန်း ကတော့ သံဃာဆိုတာ ငါလို ဉာဏ်ကြီးရှင်မျိုးတွေကသာ (ပုံစံချ အသိအမှတ်ပြုပြီး ဖွဲ့စည်းခိုင်ခံ့ရန်) ဆိုပြီး စီမံခန့်ခွဲမှု အာဏာရူးနေခြင်း ဖြစ်ပါသည်။
နေဝင်း၊ ခင်ညွှန့်စသည့် စစ်အာဏာကိုင်တို့က သံဃာကို ကြုံးသွင်းရန် မဟနကို ဖွဲ့စည်းခဲ့ခြင်း၊ ခုခါမှာ ဝီရသူ၊ အင်းစိန်၊ မဘသ၊ သီတဂူ နှင့် မဟန စသူတို့၏ “သံဃာ့အာဏာကို ခွဲဝေပေးရေး” လှုပ်ရှားမှုများတွင် ကျွန်တော်တို့ ထင်ရှားသိသာစွာ မြင်နိုင်သော အဓိကအချက်နှစ်ချက် ရှိပါ၏။ ပထမ တချက်မှာ ၎င်းပုဂ္ဂိုလ်တို့သည် မိမိကိုယ်ကို (ဗုဒ္ဓမှ လုံးဝခွင့်ပြုချက် မပေးခဲ့သည့် ) “ရဟန်းခေါင်းဆောင်” အဖြစ် မှတ်ယူလုပ်ဆောင်နေခြင်း ဖြစ်ပြီး ဒုတိယတချက်မှာ သံဃာဆိုတာကို ၎င်း ရဟန်းခေါင်းဆောင်ကြီးတွေမှ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေရဲ့ အောက်တွင် ရှိနေမှသာ တရားဝင်သံဃာ ဖြစ်သည်ဟု ထင်မြင်နေခြင်းပါတည်း။
ဤကိစ္စကို ကျွန်တော့် ဖွဘုတ် (Facebook) တွင် လွတ်ကနဲ တုံ့ပြန်ထားသော စာတိုကလေးမှာ ခပ်ကျဉ်းကျဉ်းကလေးနဲ့ လိုရင်းတို့ကို ခြုံငုံထုတ်နှုတ်ပြထားပါသောကြောင
“ကျနော် တခုပြောပါရစေ။ ခုရက်ပိုင်း သံဃအဖွဲ့အစည်း တည်ဆောက်ပုံဟာ ဟိုလို ဖြစ်ရမယ်၊ သည်လို ဖြစ်ရမယ်လို့ ရှိရင်းမဟနက တမျိုး၊ မဘသက တမျိုး၊ သီတဂူ စသည်က တမျိုး ကိုယ့်ကိုကိုယ် ဘုန်းကြီးခေါင်းဆောင်ဆိုသူတွေလိ
ဗုဒ္ဓ၏ မူရင်းမိန့်မှာချက် အရ မည်သည့် ပုဂ္ဂိုလ်တဦးတယောက်မှ သံဃာ့အဖွဲ့အစည်းတည်ဆောက်ပုံ ဆိုတာ ဟိုလိုပုံစံ သည်လိုပုံစံ ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ပိုင်ခွင့် မရှိပါ။ ဘုရား၏ နောက်ဆုံး အသေအချာ မှာကြားသတ်မှတ်ချက်အရ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် ဘုန်းကြီးကမှ ကိုယ့်ကိုကိုယ် သံဃာထုရဲ့ ကိုယ်စားလှယ်၊ ခေါင်းဆောင် ဖြစ်တယ်ဆိုပြီး အမည်ခံယူခွင့်၊ မဏ္ဍပ်တိုင်ပေါ်တက်ပိုင်ခွင့် မရှိပါ။
(ဆက်လက်တင်ပြပါအုံးမယ်)
ညိုထွန်း
No comments:
Post a Comment