ငါတို့ သေချာ စဉ်းစားကြည့်ကြပါစို့၊ “မဝေဖန်ရဘူး”၊ “မငြင်းခုံရဘူး”၊ “ဆရာဟာ ဘဝအရှင်သခင်”၊ “ငါတို့ပြောတာ ၏သည်မရွေးမှတ်” ဟူသော သဘောအယူတို့ လွှမ်းမိုးနေသော ဗမာပြည်က အစိုးရဘုန်းကြီးစာ ပညာရေးတွင် ဝင်ရောက်ပြီး ခေါင်းဆောင်နေရာယူသူတို့သည်
ဘယ်လိုလူမျိုးသာ ဖြစ်နိုင်ပါသနည်း။ ၎င်းလူတို့သည် ကောက်ကျစ်စွာ အောက်တန်းတမင်ကျအောင်လုပ်ထားသော ပညာရေးကို လိုက်နာ အတည်ပြုပေးနေသည့် ပုလင်းကွဲ ပုဂ္ဂိုလ်တို့သာ ဖြစ်လိမ့်ပေမပေါ့။ ဤသို့သော လူ့ဂုဏ်သိက္ခာမဲ့ ပညာရေးမျိုးတွင် မိမိသည် အများအပေါ်တက်၍ “အောက်တန်းစားပါမောက္ခ” ကြီးလုပ်ကာ “ဘုန်းကံကြီးသူ” ဟု သာယာနေသူသည် အောက်တန်းစား အခြေခံစရိုက် လွှမ်းမိုးသူတို့သာ ဖြစ်လိမ့်ပေ မပေါ့။ ဟုတ်ကဲ့ ၊ ကျွန်တော်ပြောလိုရင်းမှာ ဤသို့ အောက်တန်းစားလူတွေကို ဘုန်းရှင်ကံရှင် ပါမောက္ခကြီးများ အဖြစ် ဒီဇိုင်းချကြံစည်ထားသော ပညာရေးမျိုးကို အမှန်တကယ် ပညာဉာဏ် ထက်မြက်နိုးကြားသူတို့ဟာ ဝင်ရောက်ပူးပေါင်းလိမ့်မှာ မဟုတ်သလို၊ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ပူးပေါင်းမိပြန်လျှင်လည်း လူကောင်းလူတော်တို့ မည်သည် ဤပညာရေးမျိုးကို အနှေးနဲ့ အမြန်ဖဲခွာဖို့ ကြိုးစားပါလိမ့်မည်၊ ကြိုးကိုကြိုးစားလိမ့်မည်သာ ဖြစ်ပါ၏။
တနည်းတဖုံအားဖြင့် စိတ်ပညာအလို လိင်စိတ်ကို အခြေခံသော၊ ငါနှင့်ငါသာ နှိုင်းစရာဟု မပြေငမ်းငမ်း မာန်ကြွပျော်မြူးခြင်း၊ အင်္ဂလိပ်အခေါ် lust ၊ ဗုဒ္ဓဓမ္မ အလိုအားဖြင့် “အာသာလောဘ” ဟူသော အဓမ္မအခြေခံမူလစိတ်တို့ ထင်းထင်းကြီး ထင်ပေါ်နေမှုသည် သီတဂူဟောကြားသော တရားအတော်များများတွင် အထင်အရှားတွေ့နိုင်ပါ၏။ ၎င်း ပုဂ္ဂိုလ် ဟောကြားသာ တရားအများစုသည် “ငါတို့ ဗုဒ္ဓဘာသာက ဘယ်လိုဘယ်ဝါ သူများထက် သာထူးမြင့်မြတ်တာ = lust (လောဘ) ၊ ဘယ်လိုကောင်တွေကတော့ဖြင့် ဘယ်လို နိမ့်ကျ အောက်တန်းကျတာ = hatred (ဒေါသ)” ၊ ဒါ့အပြင် ၎င်း လောဘစိတ် ဒေါသစိတ်တို့ကို သာယာလျက် ဟောပြောနေခြင်းတို့ဟာ ကြားတတ်ကြည့်တတ်သူတို့ အတွက် ပေါ်လွင်လွန်းပါ၏။
နောက်ပြီးလည်း ခက်သည်မှာ ဒါမျိုး ဤပုဂ္ဂိုလ်သည် လောဘ ဒေါသစိတ်တို့ဖြင့် ဝင့်ကြွားမာန်မြောက်နေခြင်းကို ရှက်ရကြောက်ရမှန်း မသိတာအပြင်၊ လောဘဒေါသကင်းငြိမ်းကြောင်းကို ရည်ရွယ်ကာ ပေါ်ပေါက်လာသော — ၎င်းလို မစင်ကြယ်သော ပုဂ္ဂိုလ်မျိုးမှ ဟောဆိုဖို့ရန် မထိုက်တန်သည့် ဗုဒ္ဓတရားတို့ဖြင့် — ၎င်း၏ အခြေခံ လောဘဒေါသစိတ်တို့ကို ရောပူးလွှတ်ကာ ပရိသတ်ကို ဖြန့်ဖြူးနေခြင်း ပေတည်း။
ငါတို့ သေချာ စဉ်းစားကြပါစို့ “ငါတို့ဟာ ဗုဒ္ဓတရားကို သိသည့်အတွက် တခြားကောင်တွေထက် ငါတို့သည် ပိုပြီး လောဘဒေါသ ကင်းငြိမ်း သာလွန်မွန်မြတ်သူတို့ဖြစ်သည်” ဟူသော တရားစကားမျိုးသည် ဘယ်လိုနည်းနဲ့မှ တစုံတဦးကို လောဘ ဒေါသ လျော့ပါးစေရန် မရှိပါ။ “I desire peace” (ငါသည် ငြိမ်းချမ်းရေးကို လိုလားသည်) ဟု ဆိုသူသည် “လိုချင်နေသရွေ့” ဘယ်တော့မှ မငြိမ်းချမ်းနိုင်၊ ဤသူသည် လူလိမ်ပေတည်း။ ဒါ့အတူ “ငါဟာ အမြတ်ဆုံး ဗုဒ္ဓတရားကို သိလို့ တပါးသူတွေ အားလုံး ထက် သာလွန်မွန်မြတ်သူ”ဟု စွဲယူနေသည့်သူက ဟောသော — ဤ စိတ်အောက်တန်းစားနှင့် lust ထန်သောလူက — လျှပ်ပေါ်လော်လီပြသော‘အမြတ်ဆုံး’ ဗုဒ္ဓတရားဆိုတာသည် — အောက်တန်းစား လူလိမ်တဦး၏ အတ္တဖွင့်ထုတ် တရားသာ ဖြစ်ပါ၏။
ဒလိုင်းလားမား၏ မည်သူတဦး တယောက်ကမှ အနှစ်မရှိခြင်း (သုညတာ) ကို ခံယူနားလည်ကာ ရင့်ကျက်ပြည့်ဝငြိမ်းချမ်းသော မျက်နှာနှင့် ငါနှင့်ငါသာ နှိုင်းစရာဟု မိုးမမြင်လေမမြင် ဘဝင်ဟပ်နေသော သီတဂူပုဂ္ဂိုလ်ကို နှိုင်းယှဉ်ကြည့်ပါ။ သင်္ကန်းဝတ်တာချင်း အတူတူ၊ ကတုံးတုံးထားတာချင်း အတူတူ၊ ဘုရားသားတော်လို့ ခံယူထားတာချင်းအတူတူ၊ အသက်အရွယ် ခုနှစ်ဆယ့်ရှစ်နှစ်ချင်းလဲ အတူတူ ကြည့်ရှုမိသူတို့မှာ ဘာများကွာပါသနည်း။ ဒလိုင်းလားမား၏ မျက်နှာသည် lust ကို ပယ်သတ်ထားသော မျက်နှာချမ်းမြ ရွှေလဝန်းကြီး ဖြစ်ပါ၏။ သီတဂူဘုန်းကြီး၏ မျက်နှာမှာ lust တွင် ပျော်ရွှင်၊ ဘဝင်မှာ ဟုန်းဟုန်းမီးတောက် နေသော မျက်နှာမည်းမည်း ပြာပူခဲကြီး ဖြစ်၏။ ထိုသူနှစ်ဦးလုံးသည် လူတိုင်းကို “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ပဲ ဟောပြောမှာ ဖြစ်ပါ၏။ ဒါပေမယ့် ဒလိုင်းလားမားက ပြောသော “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဟာ ကိုယ်တော်ကြီး၏ အလောဘ၊ အဒေါသ၊ အမောဟ မူလစိတ်အခြေခံကောင်းမှ ထွက်သော တရားဓမ္မ၊ လူသားတို့၏ အသိတရား ငြိမ်းချမ်းဖို့ရန် လိုလားသော စေတနာ အစစ်အမှန် ဖြစ်၍ သီတဂူ ပုဂ္ဂိုလ်ယုတ်က ပြောနေသော ‘အနိစ္စ၊ ဒုက္ခ၊ အနတ္တ’ မှာမူ ၎င်း၏ လောဘ၊ ဒေါသ၊ မောဟ မူလစိတ်ကို အခြေခံကာ ၊ ဤသို့ လက္ခဏာရေးသုံးပါးကို အများကို ဟောဆိုပြရခြင်းသည် မိမိ၏ အများထက် မြင့်မြတ်သာလွန်ကြောင်း ခုတုံးသက်သေကြီးအဖြစ် မှတ်ကိုင် မိန့်ကြားနေသည့် မစင်ကြယ်သော တရားပါတည်း။
“ကုလားတွေကို သည်းခံကြပါ၊ ဒါပေမယ့်” ဟူသော သီတဂူပုဂ္ဂိုလ်၏ စကားမှ “သည်းခံကြပါ” ဟူသော စကားသည် စာသားချင်းတူပေမယ့် ဗုဒ္ဓဝါစန မဟုတ်။ အစအလယ်အဆုံးကောင်းသော ဗုဒ္ဓဝါစန ဟူသည် ခြွင်းချက်မရှိ၊ “ကုလားတွေကို” ဆိုပြီး သီးသန့်ခွဲထုတ်ဖို့လည်း မလို။ “ဒါပေမယ့်” ဟုလည်း ဆက်ရန် မရှိ။ ပညာမဲ့သူ ၊ ဖောက်ပြန်သူ၊ အခြေခံ သားရဲတိရစ္ဆာန်စရိုက်ကို အမှန်တရားဟု အတည်ပြုပေးလိုသူ၊ တရားဓမ္မကို ဟောဆိုရန် မစင်ကြယ်သူ က ၎င်း၏ အခြေခံစိတ်ယုတ်မာတွေမှာ မင်းမူနေသော “တရားတု တရားမှား” (လောဘမူစိတ် ၊ ဒေါသမူစိတ်၊ မောဟလွှမ်းစိတ်) တွေကို တရားစစ်အဖြစ် ယောင်ဆောင်ဖြန့်ဖြူးနေသော ဖြစ်စဉ်ဟု ကျွန်တော်တို့သည် အသေအချာ နားလည်သိမြင်နိုင်ပါ သတည်း။
[*မထေရ်* ဝဿကာရဟာ ဗုဒ္ဓက အပါရိယာနိယ တရားခုနှစ်ပါး ဟောကြားတော်မူခဲ့ဖူးတဲ့ ဗြဟ္မဏပုဏ္ဏားနဲ့ တယောက်တည်း ဖြစ်နိုင်ပါတယ်။ တခုရှိတာက ဝဿကာရ ပုဏ္ဏားဟာ ရှင်မဟာ ကစ္စည်းကို လှောင်ပြောင်ခဲ့လို့ မျောက်ဖြစ်သွားတယ်လို့ တချို့ပုံတွေက လာပါတယ်။ အဲသည် ပုံတွေဟာ ယုံကြည်ဖွယ်ရာတော့ မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။
နောက်တခု ဖြစ်နိုင်တာက မထေရ်ဝဿကာရ မဟုတ်ပဲနဲ့ ဝဿကာရ ပုဏ္ဏားကြီးနဲ့ ရှင်အာနန္ဒာ ပထမသင်္ဂါယနာ ကိစ္စ ဆွေးနွေးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော ဝဿကာရဟာ စာရေးသူ သိသလောက် ပထမသင်္ဂါယနာ အဇာတသတ်မင်းရဲ့ လက်ရုံးအမတ်ကြီးလို့ ထင်ပါတယ်။ ဒါက သံသယထား စဉ်းစားသင့်တဲ့ တချက်ပါ။
စာရေးသူ တိုက်ရိုက်ပြန်ဆိုတဲ့ ဆရာကြီး နာလင်းမာဒုတ္တရဲ့ စာသွားပုံစံနဲ့ အခန်းစီရင်ပုံ အရတော့ မထေရ်နှစ်ပါး ဆွေးနွေးနေပုံမျိုးနဲ့ပဲ တူပါတယ်။ ဆရာကြီးဟာ အကယ်၍ လူပုဏ္ဏားနဲ့ အာနန္ဓာ စကားပြောနေတာဆိုရင် ရှေ့ကနေ လူဖြစ်ကြောင်း "ဗြဟ္မဏ ဝဿကာရ"လို့ ထည့်လောက်ပါတယ်။ ဒါကြောင့် မထေရ်လို့ပဲ လောလောဆယ် ယူဆပြန်ဆိုထားလိုက်ပါတယ်။]
ခင်မင်စွာဖြင့်
ညိုထွန်း
No comments:
Post a Comment