Sunday, June 15, 2014

သာသနာဖျက်ဖို့ လူဖြစ်လာတဲ့ အံ့မောင်အကြောင်း

(ဘုန်းကြီးလူထွက် သာသနာဖျက် အံ့မောင်ကွ.. ဘာမှတ်လဲ မဟန ရုံးချုပ်မှာ ဦးပဉ္စင်းလေးတွေကိုတောင် မရှောင် ဖာခေါ်ခိုင်းပြီးချလာတာ..ယောရုဝလဲ မကြောက်ဖူး..မဟာတာပန္နလဲမကြောက်ဖူး..သာသနာဖျက်ဖို့လူဖြစ်လာတာ..)
......................................

တချိန်က..

အကျင့်ယုတ်လွန်းတယ်ဆိုပြီး..
သာသနာရေး..ဒုဝန်ကြီး ဦးကျော်အေးကိုယ်တိုင်..
အစည်းဝေးခန်းမထဲမှာ..
ခုံပေါ်က လိမ့်ကျသွားအောင်အထိုးခံရတဲ့သူတဦးဟာ..
ဦးသန်းရွှေဆီ ပြေးပါလို့..
ခြေသလုံးဖက်ငိုပြလိုက်တဲ့အချိန်မှာ..
ဒုဝန်ကြီး ဦးကျော်အေး အဖြုတ်ခံလိုက်ရပါတယ်

အဲဒီလူဟာ...
ဦးအံ့မောင်ပဲဖြစ်ပါတယ်..

အဲဒီကစပြီး... ဦးခင်ညွန့် အစရှိတဲ့ စစ်ဗိုလ်ချုပ်တွေက..
ဦးအံ့မောင်ကို သာသနာရေး လက်နက်အဖြစ်
စတင်ကိုင်ဆွဲကာ အသုံးချ.လာပါတော့တယ်...
--------------

၁၉၈၈ အရေးအခင်းအပြီး..
ကမ္ဘာမှာဥာဏ်အကောင်းဆုံးလူသားလို့
မှတ်တမ်းဝင်ခဲ့တဲ့
မင်းကွန်းတိပိဋကဓရဆရာတော်ကြီးကို..
ဦးခင်ညွန့်ရဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့
အရှင် ၀ဏ္ဍသိရီ နဲ့ပေါင်းပြီး...
ထောင်ချောက်ဆင်ခဲ့တာလဲ ဦးအံ့မောင်ဖြစ်ပါတယ်၊
-----------------

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်..
တချိန်တုန်းက..

တိပိဋကဓရ ဆရာတော်ကြီး
အရှင်သုမင်္ဂလာလင်္ကာရ ဆီကို
ဦးခင်ညွန့်ရဲ့ အမိန့်အရ...
အရှင်ဘုရား လက်မှတ်ထိုးပြီး
သပိတ်ကိုပြန်လှန်ပေးတော်မူပါ ..
တပည့်တော်မှာ ရွေးချယ်စရာ
လမ်းမရှိတော့ပါဘူးဘုရား။
ဒီကိစ္စကို ဗိုလ်ချုပ်ခင်ညွှန့်ကိုယ်တိုင်ကိုင်နေတာ
တပည့်တော်အနေနှင့်
တာဝန်ပေး လာလို့ အရှင်ဘုရားကို
ဖမ်းရတော့ပါမယ်ဘုရား”

ဆိုပြီး.. သူနဲ့ရင်းနှီးတဲ့ ဆရာတော်ကြီးကိုတောင်..
ရဲရဲတင်းတင်းနဲ့..မျက်နှာတည်တည်နဲ့..
သူကိုယ်တိုင်သွားရောက်ဖမ်းဆီးခဲ့တဲ့ သူဟာလဲ
ဦးအံ့မောင်ပါပဲ...

-----------------
၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်း..
စစ်အစိုးရက ဘယ်လိုဖြေရှင်းသလဲ ..
ညသန်းခေါင်မှာကျောင်းတိုက်တွေကို
ဝင်ရောက်စီးနင်းခဲ့ပြီး...
သံဃာတော်တွေကိုလူဝတ်လဲလို့..
တိပိဋကဓရ ဆရာတော်ကြီးတွေကို
ထောင်ထဲထည့်ပြီး ပျံလွန်တော်မူစေခဲ့တဲ့အထိ
လုပ်ခဲ့ကြတယ်..။

အဲဒီဖြေရှင်းမှုရဲ့နောက်ကွယ်မှာ..
ကိုင်တွယ်နေတာလဲ ဦးအံ့မောင်ပါပဲ..

----------------

ကျောင်းပိုင် မြေပိုင် စတဲ့..
ဘုန်းကြီးတွေရဲ့အရှုပ်ထုတ်တွေ..
ပိုင်ဆိုင်မှုအငြင်းပွားမှုတွေကို...
မဟန ရဲ့ ဖြေရှင်းမှုတွေ၊
ဘက်လိုက်ဆုံးဖြတ်တာတွေ..၊
တစ်ဘက်သတ် နှိပ်ကွပ်တာတွေ..၊
အမှုတွေဆင်ပြီးသိမ်းယူတာတွေ.
.အသိမ်းယူမခံချင်တဲ့ ကျောင်းထိုင်ဘုန်ကြီးက..
ငွေကြေးတွေပေးပြီး ပြန်ယူရတာတွေ..

အဲဒီဘက်လိုက်မှုတွေရဲ့နောက်ကွယ်မှာရှိနေသူဟာလဲ
အံ့မောင်အပါဝင် အမှုပွဲစားလုပ်တဲ့
သူ့အနွယ်တွေပါပဲ..။
---------------

လွန်ခဲ့တဲ့နှစ်တွေ တုန်းက..ရွှေည၀ါဆရာတော်ကို..
အညိုးကြီးကြီးနဲ့ နှိပ်ကွပ်ခဲ့တာတွေ..
ကျောင်းက နှင်ထုတ်တာတွေ...

အဲဒီလို တစ်ဘက်သတ်ယုတ်မာမှုတွေရဲ့နောက်မှာလဲ
အံ့မောင်ရှိနေခဲ့ပါတယ်..

---------------
ထေရ၀ါဒတရားစစ်စစ်ကို စစ်ထုတ်သန့်စင်ပြီး
ဗုဒ္ဓဘာသာဝင်အများစုရဲ့ နတ်စိမ်းကိုးကွယ်မှုဓလေ့ကိုပါ
ပယ်ဖျောက်သွားအောင်
တရားပွဲတွေရာပေါင်းများစွာ
ချိမ့်ချိမ့်သဲ ကျင်းပနိုင်ခဲ့တဲ့...
ဒယ်အိုးဆရာတော်ကို
နိုင်ငံရေးအရ ထိခိုက်နိုင်လာတယ်လို့..
ဦးသန်းရွှေကို ချွန်တွန်းလုပ်ပြီး..
တရားဟောခွင့်ပိတ်တာတွေ..

အဲဒီရဲ့နောက်ကွယ်မှာလဲ အံ့မောင်ရှိနေခဲ့ပါတယ်..၊
-----------------

သာသနာကို မကောင်းတဲ့တံဆိပ်ကပ်လို့
သံဃာကိုအရောင်အမျိုးမျိုးဆိုးပြီး..

မျိုးချစ်ဇာတ်လမ်းတွေဆင်ကာ..
အတိုက်အခံတွေကို ထောင်ချောက်ဆင်တဲ့
သံဃာ့ အသုံးချ နိုင်ငံရေးတိုက်ကွက်ရဲ့
Planner တွေထဲက တစ်ဦးဟာလဲ
အံ့မောင်ပဲဖြစ်တယ်.၊

မဟနကို ကိုင်တွယ်နိုင်တာ
အံ့မောင် ပဲရှိလိုဖြစ်ပါတယ်..

-------------------

မဟနဆရာတော်ကြီးတွေအများစုကို
ဂုဏ်ပကာသနတွေနဲ့ဖျားယောင်း..
လာဘ်လာဘငွေတွေကို
ကိုင်တွယ်သုံးစွဲပျက်းစီးစေခဲ့တဲ့
အဓိကတရားခံတစ်ယောက်ဖြစ်ယုံမက..

တစ်ချိန်တုန်းက
ငွေကြေးဆိုင်ရာ အပေးအယူတွေပါဝင်တဲ့
ဓမ္မာစရိယတန်းစားမေးပွဲတွေအတွက်
မေးခွန်းပေါက်ကြားမှုတွေကအစ..

အံမောင်ပါဝင်ပတ်သက်နေတယ်..

-----------------

အဲဒီအံ့မောင်ဆိုတာ..

အခုအချိန်မှာ..

နိုင်ငံတော်သမ္မတရဲ့ သာသနာရေးအကြံပေးတဲ့ဗျား..
--------------------

ကုန်ကုန်ပြောရရင်..

အစိုးရသိမ်းယူပြီးကတည်းက...
မဟာသန္တိသုခကျောင်းတိုက်ကြီးမှာ
မဟနက ခန့်ထားခဲ့တဲ တာဝန်ရှိအဖွဲ့တွေ ရဲ့..
တရားမ၀င် ရပိုင်ခွင့်တွေဖြစ်တဲ့..

မင်္ဂံလာခန်းမငှားခ...
ရုပ်ရှင် ဆက်တင်ခန်းတွေငှားခ..
ဓာတ်ပုံ ဗီဒွီယိုရိုက်ကူးခ..စတဲ့
ပုံမှန်ဝင်ငွေရတဲ့ ကန်ထရိုက်လုပ်ငန်းတွေအပါအ၀င်..

ကျောင်းတိုက်ကြီးအပေါ်မှာစိုက်ထူထားတဲ့
တာဝါတိုင် စိုက်ထူခတွေ အစရှိတဲ့
ကိစ္စတွေကအစ...

မျိုးမျိုးမြက်မြက်ရတာလေးတွေကို
အမြဲတမ်း ရချင်နေတဲ့...သူတွေရဲ့
နောက်ကွယ်မှာလဲ..

အံ့မောင်ရှိနေတယ်..၊

အဲဒီတော့...

အဲဒီကျောင်းကို သိမ်းပြီပေါ့ဗျား..

ဟဲဟဲဟဲ..
----------------

(ပုရစ်)

( အချက်အလက်များပေးတဲ့ မိတ်ဆွေကို..ကျေးဇူးတင်ပါတယ်..

https://www.facebook.com/photo.php?fbid=1421138911505764&set=a.1386063395013316.1073741828.100008290060866&type=1&theater
................................................

မဟာသန္တိသုခကျောင်းတော်ကြီးအကြောင်း တစေ့တစောင်း

၁၉၉၅-ခုနှစ်တွင် ပီနန်ဆရာတော်ကြီးအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်၍လာရောက်ယူစဉ် ဦးစောမြင့် မှ အသက်ကြီးလာလျှင် ဆရာတော်ကြီးသီတင်းနေထိုင်ရန် ကျောင်းတကျောင်းဆောက်ပါရန် လျှောက်ထားခဲ့သည်။ ဆရာတော်ကြီးမှ ဘုန်းကြီးအတွက် မလိုဘူး။ ဆောက်ချင်ယင် ပြည်ပသာသနာပြုလေ့ကျင့်ရေးကျောင်းဆေက်ချင်တယ်ဟု မိန့်ကြားသည်မှ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ကျောင်းတော်ကြီးကို
ပြည်တွင်းပြည်ပစေတနာရှင်များ၏လှူဒါန်းငွေနှင့်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

၁၉၉၉-ခုနှစ် ဒီဇင်ဘာလတွင်ကျောင်းတော်ကြီးကို နဝတ တာဝန်ရှိသူများမှ ရေစက်ချလှူဒါန်းခဲ့ပါသည်။ ဦးသန်းရွှေနှင့်အတူ လူမမယ် ဖိုးလပြည့်လည်း ပါဝင်ရေစက်ချခဲ့ပါသည်။ ထိုဒီဇင်ဘာလမှာပင်ပြည်ပသာသနာပြုရဟန်းတော်များကို သတင်းစာမှတ
ဆင့်ေ်ခ်ါယူခဲ့ပါသည်။ ဝင်ခွင့်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုခဲ့ရပါသည်။ တာမွေမြို့နယ်ထဲမှ အထက်တန်းကျောင်းတစ်ခုတွင်ဖြစ်ပါသည်။ ရဟန်း သီလရှင်အပါး ၁၀၀-ကျော် ဖြေဆိုခဲ့ရာ ၄၄-ပါး ရေးဖြေအောင်မြင်ခဲ့ပါသည်။ နှုတ်ဖြေ အင်္ဂလိပ်ဘာသာဖြင့်ပင်ဖြေ
ဆိုခဲ့ရပြီး ရဟန်းတော် ၂၁-ပါးနှင့် သီလရှင် ၅-ပါးရွေးချယ်ခဲ့ပါသည်။ နောက်မ တရုတ်သီလရှင် ၁-ပါး လာရောက်သင်တန်းတက်ရောက်ခဲ့ပါသည်။ ရဟန်းတော် ၁-ပါးကျန်းမာရေးမကောင်းသောကြောင့် သင်တန်းမှ နှုတ်ထွက်ခဲ့ပါသည်။

၂၀၀၂-ခုနှစ်တွင်သင်တန်းပြီးဆုံးခဲ့ပြီး ရဟန်းတော် ၆-ပါးကိုထိုင်ဝမ်သို့လည်းကောင်း၊ ၂-ပါးကို အမေရိကန် သို့လည်းကောင်း၊ ၂-ပါးကို နယူးဇီလန် သို့လည်းကောင်း သာသနာပြုစေလွှတ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ဆရာတော်ကြီးမှ သင်တန်းဆင်းလက်မှတ်နှင့် အတွင်းရေးမှူး ၁ ဦးခင်ညွန့်မှခရီးဆောင်အိပ်တလုံးစီ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော်ကြီးမှာ ပြည်ပတွင်သာအနေများပြီး သင်တန်းဖွင့်ပြီးသည်မှ သင်တန်းဆင်းသောအခါမှ ဤကျောင်းတော်ကြီးသို့ ပြန်လည်ကြွရောက်ခဲ့ပါသည်။

ဆရာတော်ကြီးပြန်လည်ကြွရောက်လာစဉ် ကျောင်းတော်ကြီး၏ ဥပဌာက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော ဦးစောမြင့် (မဆလ ခေတ်ရာတန်များငွေမဲ မကျေငြာမီ သတင်းပေါက်ကြားမှုဖြင့်ပြုတ်ခဲ့၊ မဟေသီမဂ္ဂဇင်းတိုက်ပိုင်ရှင်၊ ယခုသေဆုံးပြီး)
အား ခင်မြားဥက္ကဋ္ဌရာထူးမှနားတော့ဟု ပြောဆိုခဲ့ပါသည်။ ဆရာတော်ကြီး၏ နိုင်ငံအ
သီးသီး၌ရှိသော ကျောင်းတိုက်အားလုံး၏ စည်းမျဉ်းတွင် ဂေါပက ဥက္ကဋ္ဌတာဝန်ကို ၂-နှစ်
သာထမ်းဆောင်စေပါသည်။ ထိုသို့ မိန့်ကြားပြီးဆရာတော်ကြီး ပြည်ပသို့ ပြန်လည်ကြွ
သွားခဲ့ပါသည်။

ဦးစောမြင့် ဥက္ကဋ္ဌရာထူးမှနားရန်ဖြစ်လာသောအခါ ငွေစာရင်းများရှင်းရန်
ကိစ္စပေါ်ပေါက်လာပါသည်။ ငွေစာရင်းများ အဓိကကိုင်တွယ်နေသူမှာ ဦးတင်ရွှေ (ဗိုလ်မှူးးငြိမ်း၊ ဦးစောမြင့်၏ယောက်ဖ) ဖြစ်ပါသည်။
ငွေစာရင်းများရှင်းလင်းရန်အခက်ခဲရှိလာခဲ့ပြီး ဦးစောမြင့်နှင့် ဦးအံမောင် (ဘုန်းကြီးလူထွက်၊ ယခင်သာသနာညွှန်ကြားရေးမှူးး၊ နအဖခေတ် နိုင်ငံတော်ကောင်စီ အကြံပေး၊ ဦးသန်းရွှေနှင့်ရင်းနှီး၊ ယခုကမ္ဘာအေးတွင်နေထိုင်ကာ မဟန အားဆရာ လုပ်လျက်ရှိ) နှင့်ပေါင်းမိကာ ၂၀၀၂-ဒီဇင်ဘာလတွင် မဟန ဆရာတော်များအား
ကျောင်းတော်ကြီးသို့ ပင့်ဆောင်ခဲ့ပါသည်။ ပင့်ရသည့်အကြောင်းမှာ သြဝါဒခံယူရန်ဟု ဆိုပြီး အမှန်တကယ် အခမ်းအနားတွင်ကျောင်းတော်ကြီးကို ထိုးအပ်ခဲ့ပါသည်။ မဟန လည်း ဘုမသိ ဘမသိနှင့် လက်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ထိုစဉ်က မဟန ဥက္ကဋ္ဌမှာ မကွေး ဆရာတော် ဦးကုမာရ ဖြစ်ပေလိမ့်မည်။ RFA နှင့် အင်တာဗျူးးစဉ် မကွေးဆရာ
တော်မှကျောင်းတော်ကြီးကို မဟန သိမ်းတာမဟုတ်ကြောင်း အစိုးရသိမ်းတာဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။

ဤသို့ဖြင့် ကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်တော်မူသော ရဟန်းတော်တို့အား ၂၀၀၃-ခုနှစ် ဖေဖော်ဝါရီ ၂၈ နေ့တွင်မောင်းထုတ်ခဲ့ပါသည်။
အမှန်တကယ်တွင်ကျောင်းတော်ကြီးကို အစိုးရသိမ်းတာလဲမဟုတ်၊ မဟနသိမ်းတာလဲမဟုတ်ဘဲ ဦးအံ့မောင်အကြံနှင့်ဦးစောမြင့်သိမ်းခဲ့ခြင်းသာဖြစ်သည်။ ယခုအချိန် ထိဦးတင်ရွှေမှာ ကျောင်းတော်ကြီးတွင်နေထိုင်လျက်ရှိပါသည်။ (ညကအဖြစ် အပျက်မတိုင်မီအထိ)။

ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာညီလာခံမကျင်းမမီ မလေးရှားသံရုံးမတဆင့် ဆရာတော်ကြီးကြွလာရန်နှင့် ကျောင်းတော်ကြီးပြန်လည်လွှဲအပ်ရန် စီစဉ်ခဲ့ကြပါသည်။ စီစဉ်သူ ဦးခင်ညွန့်မှာ ညီလာခံမတိုင်မီပြုတ်သွားခဲ့ပါသည်။ ယခုအခါ နိုင်ငံရေးပွင့်လင်းမြင် သာမှုရှိပြီထင်၍ဆရာတော်ကြီးမှ ကျောင်းတော်ကြီးပြန်ရရန်ကျိုးးစားခဲ့ခြင်းဖြစ်ပါသည် ။ ဆရာတော်ကြီးနေရန်မဟုတ်ဘဲ သာသနာ့အကျိုးဆောင်ရွက်ရန်သာဖြစ်ပါသည်။
စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့အချိန်ခါကြအောင် စာရင်းရှင်းတမ်း မကြားဘူးပေ။ ၁၁-ထပ်တွင် တယ်လီဖုန်းတာဝါတိုင်များ ငှါးရမ်းထားရှိစေခြင်း၊ ၄-ထပ်တွင် ရုံးခန်းများ ငှါးရမ်းထားခြင်း၊ ၂-ထပ်တွင် Video ရိုက်ရန်အခန်းများငှါးထား
ခြင်း၊ မြေညီထပ်တွင် မင်္ဂလာခန်းမ ငှါးရမ်းခြင်းတို့ဖြင့် စီးပွါးရေးလုပ်စားနေကြပါသည်။
ထိုသို့ဝင်ငွေကောင်းနေပါသောကြောင့် ကျောင်းတော်ကြီးအား ပြန်လည်မပေးလိုခြင်းသာ ဖြစ်ပါသည်။

မဟာသန္တိသုခမှမွေးထုတ်လိုက်သော ပထမပတ်သင်တန်းသားများမှ စင်္ကာပူတွင် ၄-ပါး၊ အမေရိကန်တွင် ၂-ပါး၊ ကနေဒါတွင် ၁-ပါး၊ အင်္ဂလန်တွင် ၁-ပါး၊ ထိုင်ဝမ်တွင် ၂-ပါး၊ သြစတေလျတွင် ၁-ပါး၊ နယူးဇီလန်တွင် ၂-ပါး၊ ပြည်တွင်း၌ ၄-ပါး သာသနာပြုလျက်ရှိပါကြောင်း။
ဤ Post တွင် မမှန် မကန် ရေးသားမှုများပါခဲ့သော် မဟာအဝီစိငရဲသို့ ကြပါစေသား။ မှန်မှန်ကန်ကန် ရေးသားထားသည်ရှိသော် ဤ ဘဝ၌ပင် မဂ်ညဏ် ဖိုလ်ညဏ်ရ ၍ မင်းဆိုးမင်းညစ် အုပ်ချုပ်မှုမှကင်းဝေးရာဌာနသို့ရောက်စေသော် ....။

https://www.facebook.com/tejinda/posts/671953792857849
......................................................................

"ဘုန်းဂျီးခရိုနီတစု လုပ်စားသွားတဲ့ ညီလာခံ"

တလောက ကျပ်သိန်းသောင်းချီအကုန်အကျခံလုပ်ခဲ့တဲ့
ထေရ၀ါဒဂိုဏ်းပေါင်းစုံညီလာခံမှာဗျာ......
နေ့စား ရက်ရှင်း ပုံစံနဲ့ တက်ရောက်ခဲ့ရတယ်ဆိုတဲ့ ဘုန်းဂျီးလေးက
ကျုပ်ဆီကို ညက FB Chating ကနေ ပြောခဲ့တာလေးပါဗျာ.....။
ဒကာတော်ဘွန်းက ဘာသာရေးအမြင်မတော်တာတွေ
ရေးနေတယ်ဆိုလို့ ဒီဖြစ်စဉ်လေးရေးပေးပါဦးတဲ့......။

သူက ရန်ကုန်ထဲက စာသင်တိုက်တစ်ခုမှာ စာသင်နေတဲ့
ဘုန်းဂျီးလေးပါတဲ့ဗျ....။
အဲဒီညီလာခံစမယ့်နေ့ မနက်ကျမှ သူတို့ကို ကမ္ဘာအေးဂိုဏ်းပေါင်းစုံညီလာခံသွားရမယ်ဆိုပြီးလာခေါ်လို့တဲ့
သူတို့ စာသင်သားတွေလိုက်သွားခဲ့ကြရတယ်တဲ့....။

ဟိုရောက်တော့ သူတို့လို စာသင်တိုက်တွေကဘုန်းဂျီးလေးတွေ
တော်တော်များများလဲ တွေ့ရတယ်တဲ့။
အဲဒီမှာ ဘုန်းတော်ဂျီးတွေ အချင်းအချင်း အပြန်အလှန် အဆိုပြုတဲ့သူကပြု
ထောက်ခံတဲ့သူက ထောက်ခံနဲ့ လုပ်နေကြတာတွေကို
သူတို့က ဘေးက ထိုင်နားထောင်နေရတာပါတဲ့....။

အင်း........ကန့်ကွက်သူမရှိရအောင် ဇာတ်တိုက်ထားတော့
မဲခွဲဆုံးဖြတ်စရာလဲမလိုဘူပေါ့ ကိုယ်တော်ရာ...
အေးရာအေးကြောင်း ထိုင်သာနားထောင်နေပေါ့လို့.....။

ထူးထူးခြားခြားမှတ်မိလိုက်ပြီး ဘုန်းဂျီးတော်တော်များများ
စိတ်ဝင်စားသွားတာကတော့တဲ့....
အခမ်းအနားရဲ့ ချောင်ကလေးတစ်နေမှာထိုင်နေရတဲ့
သီတဂူဘုန်းတော်ဂျီးရဲ့ အခမ်းအနားအစီအစဉ်မှာမပါပဲ
ဝင်ပြောသွားတဲ့ မဟနအဖွဲ့ပြုပြင်ရေး တရားပါပဲတဲ့လေ.....။

ကျန်တာတွေကတော့ နဂိုက ဇာတ်တိုက်ထားသလို
အပြန်အလှန်ပြောနေကြတော့ ဘုန်းဂျီးတွေ သိပ်စိတ်စားတာမတွေ့ရဘူးတဲ့....။

အဲဒါ ညီလာခံလဲပြီးတော့ သူတို့ (ဘုန်းဂျီးတွေ)ကို
ပစ္စည်းတချို့နဲ့ တစ်ပါးကို အနဲဆုံး ငွေ ငါးသောင်း လှူကြပါတယ်တဲ့....။

အဲဒါကို သူတို့ (အဲဒီဘုန်းဂျီးလေး) စာသင်တိုက်က
ကိုယ်တော်လေးတွေမှာတော့တဲ့ သူတို့ရတဲ့ ငွေ ငါးသောင်းကို
မြို့နယ်သံဃနာယက ဥက္ကဋ္ဌဘုန်းဂျီးက
တစ်သောင်းဖြတ်ယူထားလိုက်တယ်တဲ့....။
ကျန်တဲ့ လေးသောင်းစီကို စာသင်တိုက်ကျောင်းထိုင်ဘုန်းဂျီးက
အကုန်သိမ်းလိုက်တယ်တဲ့လေ.....။

အဲဒီကျမှ သူတို့လဲ မျောက်ပြ ဆန်တောင်းခံရတဲ့အဖြစ်နဲ့
ဘုန်းဂျီးအရေအတွက်ပြ ဘုန်းဂျီးပွဲစားတွေ
ဗုဒ္ဓသာသနာမှာ လူလည် လုပ်နေကြပါလားလို့
သိရပါတော့တဲ့လေ....ဗျာ...။
အဲဒါ ဒကာဘွန်းကို သတင်ပေးပို့တာပါတဲ့လေ...။

အင်းးးးးး.......
တကယ့်ဂိုဏ်းပေါင်းစုံဆိုရင် သက်ဆိုင်ရာဂိုဏ်းတွေက
သာသနာစိတ် အပြည့်ရှိကြပြီး အရည်အချင်းပြည့်မှီတဲ့
ဘုန်းတော်ဂျီးတွေကို ဖိတ်ကြားပြီး ညီလာခံလုပ်ကြရမှာပဲဗျ....။

အခုတော့ ဘုမသိ ဘမသိသေးတဲ့ စာသင်သားဘုန်းဂျီးလေးတွေကို
အရေအတွက်ပြ အစားထိုးပြီး အလှူရှင်တွေ လှူတာကျတော့
ဘုန်းဂျီးခေါင်းဆောင်တွေက အဲဒီလို လုပ်စားသွားကြတာကို
သူရင်ထဲမှာ မခံနိုင်လို့နဲ့ တူပါတယ်ဗျာ.....ကျုပ်ဆီကို သတင်းပို့တာ....။

တလောက ရွှေည၀ါဆိုတဲ့ ဘုန်းတော်ဂျီးက ညီလာခံမှာ သူ့ဖိတ်မလားလို့
စောင့်မျှော်နေတာ မဖိတ်တဲ့အကြောင်း ဖတ်လိုက်ရတော့....
အင်း.....သူလို ဘုန်းဂျီးကြီးမျိုးကို ဖိတ်ရင် ပွဲခ မရတဲ့အပြင် အတိုက်အခံလုပ်နေရင်ခက်ချည်ရဲ့...။
အခုလို ဘုန်းဂျီးငယ်လေးတွေနဲ့ အရေအတွက်ပြလိုက်တော့
ပွဲခလဲရ အတိုက်အခံပြောမှာလဲ မရှိ...ရတဲ့ အလှူငွေလဲ
အကုန်သိမ်းလို့ရနေတာပဲလေ...။

ခရိုနီ သူဋ္ဌေးတွေ ထောက်ပံ့တဲ့ ထေရ၀ါဒ ဂိုဏ်းပေါင်းစုံညီလာခံမှာ
ခရိုနီဘုန်းဂျီးတွေပဲ လုပ်စားသွားကြမှာပေါ့ဗျာ.....။

တကယ့်တော့ ခရိုနီတွေရဲ့ ပိုက်ဆံဆိုတာ ပြည်သူ့တွေရဲ့ ပိုက်ဆံတွေပါဗျာ....
ဒါဆို ဘာသာရေးအကြောင်းပြပြီး ပြည်သူ့ပိုက်ဆံတွေကို
ဘုန်းဂျီးခရိုနီတစ်စု လုပ်စားသွားတဲ့ ညီလာခံလို့ ပြောမယ်ဆိုရင်
မရနိုင်ဘူးလားဗျာ......။

ဘုန်းဂျီးခရိုနီတွေ ကြီးစိုးနေသမျှတော့
ဗုဒ္ဓကိုလဲ ထိခိုက်စေသလို....
ပြည်သူတွေပေးလှူသမျှလဲ အချည်းအနှီးဖြစ်စေတာပေါ့ဗျာ.......
အချိန်မှီသေးတယ်လို့ မြင်သေးရင် အသိတရားရှိရှိ ပြုပြင်ကြပေါ့.....။

https://www.facebook.com/ko.bond007

https://www.facebook.com/ko.bond007/posts/322815884538814
.......................................

သာသနာတော်မှာ သံဃာတော်များရဲ့ ငိုစာနဲ့ တသက်တာကြီးပွါးလာခဲ့ အံ့မောင်ဟာ အခုဆိုရင်
မိန်းမလေးယောက် ယူထားနိုင်ခဲ့ပြီး
၁။ ဗဟန်း ဂျပန်သံရုံးနားက အိမ် ( အခု ဟိုတယ် နဲ့ အနှိပ်ခန်း ဖွင့်ထားပါတယ်။)
၂။ ကမ်ဘာအေးဘုရားလမ်းက အိမ်တစ်အိမ်
၃။ ဂန္ဓမာလမ်းက အိမ်တစ်အိမ် နဲ့
၎။ နေရာစုံစမ်းဆဲ အိမ်တအိမ်ရယ်လို့ တိုက်အိမ် ၄ အိမ်ကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်ပါတယ်။
( ဦးမျိုးဝင်း နှင့် သာသနာရေးဌာနမှ ဝန်ထမ်းများ စုံစမ်းဖော်ထုတ်သည်။ )
................................

အံ့မောင်ရဲ့ လိပ်စာကို release လုပ်လိုက်ပါပြီ
အမှတ် 38, ဂန္ဓမာလမ်း မရမ်းကုန်းမြို့နယ်ပါ။
အလုပ်လက်မဲ့ ဘုန်းကြီးလူထွက်တစ်ယောက်ရဲ့ လခနဲ့ မတန်မရာ သုံးထပ်တိုက်ကြီး ဟီးထနေတာကို တွေ့ရပါလိမ့်မယ်။ လမ်းညွှန်= ကမ်ဘာအေးဘုရားလမ်းက သွားရင် ညာဖက်ခြမ်း ဂန္ဓမာဟိုးလ်ဆေးမရောက်ခင် တောင်ဥက္ကလာဂေါ့ဖ်ကွင်းဖက်ကနေ သွားရင် ဘယ်ဖက်ခြမ်း ဂန္ဓမာဟိုးလ်ဆေးကျော်
========

Credit - Blue Peace (via april mg mg.)

https://www.facebook.com/ye.myint1/posts/10152232145824624
...........................................

ဘုန်းကြီးလူထွက် ဦးအံ့မောင် သောင်းကျန်းနေတာ အခုမှ မဟုတ်။
နအဖခေတ်က အတော်အပုတ်နံ့ထွက်ဖူးတယ်။ အိန္ဒိယ ဘုရားဖူး ခရီးသွား အေးဂျင့်တွေနဲ့ ပေါင်းပြီး ရိတ်တာ၊ ပြည်ပ သာသနာပြု ရဟန်းတွေ ကျောင်းထိုင်တွေတချို့နဲ့ ပေါင်းပြီး ကျောင်းကန်ဇရပ်နဲ့ အဆောက်အဦး ဆောက်ဖို့ဆိုပြီးကန်ထရိုက်လိမ်လုပ်တာ..။
ပြည်တွင်းအလှုရှင်တွေဆီက လိမ်လည်တာ...အစရှိတဲ့ သတင်းမျိုးစုံကြားဖူးတယ်။
ဒီအဖိုးကြီးအကြောင်း ဟိုတချိန်က အိန္ဒိယကို ပညာသင်သွားတဲ့ ရဟန်းပျိုတွေ ကောင်းကောင်းသိတယ်။
ကိုယ်လည်း သိပ်သိတာမဟုတ်ပေမယ့် ဆရာတော်တွေ၊ ရဟန်းပျိုတွေ ရင်ဖွင့်လွန်းလို့ သိနေတာပါ။ အာဏာရှင်စရိုက်အပြည့်ရှိတယ်။
ဒီမိုကရေစီခေတ်နဲ့ ဘယ်လိုမှ အံဝင်ဂွင်ကျအောင် မနေတတ်သူ တွေထဲမှာ ဒီလူလည်းပါတယ်။

https://www.facebook.com/knyo10/posts/763850590312830
...............................................

မဟာသန္တိသုခ အဓမ္မသိမ်းပိုက်မှူနှင့်ပတ်သတ်၍ မဟနဆရာတော်များသဘောထားကွဲလွဲမှုရှိနေ..၊

အံ့မောင်လက်ကိုင်ဆရာတော်များနှင့်ဝိနည်းဥပဒေအတိုင်
ဆောင်ရွတ်ရွက်လိုသော ဆရာတော်များဟု သဘောထားကွဲလွဲ

အချို့ဆရာတော်များ မဟနတာဝန်မှ နုတ်ထွက်ရန်တောင်းဆိုလာ

ဗန်မော်ဆရာတော်ကြီးမှ မဟနတာဝန်မှ အနားယူလိုကြောင်း ခွင့်တောင်းသောအခါ အံ့မောင်မှ ငွေးလျော် ( လျော်ကြေး) ရမည်းဟု ခြိမ်းခြောက်ကြောင်းသိရ
.................................................

တရားဝင်စာရင်းမှာပါမပါမသိရပေမယ့်
သမ္မတသာသနာရေးအကြံပေးလို့ဆိုသူ အံ့မောင်
credit to ခွန်ဒီယမ်

'' ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဒီကိစ္စတွေက ၀ိနည်းတက်တဲ့ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ရပါတယ်။ သတင်းစာဆရာတွေက ဆုံးဖြတ်လို့ မရပါဘူး။ အသိအမှတ်လည်း မပြုပါဘူး။ ၀ိနည်းတတ်မှဆိုတာ ၀ိနည်းတော်နဲ့ ဆုံးဖြတ်ရမှာ။ နိုင်ငံတော်သံဃမဟာနာယကဆိုတာ လမ်းဘေးမှာရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ ခင်ဗျားတို့ သိထားရမှာ သံဃာ ၅၀၊ ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀ အုပ်ချုပ်နေတဲ့ ဆရာတော်တွေက တင်မြောက်ထားတာပါ။ ခင်ဗျားတို့က ဒါတွေဆုံးဖြတ်လို့မရဘူး။ အကြောင်းအရာတွေက နားလည်တဲ့သူတွေနဲ့ ပြောမှရတာ။ ၀ိနည်းမတတ်တဲ့သူတွေနဲ့ ပြောလို့က တော့ ခင်ဗျားပြောလို့နားလည်မှာ မဟုတ်ဘူး။ ကိုယ်ထင်ရာ ပြောနေမှာပဲ။ ရှင်းချင်ရင် ဦးပညာဝံသကိုယ်တိုင်ရှင်း.....။။

မြန်မာပို့စ်ဂလိုဘယ်အကြီးတန်းသတင်းထောက် ဟိန်းထက်

''၀ိနည်းအရဆိုရင် ကျွန်တော်ဝိနည်းအရပြောပါ့မယ်။ အခုပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကိစ္စဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ဖြစ်တဲ့ကိစ္စသည် သံဃ၀ိနိစ္ဆယ လက်စွဲစာအုပ်ပါ အခန်း (၄)၊ ပုဒ်မ (၂၂) အရ ' ၀ိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းတစ်ခုဖြစ်ပွားလျှင် ဤလုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းထားသော သံဃ၀ိနိစ္ဆယ အဖွဲ့၏ စစ်ဆေးဆုံးဖြတ်ခြင်းကိုသာ ခံယူရမယ်။ အခြားမည်သည့်တရားရုံးမှ တရားမကြောင်းအရ စွဲဆိုခွင့်မရှိစေရ ' လို့ ပြဌာန်းထားတဲ့ အတွက် ဆုံးဖြတ်ရမယ့်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယက (မဟန) ဖြစ်နေတဲ့အတွက် ကိုယ့်အမှုကိုယ်ပြန်ဖြေရှင်းတဲ့အခါမှာ တရားမျှတမှုရှိနိုင်ပါမလား...? လူတွေတရားစီရင်တဲ့အခါမှာ တရားသူကြီးက ကိုယ့်အမှုကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာရှိပါတယ် ''

အံ့မောင်

'' နိုင်ငံတော်သံဃမဟာနယက က ဆုံးဖြတ်တာမမှန်ဘူးလို့ထင်ရင် ခင်ဗျားတို့ ကြိုက်တဲ့နေရာသွား...တရားစွဲ .....ရှင်းပြီလားးးးးးး

No comments: