ဟုတ်ကဲ့ မမေ့ကြသေးပါဘူး ပြည်တွင်းမှာရောဖြစ်ဖြစ်၊ ပြည်ပမှာရောဖြစ်ဖြစ် ဦးသန့်ဈာပနာအရေးတော်ပုံနဲ့ ပတ်သက်ပြီး သတိရနေကြမှာပါ။ ဒီ (၃၈) နှစ်မြောက် တိတိမှာလဲ အားလုံးသတိရနေကြမှာပါ။ တချို့ကတော့ မရှိကြတော့ပါဘူး။ ရှိ နေကြသေးတဲ့လူတွေရဲ့ ပထမဆုံးအကြိမ်၊ တရားဝင်ပေါ့လေလူသိရှင်ကြား အထိမ်းအမှတ်ပြုရကိုပဲ အထူးဝမ်းမြောက်မိ ပါတယ်။ လေးစားနားလည်တဲ့သူတွေအားလုံးကိုပါ ဒီ ဒီဇင်ဘာအရေးတော်ပုံလို့လဲ ကျနော်တို့ တတွေနားလည်ခဲ့ကြတဲ့ ကျောင်းသား၊
ရဟန်းပြည်သူလှုတ်ရှားမူသမိုင်းကတော့ မြန်မာ့သမိုင်းရော ကမ္ဘာသမိုင်းပါ အထင်းရှာရှိခဲ့ပါပြီ။ ကျနော် တို့ ပါဝင်လှုပ်ရှားခဲ့သူတွေနဲ့ရော တဦးတယောက်အနေနဲ့ရော မှတ်မိသလောက် ပြန်ပြီးမျှဝေသင့်ပါတယ်လို့လဲ ထင်ပါ တယ်။ နောင်မျိုးဆက်သစ်တွေအတွက်ရော သိထားသင့်တဲ့ ကျောင်းသားသမိုင်းတခုလို့လဲ ပြောရမှာ။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဆုံးသွားတော့ ကျနော်တို့အားလုံး ကြေကွဲ နှမြောတသ ဝမ်းနည်း ကြေကွဲမိပါတယ်။ သူ့ရဲ့ပညာအရိတ္တနဲ့ စွမ်းဆောင်မူတွေက တန်ဘိုးကြီးလွန်းလို့ပါ။ ဒီမှာ ပုဂ္ဂိုလ်ရေးအရ ကျနော်တဦး တည်းရဲ့ အသိအမြင်လေးကိုပြောပါရစေ။ တတိယကမ္ဘာစစ်ကြီးကို ဖြစ်ပွားလု အခြေအနေဖြစ်တဲ့ ကျူးဘားနိုင်ငံ အနုမြူ ထိပ်ဖူးတပ် ဒုံးကျဉ်ကို လျှို့ဝှက်စွာသယ်ဆောင်တဲ့သတင်းအရ ရုရှားနဲ့အမေရိကန် ထိတ်တိုက်တင်းမာရာက ဦးသန့် ရဲ့ ငြိမ်းချမ်းရေးလွန်းပျံ ညှိနှိုင်းမှုက အောင်မြင်ခဲ့တာပါ။ ဒါက တကမ္ဘာလုံးနဲ့ဆိုင်တဲ့ စွမ်းဆောင်နိုင်တဲ့ စွမ်းရည်ထူး တခုပါ။ ကျနော်တို့ မြန်မာနိုင်ငံကို ကမ္ဘာကသိအောင် အရင်ဆုံးလုပ်ဆောင်နိုင်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တဦးလို့ သတ်မှတ် အသိအမှတ် ပြုခဲ့ကြပါတယ်။
နောက် ကျနော်ရဲ့ပုဂ္ဂိုလ်ေ်ရးရာ ကြည်ညိုမူပါ။ မြန်မာနိုင်ငံက ကုလသမဂ္ဂရုံးကို ပြန်ခါနီး ကြေးမုံသတင်းစာထဲမှာ ပက် လက်ကုလိုင်ထိုင်မှာ ထိုင်နေတဲ့ မိခင်အိုကြီး ဒေါ်နန်းသော်ကို အနောက်တိုင်းဝတ်စုံနဲ့ ထိုင်ကန်တော့နေတဲ့ပုံဟာ ကျနော့် နှလုံးသားထဲမှာ ယခုထိရှိနေသေးတယ်။
နောက် ရွှေတိဂုံစေတီကြီးမှာ ရောင်တော်ဖွင့်မီး (၄) လုံး လှူဒါန်းခဲ့ပါတာလဲ၊ ကျနော် မုဒိတာအလွန်ပွားမိပါတယ်။ ကျနော့်ရဲ့ အိပ်မက်၊ ကျနော်မလုပ်နိုင်တာကို သူဟာ ကုသိုလ်ပြုသွားတာပါ။ ကုသိုလ်ပွားသွားတာပါ။ အဲဒီအချက်တွေ က ဂုဏ်ယူနစ်သက်ကြည်ညိုစရာကောင်းမှုတွေ ပါပဲ။
သူဆုံးသွားပြီးဆိုတော့ ကျနော်တို့ နှလုံးအိမ်နှလုံးသားကို ထိလာတယ်။ ဘာတွေများဆက်ဖြစ်အုံးမလဲဆိုတာကို သူ့ဆန္ဒ အရ သူ့ရုပ်အလောင်းကို မြန်မာပြည်ကို ပြန်ပို့ပါတယ်။ တခြားသောကုလသမဂ္ဂဝန်တမ်း၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ သူ့ ကို ချစ်ခင်၊ ကြည်ညိုလေးစားကြတဲ့ သူတွေက၊ ထိုက်တန်တဲ့နေရာတခုခုကို ရွေးချယ်ဂုဏ်ပြုပြီး သဂြုင်္ိလ်ထားကြမှာပါ။ သူကတော့ မိခင်နိုင်ငံကို ချစ်မြတ်နိုးလွန်းတဲ့သူပါပဲ။ ကျနော် သတိရမှတ်မိသလေက် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ခေတ္တထားပြီး ဂါရဝပြုကြတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ သူ့ကိုကြည်ညိုလေးစားတဲ့ သူတွေက (၂) ရက်ခန့် ဂါရဝပြုခဲ့ကြပါ တယ်။ နောက် ဒီဇင်ဘာ (၁) ရက်နေ့မှာ ကျနော်တို့ မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့ပါတယ်။ ကျနော်တို့ ထင်ပါတယ်။ နိုင်ငံတော်ဈာနအမြင်နဲ့ ကြိုဆိုကြပြီး အဲဒီတုန်း မဆလ က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလဲ ပါဝင်ကြိုဆိုသင့်တယ်ပေါ့။ တရား ဝင်ကြိုဘို့ သတိကင်းမဲ့ကြပါတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်နေတဲ့ ဦးအောင်ထွန်းနဲ့အဖွဲ့ဝင် (၃) ဦးခန့်သာ ကြိုဆိုပါတယ်။ နောက် သူလဲ အဲဒီကိစ္စနဲ့ပဲ ရာထူးကထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ (၁) ရက်နေ့နေ့လည်လောက်မှ ကျိုက္ကစံမြင်းပြိုင်ကွင်းထဲရောက်ပါတယ်။ နေရာလေးက နာမည်တက္ကသိုလ်က ပန်းချီအနုပညာရှင်ကြီး ဦးနန်းဝေရဲ့လက်ရာလို့လဲ သိရပါတယ်။ (၂) ရက်နေ့မှာ ကျနော်တဦးတည်းသွားကြည့်တဲ့အခါ ရက်စက်တယ်လို့၊ ကြေကွဲဝမ်းနည်မှု ခံစားရပါတယ်။ ကျနော်တို့ တောရွာတွေက ဘုန်းကြီးပျံ လောင်တိုက်လောက် တောင်၊ မခမ်းနား၊ မသေသပ်ပါဘူး။ ဆရာကြီးလဲ ဖိအားပေးမူခံစားရပုံရတယ်လို့ ကျနော် လူငယ်ဘဝအတွေးလေးနဲ့ ခံစားရပြန်ပါတယ်။ ကျနော်တို့ တခုခုလုပ်ရမယ့် တာဝန်သိစိတ်ဓာတ်က ပိုပြီးပြင်းထန်လာပါတယ်။ ကျနော်တို့ ကျောင်း သား ပြည်သူတွေထဲမှာ ဘယ်လိုခံစားရပါမလဲ။
နိုဝင်ဘာ (၃ဝ) ရက်ကတည်းက ကျနော်တို့ စိတ်ပညာကျောင်းသား (၅) ဦး ဆုံကြတယ်။ မာလာဆောင်ရှေ့မှာ အဲဒီ အကြောင်းပြောမိကြတယ်။ ထိုက်တန်စွာ ဂုဏ်ပြုဘို့ လက်ရှိအစိုးရက (မ ဆ လ) က ဥပေက္ခာပြုခဲ့ရင်ပေါ့။ ဒီဇင်ဘာ (၁) ရက်နေ့မှာပဲ ဒဂုံဆောင်အခန်း (၁ဝဝ) မှာ ဆုံကြတယ်။ MC1 MC 2, Education, ECO, သမိုင်းဆောင်က ကျောင်းသား တဦးစီနဲ့ ပေါင်း (၁၅) ယောက်လောက် တိုင်ပင်ကြတယ်။ ကွန်ဗိုကေးရှင်းထဲမှာလဲ ဆေးတက္ကသိုလ်ကဘွဲ့ပေးဘို့ ပြင်ဆင်ထားတယ်။
နောက်ည နောက်ညတွေမှာ ECU က စာသစ်ဆောင် AE 10 မှာ ဒီအကြောင်းဆွေးနွေးနွေးကြပြီး ကျောင်းသားတွေဟာ မတိုင်ပင်၊ မညှိနိုင်းရဘဲ၊ အသိတွေ၊ သတိတွေထက်ဆန်ပြီး အခြားအခန်းတွေမှာလည်း ဆွေးနွေးကြတယ်။ ဒီဇင်ဘာ (၄) ရက်နေ့မှာ ဦးသန့် ဈာပနတို့ ကြံတောသုဿန်ကို ပို့ဆောင်သဂြုင်္ိလ်ဘို့ သတင်းအတိအကျသိရပြီး။ မကြေနပ်ကြပါ။ ကျနော်တို့ စိတ်နှလုံးကြေကွဲထိရှမိပါပြီး။ တက်ကြွလွန်းသော ကျောင်းသားတဖွဲ့နှင့် တခြားတည်ငြိမ်သည့်အဖွဲ့က ဒီဇင်ဘာ (၄) ရက်နေ့ ဈာပနကြီးကို၊ ဂုဏ်ပြုလိုက်ပါဆို့၊ ဆိုရပ်ကို ခ/သ တက္ကသိုလ်တွေဆုံကာ ကုန်းကြောင်းချီတက် ဘို့နဲ့ ကားနဲ့ချီတက်ဘို့ပဲ ဖြစ်ပါတယ်။ ကျနော်တို့က ကားနဲ့ချီတက်ဘို့ပါ။ မ ဆ လ စစ်အစိုးရဲ့ဖေါက်ခွဲဖျက်စီးတတ်တဲ့ ညဉ်ကို ကြိုတင်တွက်ဆမိလို့ပါ။ ခုလဲ ကျောင်းဝင်းထဲမှာ တခါမှမရှိဖူးတဲ့ အမိတက္ကသိုလ်ဝန်းထဲမှာ လမ်းစဉ်လူငယ်ရုံးကို ရာမညဆောင်အောက်မှာ ဖွင့်ထားတာကိုး။ တကသသမဂ္ဂကိုဖြိုခဲ့ပြီး နောက်ထပ် သမဂ္ဂရုံးကိုခွင့်မပြုဖြစ်ခဲ့တဲ့ မဆလ အစိုးရ စရိုက်ကို တွေးကြမိလို့ပါ။ တက္ကသိုလ်ဝင်း တခုလုံး ECO, ကိုပါဝင်တဲ့ ဒီ (၁) ရက်နေ့က (၄) ရက်နေ့အထိ မဆ လ အစိုးရက မနှောက်ယှက်သေးပါဘူး။ ကျောင်းသားထုရဲ့ နိုးကြိုးတက်ကြွတဲ့ ရည်ရွယ်ကချက်က ဈာပနာကြီးကို ဂုဏ်သိက္ခာရှိစွာနဲ့ ပို့ဆောင်ပေးပို့ပါ။
ဒီဇင်ဘာ (၄) ရက်နေ့ နံနက်ပိုင်း တက္ကသိုလ်ဝင်းထဲမှာ မကြုံဘူးအောင် တက္ကသိုသ်ပေါင်းစုံ ဆုံကြပါတယ်။ အဓိပတိ လမ်းမကြီးမှာ တက္ကသိုတ်တွေရဲ့ အက္ခရာအစီစဉ်အလိုက် ချီတက်ကြဘို့ဆောင်ရွက်ကြတယ်။ ရှမ်းတိုင်းရင်းသားတွေက အင်္ကျီအနက်လေးတွေနဲ့ ယပ်တောင်လေးတွေ ခေါင်းပေါင်တင်ရင်း ကွန်ဗိုဘေးရှင်း (combocation) ဘေးနားမှာ ရှိနေ ကြတယ်။ မြင်ရတဲ့ပြင်ကွင်းက ကြည်းနူးစရာ တခါမှမကြုံဖူးတဲ့ မြင်ကွင်းပါပဲ။ နံနက် (၉) နာရီလောက်မှာပဲ စတင်ချီတက် ဂါရဝပြုကြတယ်။ ကျိုက္ကစံကွင်းဆီ စီိတန်းလမ်းလျှောက်တဲ့ ညီညာပုံလေးဟာ အံ့ဩစရာ ကောင်းလွန်းလှတယ်။အတွင်း က မိန်းကလေး (၆) ယောက် တတန်းလောက်ဆီမှာ ယောက်ကျားလေးတွေက လက်ရှက်ပြီး ချီတက်ကြတာပါပဲ။ မမြင် ဖူးပေမဲ့ (၁၉၂ဝ) ကျောင်းသားသပိတ်တွေကလဲ သည်လိုပဲ ချီတက်ခဲ့ကြလားလို့ တွေးမိတယ်။
ကျနော်တို့ ဘက်စ်စကားနဲ့ သွားတဲ့အသုတ်ကတော့ တက္ကသိုလ်ဓမ္မာရုံနားက ကွက်လပ်မှာ ကားတွေကို စောင့်နေကြ တယ်။ အလုံဘက်နှင့် အခြားနေရာက ကျနော်တို့ စရံပေးငှားထားတဲ့ ကားအစီး (၄ဝ) ကို စောင့်နေတာပါ။ နေ့လည် ၁၁း၃ဝ လောက်မှာတော့ ကျောင်းသားကျောင်းသူတွေ စုံသွားကြပါပြီး။ ကျနော် ကြောက်စိတ်လေးနဲနဲရှိပေမဲ့ တက်ကြွ လွန်းတဲ့ စိတ်လွှမ်းမိုးနေတော့ ပထမဆုံးကားမှာ တာဝန်ယူပြီးလက်ပတ်အနီ ဖဲကြိုးလေးတွေကို ကားတစ်စီးမှာရှိကြတဲ့ တာဝန်ဦးဆောင်နိုင်မယ့် ကျောင်းသားတဦးစီကို ချက်ချင်းခေါင်းဆောင်အဖြစ် တာဝန်ပေပြီး လမ်းမှာ ပြဿနာတက်လာ ရင် မိမိနဲ့အတူ တာဝန်ယူဖြေရှင်းပေးဘို့၊ ခေါ်သွားရင်လဲလိုက်သွားဘို့် အသံခပ်ကြယ်ကြယ်နဲ့ အော်ပြောရင် ထိတ်ဆုံး ကားမှာ အဲဒီတုန်းက ကောက်ခံရငွေထဲက ၁၂ဝ ကျပ်တန် အထူးပြုလုပ်ခိုင်းခဲ့တဲ့ နှင်းဆီနီနီအပွင့်ကြီးများ ဝိုင်းထားပြီး အလယ် (၃) ကွင်းလောက်မှာ ငြိမ်းချမ်းရေး ချိုးငှက်ဖြူရဲ့အထဲမှာ (all universities) ဆိုပြီး အနီစာလုံးနဲ့ရေးထားတဲ့ ပန်း ခွေကြီးတခွေကို ဒေါဂျစ်ကားရဲ့ခေါင်မှာ တင်လိုက်ပါတယ်။ စိတ်ထဲပေါက်သွားပါတယ်။ ကမ္ဘာ့တက္ကသိုလ်က ကျောင်း သားများအတွက် ကိုယ်စားပြုခြင်းလည်း ပါ ပါတယ်။ သူတို့လည်း ကျနော့်တို့လို ဂါရဝပြုချင်စိတ်ရှိမှာကို စိတ်ကူနဲ့တွေး ရေးပါတယ်။
ပြီးပါပြီ ပို့မယ့်အစီအစဉ်ကားကို မနေးမမြန် ပုံမှန်မောင်ခဲ့ပါသည်။ ကုန်းကြောင်းချီတက်သွားတဲ့ ကျောင်းသားများကို မ တွေ့ရတော့ပါ။ တက်ကြွသည့်စိတ်ကတဖက် ကြေက်တဲ့စိတ်ကလည်း ပေါ်တချက်မပေါ်တချက်နဲ့ အတားမဆီးမဲ့စွာဖြင့် ကျိုက္ကစံကွင်းထဲရောက်ခဲ့ပါပြီ။ လူတွေကလည်းများလိုက်တာ တက္ကသိုလ်ကျောင်းသားများက ဦးသန့်ရုပ်ကလပ်ကို ဝန်းရံ ထားပြီး ပို့ဆောင်မည့်ကားပေါ်မှာ ကျောင်းသားတချို့က တရားဟောနေပါပြီ။ ကျနော် သိရသလောက်ကို တင်မောင်းဦး ချင်းကျောင်းသား ECO အီိကိုက ကျုတာဆရာမလေး ဒေါ်သင်္ဂီမြင့် ကိုတင်စိုး စိတ်ပညာ (တ) နှစ် ကျောင်းသားတို့က တလှည့်စီ ဦးသန့် အထ္ထုပ္ပတ္တိ စွမ်းရည် လုပ်ဆောင်ချက်များနှင့် နိုင်ငံတော်ဈာပနအဖြစ်နဲ့ လုပ်ဆောင်ချင်ကြောင်းနှင့် ယက္ခုလိုက်ပါပို့ဆောင်ကာ သဂြုင်္ိလ်မည့်နေရာထက် ပိုပြီးကောင်းတဲ့နေရာ တောင်းသင့်ကြောင်း မိုကလိုဖုန်းကိုကိုင်ပြီး တော့ ဟောပြောနေကြပါသည်။
ကိုတင်မောင်ဦး ရဲ့ အသံဟာ ကျယ်လောင်တက်ကြွလွန်းနေပါတယ်။ နောက်သူက ကျောင်းသားသမဂ္ဂ မရှိလို့ ဒီလိုဖြစ်ရ တာလို့ပြေပြီး ရုတ်တရက် ဒီမှာလာပြီး လုံခြုံရေးတာဝန်ယူနေကြတဲ့ အစောင့်အရှောက်ကြက်ခြေနီ (၆) ယောက်ကို မောင်းထုတ်လိုက်ပြီး ခင်ဗျားတို့သွားကြတော့။ ကျုပ်တို့ ကျောင်းသားတွေ ဒီရုပ်ကလပ်အလောင်းကြီးကို သိမ်းပိုက်လိုက် ပြီလို့ ပြောလိုက်ပါတယ်။
နေ့လည် ၁းဝဝ နာရီလောက်ရှိပါပြီ၊ ကျောင်းသားထုက နေပူခံစောင့်နေတဲ့ကြားက ကိုတင်မောင်ဦးရဲ့ မိုက်ထဲက ကြေ ညာချက်အသံကို လွှမ်းမိုးသွားပြီးတော့ လက်ခုပ်သံများက ညံမစဲ ကျိုက္ကစံအတွင်းတခုလုံး တုန်ဟည်းသွားပါတယ်။ “ကဲ ဒို့ပို့ကြမယ်။ ကုက္ကိုင်းလမ်းဆုံးက တဆင့် တက္ကသိုလ်ရိပ်သာလမ်းအတိုင်း သွားကြမယ်” တဲ့။ ကျောင်းသားထု ရုပ် ရုပ်သဲသဲနဲ့ အသက်ဝင်သွားကြပါပြီ။ ရုပ်အလောင်းကြီးကို ကားပေါ်သို့သယ်ရင်း ကျနော်တို့ ပန်းခွေကို ကားခေါ်မိုးပေါ် ချိတ်ထား တရွေ့ရွေ့နှင့် သိမ်းပိုက်သယ်ဆောင်သွားခဲ့ပါပြီ။ လူပေါင်း ၅ဝဝဝ ကျော်ရှိသည့် လိုက်ပို့သည့် လူအုပ်ကြီးက လှိုင်းလုံးကြီးများပမာ စည်းကမ်းရှိရှိငြိမ်သက်စွာဖြင့် တရွေ့ရွေ့တလိမ့်လိမ့်နှင့် ရှိရတယ်။
ကျောင်းသားကျောင်းသူများကတော့လုံခြုံရေးကို ဂရုတစိုက်နှင့် မောင်နှမရင်းပမာ လက်ချင်းချိတ် လျှောက်ကြကာ ကြည့်ကောင်းလွန်းလှပါတယ်။ ဈာပနာတင်လာတဲ့ ကားခေါ်မိုးမှာ ကျောင်းသား (၁) ဦးနှင့် ကားထဲတွင် ရခိုင်ရဟန်းပျို (၄) ပါးနှင့် ကားခေါင်းထဲတွင် (၁) ပါး လိုက်ပါလာကြပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းထဲရောက်တော့ အမေကြည်(ဒေါ်ခင်ကြည်) တို့ အိမ်က ရေခဲရေ သံအရာသီး သံပရာရည်တိုက် သည်ကို ကျနော်တို့အဝေးက မြင်လိုက်ရပါတယ်။ နိုင်ငံခြားသားဘာသာသင်ကျောင်းက ဂျပန်လူမျိုးတယောက်ထွက်ပြီး အလေးပြုတာကို ကျောင်းသားတယောက်က (good japan) လို့ အော်သံကြားမိပြီး ကျနော်လည်း လုံခြုံရေးယူထားတဲ့ လူအုပ်ကြားထဲက ပြုံးမိပါတယ်။ နေပူလာပြီး ချွေးတွေလဲရွှဲနေပါပြီ၊ တက္ကသိုလ်အရံတပ်ရင်း (၂) ရှေ့ရောက်တော့ နောက်လှည့်ကြည့်ပါတယ်။ ဘုရား ဘုရား ဘုရား လူထုကြီးက မဆုံးသေးပါလားလို့။ ရှေ့ကိုကြည့်လိုက်တော့ ဦးသန့် ဈာပနရုပ်ကလပ်ဟာ အဓိပတိလမ်းမထိရောက်တော ဘွဲ့နှင်းသဘင်ခန်းမဘက်ကို ခရီးလှည့်ပြီး ဝင်သွားပါပြီ။ ကြံတော သုဿန်ရောက်မှ သင့်တော်မည့်နေရာတောင်မည်ဟု စိတ်ကူးထားမိခဲ့ပါတယ်။ ဘယ်သူမှ ဘယ်လိုမှ ညှိနှိုင်းအတည်ပြု မလုပ်ရခင်မှာဘဲ ရုပ်အလောင်းကြီးကားက ဝင်သွားခဲ့ပါပြီ။ ကျနော်တို့က အဆောင်နေကျောင်းတွေဆိုတော့ တကသ ဝင်းထဲမှာရှိနေတာ ကိုယ့်အဆောင်ကိုယ်ပြန်ပြီး ခေတ္တနားကြတာပေါ့။ အဆောင်မှာ ညနေစာစားပြီးတော့ သူငယ်ချင်း တဆောင်တည်းနေကြသူ စောလှငွေနဲ့အတူ ကွန်ဗိုဘေးရှင်းဘက်ဆက်ထွက်လာခဲ့တယ်။
ကွန်ဗိုဘေးရှင်းကလဲ ဆေးတက္ကသိုလ် ( ) ရဲ့ ဘွဲ့နှင်းသဘင် ( ) မြောက်ပြုလုပ်ရာမို့ ပြင်ဆင်ထားရာက အဆင်သင့်ပြင်ရတာမို့ ရုပ်ကလပ်အလောင်းကြီးကို တင့်တင့်တယ်တယ်နှင့် ထားနိုင်ခဲ့ကြပါတယ်။ အဲဒီ ရုပ်ကလပ်ဘေးမှာ ရဟန်းတော် တဖက် (၂ဝ)ပါးနဲ့ ခန့်ခန့်ထည်ထည် ဖြစ်နေပါပြီ။ ဦးသန့်ရဲ့ ဈာရဏကျင့်စဉ်နဲ့ မေတ္တာစွမ်းပြပြီလို့ထင်မှတ်ကာ ကြက်သီး ထမိခဲ့ပါသေးတယ်။ ဈာပနကော်မတီတော့ ပွဲပြီးပါပြီ။ ကျနော်တို့ (၅) ဦး တသိုက်တော့မပါကြပါ။ ဆရာတော်တပါး ဦး သီလစာရ (သရက်တောင်းကျောင်းတိုက်) က တရားဟောနေပါတယ်။ တခြားတရားဟောချင်တဲ့ ရဟန်းနဲ့ ပြင်ပက လူပုဂ္ဂိုလ်တချို့လဲ စောင့်နေတာ တွေ့ခဲ့ရပါတယ်။ ကျနော်တို့က မတ်တပ်အနေအထားနဲ့ပဲ နားထောင်ကြည့်ခဲ့ရာ ယခင် မြန်မာငွေကြေးများသည် ရွှေပေါင်နှင့်လဲလှယ်ထားနိုင်ခဲ့လို့ ဒေါ်လာနီပါး တန်ဘိုးရှိခဲ့ပါတယ်။ ယ္ခုတော့ မရှိတော့ပါဘူး အဲဒီတော့ ယ္ခုအခါမှာ မြန်မာငွေကြေးမှာ ဒေါ်လာမဟုတ်တော့ပ၊ဲ ဒေါ်ညာသာဖြစ်သွားပါပြီးဟု ဟောကြားခဲ့ရာ ကျနော်တို့က အားပါးတရ လက်ခုတ်တီးခဲ့ကြပါတယ်။
အဲဒီ ကွန်ဗိုဘေးရှင်းအရှေ့ထွက်လာပြီးတော့ ကျနော်တို့ (၂) နှစ်ယောက် စကားပြောဖြစ်ခဲ့တယ်။ ဒီလို တရားဟောတာလည်း ကောင်းတယ် ဆက်လုပ်ရဦးမယ်၊ ဒို့တာဝန်က ထိုက်တန်တဲ့နေရာ နေရာတခုခုပေးဘို့ နောက်မှဆက်လုပ်တာ ပေါ့ကွာ နက်ဖန်ကျရင်ပေါ့။ အဲဒီက အိပ်မပျော်ဖြစ်ပြီး နံနက်လင်းခါနှီးမှ အိပ်ပျော်သွားကြသည်။ နံနက် ၈ နာရီလောက်မှ အိပ်ရာမှနိုးပြီး အဆောင် ထမင်း နံနက်စာ စားခဲ့ပါတယ်။ ဒါနောက်ဆုံး စားရတာလို့ ခုမှတွေးမိပါတယ်။ ပြီးတော့ ကျနော် တို့ အဆောင်နေတဲ့ လှုပ်ရှားခဲ့တဲ့ကျောင်းသားစုဆွေးနွေးကြတယ်။ ဒီအတိုင်းဆို ဒို့ခွဲပြီ လုပ်တော့မယ် မန္တလေးဆောင် ကို တချို့သွားပြီးသိမ်းမယ် မြန်မာစာငှာကိုလည်း သိမ်းမယ် ရာမညဆောင်ထိ အမရဆောင် တောင်ငူဆောင်ထိ သိမ်း မယ်ကွာ ဘာဖြစ်ဖြစ် ဒီကောင်တွေ ဒီကိစ္စကို စိတ်ဝင်စားသေးပါဘူး။ လာဖမ်းရင်တော့ လိုက်သွားကြတာပေါ့ဟု ပြော ရင်းမှာပဲ ကျနော်နဲ့ ကိုသောင်းအေးတို့ ကွန်ဗိုဘော့ရှင်း (ဘွဲ့နှင်းသဘင်ခန့်မဘက် ထွက်ခဲ့ကြတယ်။ ခြင်္သေ့ကြီး (၂) ကောင် အဝကပဲ အထဲကိုလှမ်းကြည့်ရမိတယ် အထဲက ပွဲကောင်းတုန်း ဒေါ်ခင်မေသန်း အုတ်ဂူရှိတဲ့နေရာကိုတော့ မ လုပ်နိုင်ဘူးဟု သူတို့ရဲ့ ပုဂ္ဂိုလ်ရေးရာ မုန်းတီးမှုတွေနဲ့ ရေထွေးပြီး ပြောနေကြတယ်။ တဦးပြောလို့မပြီးခင် တဦးက မိုက် ခွက်ကောက်နေကြပါပြီး စိုးရိမ်းတက်ကြွလွန်းတဲ့စိတ်က များလွန်းတာတွေ့ရတယ် ရဟန်းတောင်များထိုင်နေတဲ့ ဦးသန့် အလောင်းထည့်ထားတဲ့ မဟော်ဂနီ သစ်ခေါင်းအနက်ကြီးပေါ်မှာလဲ ပန်းတွေနဲ့ဝေနေတယ်။ အဲဒီအပေါက်ဝကနေပြီး အဓိပတိလမ်းမဘက် ပြန်ကြည့်လိုက်တော့ လာရောက်ဂါရပြုသူတွေက တဖွဲဖွဲနဲ့ ဂိတ်ဝမှာတော့ ဘယ်သူက တာဝန်ပေး ထားမှန်းမသိတဲ့ ကျောင်းသား (၅) ဦးခန့်နဲ့ ရဟန်းတော် (၂) ပါးက စစ်ဆေးနေကြတယ်။
ကွန်ဗိုဘေးရှင်းရဲ့ရှေ့မှာ ပန်းခြံသေးသေးတခု ရှိပါတယ်။ မီးတိုင်လေးတတိုင်လဲ ရှိပါတယ် အဲဒီမီးတိုင်ရဲ့ အလယ် လောက်မှာ ကျနော်တို့ မနေ့က ဂုဏ်ပြုထားတဲ့ပန်းခွေကို တည်တည်ငြိမ်ငြိမ်ချိတ်ထားတာ တွေ့ရသေးတယ်။ all universities (universities) တဲ့ အနီရဲတဲ့ စာလုံးလေးကို ကျနော် ပြန်ကြည့်မိပါတယ်။ ဒို့ကျောင်းသားတွေက နိုင်ငံတ ကာ ကျောင်းသားတွေပါ သိအောင်လုပ်တာပါဟု ရင်ထဲက တွေးမိခဲ့သေးတယ်။ ကိုသောင်းအေးနှင့် ကျနော်တို့ အီကို (ECO) စသင်ဆောင်နှင့် ကွန်ဗိုဘေးရှင်း (ဘွဲ့နှင်းသဘင်ခန်းမ) ကြားတွင် အထဲက မိုက်တလုံး အပြင်က မိုက်တလုံး ကိုင်ကာ မိမိတို့နစ်နာချက်များ သမိုင်းဟောင်းများပြောနေသော နေရာတွေ၊ လူစုကြီးက ကြီးမားသထက် ကြီးမားလာပါတယ်။
ကျနော်တို့ လိုချင်သောနေရာနှင့် လွတ်လပ်စွာဂုဏ်ပြုနိုင်မယ့် ဂူဗိမ္မာန်ကြီးတခုတော့ အမြန်ဆုံးပြင်ဆင်သည်ဟု နှစ်ဦး စလုံးတွေးပြောမိကြရင် ကျနော်က ငါဒီလူစုကို ခွဲကြည့်မယ်။ ဒီအတိုင်း ဒို့နေရာချဘို့ ရွေးချယ်ဘို့ကတော့ ပေါက်အောင် အော်ပြောတာတောင် မရနိုင်ဘူး။ ငါကြံကြည့်မယ်ဆိုပြီး ဖြတ်ခနဲသတိရမိတော့ ဟေ့ ကိုသောင်းအေး ငါပဲပြောပြော မင်းက အေးဟုတ်တယ် ဟုတ်တယ်ဆိုပြီး လက်ခုတ်တီးကွာ အေး အေး မင်းစမ်းကြည့်ပေါ့ အော်တော့ ပါးစပ်ကို လက် ဝါးနဲ့အုပ်ပြီးတော့ “ဟေ့ ဒို့တတွေဟာ တက္ကသိုလ်ကျောင်းသားတွေမဟုတ်လား အေး ဟုတ်တယ် ဟုတ်တယ် ၊ အဲဒီ လိုပဲပြောနေ အော်နေလို့ မဖြစ်ဘူး လာသွားကြမယ်။ ထိုက်တန်တဲ့နေရာတနေရာကိုသွားကြည့်မယ် အေး ဟုတ်တယ် ဟုတ်တယ် လာကြ လာကြ ဆိုတော့ ကျနော်တို့ လူစုနည်းအောင်မြင်ပါပြီ။ ကိုသောင်းအေးနဲ့ ကျနော်တို့မတိုင်ပင်ကြဘဲ လက်ချင်းချိတ်ပြီး ကျနော် စတင်ပြီး ဦးသန့်ဗိမ္မာန်တည်ဆောက်ရေး ဒို့အရေး ငြိမ်းချမ်းရေးဗိမ္မာန် တည်ဆောက်ရေး ဒို့အရေး ဒို့အရေး အရေးတော်ပုံ အောင်ရမည် အရေးတော်ပုံအောင်ရမည် အော်လိုက်တော့ အခြားတဖက်က ကျောင်း သားတချို့နှင့် ပြည်သူတချို့က စိတ်ဝင်စားလာပြီး လာရောက်ပူးပေါင်းလာပြီး ကိုသောင်းအေးက ဆက်ပြီး ကျောင်းသား သံဃာညီညွတ်ရေး ဒို့အရေး ဒို့အရေး၊ ကျောင်းသားအလုပ်သမား ညီညွတ်ရေး ဒို့အရေး၊ ငြိမ်းချမ်းရေးဗိမ္မာန် တည် ဆောက်ရေး အရေးတော်ပုံအောင်ရမည်၊ အသံကုန် အသံပျောက်နိုင်သည်အထိ ကျနော်တို့ (၂) ယောက် ကြွေးကြော် တိုင်ရောက် ကွန်ဗိုဘေးရှင်းအဝက လူတချို့ပြိုလာပါပြီ လမ်းမှာလာရောက်ဂါရပြုသူတွေကလည်း လမ်းဖယ်ပေး၊ ကျနော်တို့နောက်လိုက်လာခဲ့ကြပါပြီ။
RC ရှေ့နားရောက်တော့ ကိုသောင်းဟန် RC အနုပညာအသင်းအတွင်းရေးမှူးက လာရောက်နှုတ်ဆက် ကျနော်တို့ RC အနုပညာရေးအသင်းလဲ ခင်ဗျားတို့နဲ့ပူပေါင်းလိုက်ပါတယ်တဲ့ နောက်က လူတန်းကြီးက မပြီးဆုံးသေး။ တကသ ကွင်း ပြင်ဟောင်အရှေ့က ဝင်ခဲ့ပါတယ်။ ကိုသောင်းအေး အပြုံးကို ကျနော် မမေ့သေး ဗိုလ်အောင်ကျော် ကျောက်တိုင်ကို ဦး ညွတ်ကြပြီးတော့ ဖုံးဆိုးလွင်ပြင်ကြီးပြင်ကာ ဗီးဇပ်ပင်များနှင့် ထူထဲစွာပေါက်နေသော တကသ အဆောက်အဦဟောင် အပျက်နေရာကို ကျနော်တို့ ရွေးချယ်လိုက်ပါတယ်။ ဒီနေရာကို ရှင်းကြမယ်။
ဖုံမှုန့်ကြီးတွေကြားကကျော်ပြီး ကျနော် မပျက်စီးမပါက်ကွဲဘဲ ကျန်နေသည့် ဂျင် (gym) အားကစားရုံဟောင်းရဲ့အပေါ်မှာ ခြင်းခတ် ဟန်ကစား နေတဲ့ အရုပ်လေးတွေကို ကြည့်မိပါတယ်။ ဆက်လှုပ်ရှားနေကြပါပြီ။ ဂူဆောက်ဘို့ ဘိလပ်မြေ၊ သဲ၊ အုတ်တို့ကို အပြင်မှာဝယ်ဘို့ စဉ်းစားလိုက် တော့ ရေကန်အသင့် ကြာအသင့် တွေ့မိသည်။ တက္ကသိုလ်စာကြည့်တိုက် အသစ် ဆောက်နေသည့်နေရာ။ တချို့ကိုခေါ်ပြီး ကျနော်ကခေါ်ပြီး သွားသယ်ကြမယ်။ ကိုသောင်းအေးက ကျနော်တို့ သိမ်းထားသောမန္တလေးဆောင်ပေါ် တက်သွားသည်။ အုတ်တလုံးစီကို လက်ဆင့်ကမ်းကြသည်။ နောက်မှလိုသော ဘီလပ်မြေနှင့်သဲကို သယ်တော့မည်ဟု ဖြတ်ကနဲအတွေးလေးကို သတိရမိပြီ။ ဒါ ၆/၁ ငါတို့အနည်းဆုံးထောင် (၃) နှစ် ကျော်ကျနိုင်ပြီဟု။
အဆောင်ပေါ်ရောက်တော့ မြန်မာစာ စာ(စ) နှင့် ထားဝယ်ကျောင်းသားက တောင်ငူဆောင်ရှိ မြန်မာရုံးခန်းတံခါးသော့ ဖျက်ဆီးပြီး ပြန်ကြားရေးလုပ်ဘို့ စာရွက်တွေနဲ့ စာကူးစက်တွေသွားယူသတဲ့ ပြီးရောပေါ့။ ဒီမန္တလေးဆောင်မှာ လုပ်နေ ကြတဲ့သူတွေဆို မန္တလေးဆောင် စီအီးစီ (CEC) လို့ သတ်မှတ်လိုက်ကြသတဲ့။ ဘယ်သူကလာပြီး ခန့်ရွေးချယ်ကြသတုံးဆိုတော့ ကိုယ့်ဘာသာကိုယ် လုပ်တာတဲ့ အံ့ရော..။
တကသ ၀င်းဘက်က မီးခိုးတွေနဲ့ မီးလုံးကြီးတွေတက်လာတော့ ကျနော်ပြေးပြီ.. ဟေ့ လေညာကနေကြ မီးလောင်မယ်။ GTI က ကို သန်းလွင်တယောက်ကတော့ မီးဟပ်ပြီးဆေးရုံတင်ထားရသတဲ့။ ဒဏ်ရာ မကြီးပါ။ မီးမလောင်ခဲ့ပါ။
(၆) ရက်နေ့မှာ တကသ ၀င်းကြီးလဲရှင်းသွားပြီ။ ဂူကြီးဆောက်ဘို့ဖေါင်ဒေးရှင်းလဲ တူးပြီးပြီ မြန်လိုက်တာ ဂူကြီးပုံစံကို တော့ RIT (အာအိုင်ဘီ) က ကိုလတ်ကြီး တို့ တာဝန်ယူမည်ဟု ပြောလာပါတယ်။ ဂူပုံစံကတော့ အရင် အာဇာနည်ကုန်း အဆောက်အဦ မြောက်ကိုးရီးယားက ဇင်ဘိုတို့ ဗုံးမခွဲမီက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အုတ်ဂူအတိုင်းအတိအကျ တဲ့။ လုပ် ပလေ့စေ၊ ကောင်းတာလုပ်တာ တိုင်ပင်စရာမ လိုပါဘူး၊ အသိတရားနဲ့သတိတရားရှိပါတယ်လို့ ကျနော်တို့က တွေးမိ ပြောမိကြတယ်။
ဒီဇင်ဘာ (၇) ရက်ညနေမှာ ဂူကြီးပြီးသွားပါပြီ။ တချို့ကလဲ ပြန်နားကြပါတယ်။ တချို့ကတော့ ဒို့တာဝန်ကြေပြီဟု ပြန် ကြတယ်။ တချို့ကတော့ ဒါ နိုင်ငံရေးအသွင်ဆောင်သွားတော့မယ်။ ဒို့ ဟို ဂျွန် (၆) ရက်ကလို အခြေမှုန်းမခံနိုင်တော့ဘူး ဟု ပြောသွားကြတယ်။
နက်ဖြန် နက်ဖန်က အဆုံးဖြတ်ပေးရမယ့်နေ့။ ကွန်ဘိုဘေးရှင်းမှာ ဗဟိုကော်မတီ အပြောင်းလွဲဖြစ်ပြီးနောက် ကြေညာ ချက်ထုတ်သည်။ ဦးသန့် ဆွေမျိုးများ၊ တခြားဗဟိုကော်မတီများက ရန်ကုန်တိုင်း အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်သွားညှိ သည်။ နေရာတောင်းသည် ကန်တော်မင်ပန်းခြံနေရာ၊ ဆရာကြီးသခင်တော်မှိုင်း၏ ဂူနှင့်မနီးမဝေး။ ပြီးတော့ ယ္ခု ဦးသန့် ဈာပနအရေးအခင်းဆောင်ရွက်သူများနှင့် လာရောက်ဂါရ၀ပြုသူများကို မဖမ်းဆီးရေး တောင်းဆိုခဲ့ကြပါတယ်။ ဟိုက လက်ခံတယ်။ ဒါကို ပြန်ပြီးတော့ချပြတယ်။
(၇) ရက်ညမှာ ဘွဲ့နှင်းသဘင်နမှာရှိတဲ့ ဗဟိုကော်မတီနဲ့ ဦးသန့် ဆွေမျိုးများဖြစ်တဲ့ ဦးခန့်၊ ဆစ်ဂနီခန့်၊ ဒေါ်အေးသန့် တို့ အပါအဝင် ကျနော်တို့ မန္တလေးဆောင်က ဗဟိုကော်မတီကို ခေါ်ပါတယ်။ ကျနော်တို့ (၅) ဦးထဲက ကိုယ်စားလှယ်တဦး ပဲရတယ်။ နောက် မန္တလေးဆောင် ရှေ့မှာပဲ စေတနာဆေးခန်းလေးဖွင့်ပြီး လာဂါရဲပြုတဲ့ ရဟန်းနှင့်လူတွေကို ကိုယ်ပိုင် ဆေးနဲ့ ကျန်းမာစောင့်ရှောက်နေတဲ့ ကိုထွန်းကျော်ငြိမ်း၊ ကိုဘိုဘိုကျော်ငြိမ်း (ဦးကျော်ငြိမ်း သားနှစ်ဦး) တို့ ပါဝင်ပြီးတော့ မဲခွဲဆုံးဖြတ်တယ်လို့ သိရတယ်။ အဲဒါက ဦးသန့် ဈာပနာအလောင်းကြီးကို ကန်တော်မင်ပန်းခြံမှာ မြှုပ်ဘို့နဲ့ တကသ နေ ရာမှာပဲမြှုပ်ဘို့ ပါပဲ။ မန္တလေးဆောင်ရဲ့သဘောထားကတော့ ရှင်းပါတယ်။ မဲခွဲတဲ့အခါ ထောက်ခံ (၇) မဲ ကန့်ကွက်မဲ (၃) မဲနဲ့ ကြားနေ (၁) မဲ ဖြစ်သွားတယ်။ မန္တလေးဆောင် စီအီးစီ ဖြစ် စောလှငွေ တမဲ၊ ပြင်ပက ဦးသန့် ကို ကြည်ညိုလေးစား ဂါရပြုသူ ကိုထွန်းကျော်ငြိမ်း၊ ဘိုဘိုကျော်ငြိမ်းတို့က တမဲနဲ့ ကန့်ကွက်မဲ (၃) မဲ ပဲရတယ်။ အဆောင်ပြန်လာတော့ စောလှ ငွေ က ပြန်ပြောပြတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရွေးချယ်မူအတိုင်း လက်ခံခဲ့ရပါတယ်။
(၈) ရက်နေ့မှာတော့ ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုပြည်ဝင်းက ရုပ်ကလပ်တင်လာတဲ့ကားအရှေ့က ကန်တော့ပွဲကြီးရွက်ပြီး ပြုံးပြုံးနဲ့ အဓိပတိလမ်းမအတိုင်း လျှောက်လာခဲ့တယ်။ နောက်က ကျောင်းသားပြည်သူတွေလဲ တသီတတန်းကြီး မန္တလေးဆောင်ရှေ့ တကသ ဝင်း ဂူကြီးအရှေ့တော့ ရပ်တန့်သွားတယ်။ တက်ကြွတဲ့ကျောင်းသားတစုနဲ့ ဂူကြီးကို စောင့် ရှောက်နေတဲ့ ရဟန်းပျိုများ အထက်တန်းကျောင်းသားများက တားကြတယ်။ ဒီရုပ်ကလပ်အလောင်းကြီးကို ဒီမှာပဲမြှုပ် ဘို့ မရရင်လည်း ခေတ္တယာယီသွင်းထားဘို့ ဂူတွင်းကို သွင်းပြီ ကုလသမဂ္ဂအလံကြီးပါ ဂူသွင်းပိတ်တော့တာပဲ။ ကျနော် ဆီသတင်းလာတယ်။ ဒီလိုမလုပ်သင့်ဘူးလို့ ဆူညံကုန်ပြီး ရှုပ်ယှက်ခတ်ကုန်ပြီး အချင်းချင်း ပဋိပက္ခဖြစ်တော့မယ် အကြမ်းဖက်မှုတွေဖြစ်တော့မယ်။ ဂူကြီးကို ခေါင်းစီးနီနီနဲ့ အထက်တန်းကျောင်းသားနဲ့ တက္ကသိုလ်ကျောင်းသားကထပ်၊ ရဟန်းပျိုတပ် သည့်ပြင်လူဘယ်သူမှမလာစေတော့ဘဲ မောင်းထုတ်တယ်။ ဘယ်ကော်မတီ ဘယ်သူ့ကိုမှ လက်မခံတော့ ဘဲ မောင်းထုတ်တယ်။
အဲဒီအချိန်မှာ မန္တလေးဆောင်မှာ ရပ်ဝေးကလာပြီး ခရီးပမ်းနေတဲ့ တပက်ခန်းက ရဟန်း (၃) ပါးနဲ့ ကျနော်တို့ပဲ ရှိနေ တယ်။ မန္တဆောင်ကို လှမ်းကြည့်နေတဲ့ သူတွေရဲ့မျက်လုံးတွေရဲ့ဒဏ်ကို ကျနော်တို့ မခံနိုင်တော့ဘူး၊ ဖြတ်ခနဲသတိရပြီး ဒီမိုကရေစီ Rights ထဲက တိုက်ရိုက်ဒီမိုကရေစီ (Direct Democray) နဲ့ ကိုယ်စားပြုဒီမိုကရေစီ (Representative Democary) ကို သတိရပြီးတော့ မိုက်ခရိုဖုန်း (၂) ခုကို ယူပြီး ကြိုးနှစ်စလုံးကို လည်အပင်းမှာပတ်ပြီး …
“ဟုတ်ကဲ့ ကျောင်း သားပြည်သူ ရဟန်းရှင်ကြီးခင်ဗျား မနေ့က ကျနော်တို့ ဗဟိုကော်မတီများနှင့် မန္တလေးဆောင်က စီအီးစီမျာက ဦးသန့် ဈာပနပတ်သက်တဲ့ ကာယကံရှင်များနဲ့ ဆွေးနွေးတိုင်ပင်ကြီးကြပြီး မဲခွဲဆုံးဖြတ်တဲ့အခါ ကန်တော် မင်ပန်းခြံကို သယ်ဆောင်မြုပ်နှံဘို့ စီမံခဲ့ကြပါတယ်”
အောက်က “မလိုဘူး မလိုဘူး ထပ်ပြောဦး ထပ်ပြောဦး မလိုဘူး မလိုဘူး”
ကျနော်တို့ မနေ့ညက တပြည်လုံးဆိုင်တဲ့ ငြိမ်းချမ်းရေးဖခင်ကြီး ဈာပနနဲ့အုတ်ဂူကြီးပြီးမြောက်ဘို့ ဆုံးဖြတ်ခဲ့ကြတာပါ။
“ဟေ့ မြန်မြန်ပြော မြန်မြန်ပြော” အသံက ပိုပြီးကျယ်လာပါတယ်။ မန္တလေးဆောင်တံတိုင်ကိုလည်း လက်နှင့်ဆုတ်ပြီး အော်ပြောနေကြပါတယ်။
ဟုတ်ကဲ့ အဲဒီတုန်း ယ္ခုလို လာရောက်ဂါရဝပြုတဲ့ ပြည်သူကြီးရဲ့သဘောထားကို မကောင်းခဲ့ရပါဘူး။ ယ္ခုထပ်ပြီးတော့ အားလုံးနဲ့ဆိုင်တဲ့ တိုက်ရိုက်သဘောထားကို ကျနော် တောင်းခံပါရစေ”
လူထုကြီးနဲနဲငြိမ်သွားပါတယ်။
“ဟေ့ရှည်တယ် မြန်မြန်ပြော မြန်မြန်ပြော”
“ကျနော် ပြောပါရစေ အသံနဲ့ဆုံးဖြတ်လို့မရလို့ လက်ခုတ်နဲ့ ဆုံးဖြတ်ပါရစေ။ အဲဒါကတော့ တကသ လွင်ပြင်ကြီးထဲမှာပဲ မြှုပ်မယ်ဆိုရင် လက်ခုတ်တီးကြပါ” လက်ခုတ်တီးသံများက မိုးထိညံသွားသလို ငါးမိနစ်နီးပါး ကြာသွားပါတယ်။ လက် ခုတ်တီးသံများတိတ်သွားတော့မှ ကန်တော်မင်ပန်းခြံဘက်ပို့မယ့် ပြည်သူများကလည်း လက်ခုတ်တီးကြပါတယ်။ သူတို့ အသံလေးတွေက ဟိုတပေါက် သည်တပေါက်နှင့် အိမ်ခေါင်မိုးပေါ်က မိုးယိုသလို။
အသံကြောင်လေးတခုကို ကြားရပါတယ် ဒီကောင် လူလည်ကြတယ်တဲ့ ပြီးသွားပါပြီ။ ဂူကြီးပေါ် ပန်းခွေနှင့် ပန်းပန်းနီနီ က တင်ထားလိုက်ပါပြီ။ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးကြည်ဝင်းနဲ့ ဗဟိုကော်မတီများအသံလည်း တိတ်သွားပါပြီး ဘွဲ့နှင်း သဘင်ခန်းမှလည်း တိတ်ဆိတ်ခြောက်ကပ်သွားပါတယ်။ လမ်းမပေါ်မှာ စက္ကူစလေးများက ဟိုတစစီ ဒီတစစီနှင့်…
ဒီဇင်ဘာ (၈)ရက်နေ့ညမှာ သတင်းရသည်။ အလောင်းကြီးကိုလာလုမည်ဟု။ ကိစ္စမရှိတော့ ကျနော်တို့ လိပ်ပြာသန့်ပြီ၊ လုံပြီ။ လုပ်ရဲရင်တော့ ခံရပေဦးတော့မည် ဟု။
ဒီည (၉) နာရီ လောက်မှာ ကိုဘိုဘိုကျော်ငြိမ်းနဲ့ ကိုထွန်းကျော်ငြိမ်း တို့ လာကြသည်။ ရေးကြီးသုတ်ပြာ သံယောဇဉ် မျက်နှာများဟု အကဲခတ်မိပါတယ်။
ကိုထွန်းကျော်ငြိမ်းက သူ့ရဲ့မျက်မျာထူထူကြီးကို မတင်ရင်း နှာခေါင်းလေးတချက်ရှုံ့ရင်းနဲ့ “ခင်ဗျားတို့ ထွက်သွားကြ တော့ သတင်းအတိအကျရထားတယ်။ နေ့လည်တုန်းက MC 2 (ဆေးတက္ကသိုလ် ၂) က ဝပ် (ward) တွေ ဆေးထား ခိုင်းတာတွေ့ရတယ်။ ဒီညတော့ အပြီးပဲ ဒီကောင်တွေလာလုမယ်ရှင်းမယ်” တဲ့ အိပ်ရေးမဝတဲ့ မျက်နှာနဲ့ စိုက်ကြည့်နေ မိတယ်။ ဘေးက စောလှငွေတို့ကလည်း လာကြည့်ပြီး နားထောင်နေကြတယ်။
“ထွက်သွားကြပါ ဒီလူထားတဲ့ငွေတွေလဲယူပြီး သွားချင်တဲ့ လက်နက်နယ်မြေထဲ သွားကြပါ”
“ခင်ဗျားတို့ကရော”
“ကျနော်တို့က ကျနော်တို့အဖေလက်ထပ်ကတည်းက တပည့်ဖြစ်ခဲ့ဖူးတဲ့။ အင်းစိန်ထောင်ပိုင် မက္ကနားကြီးဆီရောက်မှာ အိမ်မှာ ပြင်ဆင်ပြီး အဖမ်းခံတော့မယ်တဲ့”
ကျနော်အပြုံးကိုသူတို့ (၂) ဦး နဲနဲခံစားရဟန်တူပါတယ်
“ကဲ ဗျာ ခင်ဗျားတို့သဘောထားနဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့နားလည်ပါပြီး သွားတော့မယ်”
ဘယ်သူမှသူတို့ (၂) ဦးကိုမတား၊ မကြည့်၊ အိပ်ချင်စိတ်နဲ့ နားချင်စိတ်ကသာများနေကြတယ်။
“ကဲ မင်းတို့လဲ အဲဒီဂူကြီးဆီသွားချင်လဲသွားကြ ငါလဲအခန်းထဲမှာ အိပ်ဦးမယ်။ ခုံတန်းလျားပေါ် ခေါင်းပေါ်လက်တင် တော့ အိပ်လို့ရမလား။ တကယ်တန်းဆို ဒို့သေပြီးမှ အပစ်သတ်ခံရပြီးမှ တကသ ဝင်းထဲက ကျောင်းသား ရဟန်းတွေနဲ့ ပြည်သူတွေ မတတ်နိုင်ပါ။ ဒို့အရင်သေရင်လဲ ကိစ္စပြီးတာပဲ။ သစ္စာဖောက် သတ္တိကြောင် ကျောင်းသားစိတ်ဓါတ်မပြည့် တဲ့ သရဲဘောကြောင်တဲ စိတ်ပညာကျောင်းသားတစုလို့တော့ အပြစ်ပြောမခံနိုင် သေမဲ့အတူ အိပ်ရေးဝအောင် အိပ် မယ်ဟု စဉ်းစားရင်း မျက်စိကိုအတင်းပိတ်လိုက်တော့ အိပ်ပျော်သွားခဲ့ပါတယ်။
ဒီဇင်ဘာ (၉) ရက်မှာ နှင်းငွေ့နဲနဲလေးကျန်နေတဲ့ တကသ လွင်ပြင်ကြီးက အံ့ဩသင့်စွာနဲ့ ကြိုနေသယောင်။ မျက်နှာ သစ်ဘို့ ဆင်းပြီး အထဲကိုသွားတော့ စဉ်မြင့်ကြီးတခုကိုစောင့်နေကြတဲ့ ကျောင်းသားပြည်သူများ ၎င်းရဲ့နောက်ခံ ကဒေါင်းက ဝါးတရိုက်ခန့်ကြီးမားတဲ့ ဦးသန့်ရဲ့ပြုံးနေတဲ့ ထူးခြားတဲ့ ဂန္ဓဝင်ပုံ သူ့အပြံးကို ကျနော်လဲ အားပါးတရကြည့်ပြီး ပြုံးနေမိတယ်။ ဘယ်သူမှ မရှိဘူး။ ကိုတင်စိုး နဲ့ ပြောင်ကြီး ကိုစိုးညွန့်တို့ တာဝန်ယူထားတဲ့ စားဖိုဆောင် ဒယ်အိုးမဲကြီး (၃) က အနံ့တွေထွက်နေပြီ ဗိုက်ဆာလို့ ကြည့်ရင်း မန္တလေးဆောင်အလယ်ထပ်ကို တက်ခဲ့ပါတယ်။ ကိုယ့်ရဲဘော်ကြီး များနဲ့ တဖက်ခန်းက ဆရာတော်အပါး (၄ဝ) က နှပ်တုန်းလေ..
နံနက် ၁ဝး၃၀ လောက် ကျနော်တို့ ထမင်းစားပြီးတော့ ကိုထွန်းကျော်ငြိမ်းနဲ့ ကိုဘိုဘိုကျော်ငြိမ်းတို့ ရောက်လာတယ်။ “သတင်းအမှန် အတိအကျပ၊ဲ ကျနော်တို့ လူတွေထဲကပါ ခင်းဗျားတို့ကံကောင်းကြပါတယ်”
သူတို့စကားနားထောင်ရင်း ပြန်မပြောဖြစ်တော့ သူတို့လည်း ဒဂုံဆောင်ဝရုံတာ အလယ်ထပ်က တကသ ဝင်းကိုတချက် လှမ်းကြည့်ရင်း ဆင်းသွားကြပါတယ်။
ဒီဇင်ဘာ (၉) ရက်နေ့မှာတော့ သခင်ဟောင်းသားတဦးဖြစ်တယ်လို့ မိတ်ဆက်လာတဲ့ ကိုစိုးစိုးလား ကိုတိုးတိုးလား မသိ တဲ့ (နာမည်မေ့တာခွင့်လွှတ်ပါ နာမည်က ကာရံတူသွားလို့ပါ) ကျောင်းသားတယောက်က ခင်ဗျားကိစ္စဒီမှာပြီးပြီ ဂူကြီး ဆက်ဆောက်ဘို့က ဘယ်လောက်ကြာမလဲ တက္ကသိုလ်ကြီးလဲ ပိတ်ထားတာကြာပြီ ဂူကြီးပြီးထဲက နိုင်ငံရေးအသွင် ပြောင်းသွားပြီ အလံတင်တိုက်တော့တဲ့ ကျနော်တို့လည်း စဉ်းစားပြီးသားမို့ ဘယ်အလံတင်တိုက်ရမလဲ ကုလသမဂ္ဂ အလံကြီးဘေးမှာ ခွပ်ဒေါင်းလား အလုပ်သမားတွေရဲ့ အထိမ်းအမှတ် တူတံဇဉ်အလံလားဟု မေးပါတယ်။ သူက စဉ်းစား ပြီး ခင်ဗျားတို့ဆီမှာ လူသိထင်ရှားပြီး ဦးဆောင်နိုင်တဲ့သူတဦးဦးတော့လိုပါတယ်။ ဟုတ်ပါတယ် ဟု ကျနော်တို့က တွေး ရင်း ပြန်စဉ်းစားမိတယ်။ ကျနော်တို့ (၅) ဦးက သခင်သွေးလဲမပါဘူး ဘုရင့်သွေးလဲမပါဘူး စစ်ဗိုလ်သွေးလဲ မပါဘူး ကျောင်းသားစိတ်ဓာတ်လေးနဲ့ မဟုတ်မခံဘဲ ပြန်ချနေရတာ။ ဖတ်ထားတဲ့ တတ်သလောက်မှတ်သလောက် စာလေး တွေနဲ့ နောက်ဆုံးတိုက်ဝင်နေကြတဲ့ ဗီယက်နမ်က သတင်းလေးတွေနဲ့ အားတက်နေကြတာ။ သားကောင်းတယောက် ချောအိမာန် ငူယင်မန်ထွိုင်းနဲ့ ဂေါ်ဂီရဲ့အမေတို့လောက်သာ ဖတ်ခဲ့တာ။ ဒါက ကျနော်တဦးထဲ ပြန်စစ်ဆေးမိတာပါ။
သူကပြောတယ် ဒီနားမှာ အမေကြည် (ဒေါ်ခင်ကြည်) ရှိတယ်။ သူတို့မှာတော့ ထက်မြက်တဲ့သားသမီးတွေရှိတယ်။ ကျနော်နဲ့ရင်းနှီးတယ် သွားပြီးတော့ ဦးဆောင်ဘို့တိုင်ပင်ကြည့်မယ်တဲ့။ ကျနော်ကတော့ ဒီကိုလာပြီးတော့ အသေမခံ ခိုင်းပနဲ့ဗျာ၊ ဒီကောင်တွေက ဘာမှရှောင်မှာမဟုတ်ဘူး။ နန်းရဘို့ဆို အဖေတောင်သတ်မဲ့ အဇာတသတ်တွေပါ စစ်ဘီ လူးတွေပါလို့ ပြန်ပြောမိတယ်။ သူက ပြုံးပြီး ဒီညကျနော်ပြန်လာခဲ့မယ် တဲ့။ ကျနော်တို့ ပြုံးပြီးကြည့်နေရုံမှတပါး ဘာမှ မရှိဘူးပေါ့။
ကျောင်းသားစိတ်ဓါတ်ရှိတဲ့ ပန်းချီအုပ်စုက ကိုအင်ဒရူး၊ ကိုတင်မောင်ဦး (ဗလ) တို့ ကိုမျိုးမြင့် (ပန်းချီ) တို့ မန္တလေး ကျောင်းဆင်း ကိုရဲမြင့် တို့ကတော့ သူတို့ဆေးစက်ကျရာတွေနဲ့ အရုပ်တွေဖြစ်နေရ၊ ကာတွန်း၊ သရော်စာတွေလဲ လက် တန်းရေးဆွဲပြီး လှုပ်ရှားနေကြလေရဲ့ ဒါက မတိုင်ပင် မညှိနှိုင်းဘဲရတဲ့ အသိတွေပါ။
ဒီဇင်ဘာည (၁ဝးဝဝ) လောက်မှာ ကိုစိုးစိုး ကိုတိုးတိုးက တက်လာပြီးတော့ သတင်းပို့တယ် သူက ..
“ပထဆဆုံး ဦးအောင်ဆန်းဦးကို ဦးဆောင်တိုက်ပွဲဝင်ဖို့ပြောတယ်။ သူက အဲဒီတုန်းက ဒေါက်တာဘွဲ့ ယူနေတယ်တဲ့။ သားမလိုပါဘူးတဲ့ သမီးလည်းဦးဆောင်နိုင်ပါတယ်တဲ့”။ နားထောင်နေတဲ့သူတွေထဲမှာတော့ ကျနော်က စိတ်အထန်ဆုံး လား စိတ်အထက်ဆုံးလားတော့မသိ ထောင်းကနဲ ဒေါသထွက်မိတယ်။ ဒါက သေရေရှင်ရေ ကျနော်တို့လဲ ဘယ်အချိန် ဘယ်နေရာ ဘယ်နေရာမှာ အပစ်သတ်ခံရမလဲဆိုပြီး စိတ်ထဲက တောက်ခတ်မိတယ်။
ဒီဇင်ဘာ (၁၀) ရက် (၁၁) ရက်နေ့များက လွတ်လပ်ဆုံနေ့ရက် စိတ်အချမ်းသာဆုံးနေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။ အထက် တန်းကျောင်းသူလေး မနှင်းနှင်းဝင်း (၁၆) နှစ်နဲ့ ရှေ့နေ ဦးကျော်လင်းတို့ရဲ့ဟောပြောပွဲတွေက ပရိတ်သတ် (၅၀၀၀) နီးပါးကို ထိန်းနိုင်ခဲ့ပါတယ်။ (၁၁) ရက်နေ့ည တကသ ဝင်းထဲဝင်သိမ်းပြီး မျက်ရည်ယိုဗုံး သေနတ်သံတွေ ကြားနေတဲ့ အချိန်ထိ ချင်းလိုမိန့်ခွန်းပြောသွားတဲ့ မန်းဗိုလ်ထွန်းရဲ့ ဟောပြောသံလေးက တိမ်ပင်သွားပြီး ကျနော်တို့အားလုံး အဖမ်း ခံရပါတော့တယ်…။
(ဒါလေးကိုအခြေခံပြီး ကိုယ်အတွေ့အကြုံလေးတွေ ရေးကြ ဝေငှကြပါဗျာ)
ရဲဘော်မောင်မောင်တိတ်
No comments:
Post a Comment