အချိန်ကတော့ ... ည ၁ဝ နာရီလောက်ဟု ထင်ပါသည်။
အဲ့ဒီညက...
သူတို့ ညီအကိုနှစ်ယောက်လည်း မန္တလေးဆောင်အလယ်ထပ် ပေါ်တီကိုဘက် တချက်လှည့်ကြည့်ပြီးတော့ အောက်ကို ဆင်းသွားကြသည်။ ကျနော်တယောက်တည်းတတိယထပ်သို့ တက်သွားသည်။ စောလှငွေ၊ ကိုသောင်းအေး၊ ကိုမြင့်ဟန် တို့က ဘေးအခန်းထဲ ဝင်သွားကြသည်။ တဖက် အခန်းမှာတော့
ရဟန်းပျို (၃ဝ) ခန့် ရှိပါသည်။
ဒီသတင်း မှန်ပါသည်။ ကျနော်က လုံခြုံရေးတာဝန် ယူထားသည်။ ပြန်ကြားရေးအခန်းထဲက အသံချဲ့စက် (၂) လုံကို လည်း ခေတ္တထိမ်းသိမ်းထားသည်။ နံနက်ဖန် နံနက်အထိ ကျနော်တို့ ရှိနေသေးလျှင် မန္တလေးဆောင်ရှေ့က ဦးသန့်၏ ဂူငြိမ်းချမ်းရေးဗိဗ္မာန်ဘေးတွင် ကပ်ဆောက်ထားသော စင်မြင့်နေရာယူထားသော ကျောင်းသားညီငယ်တို့ အားပေးလိုက် တော့မည်ဟု စိတ်ကူးမိသည်။
မန္တလေးးဆောင်အပေါ်ဆုံးထပ် လက်ဝဲဘက် ဆုံးအခန်းတွင်ထည့်ထားသော အလှူခံရငွေပုံးနှင့် ကင်ဒိုဓါး (၈) ချောင်း၊ လောက်လေးခွ (၆) လက်၊ ဖန်ဂေါ်လီ အလုံး (၁ဝဝ)ကျော်ကိုလည်း သွားကြည့်မိသေးသည်။ ဒီနေ့ ဒီဇင်ဘာ(၈)ရက်နေ့ အထိ ကောင်းကောင်းမအိပ်ရသေး၊ ၎င်းအခန်းတွင် နားရန်ဖြစ်ပါသည်။ အိပ်ချင်စိတ် ရှိနေပေမယ့် ရုတ်တရက် တွေ့ရ သော စာအုပ်ပုံကြီးမှ တအုပ်ကို ယူဖတ်မိသည်။ ရန်ကုန်တက္ကသိုလ် ရွေရတုမဂ္ဂဇင်းများ ဖြစ်နေကြပါသည်။ အိုး .. တန် ဘိုးရှိလွန်းသည့် မဂ္ဂဇင်းများကို ဘာဖြစ်လို့သည်လို သိမ်းထားကြပါလိမ့်လို့...။
မဖတ်တော့ပါ..။ မျက်နှာဖုံးလေးသာ ကြည့်လိုက်မိပြီး ပြန်ချထားလိုက်ကာ ခုန်တန်းလျားလေးပေါ်တွင်လှဲချလိုက်တော့ သည်။ အတွေးတွေက ထပ်တလဲလဲ ဝင်လာတော့သည်။ ဒီည ဂူကြီး ပိတ်ပြီးသွားပြီ။ သူတို့ ပေးထား၊ သဘောတူထား တဲ့နေရာကို မချတော့အတွက် ဒေါသထွက် စိတ်ဆိုးကြပြီး။ ဂူကြီးကို လာလုမည်ဟု သတင်းရထားသည်။ ၆၂ တုန်းကလို မိုင်းနဲ့ ဖြိုမတဲ့...။ ဒီ တကသ ဝင်းထဲမှာရှိတဲ့ သူတွေအားလုံးလဲ အပြတ်ရှင်းဘို့ အမိန့်ပေးထားပြီတဲ့...။ မန္တလေးဆောင်မှာ ရှိနေတဲ့သူမှန်သမျှ စခန်းသိမ်း အပြတ်ရှင်းတဲ့..။ ဒီသတင်းတွေက ဒီည ၁ဝ နာရီထိ။ အလောင်းဂူသွင်းပြီးထဲက ဆက် တိုက် ဆက်တိုက် ဝင်လာကြားနေရသည်။
တချို့ ကျောင်းသားစိတ်ရှိသော..ကျောင်းသားအချို့က ကိုယ်တိုင်မိတ်ဆက်လာပြီး မည်သူမည်ဝါ၏ သားဖြစ်ကြောင်း နှင့် တိကျသော သတင်းဖြစ်ကြောင်း အထပ်ထပ်အခါခါ သတင်းပို့သည်ကို ဆက်တိုက်ဆက်တိုက် ကြားနေခဲ့ရပါသည်။ တချို့ကတော့ သူတို့ အချင်းချင်း ဆိုက်ဖါတွေအဖြစ် ဦးထုထ်ဘေးတွင် ပင်ကလစ်လေးတွေ ထိုးထားသည်။..ဘယ်ရင် ဘတ်အကျီ အိပ်တွင် ဘောလ်ပင် အဖြူရောင်လေးများ ချိတ်ထားကြသည်။ မိမိတို့ မန္တလေးဆောင်အောက်ထပ် ဘယ် ဘက် အခန်းတွင် ထိမ်းသိမ်းရေးစခန်းဟု ရေးထားပြီး ၎င်းအခန်းတွင် စစ်ဆေးပြီး ပြန်ပြန်လွတ်ပေးခဲ့ ကြပါသည်။
မိမိတို့ ရည်ရွယ် ချက်များကို သေသေချာချာ ရှင်းပြကာ တကသ လွင်ပြင်တွင်ဆက်လက် လှုပ်ရှားပြီး သတင်းယူကာ တန်ပြန်ဖျက်ဆီးမှုများ ပြုလုပ်လျှင် မိမိတို့မှ တာဝန်မယူကြောင်း ပြောခဲ့သည်။ သူတို့နားထောင်ပြီး ပြန်ထွက်သွားကြ သည်။ ကျောင်းသားတွေက တကယ်လုပ်နေတာကိုး။
ငြိမ်းချမ်းရေးဂူဗိဗ္မာန်ကြီး တည်ဆောက်နေစဉ် မည်သူ့သွေးမှမစွန်းစေချင်ပါ။ မိမိတို့ မန္တလေးဆောင်တွင် စီအီးစီ အဖြစ် တာဝန်ယူထားကြသော ဒေးကျောင်းသား(အဆောင်နေ) များမှာ၊ နိုင်ငံရေးအတွေ့အကြုံ မရှိကြ။ သခင်သွေးပါသော သ ခင်သား၊ သွေးချင်းများလည်း မဟုတ်ကြ၊ ပြည်ချစ်ယူဂျီ ဗကပ ယူဂျီ တခြား တိုင်းရင်းသား ယူဂျီများလည်း မဟုတ်ကြ၊၊
လူတန်းစား ပြဿနာနှင့် ဒီမိုကရေစီစနစ်ကို မဆလ ပါတီ အုပ်ချုပ်နေစဉ်တွင်းက စာစုံဖတ်ထားကြသည့် သူများသာ ဖြစ် ကြပါသည်။ ကျောင်းကိုချစ်ကြသူများ။ ပညာကိုလေးစားသူများ ဖြစ်ကြသည်။ အားလုံးက ခံစားနေရသော ဝေဒနာကြီး တခုမှာ တကသ လွင်ပြင်ဟောင်းကြီးရှိနေသည့် ဖုန်းဆိုးနေရာကြီးပင် ဖြစ်ပါသည်။
မိမိပင်လျှင် ဒုတိယနှစ်အထိ တက္ကသိုလ် အရံတပ်ရင်းအမှတ် (၁) တွင် စစ်ပညာသင်ယူသင်ယူစဉ် အပြန်တနေ့ ဤ တကသ လွင်ပြင်ကြီးပေါ် စစ်ဝတ်စုံဖြင့် ညနေ (၅) နာရီလောက်မှာ ထမင်းဆာဆာဖြင့် ဖြတ်သန်းခဲ့မိရာ ကြောထဲတွင် အေးကနဲ စိမ့်ကနဲ ခံစားမိသည်။ ကြက်သီးထမိပြီး ခပ်သွက်သွက်လေး ပြေးမိသည်။ အော် ငါတို့ နောင်တော်တွေရဲ့ သွေးစွန်းတဲ့ ရင်ပြင်ပေါ်မှာ စစ်ဘိနပ်နှင့် နင်းမိပါရော့လားလို့။ ကွန်ဂရစ်ကြမ်းပြင် လွင်ပြင်ကအထွက်မှာ မိမိကကြောက် ကြောက်ရွံ့ရွံ့သွေးရူး သွေးတန်းနှင့် ကမန်းကတန်း အလေးပြုပြီး ချာကနဲထွက်ခဲ့ရသည်ကို ပြန်ပြုံးမိသေးသည်။
ယ္ခု..ငါတို့တာဝန် ကြေပြီ၊ ဒီနေရာမှာ..ငြိမ်းချမ်းရေး ဗိဗ္မာန်ကြီးတခု တည်ဆောက်ခွင့်ရခဲ့ပြီ ငါတို့တာဝန်ကြေပြီ။ ဒါပေမဲ့ ဒီ ညလေးတခုမှာပဲ ငါတို့နဲ့အတူ ဖျက်ဆီးခံရတော့မယ်။ ဂူကြီးပြီးရင် ငါတို့တိုက်ပွဲ ဆက်ရမယ်လို့ ခုနတုံးက ကိုသောင်း အေး တို့နဲ့ ပြောခဲ့သလို ခွပ်ဒေါင်းအလံ၊ သာဿနာအလံ၊ အလုပ်သမားအလံ တူတဇင်နှင့် နီဝါစိမ်း အောက်ခံအလံ (၃) လက် ထူခွင့်ရဦးမလား တိုက်ပွဲဆက်ဘို့ ထွက်သွားသင့်သလား တိုက်ပွဲက မပြီးသေးဘူး နောက်ထပ် ဦးဆောင်ခွင့်ရ အောင် ပြန်တိုက်နိုင်အောင် ရှောင်သွားသင့်သလားဟူသော အတွေးဆိုးကို မိမိဘာသာ ဒေါသထွက်မိသည်။ အိပ်နေရင်း ထမိ၊ ခုံကို လက်သီးနဲ့ ထုမိတော့သည်။ ပြင်းလွန်းတော့နာကျင်သွားသည်။
ငါတို့ကိုယ်ငါတို့က ခေါင်းဆောင်နိုင်ခဲ့ ကြတယ်လို့ ထင်ခဲ့ကြတာပါ့။ ငါတို့ ညီအကို တက္ကသိုလ်ပေါင်းစုံနဲ့ ညီလေး အထက်တန်း ကျောင်းသားလေးတွေ။ ဂါရဝလာပြုကြတဲ့ ရဟန်းရှင်လူ၊ လူထုတွေမှ မထောက်ထားတဲ့ စိတ်ကူး ဒီစိတ်ကူး ကား ရိုင်းစိုင်းလွန်းပါ တကားဟု ယူကြုံးမရ အပြစ်မိရင်း။ မိမိကိုယ်မိမိ ပြင်းပြင်းထန်ထန် ပြန်ဝေဘန်မိရင်း…
ဟေ့.. ခေါင်းဆောင်လုပ်ရင် ခေါင်းဆောင်လုပ်ခဲ့ရင်တော့ သူတို့နဲ့အတူ ပြည်နဲ့အတူ။ သေအတူ ရှင်အတူပေါ့။ အသက် ပေးပြီး ခေါင်းဆောင်ရမှာလား။ ထွက်ပြေးပြီးတော့မှ ခေါင်းဆောင်ရတော့မှာလား။ ရှင်းသွားခဲ့ပါပြီ။ ဒီသတင်း မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ နံနက်ဖန် မနက် မျက်နှာသစ်ရက် မရှိခဲ့ရင်လည်း နှုတ်မဆက်ချင်ပြီ။ ကိုယ့်အလုပ် ကိုယ်လုပ်ဘို့ ကျုပ်တို့ ဒီဇင်ဘာစိတ်ဓါတ်နဲ့ အိပ်ဖြစ်ခဲ့တယ်။
၈ ရက် ဒီဇင်ဘာညကို အတူတူ ဖြတ်သန်းခဲ့သော ရဟန်းရှင်လူ ပြည်သူများနှင့် ဒီဇင်ဘာနှင့်ပတ်သက်သော ကျောင်း သားများအားလည်း လေးစားဂုဏ်ပြု အပ်ပါသည်။
မောင်မောင်တိတ် (ရ၄)
၈ ၊ ၁၂ ၊ ၁၁ ည ၁၂ နာရီ
No comments:
Post a Comment