Wednesday, September 3, 2014

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပထမအကြိမ်ညီလာခံ ထုတ်ပြန်ကြေငြာချက်

၁။ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက် ဒရယ်ကောင်စီ UNFC သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပထမအကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်္ဘာလ (၂) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ညီလာခံသို့
အဖွဲ့ဝင်အဖွဲ့အစည်း (၁၂)ဖွဲ့အပြင် ဆက်စပ်အဖွဲ့အစည်း (၅)ဖွဲ့မှ ကိုယ်စားလှယ်စုစုပေါင်း (၉၀) ဦး ပါဝင်တက် ရောက်ခဲ့ပါသည်။

၂။ UNFC ပထမအကြိမ်ညီလာခံကြီးတွင် သုံးနှစ်ခွဲကျော်ကာလ ဖြတ်သန်းခဲ့ရသော အခက်အခဲ အကျပ် အတည်းများနှင့်အတူ အောင်မြင်မှု ရရှိခဲ့သည်များကိုလည်း အကြေအလည် ပြန်လည်သုံးသပ်ခဲ့ကြပါသည်။ UNFC ၏ ညီညွတ်မှု စုပေါင်းဦးဆောင်မှု အနေအထားအပေါ် ပြည်တွင်းပြည်ပ အသိအမှတ်ပြုမှု ထောက်ခံ အားပေးမှုများကိုလည်း ညီလာခံကိုယ်စားလှယ်များက မှတ်တမ်းတင်ခဲ့ကြပါသည်။

၃။ UNFC ၏ မူလအဖွဲ့ဝင် အဖွဲ့အစည်းကြီးဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံသို့ တက် ရောက်နေသော ကိုယ်စားလှယ်များသည် ညီလာခံမပြီးဆုံးမီ ၎င်းတို့၏ ညီလာခံကိုယ်စားလှယ်ရုပ်သိမ်း၍ UNFC တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းထားလိုက်သည့်အပေါ် ညီလာခံကိုယ်စားလှယ်များအားလုံးက လွန်စွာ စိတ်မကောင်း ဖြစ်ကြရပါသည်။ သို့ရာတွင် KNU အတွင်းညှိနှိုင်းမှုအရ မကြာမီမှာပင် နဂိုမူလအတိုင်း တပ်ပေါင်းစုအတွင်း ပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် UNFC ညီလာခံတွင် ရွေးကောက်တင်မြှောက်ထားသော အလုပ်အမှုဆောင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ တစ်နေရာနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် တစ်နေရာတို့ကို KNU ပြန်လည်ရောက်ရှိသည့်အချိန်တွင် ၀င်ရောက် တာဝန် ထမ်းဆောင်နိုင်ရန် လျာထားသတ်မှတ်ခဲ့ကြပါသည်။

၎။ ညီလာခံကြီးအနေနှင့် UNFC ၏ စည်းလုံးညီညွတ်မှုကို ခိုင်မာသထက် ခိုင်မာစေရန် သံဓိဋ္ဌာန်ချလျှက် မည်သည့် အဖွဲ့ဝင်အဖွဲ့အစည်းကိုမျှ ကျန်ရစ်စေခြင်းမရှိစေရန် သတိကြီးစွာဆောင်ရွက်ခဲ့ပါသည်။ ဆက်စပ် အဖွဲ့ဝင်နှင့် ဆက်စပ်အဖွဲ့အစည်းများနှင့်လည်း ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို လည်း အခိုင်အမာ ချမှတ်နိုင်ခဲ့ကြပါသည်။ ပြည်တွင်း/ပြည်ပ ထောက်ခံအားပေးသူများ၊ အဖွဲ့အစည်းများ နှင့်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိစ္စအပါအ၀င် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာနိုင်ရေး အတွက် လက်တွဲဆောင်ရွက်သွားနိုင်ရန် စီမံချက်များ ချမှတ်ခဲ့ပါသည်။

၅။ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ NCCT သည် UNFC အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသော အလုပ်အဖွဲ့ဖြစ်ပြီး၊ ယင်းအလုပ်အဖွဲ့သည် UNFC က ချမှတ်ထားသော မူဝါဒများနှင့်အညီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဤညီလာခံကြီးက ဆုံးဖြတ်ခဲ့ကြသည်။

၆။ UNFC ၏ (၂၀၁၄-၂၀၁၆) သက်တမ်းကာလအတွက် တာဝန်ထမ်းဆောင်မည့် ဖက်ဒရယ်ကောင်စီဝင်
(၄၂)ဦးအနက်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၁၂) ဦးကို ဒီမိုကရေစီနည်းကျ ရွေးချယ်ရာတွင်
အောက်ဖော်ပြပါခေါင်းဆောင်များကို ရေွး ချယ်တင်မြှောက်နိုင်ခ့ပဲါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁။ ဗိုလ်ချုပ်ကြီး အင်ဘန်လ - ဥက္ကဋ္ဌ
၂။ နိုင်ဟံသာ - ဒုတိယ ဥက္ကဋ္ဌ (၁)
၃။ (KNU) - ဒုတိယ ဥက္ကဋ္ဌ (၂)
၎။ ခူးဦးရယ် - အထွေထွေအတွင်းရေးမှူး
၅။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ - တွဖဲ က် အထွေထွေအတွင်းရေးမှူး (၁)
၆။ ဆလိုင်း ထလာဟေး - တွဖဲ က် အထွေထွေအတွင်းရေးမှူး (၂)
၇။ ဒေါက်တာ လဂျာ - ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၈။ ဗိုလ်ချုပ် ဘီထူး - ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၉။ ဒူဝါ ဘွန်ဝမ်လာရော် - ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၁၀။ စ၀်စိုင်းထူး - ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၁၁။ ဒေါက်တာ ခင်မောင် - ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
၁၂။ (KNU) - ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်

၇။ UNFC ပထမအကြိမ် ညီလာခံကြီး၏ ရွေးချယ်တာဝန်ပေးအပ်ချက်အရ ဗဟိုအလုပ်အမှုဆောင်ကော်မတီ
နှင့် ဖက်ဒရယ်ကောင်စီတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်
ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေး အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ
အပ်ပါသည်။

၂၀၁၄ ခုနှစ်၊ စက်တင်္ဘာလ (၂) ရက်
၁၃၇၆ ခုနှစ်၊ တော်သလင်းလဆန်း (၉) ရက်

ဆက်သွယ်ရန်

ခူးဦးရယ် (အထွေထွေအတွင်းရေးမှူး) - (+၆၆) ၀၈၄ ၈၀၅၁၃၄၄၊ ၀၈၄ ၄၈၅၇၈၇၀
ဆလိုင်းထလာဟေး (တွဖဲ က်အထွေထွေအတွင်းရေးမှူး - ၂) (+၆၆) ၀၉၅ ၇၉၂၉၃၇၂

No comments: