Monday, May 6, 2013

နွေဦးမှာ မူရင်းဌာနေသို့ ပြန်ရောက်သော ကြိုးကြာငှက်တို့၏ မိုင်ထောင်ခရီး (မိုးသီးဇွန်)



ကျနော်တို့မှာ အလုပ်များစွာကျန်ရှိနေပါသေးတယ်။ ဤခရီးမနီးလှပါ။ နည်းဥပဒေ ပုဒ်မ ၁၈ နဲ့အညီ ဥပေဒေဘောင်အ တွင်းက စနစ်တကျ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ရမယ့်အချိန် ကျရောက်နေပါပြီ။

နည်းဥပဒေ ပုဒ်မ ၁၈ နဲ့အညီ ဥပေဒေဘောင်အတွင်းက စနစ်တကျ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ကြရမှာ ဖြစ်ပါ တယ်။ ဒီလို ဆန္ဒဖေါ်ထုတ်တဲ့နေရာမှာ
ဒီလမ်းအပေါ် ကျနော်တို့ အားလုံးမဆုတ်မနစ်သော ဇွဲနဲ့ ယုံကြည်မှုရှိဖို့ လိုအပ်ပါ တယ်။

အိမ်ဆုံးသွားတဲ့သူတွေ၊ မြေဆုံးရှုံးသွားတဲ့သူတွေ၊ လယ်မြေယာမြေ ဆုံးရှုံးသူတွေ၊ သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုတွေကို ပြင်းထန်တဲ့ခံစားချက်တွေ များနေဆဲဖြစ်တဲ့ ခုအချိန်မှာ ကျနော်တို့ အတိအကျ တွက်ချက်နိုင်ဦးမှာ မဟုတ်ပါ။

ဆုံးတော.အများကြီး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ အရှုံးမပေးဘဲ မြန်မာပြည်သူတွေ၏ မူလ ရပိုင်ခွင့်၊ ဘ၀လုံခြုံ စွာရပ်တည်ခွင့်၊ ကိုယ့်မြေကိုယ့်ရေကို ဥပဒေဘောင်အတွင်းကပဲ ကာကွယ်နိုင်ခွင့် ဒါတွေအားလုံးအတွက် ကြီးစွာသော လုံ့လနဲ့ အားထုတ်နိုင်ရပါမယ်။ ဒီတော့ …

အားလုံး ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖေါ်ကြပါ။

ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့ဖူးပါတယ်။ ကျနော်တို့နိုင်ငံ စစ်ဖိနပ်အောက်မှာ လုံးဝ မလူးမလှုပ်နိုင်စဉ်က ကမ္ဘာကြီးပေါ်က လွတ်လပ်ပြီးသားသူတွေစီမှာ ခံစားချက်များစွာ၊ မျှော်လင့်ချက်များစွာ ပြသလျက် ဒေါ်အောင်ဆန်းစု ကြည် တခါက တိုင်တည်ခဲ့ဖူးသလိုပါ။ ကျနော်တို့ တနိုင်ငံလုံးမလွတ်လပ်တဲ့ဘ၀တွေကို ကိုယ်စားပြုခဲ့တဲ့၊ မှန်ကန်ပြီး အလွန်ကြေကွဲစရာကောင်းတဲ့ အသံလည်း ဖြစ်ခဲ့ပါတယ်။ အားလည်း ဖြစ်ခဲ့ပါတယ်။

Please , use your liberty to promote ours. အသင်တို့ နိုင်ငံသားတွေ၏ လွတ်မြောက်မှုကို ကောင်းစွာအသုံးပြုပြီး ကျမတို့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ မြှင့်တင်ပေးပါ။ ကျမတို့ နိုင်ငံ၏ အကျဉ်းသမားဘ၀ကို ဆော်အော်ပေးပါ.. လို့ ပြန်ရင် ဖြစ်ပါတယ်။

ခုလည်း မလွတ်လပ်သေးတဲ့ ကျနော်တို့ နိုင်ငံလေးမှာ အသိတရားရှိတဲ့သူအားလုံးဟာ ဒီအဓိပ္ပါယ်အတိုင်း အနှစ်သာရ အတွက် သက်သက်သာ ထပ်မံရုန်းကန် အားထုတ်နေကြရဦးမှာ ဖြစ်ပါတယ်။

ကျနော်တို့အားလုံး မလွတ်လပ်သေးပါ။
ကျနော်တို့နိုင်ငံမှာ နေရာတိုင်းမှာ အရိပ်မဲကြီးဖုံးလွှမ်းလို့။
အလင်းရောင်ကင်းမဲ့တဲ့နေရာမှာ ပညာတတ်တွေလည်း မလွတ်လပ်ပါ။
ရိုးသားတဲ့ တောသူတောင်သား တိုင်းရင်းသားတွေလည်း မလွတ်လပ်ပါ။
ကျနော်တို့ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်ကအစ မလွတ်လပ်သေးပါ။ ဒီလောက်မဲမှောင် ညစ်ညမ်း၊ မလွတ် လပ်သေးတဲ့ နိုင်ငံလေးမှာ ကျနော်တို့ အချင်းချင်း ကျောချင်း ရင်ချင်းကပ် ကူညီကာကွယ်တတ်ကာမှ ကျနော်တို့ အား လုံးအတွက် လွတ်မြောက်မှု၏အသီးအပွင့်ကို ခံစားရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီအပြောင်းအလဲမှာ နိုင်ငံသားတဦးစီရဲ့ မွေးရာပါ နိုင်ငံသား အခွင့်အရေးကို နိုင်ငံသားတိုင်း တက်ကြွစွာ တောင်းဆိုတတ်ရမှာ ဖြစ်ပါတယ်။

လူကို လူနဲ့တူအောင် ဆက်ဆံတတ်တဲ့ နိုင်ငံရေးစနစ်တရပ် မပေါ်ပေါက်မခြင်း၊ ဒီအလုပ်ကိုပဲ အားလုံးက မျက်ခြေမပြတ် ဘဲ တစိုက်မတ်မတ် လုပ်သွားရမှာ ဖြစ်ပါတယ်။ ဘာကိုမှ အရှုံးမပေးဘဲ မြန်မာပြည်သူလူထု၏ မူလ ရပိုင်ခွင့်၊ ဘ၀လုံခြုံ စွာရပ်တည်ခွင့်၊ ကိုယ့်မြေကိုယ့်ရေကို ဥပဒေဘောင်အတွင်းကပဲ ကာကွယ်ဖို့ ကြီးစွာလုံ့လပြု ဆက်အားထုတ်နိုင်ရပါ မယ်။

အားလုံး ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖေါ်ကြပါ။
အားလုံး ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖေါ်ကြပါ။
အားလုံး ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖေါ်ကြပါ။

မိုးသီးဇွန်
မတ် ၁၈ ၂၀၁၃

No comments: