မြန်မာနိုင်ငံရေးက
ကပ်ပါးများ၊ ပွဲစားများ၊ ငြိမ်းချမ်းရေး ဆန်တာနှင့် သမတရုံးက စစ်အုပ်စု၏တပည့်များအကြောင်း
ရထားဝန်ကြီးဟောင်း၊
လက်ရှိ သမတ ၀န်ကြီး အောင်မင်း၏လခစား ၀န်ထမ်းများ …
ပွဲစား
ဦး ၄ ဦး အကြောင်း ပြောပြရတော့မှာ ဖြစ်ပါတယ်။
ဇော်ဦး
သန့်မြင့်ဦး
မင်းဇော်ဦး
အောင်နိုင်ဦး
နိုင်ငံတကာက
ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် လှူဒါန်းငွေများ ပိစ်ဆန်တာမှာ ပုံနေတာကို အများသိပြီး
ဖြစ်ပါတယ်။ အထူး လခစား အခွင့်အရေးသမားများကို သမတရုံးမှာ ဦး ၄ ဦး အဖြစ်
လူတွေသိကြပါတယ်။ လစာတွေကတော့
ဇော်ဦး
ကပ်ပါး တလ ဒေါ်လာ ၁၅၀၀၀.၀၀ တနှစ်
တသိန်းရှစ်သောင်း
သန့်မြင့်ဦး
(ဦးသန့်မြေး) ဒေါ်လာ ၁၅၀၀၀.၀၀ တနှစ် တသိန်းရှစ်သောင်း
မင်းဇော်ဦး
တလ ဒေါ်လာ၁၀၀၀၀.၀၀ တနှစ် တသိန်းနှစ်သောင်း
အောင်နိုင်ဦးတလ
ဒေါ်လာ ၅၀၀၀ တနှစ် ခြောက်သောင်း
(ခရီးထွက်တဲ့
အချိန် စပါယ်ရှယ် တီအေဒီိအေတွေ မပါသေးပါ)
ရွှေနဲ့
စု
ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးရွှေမန်းကတော့ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတိပ်ကာလန
ဲ့မျက်မှောက် ကာလမှာပါ ငွေထုတ်ကြီးနဲ့ကိုင်
ဘေးက၀ိုင်းဝိုင်းလည် ရှိနေပြီးသား ခေါင်းပုံဖြတ်စီးပွားရေးသမားလုပ်ငန်း ရှင်တွေ၊
သူတို့လက်မလွှတ်နိုင်တဲ့ အရင်းအမြစ်အစိုင်အခဲတွေကိုပဲ၊ ဘယ်လောက် ပြည်သူတွေက
ဝေဖန်အပြောများ များ၊ ဆက်မျက်နှာပြောင်တိုက် တောင့်ကြံ တောင့်ခံပြီး ဒီသွေးစုပ်ဖုတ်ကောင်တွေရဲ့ အမြတ်ကြီးစားလက်ဝါးကြီးအုပ် စီးပွားရေးကိုသာ ကာကွယ်သွားကြပါလိမ့်မယ်။ ဒီတော့
ဒီမိုကရေစီကတော့ မျှော်ရင်းဝေးနေပါဦးမယ်။ ဒီ့အပြင် ရွှေ စု သင့်မြတ်မှုကို ဂိုဏ်းချုပ်ကြီး
သန်းရွှေ အလွန်နှစ်လိုလို့ ဒေါ်စုက လည်း ဦးရွှေမန်းနဲ့ တိုင်တိုင်ပင်ပင်လေး
ဆက်သွားနေ တာပါ။ ပြည်သူလူထု ဘာထင်ထင် ဂရုမစိုက်တဲ့ အတွဲမှာ ပါဝါနဲ့ ကြွယ်ဝချမ်းသာမှု
အရင်းအမြစ်ကို တိုက်ရိုက်ပေါက်တဲ့ ဂွင်ကို ဒီအသင်းက သေခြာခိုင်ခန့်ပါစေ့မယ်။
လူထုရေးရာနဲ့
စပ်လျဉ်းလို့ကတော့ လူတွေကို နွားလို့သဘောထားနေရုံ သက်သက်ပါပဲ။ ပေါက်ကွဲတော့မဲ့
လူထုဒေါသနဲ့ သူတို့မရှင်းနိုင်တဲ့ အုပ်ချုပ်ရေးပြဿနာတိုင်းမှာ အဖြစ်ဆိုရုံလေး
အမည်ခံမျှပြောင်းပြဖို့လောက်သာ အားစူနေကြပုံ ရပါ တယ်။ ပြဿနာတွေကို မရှင်းဘဲနိုင်ငံခြားတွေ
ခဏခဏ ထွက်ပြတာတွေ၊ တခုခု ကို ကြိုးစားညှိယူနေသလို ပုံဖမ်းပြနေ တာတွေ၊ မြန်မာ့ဒီမိုကရေစီအတွက်
သူတပါးနိုင်ငံက နည်းနာရယူဖို့ ထွက်နေပါတယ်ဆိုတဲ့ ခရီးတွေဟာ ဦးသိန်းစိန် ပုံ ရိပ်၊
ပြီး ဦးသိန်းစိန် ပီအာအုပ်စု အောင်မင်းတို့ ပုံရိပ်ကိုသာ အထောက်အကူပြုစေပါတယ်။ အမှန်တကယ်ကတော့..
အောင်မင်းမွေးထားတဲ့ ဒေါက်ခြာတအုပ်စုက ဒေါ်အောင်ဆန်းစုကြည် ထင်ထားသလို သူ့သစ္စာခံတွေ
လုံးလုံး မဟုတ်ဘဲ၊ ဒီပွဲစားတသုတ်ဟာ ပေါင်းစားတတ်တဲ့သူတို့ အတတ်ပညာနဲ့ သူတို့ဖာသာ
တစင်ထောင် တဂွင်ဖမ်း၊ သူတို့ နည်းသူတို့ ဟန်နဲ့ စီးပွားလုပ်စားဖို့ တာဆူနေကြသူများသာ
ဖြစ်တယ်။
ငြိမ်းချမ်းရေး
ဟန်ပြ၊ နိုင်ငံရေးပွဲစားများ
ဦးအောင်မင်း
ကိုယ်တိုင် သူတို့ စစ်အုပ်စုထွက် တံဆိပ်ဟောင်းတွေနဲ့ ကမ္ဘာအရပ်ရပ်က လူကြားထဲထွက်တိုင်း
သိပ် မတင့်တယ်လို့၊ ဒီမိုယောင်ဆောင် ဒီမိုတံဆိပ်ကပ်ထားတဲ့ အမှန်တကယ် မည်သည့်အလုပ်မျိုမှ
ဟုတ္တိ ပတ္တိ လူထုပါလာ အောင် လုပ်မပြနိုင်တဲ့ လူလေးငါးယောက်ကိုမွေးပြီး လိမ်စားနေကြတာ
ဖြစ်ပါတယ်။ တလ တသောင်းခွဲ စား ၂ ယောက် ဖြစ်တဲ့ဇော် ဦးနဲ့ ဦးသန့်မြေး သန့်မြင့်ဦး
၂ ယောက်မှာ၊ သန့်မြင့်ဦး ပါတ်သက်နေတာ
ဇော်ဦးပွဲစားလုပ်ထားလို့ ဖြစ်တယ်။ စစ်အုပ်စုက သန့်မြင့်ဦး စီက သူ့ အိုင်ဒီယာကို
ဝယ်တယ်ဆိုတာထက်၊ ဦးသန့် မြေး ဆိုတဲ့နံမည်ကို ၀ယ်ထားတာသာ ဖြစ်ပါတယ်။ ဒါကလည်း
ဇော်ဦးက သူတယောက်တည်းဆို လူမပြောနဲ့ ခွေးတောင် လက်မခံတဲ့နံမည်ပျက် နံမည်ဆိုး ရှိတဲ့သူမို့ ခုလိုပေါင်းစား နိုင်ငံရေးမှာ
ဒေါ်စုကို ဘေးကယှဉ်တိုက်နိုင်အောင် ရည်မှန်းချက်တူတဲ့သူတွေ အချင်းချင်းကြိုစု ထားတာသာ
ဖြစ်တယ်။
ခက်တာက
မြန်မာနိုင်ငံမှာ ဘာဘူနိုင်ငံရေးက တော်တော်ထွန်းကားတယ်။ တယောက်ပဲ နံမည်ကြီး၊
ဘာကြောင့်ပဲ နံမည် ကြီးကြီး သူ့ကို ချက်ချင်းနေရာပေး ဆွဲစိလိုက်ခြင်းဟာ၊
အရည်အချင်း၊ တော်လှန်ရေးစိတ်ဓါတ်၊ သက်လုံခံနိုင်ရည် အ၀၀နဲ့ အမှန်တရားအတွက် ဘာနဲ့မှအလဲအလှယ် မလုပ်တဲ့
နှလုံးရည်မျိုးရှိသူတွေ မြန်မာ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ထိထိရောက်ရောက်
အလုပ်လုပ်ဖြစ်ဖို့ အလွန် ခဲယဉ်းစေပါတယ်။
လူကြိုက်နည်းလှတဲ့
အောင်မင်းအုပ်စု (သို့) သမတ အကြံပေးအဖွဲ့မှာ ဦးသန့်မြေး သန့်မြင့်ဦး
ပါဝင်ပတ်သက်ခြင်းမှာ လူ့ကပ်ပါး ဇော်ဦး ပထမပွဲစား စဖြစ်ခြင်းနဲ့ ဆိုင်ပါတယ်။
ဇော်ဦး သူတယောက်ထဲ တိုးမရနိုင်တဲ့ ပွဲတက် လူရာဝင်မှုမျိုး ကို သူသိတဲ့နည်းနဲ့
ဆွဲဖါထေးလိုက်တာသာ ဖြစ်တယ်။ ဗဟုအုပ်စုနဲ့ သူတို့နဲ့နီးတဲ့ ခရိုနီပိုင်
ဂျာနယ်တွေသတင်းစာတွေ၊ အခစား ဖေ့စ်ဘွခ် ရေးစားသမားများကြားမှာတောင် ဦးသန့်ပုံ ဦးသန့်လိုင်းကို
ဓါတ်ပုံတွေ ခဏခဏ တင်ပြီးထုတ်ရှိုးခိုင်း ထားတဲ့ မီဒီယာဆိုက်ဝေါ ဆက်ရှင်တခုရှိတယ်။
ဦးသန့်နဲ့ ၂၀၁၂/၂၀၁၃ နိုင်ငံရေးပုံရိပ်တွေနဲ့ ဘာဆိုင်လို့လဲ။ ဒါပေမဲ့
ဒါတွေအားလုံးဟာ သူတို့ အစီအစဉ်ကျကျ လုပ်နေကြတာ ဖြစ်တယ်။ သူတို့ မတတ်နိုင်တာကတော့
.. လူထုမကျေနပ် မှု၊ မုန်းတီးမှု။ ဒါတွေ ပျောက်သွားအောင် ဘယ်သူမှ မတတ်နိုင်ကြဘူး။
ဒီမိုကရေစီ
အရေခြုံစစ်အုပ်ချုပ်ရေးကို ဦးသန့် မြေး မပြောနဲ့။ အလုပ်မဖြစ်တဲ့ ငြိမ်းချမ်းရေး
ဆန်တာက လခစားတသုတ် မပြောနဲ့။ ယုတ်ဆွအဆုံး ဒေါ်အောင်ဆန်းစုကြည်တောင် ၀င်မပြောနဲ့။
ဒီလောက် လွဲဖယ်နေ တက်တက်စင်မှားနေတဲ့ အုပ်ချုပ်ရေးကို ပြည်သူတွေက လက်မခံဘူး။
လက်ခံချင်ယောင် ပြနေတာက ပို့စကဒ်တွေနဲ့ မြန်မာပြည်ဖြစ်သတင်းတွေ မှာပဲ ရှိတယ်။
စီအိုင်အေတော့
မဟုတ်၊ လခစားတွေသာ ဖြစ်တယ်။ ငြိမ်းချမ်းရေးရံပုံငွေတွေကို ထိုင်သုံးနေကြတယ်။
မင်းဇော်ဦး
ကတော့ တလောကသူတို့ အောင်မင်းစီမှာ လစာကြီးတွေတောင်း၊ သူတို့ အခွင့်အရေး သက်သက်အတွက်
ငြိမ်းချမ်းရေးအဖွဲ့မှာ လျှောက်ပြန်သံပေး လုပ်နေကြပါတယ်ဆိုတဲ့ ဆောင်းပါးတိုလေး ရေးစဉ်က
သူတို့ပဲ မဟုတ်သလို၊ စွေ့စွေ့ခုန်ပြနေပါတယ်။ စီအိုင်အေ ဟုတ်မဟုတ် ဒီတချက်ကြည့်
ဆုံးဖြတ်ကြသင့်တယ်။ စစ်တပ်က ငတုံးတွေကလည်း တချက်မှ အပြင်မထွက်ဖူးဘဲ၊ သူတို့နဲ့ပတ်သက်စကားပြောဆိုနေတဲ့
လခစား သုံးလေးယောက်ကိုရင်းပြီး ပြည်တွင်းပြည် ပက စစ်အုပ်ချုပ်ရေးကို ပြတ်သားစွာ ဆန့်ကျင်အတိုက်အခံ
ပြုတဲ့လူတွေအကုန်လုံးကို စည်းရုံးလို့ ရနိုင်တယ်ဆိုတဲ့ delusion ဒလူးရှင်း မဖြစ်သင့်၊
ဒီလူတွေ ပဒိုင်းသီးမြိုပြီး သူတို့ ဆက်လိမ်လျှင်တောင် လူတွေသူတို့ကို မယုံကြည်။ ညစ်
ပတ်တဲ့ နိုင်ငံရေး နားလည်နိုင်စွမ်းရှိတဲ့ ပြည်သူအပေါ် တန်ပြန်ကလေးကွက်တွေနဲ့
ကလေးကလား လုပ်နေတာတွေကို လူတွေက စက်ဆုပ်တယ်။
ဆုတွေထွက်ယူပြနေတာ
ပီအာ လုပ်စားနေတယ်ပြောတာ မမှန်လို့လား။ နော်ဝေးနဲ့ တခြား စကင်ဒီနေဗီးယန်းနိုင်ငံ တွေ
က လှူတာတွေထိုင်ဖြုန်းနေကြတာကရော မမှန်လို့လား။ ပြီးတော့ အထက်က လခစားတွေ
တယောက်မကျန်သူတို့ကို အခွင့်အရေးသမားတွေလို့
လူတွေက ခေါ်ကြတာ မမှန်လို့လား။ တလအမေရိကန် ဒေါ်လာနဲ့ လခ ၁၀၀၀၀
ကနေ ၁၅၀၀၀ အထိ တောင်းတာ၊ တကယ် ဒီလခတွေ
ထိုင်ယူနေတာကရော မမှန်လို့လား။
မင်းဇော်ဦး
လိုချင်တာကတော့ ဇော်ဦးလို တလ ဒေါ်လာ ၁၅၀၀၀ ဖြစ်ချင် ဖြစ်နေမှာပေါ့။ မရလို့သာ ဒီလိုနဲ့
သူ့တို့ လခ ကို ဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ တလ တသောင်း တနှစ် တသိန်းနှစ်သောင်း၊ ဇော်ဦး
တနှစ် တသိန်းရှစ်သောင်း။ ဇော်ဦး လူလည်ကလည်း သူမွေးထားတဲ့ မျောက်က သူ့ထက်လခ
ပိုကောင်းဖို့ ဘယ်ခွင့်ပြုပါ့မလဲ။ ဥရောပက ၀င်လာတဲ့ ငွေတွေရဖို့ သမတကို မြူဆွယ်ခဲ့စဉ်က
ပရိုပိုဆယ်ရေးလို့ အလုပ်ကြီးတွေလုပ်ပေးရစဉ်က၊ ၁၀ သန်းဝင်ရင် ဘယ် လောက်၊ သန်း ၅၀
ဝင်ရင် ဘယ်လောက်ဆိုတဲ့ ဇော်ဦး သီးသန့်တောင်းတဲ့ ပွဲခ ပါဆင့်တေ့ခ်ျက ဘယ်လောက်လဲ။
သူတို့ထဲမှာ
လစာအနည်းဆုံးက အောင်နိုင်ဦး ပါပဲ။ သူတို့ အားလုံးဟာ နိုင်ငံရေး အကြံပေးလုပ်နေတယ်သာ
ဆိုတယ်။ ဘာမှ ပြည်သူလူထုအတွက် အကျိုးမပြုနိုင်သေးပါဘူး။
သန်းရွှေ မွေးခဲ့တဲ့ နေ၀င်းမောင် အရပ်သား အုပ်စုက လူသစ် အချို့ထပ်ငှားယမ်း ရီခရုတ်
လုပ်ထားတာသက်သက်၊သူတို့ဟာ အနှစ်သာရအားဖြင့်
မပြောင်းမလဲ တသမတ်တည်း ဖြစ်နေပြီး စစ်အာဂျန်ဒါတွေမှာ လူတွေ မဆိုစလောက်လေး လက်ခံလာအောင်တောင်
ဘူးလုံးနားမကွဲ ရှင်းပြနိုင်စွမ်း ရှိတဲ့သူတွေတောင် မဟုတ်ပါဘူး။
သူတို့ကို
အောင်မင်းနဲ့ သမတရုံးက ဒီလောက်များတဲ့ လစာတွေပေးတော့၊ သမတ ထက်တောင် လခများနေလို့
ဝေဖန် သံတွေ မကျေနပ်သံတွေ ထွက်လာခဲ့တယ်။
သူတို့ အတွင်းစည်းမှာကိုဖြစ်နေတဲ့ အသံတွေ ဖြစ်ပါတယ်။
စကင်ဒီနေးဗီးယန်းနိုင်ငံတွေက
ရတဲ့ပိုက်ဆံနဲ့ ငါးကြင်းဆီ ငါးကြင်းပြန်ကြော်ပြီး ဒီကောင်တွေကို ကျုပ်က ခိုင်းစားထား
တာလို့ မကျေနပ်နေတဲ့ ဗိုလ်ချုပ်အချို့နဲ့ လက်ထောက်တွေကို ပေါသလိုလို ရူးသလိုလိုလုပ်
ဦးအောင်မင်းက အဖြေပေး ခဲ့သေးတယ် မဟုတ်လား။ အမှန်က အောင်မင်းကြီးကိုယ်တိုင် ဒီပွဲစားတွေနဲ့
ပွဲတော်တည်နေတာ ဖြစ်တယ်။
ဦးအောင်မင်းကိုယ်တိုင်
ဒီ လူတွေ လခတောင်းကြမ်းတာ လူတကာကိုလျှောက်ပြောနေတာပဲ။ ဒီတော့ တပ်ရင်းမှူးကြီး တွေက
သေနတ်ပြပြီး ဒင်းကြမ်း ဗြောင်လု ဗြောင်တိုက်တော့တာပေါ့။ စစ်တပ်လုစားတော့ နံမည်တအားပျက်တယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးဆန်တာက ခေတ်သစ်သူခိုးတွေကတော့ ကံထူးစွာ ကြောင်သူတော်လုပ်ခွင့်
အထူးလိုင်စင် ရထား တယ်။ မင်းဇော်ဦး ကလည်း
တလောက လူမိသွားတာ သူမခံနိုင်လို့တောင် ပြောမြောက်ပြော ရမ်းနေ သေးတယ် ဆို လျှင်၊ သူ့
ထမင်း ရှင်ဦးအောင် မင်း ကြီး ပါးစပ်နဲ့တခြား မမြင်ရတဲ့၊ နတ်မျက်စိ နတ်ပါးစပ်တွေ
အကုန်လုံးသေသေ ချာ ချာ ပိတ်ထားဖို့ကောင်းတယ်။ ပြည်သူ့ဘက်တော်သားတွေကတော့ ပြောစရာ
ရှိတာပြောရမှာပဲ။ သူခိုးက လူလူဟစ်တာ မျိုးတော့ လောကကြီးက နေရာတိုင်းမှာ
ပေါပေါရောရော ဆက်တိုက်ခွင့်ပြုပေးလိမ့်မယ် မထင်ဘူး။
အေဘီကို
မုန်းတဲ့၊ အေဘီတပ်ကို မလိုလားတဲ့ ၄ သိန်း
တပ်မဟာချုပ်များ၏ စိတ်ရောဂါ
တော်လှန်ရေးမှာ
အနေကြာ၊ ဘယ်နိုင်ငံမှမရောက်၊ သောင်ပြင်မှာ တွယ်ရာမဲ့နေဆဲ အဆင်မပြေသေးတဲ့ အေဘီ
ရဲဘော် တွေ အနာဂတ်ရေးရာအတွက် သူငယ်ချင်းတွေ ရဲဘော်ကောင်းတွေ မခံနိုင်တဲ့သူတွေက
စိတ်ပူကြတယ်။
မြောက်ပိုင်းကိစ္စနဲ့
ဘာမှလည်းမဖြစ်၊ အောင်မင်းတို့ဘေးမဲ့ပေးထားတဲ့ ဒေါက်တာနိုင်အောင်ပဲ ထွန့်ထွန့်လူးမတတ်
အထဲ မှ အခြေချချင်နေတာ ဆိုပါတော့။ မန်းက စစ်ထောက်လှန်ရေးတွေ၏ မိတ်ဆွေကြီးငယ်တွေနဲ့
စီးပွားဖြစ်နေတဲ့သူတွေက လည်း၊ အမြုံတွေထက်တောင် ညံ့ဖျင်းသေးတယ်။ မြောက်ပိုင်းကိစ္စ
ဗန်းပြပြီးလို့ လေနဲ့ ၀သွားလေတော့ ခု မျက်နှာ
ဗြောင်တိုက်ပြီး အမှန်တရားဆိုတာ ဂျိုနဲ့လားလို့
သူတို့ကို လှမ်းမေးရမလို ဖြစ်နေတယ်။ စစ်အုပ်စုဟာ လူရွေးတတ်ပါ တယ်။
စစ်အုပ်ချုပ်ရေးနဲ့
စစ်ဥပဒေကို တောက်လျှောက်ဆန့်ကျင် ကြည့်၊ ပြည်တွင်းမှာ အမှန်တရားဆိုတဲ့ အလွန်ရှားပါးတဲ့
အ ရာကို တိုင်လေးတခုမှာ မြဲအောင်ပူးချည်ဖို့ နှီးကြိုးလေးတချောင်း
လိုက်ရှာရင်တောင် တော်တော် ခဲယဉ်းစွာ လိုက်ရှာ ရလိမ့်မယ်။ ပေါင်းစားမလား၊ ရတယ်။
သူတို့တို့ ကြိုက်တာတွေ ပြောမလား၊ ရေးမလား၊ ရတယ်။ စစ်အုပ်စု နှစ်သက်တဲ့ ထပ်ကာထပ်ကာ
ကြားချင်တဲ့ သတင်းခေါင်းစဉ်မှာ မြောက်ပိုင်းဇတ်လမ်းပါလေရဲ့။
အရေးယူတဲ့
အဆင့်ထိရောက်အောင်တော့ စစ်ထောက်လှန်းရေးနဲ့ သူတို့ မီဒီယာတွေက စိတ်မ၀င်စားပါဘူး။
ကိုယ့် ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်သွားပြီး မန်းက သတင်းပေးတွေ လူမိသွားနိုင်တာမို့၊
၂၀၁၂ နှစ် တလျှောက်လုံး အေဘီကို ထိုးနှက်ရုံသက်သက် ရေးသားခဲ့သူတွေကတော့
အချိန်တခုအထိ နဲနဲထပ်စောင့်ပါ ဆိုတဲ့စကားနဲ့ လူတွေကို ဆက် လှည့်စားနေကြဆဲ ဖြစ်တယ်။
စောင့်ခိုင်းထားတဲ့ကာလမှာ အေဘီကို အနုအကြမ်းနည်းတွေသုံး အတင်းဝင်ဖျက် ဆီးတော့တယ်။
အော်ဆီက ထောက်လှမ်းရေးသတင်းပေးမက ဥရောပက ထောက်လှမ်းရေးသတင်းပေးထီးတယောက် ကို
အချက်အလက်အရ ကူညီပြီး၊ စစ်အုပ်စု မုန်းတီးကြောက်ရွံ့တဲ့ သူတယောက်ကိုကျတော့ ချက်ကြလက်ကျ
ပိတ်ဆို့ ဒုက္ခပေး လုပ်တတ်ကိုင်တတ်လိုက်ကြတာမှ၊ အတိုင်အဖေါက်တွေညီ ဆိုဖွယ်ရာကို
မရှိဘူး။
ဒီနေရာမှာတော့
လက်သွက်ခြေသွက်တွေမို့ တားလို့တောင်မရ၊ စောင့်တောင်မစောင့်နိုင်၊ ၃၈ ယောက် ပြုတ်ခဲ့ရပါတယ်
လို့ ငိုချင်းချတဲ့ မင်းသမီး၊ မင်းသားတွေ၊ အစိုးရ နိုင်ငံခြားရေးရုံးက စပိုင်တွေ၊
သူတို့ အမျိုးတွေ ညွန်ကြားချက်အတိုင်း ကစားနေကြတယ်။ စစ်အုပ်စုအတွက်
အလုပ်လုပ်ပေးနေတယ်ဆိုတာ တော်တော်ပေါ်လွင်နေတယ်။ ၃၈ ယောက် ကိစ္စ မှာ ဘယ်သူက ဘယ်သူ့ကို
စောင့်ခိုင်းထားပါသလဲ။
မက်ဆင်ဂျာ
ဂျာနယ်က ထိုးဖေါက်မွှေနှောက်ထားတဲ့ ခရစ်တစ်ကဲလ်မေးခွန်းများ ထုတ်သင့်တယ်။ ဒေါက်တာနိုင်အောင်
ကို ဗျူး စီးပွားရှာစားနေတဲ့ မြစ်မခက
ကြံ့ဖွတ်သတင်းထောက်မလည်း ဒီလို ခရစ်တစ်ကဲလ် ဖြစ်တာတွေ မရေးသင့်ပေ ဘူးလား၊
စဉ်းစားမိတာကို ပြောတာပါ။ လူထုအတွက် စေတနာ မရှိဘဲ၊ မီဒီယာကို ဖင်ခုထိုင် ညစ်ပတ်
နေသူတွေကို အထူးစက်ဆုပ်တယ်။ ကိုယ့်အလှည့်ကျရင်တော့ ပြန်ပေးဆပ်တတ်ရမယ်။
ညစ်ပတ်တိုင်းမကောင်းဘူး၊ လုပ်လို့ရလို့ လုပ်တယ်ဆိုတဲ့ အတ္တလည်း တချိန်မှာ
အဆုံးရောက်သွား နိုင်ပါတယ်။ မျှတစွာ လူလိုသူလို စဉ်းစားနိုင်ကြဖို့ပါ။
အေဘီ
အက်စ်ဒီအက်ဖ်ကို ပူးသတ် လာဘ်ထိုး ဖျက်ဆီးနေပြီလော
ဖျက်တာတော့
မရ ရတဲ့နည်းနဲ့ ၀ိုင်းဖျက်နေကြတယ်။ အောင်မင်းဟာ လူတိုင်းကို ချဉ်းကပ်ရာမှာ သူနဲ့ပူးကပ်နေတဲ့
ဇော် ဦး၊ မင်းဇော်ဦး၊ ညိုအုန်းမြင့်၊ သန့်မြင့်ဦး၊ အောင်နိုင်ဦး စတဲ့ လူတွေနဲ့
ပေါင်းစား လုပ်စားရသလောက် မလွယ်မှန်းသိပုံရ တယ်။ ဒါပေမဲ့ ခုထိ ကျန်နေသေးတဲ့
ရဲဘော်ကောင်းတွေ ရှိသေးတယ်။ ပြီးတော့ သူများလှည့်ရင် လှည့်တိုင်း လှိမ့်ခံရမဲ့ သူများလည်း
အထီးကျန်စွာ ဘေးမှာ ကျန်နေခဲ့သေးတယ်။ ရွေးချယ်စရာ ရှားပါးတဲ့ အနေအထားမှာ
လူတိုင်းသူသူ ကိုယ်ကိုယ်အကာအကွယ် မဲ့တတ်ကြပါတယ်။ ဒါကို ငြိမ်းချမ်းရေး မစ်ရှင်အဖွဲ့က
ထောင်ချောက်ပြုပြီး တော်လှန်ရေးအင် အားစုများကို ထောင်ဖမ်းကြပါလိမ့်မယ်။
သူတို့နဲ့ပတ်သက်ပြီး
အေဘီ လက်ကျန်ကောင်တွေကိုဘယ်လို လုပ်လိုက် ဘယ်လိုကိုင် ဘယ်လိုကျွေးလိုက် ဘယ်လို
လုပ်လျှင် ဘယ်သူတွေ ဘယ်လို သာခွေယိုင်သွားနိုင်တယ်ဆိုတဲ့ ဂျပန်အလိုတော်ရိ
သတင်းပေးကရော ဘယ်သူပါလဲ။
ဇော်ဦးတို့
မင်းဇော်ဦးတို့ မဟာဗုဒ္ဓ၀င်ကို ရင်ညွှန့်မှာအပ်ပြီး အေဘီရဲဘော်တွေနဲ့ တခြား နိုင်ငံအသီးသီး
ရောက်နေတဲ့ ရပ်တည်ချက်ရှိသူများတွေကို
တစစီဖဲ့ပြီးဖျက်စီးမဲ့ အကြံတွေ မရှိပါဘူးလို့ ကျိန်ပြောခဲ့ရင်တောင် ဦးအောင်မင်းရုံး
အ ပေါက်စောင့်ကအစ ယုံမှာ မဟုတ်ဘူး။ ဒေါက်တာ နိုင်အောင် ကိုယ်တိုင် အေဘီပြန်ဝင်ရေး
ဦးဆောင်လှုပ်ရှားမှုမှာ လုံး လုံး မသန့်စင်ဘူး။ သူတို့ကိုယ်သူတို့ အသိဆုံး
ဖြစ်ပါတယ်။
ရဲဘော်ကောင်းတွေကို
ရောင်းစားနေကြတယ်။ မခံကြနဲ့၊ အေဘီကို တောင်းစားတဲ့ အသွင်ဖြစ်အောင် မနှိမ့်ချနဲ့။
တက္ကဆီ အစီး ၆၀ ဟာ လာဘ်ထိုးခြင်းလား။ တက္ကဆီ အစီး ၆၀ က ပြဿနာလား၊ အေဘီရုံးခန်း
မဖြစ်မနေဖွင့်ရမဲ့ လိုအပ်ချက်က သာ စစ်အုပ်စုအတွက် ပြဿနာမဟုတ်ပါလား။
အထက်က
ပွဲစားတွေနဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေ၊ သူတို့ နေ့တဓုဝ ပြောဆိုနေတဲ့ ခေါင်းစဉ်တွေကဘာတွေတုန်း။
ဘယ်နိုင်ငံက ဘယ်သူ့စီမှာ ပိုက်ဆံ ဘယ်လောက်ရဖို့ ဘယ်သူက အီးမေးပို့ မယ်၊ ဘယ်သူက
ဖုန်းခေါ်မယ်။ ဘယ်သူက ဖေါလိုးအပ်ပ် လုပ်မယ်။ ဘယ်သူက ခရီးထွက်မယ်။ တော်လှန်ရေးစိတ်ဓါတ်အကျန်တွေနဲ့
စစ်အုပ်စုကို ဆန့်ကျင်နေတဲ့ သူတွေကို ဘယ်သူက ဘယ်သို့၊ ဘယ်သူ့ ကို ဘယ်လိုလုပ်၊
ဘယ်ကောင်ကို ဒီလိုဖြုတ်၊ ဒီကောင်တွေကို ဒီဟာပေးရင် ဟိုဟာဖြစ်လိမ့်မယ်။ ဒီကောင်တွေ
တောင်းတိုင်းမပေးနဲ့။ ရုံးဖွင့်ခွင့်ရသွား ရင်အေဘီဟောင်းတွေ တကျော့ပြန်ထကြွလာ လိမ့်မယ်။
ဒါမျိုးတွေ ၀န်ကြီးတို့က လုပ်မပေးရဘူးစသဖြင့်၊ ဒီကောင်တွေကို တက္ကဆီ ၅ စီး ၁၀
စီးလောက်နဲ့ပဲ မရ ရ အောင် ဈေးစစ်၊ ဒီလို ယုတ်ညံ့တဲ့ စကားလုံးတွေ ဘယ်သူ့ပါးစပ်က
ထွက်လာတာလဲ။
ဒီစကားမျိုးတွေပြော
ကိုယ်စောင့်နတ် လုံးလုံးလျားလျား မရှိတဲ့ ဘယ်မြေခွေးများက ငြိမ်းချမ်းရေးဆန်တာမှာ မွှေနေ
ရှုပ်နေပါသလဲ။
သိပ်ရှည်နေလို့နောက်တပိုင်းဆက်ဖတ်ပါ။
အေးအေးစိုးဝင်း
ဧပြီ
၂၉ ၂၀၁၃
No comments:
Post a Comment