စာပေမိတ်ဆွေများ၊ နိုင်ငံရေးရဲဘော်များခင်ဗျား
ယခုပွဲမှာ
ကိုမိုးသီးဇွန်မလာရောက်နိုင်တဲ့အတွက် ကိုမိုးသီးဇွန် ကိုယ်စား ကျနော်ပြောပေးခြင်း ဖြစ်ပါတယ်။
အပိုင်း(၁)
ပဏာမအနေနဲ့
သမိုင်းကြောင်းလေးနဲနဲ ပြောချင်ပါတယ်၊ ၁၉ရရမှ၁၉၈၈
အထိ မြေအောက်ကျောင်းသားလှုပ်ရှားမှုကို ရန်ကုန်တက္ကသိုလ်အသီးသီးမှာ
ကျနော်တို့ စည်းရုံးလှုပ်ရှားခဲ့ပါတယ်။ ကျနော်၊ ကိုဌေးသိန်း၊ ကိုနေ၀င်း၊ ကိုသီဟလတ် တို့ပါဝင်တဲ့ကျောင်းသားခေါင်းဆောင်ကလပ်စုည်းကိုဖွဲ့စည်းလှုပ်ရှားခဲ့ပါတယ်။
ကျနော်တို့ စည်းရုံးလှုပ်ရှားခဲ့ပါတယ်။ ကျနော်၊ ကိုဌေးသိန်း၊ ကိုနေ၀င်း၊ ကိုသီဟလတ် တို့ပါဝင်တဲ့ကျောင်းသားခေါင်းဆောင်ကလပ်စုည်းကိုဖွဲ့စည်းလှုပ်ရှားခဲ့ပါတယ်။
၁၉၈၅ မှာ
ကိုမိုးသီးဇွန် ကျနော်တို့နဲ့ ဆက်သွယ်ပြီး မြေအောက်ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။ ၁၉၈၈ မှာ ကိုမင်းကိုနိုင်နဲ့ ဆက်သွယ်ခဲ့ပါတယ်။ ၁၉၈ရ ငွေစက္ကူအရေးအခင်း၊ ၁၉၈၈ မတ်လအရေးအခင်း၊ ၁၉၈၈
ဇွန်အရေး အခင်း၊ ရှစ်လေးလုံးအရေးအခင်းများပါဝင်လှုပ်ရှားခဲ့ပါတယ်။ ရှစ်လေးလုံးကာလအတွင်း ကိုမင်းကိုနိုင်က ဗကသ
ဥက္ကဋ္ဌ အဖြစ်၎င်း၊ ကိုမိုးသီးဇွန်ကအတွင်းရေးမှုးအဖြစ်၎င်း၊ ဆောင်ရွက်ခဲ့ပါတယ်။
၁၉၈၈ စက်တင်ဘာ
(၁၈) အာဏာသိမ်းအပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအဖြစ် ၎င်းထမ်းဆောင်ခဲ့ပါ တယ်။ ၁၉၈၉
ဧပြီမှာ တောခိုခဲ့ပြီး ABSDF ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၁ မှာ အမေရိကန်ပြည်ထောင်စုသို့
ရောက်ရှိခဲ့ပါတယ်။ ၂၀၁၂ အောက်တိုဘာမှာ မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိပြီး ပျော်ရွှင်စွာ
ပြန်ပေါင်းထုပ်ခဲ့ပါ တယ်။
ABSDF
နဲ့ ပါတ်သက်တဲ့ ကျနော့်ကောက်ချက်များကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုမှာ
စစ်ကြောင်းကြီး (၄) ကြောင်းရှိပါတယ်။ မြေပေါ်လှုပ်ရှားမှု၊ မြေအောက်လှုပ်ရှားမှု၊ လက်နက်ကိုင်လှုပ်ရှားမှု၊
နိုင်ငံတကာ လှုပ်ရှားမှုတို့ ဖြစ်ပါ တယ်။ အဓိကလှုပ်ရှားမှုကတော့ မြေပေါ်လှုပ်ရှားမှုနဲ့ နိုင်ငံတကာလှုပ်ရှားမှုဖြစ်ပြီး
ကျန်လှုပ်ရှားမှုကတော့ အရံလှုပ်ရှားမှု များဖြစ်ပါတယ်။ ABSDF လှုပ်ရှားမှုဟာ အရံလှုပ်ရှားမှု
ဖြစ်ပါတယ်။
(၁) ကျောင်းသားတပ်မတော်ဆိုတာက
ဘယ်မှာမှမရှိ မြန်မာမှာသာရှိပါတယ်။
(၂) ABSDF
ဟာ စစ်ရေးအရ significant မဖြစ်ပါဘူး။ နိုင်ငံရေးအရသာ significant ဖြစ်ပါတယ်။
(၃) လက်နက်ကိုင်တော်လှန်ရေးဖြစ်တော့
ဖြစ်တယ်။ မအောင်မြင်ပါဘူး။
(၄) အချင်းချင်း
မှားယွင်းသတ်ဖြတ်မှုများဟာ စိတ်မကောင်းစရာဖြစ်ပါတယ်။ တော်လှန်ရေးဒီရေကျဆင်းခြင်း၊ နိုင်ငံရေး
အသိရေချိန်ကျဆင်းခြင်း၊ ဂမူးရှုးထိုးဖြစ်ခြင်းတို့ကို ဖော်ပြနေပါတယ်။
(၅) နောင်အခါ
ABSDF အဖွဲ့ဝင်များဟာ နိုင်ငံခြားသို့ပညာသင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာအကျိုးပြုခြင်းများရှိနေပါတယ်။
(၆) ABSDF
မှာ ကျနော့်ညီအပါအ၀င် ရဲဘော်အများအပြား ကျဆုံးခဲ့တယ်။ ဘ၀တွေပေးဆပ်ခဲ့ရတယ်။ ဘ၀ဒဏ်ရာ
တွေ၊ ကိုယ်ခန်နာဒဏ်ရာတွေ၊ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုသနှစ်သိမ့်ပေးခြင်းဟာ အမျိုးသားပြန်လည်ရင်ကြား
စေ့ရေး (national reconciliation) အတွက် အရေးကြီးတဲ့ အချက်တရပ်အဖြစ် တင်ပြလိုပါတယ်။
အပိုင်း
(၂)
မြန်မာ့နိင်ငံရေး
ရှေ့အလားအလာများကို ပွင့်ပွင့်လင်းလင်းတင်ပြလိုပါတယ်။
နံပါတ်တစ်
ဖြစ်နိုင်ခြေကတော့ (၂၀၁၅) ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ဖြစ်ပါတယ်။
အဓိက
ကတော့ ဒေါ်အောင်ဆန်းစုကြည်
သမတ မဖြစ်အောင်တားထားတဲ့အပိုဒ်များကို ပြင်ရန် ဖြစ်ပါတယ်။ ဒါတွေဟာ
၁၉၄ရ
ဖွဲ့စည်းပုံမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ထည့်သွင်းထားတဲ့အပိုဒ်များ ဖြစ်ပါတယ်။
(၂၀၁၅) ရွေးကောက်
ပွဲမှာ
(NLD) မဲအများစုနိုင်ဖို့ ခန့်မှန်းထားကြပါတယ်။ ဖွဲ့စည်းပုံပြင်ပြီးဖြစ်ပါက ဒေါ်အောင်ဆန်းစုကြည်
သမတ ဖြစ်လာ
နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမတ ဖြစ်ရေးဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား (national
Interest) ဖြစ်ပါတယ်။ ဒါမှသာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုများ တိုးတက်လာမှာ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှေ့ကို တိုး တက်ကြီးပွားဖို့ဟာ ဒီအချက်ပေါ်မှာတည်နေပါတယ်။
တပ်မတော်ရဲ့ အကျိုးစီးပွားလဲဖြစ်လို့ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ရေးပါတီတို့က
ထောက်ခံသင့်ပါတယ်။
နံပါတ်နှစ်ဖြစ်နိုင်ခြေကတော့
မည်သို့ပင်ဖြစ်စေ (၂၀၁၅) ရွေးကောက်ပွဲမှာကြံ့ခိုင်ရေးပါတီက ဆက်နိုင်မယ်။ ဒီနေရာမှာ
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုရင် ပြသနာရှိပါတယ်။ လက်ရှိ သမတ ပဲ သမတ
ဆက်ဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည် ဒုသမတ ဖြစ်မယ်။ ၂၀၂၀ ကျမှ ဒေါ်အောင်ဆန်းစုကြည် သမတ ဖြစ်မယ်။
နံပါတ်သုံး
ဖြစ်နိုင်ခြေကတော့ သူရဦးရွှေမန်း သမတ လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်မယ်။
နံပါတ်လေး
ဖြစ်နိုင်ခြေကတော့ အထက်ပါဖြစ်စဉ်အားလုံးထဲမှာ အကျုံးဝင်နေတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ အထက်ပါ
စဉ်းစား ချက်တွေဟာ တဖြောင့်တည်း ဒီမိုကရေစီကြီးထွားလာတဲ့ ဖြစ်စဉ်အဖြစ်စဉ်းစားထားတာ
ဖြစ်တယ်။ အကွေ့အကောက် များ၊ ရပ်တန့်မှုများ၊ နောက်ပြန်လှည့်မှုများ၊ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံ
ဆင်းရဲနေတဲ့ပြဿနာ၊ အလုပ်လက်မဲ့ပြဿနာ၊ ဆင်းရဲချမ်းသာကွာဟမှုပြဿနာ၊ လျှပ်စစ်ပြဿနာ၊ ဆက်သွယ်ရေးပြဿနာ၊
နိုင်ငံရေးအကျဉ်းသားပြဿနာ၊ ပြဿနာ ပေါင်းများစွာ။ ဒါတွေကိုဖြေရှင်းဖို့ ပြည်သူလူထု၊
အရပ်ဖက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ၊ တပ်မတော်၊ အစိုးရ၊ အားလုံးညီညီညွတ်ညွတ်နဲ့
ဝိုင်းဝန်းဆောင်ရွက်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလကြီး (Democratic
Reform) အဖြစ် ကျနော်တို့ကြိုဆိုပါတယ်။ မြန်မာ့ဆိုရှယ်လစ်တုန်းက တခါခံခဲ့ရပြီးပြီ။
အခုတခါ မြန်မာ့ဒီမိုကရေစီ လာ ပြန်ပြီလို့ ပြောနေသံကြားရပါတယ်။ ၁၉၆၂ တုန်းက ဒီမိုကရေစီကိုဖျက်သိမ်းတာဖြစ်ပြီး
အခုကတော့ ဒီမိုကရေစီကို ပြန် လည်တည်ဆောက်နေတာ ဖြစ်ပါတယ်။ ပြောင်းပြန်ပါ၊ လမ်းကြောင်းမှန်ပါ။
အပိုင်း(၃)
နောက်ဆုံး
ကျနော်ပြောလိုတာက အမှန်တရားပြဿနာ (problem of truth) ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအမှန်တရား
(သို့) သဘာဝအမှန်တရား (natural truth) တွေဟာ လက်ဆုပ်လက်ကိုင်ပြလို့ရတယ်။ ကျနော်တို့ခေါင်းထဲမှာ
ကမ္ဘာ ကြီးလုံးတယ်လို့ ယူဆတယ်။ (concept) တကယ်လုံးသလား မလုံးဘူးလား သက်သေပြလို့ရတယ်။
(proof) လုံးတယ် ဆိုရင် (truth) ဖြစ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ လူမှုအမှန်တရားများ (social
truth) တွေနဲ့ပတ်သက်ရင် အဲဒီလိုသက် သေပြလို့ မရပါဘူး။ တန်းတူညီမျှခြင်း၊ လွတ်လပ်ခြင်း၊
တရားမျှတခြင်း၊ ညီရင်းအကို ချစ်ကြည်သွေးစည်းခြင်း၊ တို့ဟာ (social truth) ဖြစ်တယ်။
မျက်စိနဲ့ကြည့်လို့မရ၊ ဓာတ်ပုံရိုက်ပြလို့ မရပါဘူး။ ကျနော်တို့ရဲ့ အိပ်မက်တွေ၊ ကျနော်တို့ရဲ့
စိတ်ကူးစံ (ideal) တွေ။ ကျနော်တို့ ဖြစ်ချင်တာတွေဟာ ကျနော်တို့ရဲ့အမှန်တရားပါ။
ဲ
ကျနော်တို့ရင်ထဲက
ဒီမိုကရေစီအမှန်တရားဟာ ရင်ထဲမှာ သိမ်းထားလို့မရပါဘူး။ ကဗျာဆရာဟာ သူ့အမှန်တရားကို စာလုံးတွေနဲ့
အကောင်အထည်ဖော်မယ်။ နိုင်ငံရေးသမားဟာ သူ့အမှန်တရားကို လူတွေနဲ့အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
သူလိုချင်တဲ့ လူနေမှုစံနစ်အကောင်အထည်ပေါ်အောင် လူ့အဖွဲ့အစည်းအတွင်း ရုန်းကန်တိုက်ပွဲဝင်အ
ကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ (implementation of truth) အဲဒီအခါ ကျနော်တို့ နိုင်ငံရေးသမားများ၊
ပြည်သူများ ရဲ့ အသက်သွေးချွေး၊ ဘ၀ဆိုတဲ့အရင်းအနှီးတွေ ပေးဆပ်ကြရတယ်။
မဆလ တပါတီအာဏာရှင်စံနစ်အောက်မှာ၊
န၀တ စစ်အာဏာရှင်စံနစ်အောက်မှာ ပြည်သူအများစုဟာ မုသာဝါဒဖြင့် နေထိုင်တယ်။ (living
with lie) ရာထူးတက်ဖို့အတွက် မဆလပါတီဝင်ကြရတယ်။ ဒါပေမဲ့ ရင်ထဲမှာ မကျေနပ်ကြဘူး။ အမှန်တရားရှိတယ်။
ရှစ်လေးလုံးကာလမှာ၊ ၉၆မှာ၊ ၂၀၀ရ မှာ ပြည်သူတွေဟာ ရင်ထဲကအမှန်တရားကို ဖော်ထုတ်ခဲ့ကြ
တယ်။ အမှန်တရားနဲ့ နေထိုင်လာကြတယ်။ (living within truth-Valclav Havel) နိုင်ငံရေးသမားတွေကတော့ ထာဝ စဉ်အမှန်တရားနဲ့ နေထိုင်တယ်။
ဒါ့ကြောင့် ထောင်ကျတယ်။ တောခိုရတယ်။ နိုင်ငံခြားကို ထွက်ပြေးရတယ်။
နှစ်ပေါင်းနှစ်ထောင်ကြာတဲ့အခါ
ကျွန်စံနစ်ပျက်သုံးသွားတယ်။ ကမ္ဘာကြီးမှာ ပိုပြီးအမှန်တရားထွန်းကားလာတယ်။ ဒါပေမဲ့ ဆင်းရဲချမ်းသာကွာဟမှုတွေ၊
လူတစုကအာဏာကို နောက်ကွယ်ကကြိုးကိုင်မှုတွေ ရှိနေဆဲပါ၊ လုပ်စရာတွေ အများကြီးပါ၊ နောင်လူငယ်မျိုးဆက်သစ်တွေဟာအမှန်တရားမီးရှုးတိုင်ကို
ဆက်လက်သယ်ဆောင်နေကြတယ်။ အနာဂါတ်အတွက် အားတက်မိတယ်။
ဒီမိုကရေစီဆိုတာ
နှိုင်းရအမှန်တရား (relative truth) သာလျှင်ဖြစ်တယ်။ ဆိုလိုတာက သူ့ထက်ကောင်းတဲ့ အမှန်တ
ရားများ အယူအဆများပေါ်ပေါက်လာလိမ့်မယ်။ အမှန်တရားဟောင်းတွေဟာ အမှားတရားဖြစ်လိမ့်မယ်။
အကြွင်းမဲ့ အမှန်တရား (Absolute Truth) ဆိုတာ လောကီရေးမှာ မရှိပါဘူး။ လောကှုတ်တရာမှာပဲ
ရှိပါတယ်။ ပရမတ္တတရား လေးပါး။ ဒဂုန်တာရာက နိုင်ငံရေးသမားနဲ့ စာရေးဆရာဟာ မိမိနည်းနဲ
မိမိအမှန်တရားကို ရှာဖွေနေကြတယ်လို့ ပြောဖူးပါတယ်။ အမှန်တရားကိုရှာဖွေကြဖို့၊ အမှန်တရားကို
ဆုပ်ကိုင်ကြဖို့၊ အမှန်တရားကိုအကောင်အထည်ဖော်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
Note:
ဝေမှုးသွင်ရေးတဲ့ မိုးသီးဇွန်နဲ့ စကားစမြည် စာအုပ်မိတ်ဆက်ပွဲကို ဖေဖေါ်ဝါရီလ ၁၈
ရက်နေ့  ရန်ကုန်မြို့ HOME မီဒီယာ ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ
ဆရာသစ္စာနီ၊ ကိုဇော်မင်း၊ ကိုမြအေး တို့ အမှာစကားပြောကြပြီး စာပေနဲ့ နိင်ငံရေးနယ်ပယ်မှာ
မိတ်ဆွေတွေ တက်ရောက်ခဲ့ကြပါတယ်။
No comments:
Post a Comment