Tuesday, May 7, 2013

ခရိုနီလက်စွဲ ကော်လံဖြူတယောက်နှင့် မူလမြေယာပိုင်ရှင် တောင်သူတို့ရဲ့အမြင်နှိုင်းယှဉ်ချက်

“MESSENGER ဂျာနယ် စက်တင်ဘာလ (၃) ရက်နေ့ထုတ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းမှ စီမံကိန်းတာဝန်ခံ ဦးမြင့်အောင်နှင့် ဆက်သွယ်မေးမြန်းခြင်းကို အသိမ်းခံ (၂၆) ရွာမှ ဖြေကြားခြင်း” (၁၃.၉.၂၀၁၂)

မေး ... ရွာသူရွာသားတွေနဲ့ စီမံကိန်းကအဆင်မပြေဖြစ်နေတယ်။ အဓိက ကြေးနီစီမံကိန်းကြီးကြောင့် ရွာသူရွာသားတွေ
ဒုက္ခရောက်တယ်လို့ မြင်ကြတယ်။ ဖွံ့ဖြိုးမှုအတွက် စီမံကိန်းက လိုအပ်သလို အခြေခံလူတန်းစားတွေအတွက်က ကြည့်ရ ပါတယ်။ ဒါကို ဘယ်လိုမြင်ပါသလဲ ?

ဦးမြင့်အောင် ဖြေ ... ကျနော်တို့ကတော့ ဟိုအရင်စီမံကိန်းအတွက် ဒေသခံတောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရပါမယ်။ ဒီအတိုင်းပဲ ကျေးရွာပြောင်းမယ်ဆိုရင် သူတို့ရဲ့မူလ အိမ်အဆင့်အတန်းထက် မနိမ့်အောင် သွားရေး လာရေးပဲဖြစ်ဖြစ် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းလုပ်တဲ့နေရာတွေကို ရေတို့၊ လျှက်စစ်မီးတို့ လိုအပ်မှုမရှိအောင် ထား ပေးထားတယ်။ တောသူတောင်သားဆိုတာ ဒီနေရာမှာနေရင် ဘယ်လောက်ပဲ ရေရှားရှား မပြောင်းချင်ကြဘူး။ ကျေးရွာ အသစ်ဆောက်တဲ့ နေရာနဲ့ ရွာဟောင်းရှိတဲ့နေရာ နှိုင်းယှဉ်လို့ ရပါတယ်။ မြေတွေသိမ်းတာက ဧက (၆၀၀၀) ကျော်ကို လျော်ကြေးပေးရမှာပါ။ ဧက (၇၈၀၀) မှာ ပုံမှန်လျော်းကြေးပေးရမှာက ဧက (၅၀၀၀) ကျော်ပဲပေးရမှာ။

တောင်သူတွေက (လန)ရတဲ့ သတ္ထုတွင်းပိုင်တဲ့မြေ သတ်မှတ်တယ် တောသဘာဝကတော့ လွတ်တဲ့နေရာမှာ ထွန်ယက် စိုက်ပျိုးတာဖြစ်တယ်။ ထွန်ယက်စိုက်ပျိုးတဲ့အခါ တိုးလာတဲ့ ဧက (၁၇၀၀) လောက်ရှိတယ်။ ဒါက မြို့နယ်မှာ စာရင်းမ ပေါက်ဘူး။ တရားမဝင်တိုးချဲ့ပြီး သတ္ထုတွင်းဧရိယာထဲကို လုပ်ကိုင်တာ နောက်လျော်ကြေးနှုန်းထားအတိုင်းပေးတယ်။

သူတို့ မြေသိမ်းလျော်ကြေးအကြောင်းကို ကျနော်တို့ လူကြီးတွေသိတယ် ထိုက်တန်တဲ့လျော်ကြေးပေးမယ်။ ပြီးရင် ယာ ကို စွန့်လွှတ်လိုက်ရတဲ့အတွက် သူတို့ရဲ့စားဝတ်နေရေး အလုပ်အကိုင်ရရှိရေး တပိုင်တနိုင် စီးပွားရေး၊ ပညာရေး လူမှုရေး ကလေးငယ်တွေအတွက် ပညာရေးမြင့်မားဖို့ ဆောင်ရွက်ပေးထားမှာပါ။ အဲဒီအတွက် တိုင်းဒေသကြီးနဲ့ ပြည်သူ့လွှတ် တော်တို့ ညှိနှိုင်းဆောက်ရွက်ပြီးသားပါ။

ဒေသခံတွေရဲ့ခံစားချက်ကို ကျနော်တို့ စာနာပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်ကတော့ အမြင့်ဆုံးဆောင်ရွက်ပေးနေပါ တယ်။ မြေယာသိမ်းခံရမည့်သူတွေ ရွှေ့ရမည့်သူတွေ အသီးသီးစာနဲ့တင်ပြပါ ၎င်းတို့ရဲ့လိုအပ်ချက်တွေကို အမြင့်ဆုံး အကောင်းဆုံးဖြည့်ဆည်းပေးမှာပါ။

(၂၆) ရွာမှ … တောင်သူများ၏ ဖြေကြားချက်

ကျေးရွာအသစ်က ကျုပ်တို့အတွက် ဘယ်လိုကောင်တယ်ပြောပြော ကျုပ်တို့က တောင်သူလယ်သမားတွေဖြစ်တဲ့ အ တွက် စိုက်ပျိုးစရာ မြေတလက်မမျှတောင် မရှိတဲ့နေရာမှာ ကျုပ်တို့ လုံးဝမနေနိုင်ပါ။ ကျုပ်တို့ရဲ့ စိုက်ပျိုးမြေတွေပေါ်မှာပဲ ကျုပ်တို့ စိုက်ပျိုးရေးတွေလုပ်မယ်။ ထန်းတက်မယ်။ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ မြင်း မွေးမြူရေးတွေလုပ်မယ်။ ဒီလုပ် ငန်းနဲ့ပဲ ကျုပ်တို့ ကျေးရွာတွေဖွံ့ဖြိုးအောင်လုပ်မယ် ဒီလုပ်ငန်းတွေနဲ့ ကျုပ်တို့ သားသမီးတွေကို ဘွဲ့ရအောင်လုပ်နိုင်တယ် ရွာသစ်မှာသွားပြီးတော့ တနေ့ ၃၁၀၀ ကျပ်နှုန်းနဲ့ တရုတ်ကျွန်လုပ်မှာ မဟုတ်ဘူး။

မေး ... ဒေသခံတွေက သုံးနှစ်စာ သီးနှံလျော်ကြေးပေးမယ်ဆိုလို့ လက်မှတ်ထိုးလိုက်ပြီးမှ လယ်ယာတွေသိမ်းတယ်ပြော တယ်။

ဦးမြင့်အောင် ဖြေ ...

လျော်ကြေးတွေက သီးစားဆိုလဲမရှိဘူး မြေလျော်ကြေးက ၂၀၁၀ ခုနှစ်က သေချာတွက်ချက်ပြီးမှ ဒေသဆိုင်ရာ အာဏာ ပိုင်အဖွဲ့အစည်းတွေလည်းတင်ပြတယ်။ ကွင်ဆင်းတယ် သက်ဆိုင်ရာဥပဒေနဲ့လုပ်တယ်။ ပြီးမှ အသင့်တော်ဆုံးနှုန်းနဲ့ သတ်မှတ်ပြီးမှ ၂၀၁၂ ကတည်းက အတည်ပြုချက်ယူပြီးမှ ၂၀၁၁ မတ်လ လောက်မှာစပေးတာ သီးနှံလျော်ကြေးပေး တာမဟုတ်ဘူး။ ပြီးရင် လျော်ကြေးပေးနည်း သုံးမျိုးရှိတယ်။ အဲဒီအတိုင်းပေးလိုက်တာ။ သုံးမျိုးထဲမှာအမြင့်ဆုံးကို ပေး တာ။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

ကျုပ်တို့က သီးနှံလျော်ကြေးသုံးနှစ်စာကို လက်မှတ်ထိုး လက်ဗွေနှိပ်၍ ထုတ်ယူခဲ့ပါသည်။ ကျုပ်တို့မြေကိုစွန့်လွှတ် ကြောင်း ဆိုသည့်စာကို ကျုပ်တို့ လုံးဝမတွေ့ခဲ့ပါ။ မသိရှိခဲ့ပါ။ ကျုပ်တို့မြေကို စွန့်လွှတ်ကြောင်း လုံးဝ လက်မှတ်မထိုးခဲ့ပါ။ လက်ဗွေမနှိပ်ခဲ့ပါ။ ယခု အချိန်ကျမှ ကျုပ်တို့မြေကို ကျုပ်တို့ လက်မှတ်ထိုး လက်ဗွေနှိပ်၍ စွန့်လွှတ်ခဲ့ကြောင်း သိရပါ တယ်။ ဒါဟာ ကျုပ်တို့ကို သူတို့ ကလိမ်ကကျစ် သက်သက်လုပ်တာသာဖြစ်တယ်။

မေး ... ဒေသခံစာချုပ်ချုပ်တုန်းက သုံးနှစ်စာသီးနှံလျော်ကြေး အဲဒီလိုပြောပြီးပေးတာ။ ပေးတဲ့အခါကြတော့ စကားပြော မှားသွားတယ်လို့ ?

ဦးမြင့်အောင် ဖြေ ...

မှားတာမရှိပါဘူး။ အသုံးအနှုန်းလွဲတာပဲ ရှိတယ်။ စာချုပ်ရယ်လို့ မဟုတ်ဘူး ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတာရှိတယ်။ မြေအခွန်နှုန်းက စလုပ်တယ်။ မြေအပေါင်းသီးနှံလျော်ကြေးဆိုပြီး ထည့်ပေးတယ်။ သီးနှံက သုံးနှစ်စာမဟုတ်ဘူး။ ၁၉၅၉ ဥပဒေကဆိုရင် မြေလျော်ကြေးပေးမယ်ဆိုရင် မြေခွန်တော်ရဲ့ ၁၂ ဆ (သို့) ၂၀ ဆ တမတ်လောက်လုပ်တဲ့အခါကတော့ တစ်ဧက ၅ိ ကျပ် လောက်ရတယ်။ အဆနှစ်ဆယ်ဆိုမှ ၅ိ/ (သို့) ၁၅ိ/ကျပ် လောက်ပဲရတယ်။

အဲဒါသည်အလွန်နည်းတယ်။ အဲဒါကြောင့်လည်းပါမယ် နောက်တမျိုးတွက်တာက ဒေသပေါက်ဈေးနဲ့ ဒေသအထွင်နှုန်းနဲ့ ကိုက်တဲ့အသီးနှံပေါ် မူတည်တဲ့နှုန်းထားနဲ့ သုံးဆတွက်လိုက်တယ်။ နောက်တနည်းက မြေရဲ့ကာလပေါက်ဈေးပေါ် သူနဲ့ သက်ဆိုင်တဲ့ ယာ၊ ယာမှာမှ အမြင့်ဆုံးသည် တနှစ်ထွက်တဲ့ သီးနှံ စိုက်တဲ့သီးနှံ သူ့ရဲ့ကာလပေါက်ဈေးရဲ့ သုံးဆသည် အမြင့်ဆုံးဖြစ်နေတယ်၊ အဲဒါကြောင်းမို့ လျော်ကြေးပေးတဲ့ အခါကြတော့ မြေခွန်တော်အဆ ၂၀ ၊ ၁၅ိ ကျပ်ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် မြေခွန်အပေါင်းသီးနှံလျော်ကြေးဆိုပြီး နှစ်ခုစလုံးထည့်ရတယ်။ ထည့်ပြီးမှ တဧကမှာ ဘယ်လောက်နှုန်းလဲ တန် ဖိုးဇယားတွေပါရှိတယ်။ အဲဒီ ဇယားတွေအတိုင်းလဲ သူတို့ကို ဝန်ခံကတိ ထိုးခိုင်းတယ်။မြေယာအပေါင်း သီးနှံလျော်ကြေး ဘယ်လောက်ထုတ်ပေးပါတယ်။ အဲဒါကြောင့် လယ်ယာမြေကိုစွန့်ပါတယ်လို့ ဝန်ခံကတိ လက်မှတ်ထိုးပါတယ် ဆိုပြီး လက်မှတ်ထိုးပါတယ်။

(၂၆) ရွာ တောင်သူများဖြေကြားချက်

သူတို့က သီးနှံလျော်ကြေး သုံးနှစ်ဆိုပြီးပေးလို့ ကျုပ်တို့က လက်မှတ်ထိုး လက်ဗွေနှိပ်တာပါ။ ကျုပ်တို့က အဲဒီမြေရာတွေ ကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း လုံးဝမဟုတ်ပါ။ ၎င်းစာချုပ်ကိုလည်း ကျုပ်တို့ကို မပေးခဲ့ပါ။

မေး ... ဆရာတော်တွေနဲ့ ဒေသခံတွေက လယ်တီဆရာတော်ရဲ့ သမိုင်းဝင် ကျမ်းတွေရေးတဲ့ နေရာတွေလည်းဖြစ်တယ်။ ဒေသခံတွေက လက်မှတ်ထိုးတဲ့အခါ အထဲကစာတွေကို မဖတ်ရဘူလို့ပြောတယ် အဲဒါနဲ့ပတ်သတ်ပြီး ဘာပြောချင်ပါလဲ ?

ဦးမြင့်အောင် ဖြေ ...

ဝန်ခံကတိ လက်မှတ်ထိုးတဲ့ ပုံသေဖတ်နေရတဲ့ပုံတွေ မှတ်တမ်းတင်ထားတာ ရှိပါတယ်။ တယောက်ချင်း နှစ်ယောက် ချင်းပေးတာ မဟုတ်ဘူး၊။ ပြုံးပြုံးရွှင်ရွှင်နဲ့ ဝန်ခံကတိ လက်မှတ်ထိုးပါတယ်။ ငါးသိန်း တသောင်း နှစ်သောင်းဆိုတာ အဲဒီ အချိန်က အမြင့်ဆုံးပေးတာပါ။

(၂၆) ရွာ တောင်သူမျာဖြေကြားချက် ...

လက်ပန်တောင်းတောင်ကြီးဟာ လွန်ခဲ့တဲ့ ရှေးယခင် နှစ်ရာပေါင်းများစွာ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက သစ် တွေ ဝါးတွေ ခုတ်ခဲ့တယ်၊ မျှစ်-ဆူးပုတ်ရွက်-ဟင်းရွက်စုံ-မှို စတဲ့ ဟင်းစားတွေကို ရှာဖွေခဲ့ကြတယ်။ ဗုဒ္ဓ ဘာသာဝင်တွေ ရဲ့ သမိုင်းမှတ်တိုင်ဖြစ်တဲ့ ကျမ်းမြတ်တွေကိုလည်း လယ်တီဆရာတော်ဘုရားကြီးက ဒီလက်ပန်တောင်း တောင်ကြီး ပေါ်မှာပဲ ရေးသားခဲ့တယ်။ ရှေးအဘိုးအဘွားတွေရဲ့ သမိုင်းဝင် စေတီဘုရားကျောင်းကန်တွေကိုလည်း တစတစ တည် ဆောက်ခဲ့ကြရတာပါ။ ကြေးနီစီမံကိန်းကြောင့် ပျက်စီးသွားတဲ့အတွက် အစားထိုးမရတဲ့ ပျက်ဆီးဆုံးရှုံးမှုကြီး ဖြစ်တယ်။

မေး ... စီမံကိန်းကထွက်တည့် စွန့်ပစ်မြေစာကို လယ်ကွင်းထဲကိုပုံထားတယ်။ စိုက်ပျိုးရတာလည်း အခက်ခဲရှိတယ်။ ရွာ တွေဘက်မှာ ရှိတဲ့ရေကို ဓါတ်ခွဲခန်းမှ စမ်းသပ်တာ သောက်ဖို့မညီညွတ်ဘူးပြောတယ်။

ဦးမြင့်အောင် ဖြေ ...

စွန့်ပစ်မြေပုံရှိတယ်။ အဲဒါတွေက လျော်ကြေးပေးထားပြီးသား။ သူတို့ နှမ်း၊ ပြောင်း စိုက်ကြတယ်ဆိုရင် အဲဒီစိုက်ခင်းတွေ မသုံးဘူး။ သူတို့ရိတ်သိမ်းပြီးချိန်ကြမှ ကျနော်တို့က သုံးတာ။ ကျန်သုံးရေက ၁၉၉၅ ခု လောက်က ဒီရေနက်ထဲမှရှိတဲ့ မြေ ဆီလွှာတွေကို အဲဒီရွာက လူထုက ပုဂ္ဂလိကလုပ်တာ ဖြစ်ကြတဲ့အတွက် အိမ်တွေမှာလည်းရှိတယ်။ ရိုးနံဘေးမှာလည်းရှိ တယ် သူတို့ရွာထဲမှအပြည့်ဘဲ အဲဒါကြောင့် ဖြစ်တာပါ။

သတ္ထုတွင်း လုပ်ငန်းကြောင့်မဟုတ်ဘူး သူတို့ရဲ့ ပုဂ္ဂလိက လုပ်ငန်းကို နည်းစနစ်မကျဘူး တချက်က ကိုယ့်အိမ်ဘေးမှာ ရေးတွင်းလေး ရေကန်လေးတွေလုပ်တယ်။ အဲဒီအခါမှာတော့ မြေပေါ်ရေကတော့ ကန်လေးတွေမှာစိမ့်နိုင်တယ် မြေ အောက်ရေမှာကတော့ မရှိဘူး။ ဘာလို့မရှိလဲဆိုတော့ ပြီးခဲ့တဲ့လက ရေတွင်းတစ်တွင်းတူးပေးတယ် ရွာထဲမှာ ရေချိုတဲ့ နေရာရှိတယ်။ မချိုတဲ့နေရာရှိတယ်။ အဲဒါက သတ္ထုတွင်းကြောင့်မဟုတ်ဘူး သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းကြောင့်ဖြစ်တာ သူတို့ပေးတဲ့ သောက်သုံရေမသန့် ဓါတ်ခွဲခန်းရလဒ်ကို သူတိုကို ရှင်းပြပေးတယ်။ ဒီဘက်ရေမှက ဓါတ်ခွဲခန်း ရလဒ်ထွက် ရင် သူရဲ့ ph နည်းမယ် NGO ရှိမယ် ရေCO3 ရှိမယ် O2 ရှိမယ် အဲဒါတွေရှိတာပေါ့ ကန်ကုန်းရွာမှာက မြစ်ကမ်းဘေးမှာ တူးရင် ရေချိုထွက်တယ်။

ကုန်းပေါ်မှာနဲ့ ပေတရာလမ်းဘက်ကူးရင် အညာဒေသမှာလို ရေငန် ရေခါး ထွက်တယ်။ ရေငန် ရေခါးက သူ့ရဲ့ အက်စစ် ဓါတ်ကြောင့် မဟုတ်ဘူး ကယ်စီယမ် ပါဆင်းနှိတ် ရယ်၊ မက်ဂနီစီယမ် ပါဆင်းနိတ် ရယ်ကြောင့် ရေခါးလို့ phက 6 to 9 လောက်ရှိချင်ရှိမယ်။ အညာဒေသထုံးဆံဖြစ်လို့ ရေခါးသောက်သုံးရန် မသင့်တာပါ။ ဓါတ်ခွဲခန်းရလဒ်ကိုကြည့်ရင် ဘာ တွေများနေတာကို သိရပါတယ်။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

စွန့်ပစ်မြေပုံတယ်ဆိုတာ အဲဒီစွန့်ပစ်မြေကိုမပုံမီ စိုက်ပျိုးလို့ရတယ်ဆိုတဲ့ အပေါ်ယံမြေဆီလွှာတွေကို တနေရာမှာ စုထား ရပါမယ်။ ကြေးနီတူးတဲ့လုပ်ငန်းကို လုပ်ပြီးတဲ့အချိန်မှာ အဲဒီစွန့်ပစ်မြေတွေကိုညှိပြီး စိုက်ပျိုးလို့ရအောင် ဖယ်ရှားစုပုံထား တဲ့ မြေဆီလွှာတွေကို ပြန်ဖြန့်ပေးရမှာပါ။

အဲဒါကို ကုမ္ပဏီက လုပ်ထားတာ လုံးဝမတွေ့ရဘူး။ အိုင်ဘင်ဟိုး ကုမ္ပဏီ စံပါယ်တောင်မှာ စတင်လုပ်ဆောင်စဉ်တုန်းက လေထု ညစ်ညမ်းမှုကာကွယ်ရန် သစ်ပင် သုံးသိန်းကို စိုက်ပျိုးခဲ့ပေမယ့် လက်ပန်တောင်းတောင် စီမံကိန်းဟာ (၉) လခန့် ရှိပါပြီ သစ်ပင်စိုက်ပျိုးခြင်းကို လုံးဝမတွေ့ရပါ။ ယခုချိန်မှာ ရေပြဿနာ အခက်အခဲ မရှိပေမယ့် စံပါယ်တောင်လို ကြေးနီ တွေကို ပင်လယ်ရေမျက်နှာပြင်အောက် တူးဖော်ခဲ့ရင် လက်ပန်တောင်းတောင်ရဲ့ ပတ်ဝန်းကျင် လယ်ယာမြေဧက သောင်းချီတွင်းရေများ ခမ်းခြောက်သွားနိုင်ပါသည်။ ကျော်ရွာတံတားနှင့် ရွှေလှေတံတားကြား ကြေးနီများတူးဖော်ရာတွင် စွန့်ပစ်မြေများ ပိတ်ဆို့မှုကြောင့် ချင်းတွင်းမြစ်ရေကြီးချိန်တွင် မုံရွာမြို့ကို ရေလွှမ်းသွားနိုင်ပါသည်။

ထိုလက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ချင်းတွင်း၊ ဧရာဝတီ မြစ်ဆုံဒေသများသည် အက်စစ်ရေများပျံ့နှံ့၍ စိုက်ပျိုးမြေများ ဧက လေးသိန်းခန့် ပျက်ဆီးဆုံးရှုံးနိုင်ပါသည်။ ယခု စံပါယ်တောင်အနီး ယမားချောင်းထဲတွင် ငါး အစရှိ သည့် ရေသတ္တဝါများ မရှိတော့သလို ချင်းတွင်း၊ ဧရာဝတီ ဒုတိယ မြစ်ဆုံ မှသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်များသို့တိုင် အောင် အက်စစ်ဓါတ်များ ပျံ့နှံ့နိုင်ပါသည်။ ရေနေသတ္တဝါများ အသက်ရှင်နိုင်တော့မည် မဟုတ်ပါ။ နောင်နှစ်ပေါင်း (၆၀) ကြေးနီစီမံကိန်းကြီး ပြီးစီးသည့်အထိ ခွင့်မပြုကြတော့ဘဲ ကျုပ်တို့ (၂၆) ရွာမှ လယ်ယာသမားများသည် အမျိုးသားရေး စိတ်ဓါတ်ဖြင့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြီး အမြန်ဆုံးရပ်ဆိုင်းရန် ဆန္ဒပြင်းပြလျက် ရှိပါသည်။

မေး ... စီမံကိန်းတွေက ပွင့်လင်းမြင်သာဖို့လိုပါတယ်။ အခုစီမံကိန်းကတော့ ပွင့်လင်းမြင်သာမှုရှိအောင် EIA SIA HIA တွေကော အစပေး လုပ်ထားတာတွေရှိလား ?

ဦးမြင့်အောင် ဖြေ ...

ရှိတာပေါ့ အဲဒါက မလုပ်လို့မှ မရတာ ကျနော်တို့က ISO 3001 အဲဒါနဲ့က လုပ်ရတာ အင်ဖာနေမယ်ကွန်ထရိုးနဲ့ ပတ် သတ်ပြီး လုပ်ရတယ် အချို့ကိစ္စတွေလည်း ထပ်လုပ်ရသေးတယ်။ စီမံကိန်းအတွက် ပြီးမှ Enviiroment Impact ဘယ် လို ဖြစ်မလဲဆိုတာကို ခြောက်လ တကြိမ်လုပ်တယ် အဲဒါက Third ပါတီဖြစ်တဲ့ စင်ကာပူကလုပ်တယ် သဘာဝပတ်ဝန်း ကျင်ပိုင်းကဖြစ်ဖြစ် ကွာလတီပိုင်းကဖြစ်ဖြစ် နည်းပညာပိုင်းကဖြစ်ဖြစ် လုပ်တယ် Enviroment Impact တွေနဲ့ ပတ် သတ်ပြီး သူတို့ လူကြီးတွေက ပတ်ဝန်းကျင်ထိမ်းသိန်းရေးကို လုပ်ဖို့ အမြဲတမ်းပြောတယ်။ ကျနော်တို့ နိုင်ငံက နည်း ဥပဒေများသာမက နိုင်ငံတကာ စံချိန်စံညွှန်းမူကိုလည်း လက်လွှတ်မခံဘဲ လုပ်ရမှာပါ။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

ဒီနှစ် (၆၀) စီမံကိန်ုးကြီးပြီးသွားခဲ့ရင် ဒီအသိမ်းခံရတဲ့ လယ်ယာမြေ ဧက (၇၈၀၀) ကျော်မကဘဲ ဧကသိန်းချီ စွန့်ပစ်မြေ များ ဖုံးလွှမ်းခြင်း အက်စစ်ရေများ ပျံ့နှံ့ခြင်း လက်ပန်တောင်းတောင် ပျောက်ကွယ်သွားခြင်းကြောင့် ဂေဟစနစ် ပျက်ပြီး မိုးများလွန်းခြင်း မိုးခေါင်လွန်းခြင်း မုန်တိုက်းဒဏ်ကို မကာကွယ်နိုင်ခြင်း စသည်တို့လည်း ဖြစ်ပါမည်။

မေး ... -- EIA SIA HIA Report လုပ်တော့ အဓိက ဘာတွေကို သွားတွေ့သလဲ ?

ဦးမြင့်အောင် ဖြေ ...

ဒီမှာကတော့ တော်တော်များကတော့ ပုံမှန် အော်တိုတင်းဝင်တယ် လုပ်တယ်ဆိုတော့ လုပ်တဲ့တွေ့တဲ့ဟာတိုင်းသည် သူတို့ကအမြဲတမ်း ကြည့်တယ် ဒီမှာရှိတဲ့ Report ကို ယူတယ်။ အစအဆုံး သေချာလုပ်ပါတယ်။ အားနည်းချက်ကတော့ နည်းပါတယ်။ အသေးစားဖြစ်စဉ်လောက်လေးတွေပဲ ရှိတယ်။ တကယ်လို့ သိချင်တယ်ဆိုရင် ကျနော့် Report တွေကို လည်း မိတ္တူပေးလို့ရပါတယ်။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

ကျုပ်တို့ကတော့ နှစ်ပေါင်း (၂၀) ခန့် တူးပြီးသား စံပါယ်တောင် ကြေးနီစီမံကိန်းကို ကြည့်ပြီး ဆုံးဖြတ်တာပဲ။ စံပါယ် တောင်ဟာ ဧက (၄၀) ရှိပေမယ်။ တကယ်တူးလိုက်တော့ ဧက (၇၀) ဖြစ်သွားတယ်။ ကြေးနီသန့်စင်ဖို့ နေရာယူတဲ့မြေ ဟာ ဧက (၇၀၀) ဖြစ်တယ်။ စွန့်ပစ်မြေကတော့ ဧက (၃၀၀၀) လောက်ဖြစ်တယ်။ ကန်ကုန်း၊ ဒုန်းတော၊ ဂုန်တော၊ ရွာသာ ရွာ (၄) ရွာရဲ့ စိုက်ပျိုးမြေဧက (၃၀၀၀) ဟာ အက်စစ်ရေတွေ ပျံ့နှံ့သွာတဲ့အတွက်ကြောင့် ဘာမှ စိုက်ပျိုးလို့မရတော့ပါ။ စိုက်ပျိုးလို့ရတာ ဧက (၈၀၀) လောက်ဘဲ ကျန်တော့တယ်။ အက်စစ်ရေတွေကလည်း ကျန်စိုက်ပျိုးမြေတွေထဲကို ဆက် လက်ပျံ့နှံ့ဆဲပါ။ သက်ဆိုင်ရာများကလည်း ရွာသားများကြေးနီချက်ရာတွင် စနစ်တကျ ညွှန်ကြားမှုမရှိသောကြောင့် ကြေးနီစွန့်ပစ်မြေများ ၎င်းတို့ရွာထဲတွင်ပျံ့နှံ့နေသောကြောင့် ရွာတွင်းရှိ အပင်များ မသန်စွမ်းတော့ပါ။ တချို့သေကုန်ပါ သည်။

လက်ပန်တောင်းတောင်က ဧက (၁၅၀၀) ရှိတဲ့အတွက် စံပါယ်တောင်ထက် အဆ (၄၀) လောက် ရှိပါတယ်။ စံပါယ် တောင်က စာချုပ်သက်တမ်း (၁၈) နှစ်ခန့် ကျန်တဲ့အတွက် ဆိုးကျိုးများ ဒီထက်တစ်ဆ ဖြစ်လာနိုင်ကြောင်းပါ။

မေး ... ၃၃ လုံးမှာ ကြေးဖမ်းမယ် အက်စစ်တို့ ဓာတုဗေဒ ဆေးဝါးတွေလုပ်ရင် ယမားချောင်းကနေ ချင်းတွင်းမြစ်ထဲကို စီးမယ် အဲမှတဆင့် ဧရာဝတီမြစ်ထဲကို စီးမယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ပြောတယ်

ဦးမြင့်အောင် ဖြေ ...

အဲဒါကတော့ သဘာဝထိန်းသိမ်းရေး ပညာရှင်တွေက ပြောတယ်ဆိုရင် ပညာရှင်တွေကို ကျနော်တို့နဲ့ တွေ့ပေးလိုက်ပါ။ သူတို့ကို နည်းပညာလေးပဲ ပြောမှာပါ။ သူတို့ကိုလည်း သဘာဝပတ်ဝန်းကျင်းပိုင်းကို နားလည်အောင် လာရောက်ကြည့် ရင် သိနိုင်ပါတယ်။ ရွာလူတွေပြောတာက တောင် (၃၃) လုံးဆိုတာ ဒေသအခေါ်အဝေါ်ရှိတယ်။ လက်ပန်တောင်း တောင်ကြီး တလုံးပဲရှိပါတယ်။ ဧက (၇၀၀၀) ကျော်တယ်။ တောင်ရဲ့ဧက မဟုတ်ဘူး တောင်ရဲ့ဧက အဲလောက်မရှိဘူး။ စီမံကိန်းမှာ တခြားလုပ်ရမယ့်ကိစ္စကြောင့် ဧက အဲလောက်ရှိတာပါ။ ချင်းတွင်းမြစ်ထဲကို ယမားချောင်းထဲသို့ စီးဝင်တယ် ဆိုတာကို သဘာဝပတ်ဝန်းကျင် ပညာရှင်တွေပဲ ဖြစ်ဖြစ် နိုင်ငံတကာပဲဖြစ်ဖြစ် လာရောက်လေ့လာနိုင်ပါတယ်။ ပွင့်ပွင့် လင်းလင်း ဆွေးနွေးလိုက်မယ်ဆိုရင် သူတို့က အားလုံးသိသွားမှာပါ။

(၂၆) ရွာ တောင်သူများ ဖြေကြားချက် ...

လက်ပန်တောင်းတောင် ၃၃ လုံးတောင်တန်းကြီးဟာ ဧက (၁၅၀၀) လောက်ကျယ်ပါတယ် စံပါယ်တောင် ကြေးနီစီမံ ကိန်းကြီး နောင် (၁၈) နှစ်အကြာ စာချုပ်သက်တမ်း ပြည့်ပြီးသွားရင် သဘာဝပတ်ဝန်းကျင် ဘေးထွက်ဆိုးကျိုး ဒီထက် နှစ်ဆဖြစ်မယ်။ စံပါယ်တောင်ရဲ့ ဘေးထွက်ဆိုးကျိုးဟာ နောင်နှစ်ပေါင်း (၁၈) နှစ်ကျော်ကြာရင် ဧက (၁၀၀၀၀) ကျော် ပျက်စီးသွားနိုင်တယ် လက်ပန်တောင်းတောင်ဟာ စံပါယ်တောင်ထက် အဆ (၄၀) လောက် ရှိတဲ့အတွက် ဒုတိယ မြစ် ဆုံဖြစ်တဲ့ ချင်းတွင်း၊ ဧရာဝတီ လယ်ယာမြေဧက (၄၀၀၀၀၀) လေးသိန်း (နောင်အနှစ်-၆၀) ကြာရင် ပျက်စီးသွားနိုင် ကြောင်းပါ။

အဲဒါတွေကြောင့် ကျုပ်တို့ (၂၆) ရွာစလုံးရဲ့ လယ်ယာမြေတွေကို ဆုံးရှုံးရမည့်အပြင် လယ်ယာမြေ ဧက (၄၀၀၀၀၀) လေးသိန်းနဲ့ မြစ်ချောင်း သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးသွားမယ်။ ကျွန်ုပ်တို့ရဲ့ (၂၆) ရွာတင်မကတော့ဘဲ မြန်မာပြည် ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒုတိယမြစ်ဆုံ မပျက်စီးရေးကို အမျိုးသားရေးစိတ်ဓာတ်အနေဖြင့် ကျေးရွာလူထုအားလုံး -

(၁) လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားရေး၊
(၂) လှုပ်ရှားမှုတွင် ဖမ်းထားသူများကို ပြန်လွှတ်ရေး၊
(၃) ကြေးနီတူးဖော်မှုကြောင့် ဖြစ်ပြီးသော မြေစာပုံမှုများ၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးမှုများအပေါ် လျော် ကြေးပေးရန်အရေး၊
၎င်းတောင်းဆိုချက် အရေး (၃) ချက်ကို မရမချင်း ပြည်သူများနှင့်အတူ တရားဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒပြု တောင်းဆိုသွားကြပါမည်။

No comments: