ကျနော်တို့ရဲ့၊
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ဒဿမမြောက် ပြည်ပနိုင်ငံခရီးစဉ်အဖြစ်
တောင်ကိုးရီးယားနိုင်ငံကို
တနင်္လာနေ့ကပဲ ဆိုက်ရောက်သွားပါပြီ။ ဒီခရီးစဉ်မတိုင်မီ ဟာဝိုင်ယီကျွန်း အလည်ပတ်ခရီး စဉ်က
မွန်းကြပ်ရှုတ်ထွေးပြီး၊ ဝေဖန်မှုတွေနဲ့ အငြင်းပွားစရာတွေ ပြည့်နှက်နေတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးလောကရဲ့
ဘ၀ အမောတွေကို
ယာယီအခိုက်အတန့်အားဖြင့်တော့ မေ့ပျောက်စေမှာပါ။ ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ ကျွန်းသူ ကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှုတွေနဲ့ ထူးခြားတဲ့ယဉ်ကျေးမှု၊ အစားအသောက် တွေက.. ဒေါ်အောင်ဆန်းစုကြည် အတွက်၊ သတိတရ စာတိုပေစ ရေးစရာလေးတွေ ဖြစ်လာနိုင်သလို၊ တသက်တာ အတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက်ရှိနေနိုင်ပါတယ်။
ယာယီအခိုက်အတန့်အားဖြင့်တော့ မေ့ပျောက်စေမှာပါ။ ဟာဝိုင်ယီကျွန်းရဲ့ သဘာဝအလှတွေ၊ ကျွန်းသူ ကျွန်းသားတွေရဲ့ ပျူငှာနွေးထွေးပြီး ချစ်စရာကောင်းတဲ့ ကြိုဆိုဧည့်ခံမှုတွေနဲ့ ထူးခြားတဲ့ယဉ်ကျေးမှု၊ အစားအသောက် တွေက.. ဒေါ်အောင်ဆန်းစုကြည် အတွက်၊ သတိတရ စာတိုပေစ ရေးစရာလေးတွေ ဖြစ်လာနိုင်သလို၊ တသက်တာ အတွက် လှပတဲ့အိပ်မက်တွေလို သူ့စိတ်အာရုံမှာ မမေ့မပျောက်ရှိနေနိုင်ပါတယ်။
ကျနော်တို့တတွေက
တိုက်ပွဲထဲကနေရထားတဲ့ ရှားရှားပါးပါး လူထုခေါင်းဆောင်ကို အဲဒီလို အေးအေးချမ်းချမ်းနဲ့
အပူအ ပင်ကင်းကင်း ရှိနေတာ မြင်ချင်တာပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျနော်တို့ခေါင်းဆောင်ဟာ
တိုင်းပြည်အတွင်းမှာ သာမက၊ တိုင်းပြည်ပြင်ပမှာပါ အလိမ်အညာတွေ၊ ကိုယ်ကျိုးရှာတွေ၊ ကျင့်ဝတ်ပျက်နေတဲ့
နိုင်ငံရေးသမားတွေ၊ စီးပွား ရေးသမားတွေနဲ့ ဆုံဆည်းနေရတော့ ကျနော်တို့ရင်ထဲမကောင်းလှဘူး။
အဲလို ကျင့်ဝတ်ပျက် အတ္တ၀ါဒီတွေဆိုတာ
တိုင်းပြည်
အတွင်းအပြင်က မြန်မာလူမျိုးတွေသာမကဘူး၊ ပြည်ပနိုင်ငံတွေက နိုင်ငံရေးသမားတွေ၊ အစိုးရတွေပါ
ကျနော်တို့ ခေါင်းဆောင်ကိုဝန်းရံပြီး ကျနော်တို့ နိုင်ငံနဲ့ ပြည်သူတွေကို ပါးပါးလှီးနေလို့ဖြစ်တယ်။
အဲဒါတွေ ကျနော်တို့ မြင်နေရလို့လည်း ဒီလိုစာမျိုးရေးဖြစ်သွားတာ။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်ကိုးရီးယား
ခရီးစဉ်အနေအထားတွေကိုပဲ ဖွင့်ချပြောပြချင်တယ်။
လက်ရှိ
သမတ အီမြောင်ဘတ် ရန်ကုန်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံပြီး ဓာတ်ပုံရိုက်ခဲ့တာကြောင့်၊
ကိုရီး ယား သတင်းစာတွေက နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ အာဏာရှင်အတွေးအခေါ်သမား မတူမတန်ဓာတ်ပုံ
တွဲရိုက်သင့် သလားလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အခုလည်း သမတနဲ့ သမတလောင်းကို
တောင်ကိုးရီးယား သတင်းစာ တွေကနေ ဝေဖန်သရော်နေပါပြီ။ အာဏာရှင်သမီးနဲ့ လွတ်လပ်ရေးဖခင်တယောက်ရဲ့သမီး
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နဲ့ ယှဉ်တွဲဓာတ်ပုံမရိုက်ပါနဲ့ဆိုပြီး ရေးသားခဲ့တာတွေရှိပါတယ်။
ဒေါ်စု ကို ဖိတ်ခေါ်တဲ့ အာဏာရ Saenuri Party က
လက်ရှိ
သမတ အီမြောင်ဘတ်နဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ(Saenuri Party) ရဲ့အမျိုးသမီး
သမတလောင်း ဘတ်ဂွန်ဟှဲ တို့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလက မိမိတို့နဲ့
လားလားမှမသက်ဆိုင်သလိုနေခဲ့ပြီး မြန်မာ့အ ရေးအတွက် စိတ်ဝင်စားမှုလည်း မပြခဲ့ဘူး။
ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေးအတွက် ကိုရီးယားနိုင်ငံက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ ပါတီပေါင်းစုံ
လက်မှတ်ထိုးတောင်းခံမှုမှာလည်း ခေါင်းရှောင်ခဲ့သလို၊ အဲဒီကာလတွေက စစ်အစိုးရနဲ့ စီးပွားရေးပူးတွဲလုပ်ခဲ့တယ်။
သမတလောင်း
ဘတ်ဂွန်ဟှဲ ကိုယ်တိုင် အတိုက်အခံအမတ်ဘ၀က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလက်မှတ် ထိုးဖို့
ငြင်းဆန်ခဲ့ရုံမက ဒီလိုလက်မှတ်ထိုးလိုက်ရင် မိမိတို့နဲ့ လက်ရှိမြန်မာအစိုးရ (စစ်အစိုးရ)
တို့ စီးပွားရေးအကျိုးတူ ဆောင်ရွက်နေတာကို ပျက်ပြားနိုင်တယ်လို့ ပြောင်ပြောင်တင်းတင်း
ပြောခဲ့ဖူးသူလည်းတယ်။ အခုသမတလောင်း ဘတ်ဂွန်ဟှဲ ဆိုတဲ့ အမျိုးသမီးကလည်း အာဏာရှင်သမတ
ပတ်ချုံဟီးရဲ့သမီး ဖြစ်တယ်။ (ကျနော်တို့ ငယ်ငယ်က ပတ်ချုံဟီးဖလားဘော်လုံးပွဲ
ဟာနာမည်ကြီးတယ်။
အာဏာရှင်
ဦးနေ၀င်းက မြန်မာအားကစားသမားတွေကို စေလွှတ်ခဲ့တယ်) ပတ်ချုံဟီးက ဦးနေ၀င်းထက် တနှစ်စောပြီး
၁၉၆၁ ခုမှာ
စစ်အာဏာသိမ်းပြီး တက်လာသူ ဖြစ်တယ်။ ၁၉၇၉ ကျတော့ သူ့ရဲ့ထောက်လှမ်းရေးအကြီးအကဲကပဲ
လုပ် ကြံခဲ့တယ်။ အဲဒီနောက်ပိုင်း တောင်ကိုးရီးယားရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ အာဏာရှင်
ပတ်ချုံဟီး ခေတ်ထက် ပိုမို ပွင့်လင်းခဲ့တယ်။ ပတ်ချုံဟီးလက်ထက်က စီးပွားရေးကိုပဲ
လုပ်ခဲ့ပြီး၊ ဒီမိုကရက်တစ် စံချိန်စံညွှန်းတွေ မျက်ကွယ်ပြုခဲ့ တယ်။ ဒီမိုကရေစီယဉ်ကျေးမှုထက်
စီးပွားရေးဖံွ့ဖြိုးမှုကို အသားပေးခဲ့သူဖြစ်တယ်။ ဒီနေ့ စစ်အစိုးရအမွေကိုဆက်ခံတဲ့
ကြံ့ဖွတ်အစိုးရရဲ့ အတွေးအခေါ်နဲ့ တထပ်တည်းပဲ။
ကျနော်တို့ခေါင်းဆောင်
နေအိမ်အကျယ်ချုပ်ကျနေတုန်းက တကယ်တမ်းလူအား၊ ငွေအား၊ စိတ်ဓာတ်အားတွေနဲ့ ပံ့ပိုး အားပေးပြီး
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရှေ့တမ်းကဆောင်ရွက်ပေးခဲ့တာက ဒီမိုကရက်တစ် ညီညွတ်ရေးပါတီ
(DUP) က အခုတော့ အတိုက်အခံပါတီ ဖြစ်နေတယ်။ အဲဒီပါတီရဲ့ခေါင်းဆောင်၊ ယခင်နိုဘယ်ဆုရှင်
သမတ ကင်ဒေးဂျုံပါတီက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ရှိနေတုန်း အားတက်သရော
ထောက်ခံခဲ့ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဖို့ ကိုယ်တိုင်သံရုံးသွားပြီး၊ ဗီဇာလျှောက်ခဲ့ပေမဲ့
မြန်မာအာဏာပိုင်တွေ လက်မခံ လို့ မတွေ့နိုင်ခဲ့ဘူး။ သူဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
တောင်းဆိုမှုတွေ၊ လှုံ့ဆော်မှုတွေ တက် တက်ကြွကြွ လုပ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဆုရရှိဖို့
ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့သူ ဖြစ်တယ်။ ဒီမိုကရက်တစ်၊ ပါတီ ၀င်တွေကိုယ်တိုင် ဟိုတုန်းက
စစ်အစိုးရကို ကန့်ကွက်ရှုံ့ချတာ၊ အရေးယူတာ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေးနဲ့
မြန်မာသံရုံးရှေ့ဆန္ဒပြပွဲ ဖော်ဆောင်တာတွေကအစ တက်တက်ကြွကြွ ဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်။
မြန်မာ အတိုက်အခံ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ကူညီအားပေးထောက်ခံခဲ့တယ်။
ဒီနေ့ အာဏာရပါတီဟာ
တချိန်က မြန်မာ့ဒီမိုကရေစီရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ ကင်းကင်းကွာကွာ
နေခဲ့သူတွေဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခေါင်းဆောင်တန်းဝင်ပြီး၊ အာရှ၊ဥရောပ၊
အမေရိကား နိုင်ငံတွေကို အလည်အပတ်တွေသွား၊ စီးပွားရေးလုပ်ငန်းတွေ ညှိနှိုင်းဝင်လုပ်နေတာတွေ့တော့မှ
တချိန်မှာ ဒေါ်အောင် ဆန်းစုကြည် အာဏာရလာရင် နောက်ကောက်ကျမှာစိုးရိမ်ပြီး အလောတကြီး ဆက်ဆံလာဟန်တူတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့
တောင်ကိုးရီးခရီးစဉ် အစီအစဉ်အသေးစိတ်ကို ဖတ်ကြည့်တော့ တချိန်က ဒေါ်အောင် ဆန်းစုကြည်နဲ့
ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲရောက်နေချိန် စာနာအားပေးကူညီခဲ့ကြတဲ့ သမတ ဟောင်း ကင်ဒေးဂျုံပါတီကလူတွေကို
ဘေးဖယ်ထားတာတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဘက်ရေတခွက်အတူ သောက်ခွင့်တောင်
ပေးမထားဘူး။ ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေအတွက်တောင် မျက်နှာပူစရာအဖြစ်။
မြန်မာ့ဒီမိုကရေစီရေးအတွက်၊ တစိုက်မတ်မတ် စေတနာထားဆောင်ရွက်ပေးနေတဲ့ အင်ချွန်းမြို့တော်ဝင်
ဆုံရောင်ဂီးနဲ့ တောင် ကိုရီးယားက မြန်မာ့ဒီမိုကရေစီအင်အားစုတွေ “အတိုက်အခံအဖွဲ့
ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတောင် ဒီပုဂ္ဂိုလ်နဲ့ တော့ တွေ့ဖြစ်အောင်တွေ့ခွင့်ပေးပါလို့
မေတ္တာရပ်ခံလို့ ဖေဖ၀ါရီ ၁ ရက်မနက်ကျမှ မိနစ် ၂၀ လောက် တွေ့ခွင့်ရခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ ကိစ္စမှန်သမျှ ထောက်ပံ့ကူညီပေးနေတဲ့ ဘုန်းတော်ကြီးတပါးနဲ့လည်း
တွေ့ခွင့်မရ ဘူး။ “ဘုန်းတော်ကြီး အင်မ်ရောင်တန်” ဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်လွတ်လွတ်ချင်း
ရန်ကုန် အင်းယား ကန် နဘေးက အိမ်အမှတ် ၅၄ ကို အပြေးအလွှားသွားခဲ့သူပါ။ ပြီးတော့ ဘုန်းတော်ကြီး
ဦးဆောင်တဲ့ (Dongguk University) ဒွန်ဂုတက္ကသိုလ်ဟာ၊ မြန်မာ့အရေးကို အားပေးရုံမက၊ ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်းနဲ့ NLD လူငယ်တွေရဲ့ ပညာရေးစကောလားရှစ် အစီအစဉ်တွေ၊
စာသင်ကျောင်းတွေအပြင်၊ နာဂစ်ဒုက္ခသည်၊ မိဘမဲ့များ၊ ရွှေဝါရောင်သံဃာ တော်များ
ထောက်ပံ့ရေး၊ ထိုင်းမြန်မာနယ်စပ်၊ ရွှေ့ပြောင်းကျောင်း၊ ဒုက္ခသည်စခန်း အစရှိတာတွေကို
မပျက်မကွက် ထောက်ပံ့အားပေးနေတာ ဖြစ်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတွေတွေ့ဆုံမယ့်
အစီအစဉ်ကို Seoul University ဆိုလ်းတက္ကသိုလ်နဲ့ Yonsei University ယွန်ဆိုင်းတက္ကသိုလ်မှာပဲ
လုပ်ရမယ်လို့ စီစဉ်လိုက်တော့ ကိုးရီး ယားက မြန်မာတွေ မျက်နှာပူစရာအနေအထားတွေ ဖြစ်နေရော..။
ဒီထက်ဆိုးတာက
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည် ကို တာဝန်ယူဖိတ်ကြားတဲ့
ဖျောင်ချမ်းအိုလံပစ်ကော်မတီက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လိုက်ပါမယ့် လူ ၄ ယောက် အတွက်၊
အလာလက်မှတ်ပဲတာဝန်ယူပြီး၊ အပြန်လက်မှတ်ဝယ်မပေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာ့ဒီမိုကရေစီ
အဖွဲ့တွေကို အပြန်လက်မှတ်အတွက် တာဝန်ယူခိုင်းပါတယ်။ ဒီသတင်းက ဟုတ်မှဟုတ်ရဲ့လား၊ တခုခုတော့လွဲနေပြီလို့
ထင်ပြီး မယုံနိုင်ဘူး။ ဒါနဲ့ တောင်ကိုးရီးယားက မိတ်ဆွေတွေကိုမေးမြန်းစုံစမ်းကြည့်တော့
အဟုတ်ပဲ။ သတင်းကမှန် တယ်။ နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရတဲ့ ဘုန်းတော်ကြီး
အင်မ်ရောင်တန်ကပဲ သူလေးစား ချစ်ခင်တဲ့ မိတ်ဆွေအတွက် အပြန်လက်မှတ် ၀ယ်ပေးလိုက်တယ်တဲ့။
ဘယ်လောက်များ ၀မ်းနည်းစရာကောင်းလဲ။
ပြီးတော့ရှိသေးတယ်၊
အရင်စစ်အစိုးရလက်ထက်က စီးပွားရေးတွေ တွဲပြီးအကြီးအကျယ်လုပ်ခဲ့ကြတဲ့ (အခုလည်း လုပ်
တုန်း) ကိုရီးယားခရိုနီတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခမ်းနားတဲ့ ညစာစားပွဲတွေ၊
တွေ့ဆုံညှိနှိုင်းပွဲတွေလည်း (၅) ရက်ကြာ ကိုရီးယားခရီးစဉ်မှာပါတယ်။ အဲဒီ ကိုရီးယားခရိုနီတွေက
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရန်ကုန် တက္ကသိုလ် ဘက်စုံမွန်းမံရေးနဲ့ ပညာရေးအစီအစဉ်အတွက်
ဒေါ်လာသိန်းနဲ့ချီလှူဒါန်းမယ့် သတင်းတွေကလည်း ကြို ထွက်နေတယ်။
ကဲ…. ဇာတ်လမ်းကတော့
မသန်း ပဲ..။
ဆင်သွားရင်
လမ်းတော့ဖြစ်ပါရဲ့ တိုးတိုက်ထိခိုက်မိလို့ကျိုးကြေ၊ နင်းမွခံလိုက်ရတွေတော့ အများကြီး။
မြန်မာနိုင်ငံအဖို့ ဒီလိုကာလမှာ ဘက်ပေါင်းစုံက အကူအညီတွေလိုတာ တော့အမှန်ပဲ။ ငွေကြေးနဲ့
နည်းပညာအထောက်အပံ့တွေက ထိတ်တန်းကလိုတာပေါ့။ ဒီထက်ပိုပြီး လိုအပ်တာက “မိတ်ဆွေကောင်း”
တွေပါ။ ဒေါ်အောင်ဆန်းစုကြည် အလည်အ ပတ်သွားခဲ့တဲ့ နိုင်ငံတိုင်းမှာ ဒေါ်စုက မိတ်ဆွေကောင်းတွေအကြောင်း၊
ကျင့်ဝတ်တရားတွေနဲ့ မေတ္တာ၊ စေတနာတွေ လွမ်းခြုံတဲ့ ဗုဒ္ဓအတွေးအခေါ်ဒဿနတွေကို အမြဲဆွေးနွေးဝေငှလေ့ရှိတာ
သတိထားမိပါတယ်။ ဒါပေမဲ့ ဒေါ်စု ယုံကြည် တဲ့၊ လိုလားတဲ့ ကျင့်ဝတ်သီလနဲ့ မိတ်ဆွေစစ်အမျိုးအစားတွေ
အမှန်တကယ်ရှာဖွေတွေ့ ရှိ၊ မရှိတော့ ကျနော်တို့မသိဘူး။
ဒါပေမဲ့
ကျနော်တို့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မိတ်ဆွေကောင်းတွေ တွေ့ခဲ့ပါတယ်။ သူတို့ဟာရိုးရှင်းတယ်။
အပေးပဲရှိတယ်၊ အယူမရှိဘူး။ ကျနော်တို့ လိုအင်ရင် အမြဲပြုံးပြီးပေးတတ်တယ်။ သူတို့ဆီက
အများဆုံးရတတ်တာက
မေတ္တာ၊
စေတနာနဲ့ စာနာယိုင်းပင်းမှုတွေ ဖြစ်တယ်။ အဲဒါတွေနဲ့ပဲ အနှစ် (၂၀) ကျော် ကျနော်တို့
မတ်မတ် ရပ်နိုင်ခဲ့ တယ်။ ကျနော်တို့ ပြန်ပေးနိုင်တာကလည်း အသိအမှတ်ပြုမှုနဲ့၊ အပြန်အလှန်
မေတ္တာလေးတခုထဲပါ။
ကျနော်တို့မှာ
ငွေမရှိဖူး၊ အာဏာမရှိဘူး၊ လုပ်ပိုင်ခွင့်လည်းမရှိဘူး။ ဒါပေမဲ့ ကျနော်တို့အပေါ် အမြဲခွင့်လွှတ်နားလည်
ချစ်ခင်နေတဲ့ အမိလို အဖလို ညီလိုအကိုလို မိတ်ဆွေကောင်းတွေတော့ ရှိပါတယ်။ အာဏာတွေ၊ ငွေတွေထက်
သစ္စာ တရားနဲ့ လူ့ကျင့်ဝတ်တရားတွေပဲ ကျနော်တို့ မက်မောတယ်။ လူကိုလူလိုပဲ အသိအမှတ်ပြုချင်တယ်။
သူခိုးကို သူခိုးလို့ပဲ သဘောပေါက်ထားချင်တယ်။ လူသတ်သမားကို လူသတ်သမားလို့ပဲ နားလည်ထားချင်ပါတယ်။
မိတ်ဆွေကောင်း၊
မိတ်ဆွေစစ်နဲ့ပတ်သက်ပြီး သတိရတာတခု ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က အိန္ဒိယနိုင်ငံ
နယူးဒေလီမှာ မြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖွဲ့တခုရဲ့ နှီးနှောဖလှယ်ပွဲတခု သွားတက်ခဲ့တယ်။
သိတဲ့အတိုင်း အိန္ဒိယက တရုတ်နဲ့ မြန်မာ နီးနီးကပ်ကပ်ရှိတာကို တချိန်လုံးဝေဖန်နေတာ။ အဲဒီ
အခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးကျော်သူ
(နောက်ပိုင်း
ဒုတိယနိုင်ငံခြားရေးဝန်ကြီး) တက် စကားပြောတယ်။ သူက တခွန်းထဲပြောတယ် “Friend in
need, Friend in Deep” တဲ့ လိုအပ်တဲ့အချိန်မှာ ကူညီသူဟာ မိတ်ဆွေစစ်တဲ့။ ၈၈ တုန်းက စစ်တပ်က
ဒုက္ခရောက်တော့ အိန္ဒိယက ဘာအကူအညီပေးလို့လဲ..တဲ့၊ တရုတ်က ကျနော်တို့ကို အကူအညီပေးခဲ့တယ်တဲ့။
ရှင်းရှင်းပဲ ပြောသွားတယ်။ လက်ပံတောင်းမှာ ဦးအောင်မင်း တရုတ်ကျေးဇူးဖော်ထုတ်သွားတာနောက်မှ
သမတဟောင်း ဒေါက်တာမောင်မောင်ရဲ့ သား သံအမတ် ဦးကျော်သူက နယူးဒေလီမှာ အပြတ်ပြောပြီးပြီ။
နားထောင်နေတဲ့
အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေဘာတခုမှ မပြောနိုင်ဘူး၊ ပါးစပ်ဟောင်းလောင်းနဲ့။
၈၈ က စလို့ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ မိုးထဲလေထဲ ဒုက္ခရောက်တုန်း..
ဘယ်သူတွေ
ကူညီခဲ့လဲ ?
ဘယ်သူတွေ
ဝင်ရှုတ်ခဲ့လဲ ?
ခရိုနီတွေလား
? ၊ စီအိုင်အေလား ? ၊ NGO တွေလား ? ၊ စစ်ဗိုလ်ချုပ်တွေလား ?
ကျနော်တို့တတွေ
မိတ်ဆွေစစ်ဆိုတာ ဘာမှန်းမသိရသေးရင်တောင် မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေအကြောင်းတော့ သေသေချာချာ
သိသင့်တယ် ထင်တာပဲ။
ကိုညို
(အော်စလို)
No comments:
Post a Comment