Thursday, June 27, 2013

ဗမာပြည်အတွက် ရှာရီရာ လက်ဆောင်ယူလာတဲ့ ၉၆၉ (အပိုင်း ၅)

လူတဦး၏ ဘာသာတရားသည် သူ့ကို ထက်ဝန်းကျင်သိမ်းကြုံးပြီး အားလုံးကို ထီးမိုးနေသော အမှတ်လက္ခဏာ ဖြစ်ရ မည်လို့ မဟုတ်ပါ။ အထူးသဖြင့် ဘာသာတရားတခုဖြစ်သော အစ္စလမ်သည်လည်း မူဆလင်များကို ဘဝ၏ အနေအ ထားများစွာတွင် သူတို့ဘာသာသူတို့ တာဝန်ယူကာ ရွေးချယ်ခြင်းကို ကာ၍ မထားပါ။ အဟုတ်သေချာပါ၏၊ မူဆလင် တဦးသည်
ထိပ်တိုက်အမြင်ကို ယူပါသော်လည်း ကျန်တဦးသည် တပါးကွဲလွဲသော အမြင်တို့ကို လက်ခံနိုင်သူ ဖြစ်နေ တတ်ပါ၏။ ထိုသို့ နှစ်ဦးအမြင် မတူရုံမျှ သက်သက်နှင့်တော့ သူတို့နှစ်ဦးလုံး ဘယ်သူတဦးကမှ မူဆလင်အဖြစ်ကနေ တိမ်းပါးရွှေ့လျောလို့ မသွားပါလေ။

အစ္စလမ်အစွန်းရောက်ဝါဒနှင့် ဒါနဲ့ တွဲဖက်ဖြစ်ပေါ်သော အကြမ်းဖက်ဝါဒ တို့ကို တုံ့ပြန်ကြရာတွင် ထင်ထင်ရှားရှား ရော ထွေးကုန်တတ်ကြသည်မှာ အစ္စလမ်သမိုင်းနှင့် မူဆလင်တို့၏သမိုင်းကို ယျေဘုယျအားဖြင့် ကွဲပြားခြားနားစွာ ခွဲလင်းနား လည်နိုင်မှု မရှိခြင်း ဖြစ်ပါသည်။ မူဆလင်တွေဆိုသည်မှာ ကမ္ဘာအရပ်ရပ်က တခြားတပါးသော ပုပုရွရွ ပုဂ္ဂိုလ်ပေါင်းစုံ လိုပါပဲ။ သူတို့တွင် များမြောင်ကွဲပြားတဲ့ စိတ်ဝင်စားရာလိုက်စားမှု ပေါင်းစုံရှိပြီးလျှင် ထိုသူတို့၏ အရည်အသွေးတန်ဖိုး အများစုဟာ အစ္စလမ်ဖြစ်တာ၊ မဖြစ်တာနှင့် ဘာမှမဆိုင်တတ်ပါ (သည်ကိစ္စကို ကျနော် အခန်း ၄ တွင် ပိုပြီး သွားပါဦး မည်)။ အဆန်းတကြယ်လို့လည်း မဟုတ်သလောက် သိပ်ကိုဟုတ်တဲ့ ပြဿနာကတော့ အစ္စလမ်အစွန်းရောက်ဝါဒ၏ ရှေ့ဆောင်သူ ချန်ပီယံတို့သည် မူဆလင်တို့၏ သွင်ပြင်လက္ခဏာတပါးတို့ကို ထိန်ထားလိုက်ပြီး အစ္စလမ် အနှစ်လက္ခ ဏာကိုသာ ရမယ်ဖွဲ့ပြကြခြင်း ပါတည်း။ သူတို့ကလို ကတော့ သူရို့ကလောက်ပါပဲ၊ ဒါပေမယ့် အင်မတန်မှပင်မတော် အကြည့်ရဆိုးသည်မှာ အစွန်းရောက်ဝါဒကို တုံ့ပြန်ဖြေရှင်းသူတို့ ကိုယ်၌သည်လည်း မူဆလင်တို့ကို ကြည့်မြင်ကြကုန် သည်မှာ ‘အစ္စလမ်’ ‘အစ္စလမ်’ ဆိုတာမှတပါး တခြားတပါးသော သွင်ပြင်လက္ခဏာတွေကို မမြင်နိုင်ကြတော့ခြင်း ပေ တည်း။

လူတို့သည် ကိုယ့်ကိုကိုယ် မြင်တတ်ကြပါ၏ ထိုသို့ မြင်ရန်လည်း အကြောင်းရှိပါ၏ ဘင်္ဂလားဒေ့ရှ် မူဆလင်တဦးသည် မူဆလင်တဦးမျှသာ မဟုတ်၊ ဘင်္ဂလီတဦးနှင့် ဘင်္ဂလားသားတဦးလည်း ဖြစ်ပြီးလျှင် သူသည် ပုံမှန်အားဖြင့် ဘင်္ဂလီဘာ သာစကား၊ စာပေနှင့် ဂီတကို ဂုဏ်ယူတတ်မြဲဖြစ်ပါ၏။ တခြားသော သူမြတ်နိုးတွယ်တာရာရာ လူတန်းစား၊ ကျားမ၊ အ လုပ်အကိုင်၊ နိုင်ငံရေး၊ အလှအပ စသည်ကို ထည့်ပြောဖို့ပင် မလိုပါ။ ပါကစ္စတန်မှနေ၍ ဘင်္ဂလားဒေ့ရှ်က ခွဲထွက်ခဲ့ခြင်း သည် ကိုးကွယ်မှု ဘာသာတရားနှင့် လားလားမှပင် မဆိုင်၊ အဘယ်ကြောင့်ဆိုသော် မူဆလင် သွင်ပြင်လက္ခဏာသည် မကွဲခင် ပါကစ္စတန်၏နှစ်ဖက်တောင်ပံက ပြည်သူလူထုတွင် အတူတူပေတည်း။ ခွဲထွက်ရေးကိစ္စတွင် များစွာပတ်သက်ခဲ့ သည်မှာကား ဘာသာစကား၊ စာပေနှင့် နိုင်ငံရေးတို့ ဖြစ်ပါ၏။

ထို့အတူသာပင် အတိတ် မူဆလင်သမိုင်းကို ရေးမည်ဆိုပါလျှင် အာရပ်လောကဆိုသည်မှာ ဘာသာရေးယုံကြည်မှု သက်သက်ဖြစ်၍ သိပ္ပံနှင့် သင်္ချာတို့ မပါဝင်ဟု မဟုတ်သက်သေ လုပ်လို့် မရပါလေ။ သိပ္ပံနှင့် သင်္ချာပညာ နယ်ပယ်ရပ် များတွင် အာရပ်နှင့် မူဆလင် မျိုးဆက်တို့မှ ထည့်ဝင်ခဲ့ခြင်းမှာ ကျယ်ပြန့်ပေရာ ၎င်းပညာရပ်တို့ကိုလည်း မူဆလင်နှင့် အာရပ်တို့၏ အမှတ်လက္ခဏာများအဖြစ် တွဲဖက်ပြီး မြင်သင့်ပါသည်။ ထိုသို့ ရာဇဝင်စာတင်ဖွယ် မျိုးရိုးဆက်ပင် ဖြစ်ပေ မယ်လို့ သိပ္ပံနှင့်သင်္ချာကို အနောက်လူတော်တွေ၏ လောကဓာတ်ပညာဟူ၍ ပစ္ဆိမတင်းတောင်းထဲကို ပို့ပစ်လိုက်ပြီး ကျန်အရပ်က လူများအားလုံးကို စိတ်ဝိညဉ်ပို်င်းဆိုင်ရာမှာသာ အားသန်သူတွေဟု အကြမ်းဖျင်း ခွဲခြမ်းမှုမျိုးသည် ပေါ် ပြုလာ ဖြစ်တတ်ပါ၏။ မကျေချမ်းသဖြင့် လှုပ်ရှားသူ အာရပ်အရေးတိုက်ပွဲဝင် ပုဂ္ဂိုလ်သည် အစ္စလမ်သာသနာတော် သန့် ရှင်းတည်တံ့ပြန့်ပွားရေးမှလွဲ၍ အာရပ်ရာဇဝင်၏ အခြားမြောက်မြားလှသော သမိုင်းမျက်နှာစာတို့ကို မမြင်တော့တတ် သလို သူက ရန်သူတော်လို့ သတ်မှတ်ထားသူတို့ ကိုယ်တိုင်ကလည်း အာရပ်ဆိုတာ ဘာသာရေးစွဲသလောက် ဉာဏ်မ ရှိတဲ့သူတွေ စိုးမိုးတဲ့ကမ္ဘာဟု အမြင်သိမ်နေလေ့ ရှိပါသည်။ အဲသလို ဘာသာတရားကိုသာ ပင်မအနှစ်လက္ခဏာရယ်လို့ မတည့်တဲ့ နှစ်ဖက်လုံးက စစ်သည်တို့မှ မြင်နေခြင်းဟာလည်း ပြခဲ့သည့် ပတ်ကြုံးထိုးထည့် ထောင်ဘူးခေါင်းဝါဒ တွင် ကျယ်ကြီးစိုးလာရခြင်းတွင် တခုပါဝင်သည့် အကြောင်းမူလ ပါတည်း။

ထို့ပြင်မစွ အနောက်ကမ္ဘာကနေပြီး မရှုတ်မရှင်းနှင့် “အလယ်အလတ် သဘောထားရှိသူ မူဆလင်” ဆိုသည်ကို အ သည်းအသန် ရှာဖွေလာရာ တဦးတယောက်၏ နိုင်ငံရေးခံယူချက် အလယ်အလတ်ရှိလျှင် ထိုသူ၏ ဘာသာရေး ခံယူ ချက်မှာလည်း အလယ်အလတ် ရှိလိမ့်မည်ဟု ရောထွေးကုန်ကြပြန်ပါသည်။ အကြင်သူတဦးသည် ဘာသာရေးယုံ ကြည်ချက် ခိုင်မာကြီးမားစွာ ရှိနိုင်ပါ၏ အစ္စလမ်ဘာသာဝင်ရယ်မှ မဟုတ်၊ ဘယ်ဘာသာဝင်မှာ မဆို။ မစဉ်းစားတတ်ကြ သည်မှာ ဘာသာရေးတွင် ယုံကြည်ချက် ကြီးမားခိုင်မာပေမယ်လို့လည်း နိုင်ငံရေးတွင် သည်းခံတရား လက်ကိုင်ထားမှု ကို ထိုယုံကြည်မှုနှင့် ယှဉ်တွဲ၍ အကြင်သူတဦးသည် အခိုင်အမာ ကျင့်သုံးနိုင်သည်ဆိုသော အချက်ဖြစ်ပါသည်။

တဆယ့်နှစ်ရာစုတုန်းက ခရစ်ယာန် ခရူးဆိတ် ဘာသာရေးစစ်ပွဲတို့တွင် အစ္စလမ်ဘာသာဘက်မှ သတ္တိပြောင်မြောက်စွာ ခုခံကာကွယ်ခဲ့သည့် အင်ပါယာပြည့်ရှင် [ဆာလာဒင်] သည် ဂျုး ဒဿနိက ပညာရှင် မှိုင်မိုနိဒီးကို သူ့မှာ (ကွဲလွဲခြင်းကို) သည်းခံမှုမရှိသည့် ဥရောပမှ ကိုယ်လွတ်ရုန်း ပြေးလာသောအခါတွင် အီဂျစ်တော်ဝင် တရားရုံး၌ ရာထူးတန်ဆောင် တနေရာ အပို်င်စားပေးပါ သတည်း။ သည်အဖြစ်နှင့် တခြားဘာသာဖက်က အဖြစ်တွေ နှိုင်းယှဉ်ကြည့်ကြပါစို့လား။ တဆယ့်ခြောက်ရာစုသို့ ရောက်လာသည့်တိုင်အောင် ဥရောပက ရောမသည် ကမ်ပို ဒီး ဖီရော်ရီ ရင်ပြင်တွင် [ဂျော်ဒန်နို ဘရူနို] ကို ကားစင်တင် မီးရှို့ပြီး စီရင်သတ်ဖြတ်နေသော အချိန်တွင် [မူဂါ အင်ပါယာ] ၏ ပြည့်ရှင် အက္ကဘာသည် (မူဆလင်အဖြစ်မွေး၍ မူဆလင် အဖြစ်ပဲ သေခဲ့သူ) အာဂရာ နေပြည်တော်တွင် လူနည်းစုများ၏ အခွင့်အရေးတို့ကို စနစ်တကျ ကာကွယ်ဖို့ာ တရားဝင်ဥပဒေ ရေးဆွဲနေသော သူ့ မင်းမှာသစ္စာ စီမံကိန်းကို ပြီးရုံကလေး ရှိသေးခါစ ရှိပြီး ထိုပြည့်ရှင်မှ လူနည်းစုတို့ကို အတိအလင်း ဥပဒေပြဋ္ဌာန်း ကာကွယ်ပေးခဲ့သည်တွင် ပါဝင်နေသည်မှာကား အားလုံးအ တွက် ဘာသာရေးလွတ်လပ်ခွင့် ပေတည်း။

[ဆာလာဒင်] တဆယ့်တစ်ရာစု နှင့် တဆယ့်ခြောက်ရာစု အတွင်းဝယ် ခရူးဆိတ်စစ်ပွဲ (ဝါ) လက်ဝါးကပ်တိုင်စစ်ပွဲသည် ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်း၏ အကြီးအမှူး ဘုန်းတော်ကြီး ပုတ်အာဘန် ၂ ၏ ဦးဆောင်လှုံ့ဆော်မှုဖြင့် မူဆလင် တို့ကိုသာ မဟုတ်၊ မိစ္ဆာဒိဌိတွေကို အရေးယူရန်ဆိုပြီး ဘာသာခြားများစွာနှင့် ခရစ်ယာန်တပ်တို့ တကျက်ကျက် စတင် ရန်ဖြစ်လာခဲ့သည့် စစ်ပွဲပါတည်း။

သည် ခရူးဆိတ်စစ်ပွဲတွင် မူဆလင်တို့ဘက်မှ စွမ်းစွမ်းတမံ ခုခံတိုက်ခိုက်ခဲ့သူ ဘုရင် ဆာလာဒင်၏ ရန်သူအပေါ်သက် ညှာခြင်း၊ အင်မတန် ကြီးမားလှသော စစ်ပွဲကြီး ဖြစ်ပေမယ့်လည်း ပြည်သူပြည်သားတို့အပေါ် စစ်ဘေးစစ်ဒဏ် မသင့်စေ ရန် တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့ခြင်းတို့သည် သမိုင်းတွင် အလွန်ပင် ထင်ရှားခဲ့ပါ၏။ ပမာအားဖြင့် တဆယ့်တရာစု မီးစာငြိမ်းခါနီး နှစ်ပိုင်းများနှင့် တဆယ့်နှစ်ရာစု ဆည်းဆာနှစ်များတွင် ဂျေရုဆလင်သည် ခရစ်ယာန်တပ်တွေလက်ထဲကို ကျသွားလိုက်၊ မူဆလင်တပ်တွေလက်ထဲကို ကျသွားလိုက်နှင့် လွန်းပျံသွားနေခဲ့ရာ ထို ဂျေရုဆလင်သိမ်းတိုက်ပွဲတို့တွင် ခရစ်ယာန်တပ်တို့သည် သူတို့ စစ်နိုင်ခဲ့သော ပထမ ခရူးဆိတ်စစ်ပွဲကာလ ၁၀၉၉ မှာ တကြိမ်၊ တတိယ ခရူးဆိတ် စစ် ပွဲကာလ ၁၁၉၁ မှာတကြိမ် ဂျေရုဆလင်တွင်းနေ ဘာသာခြား သာမန်အရပ် ပြည်သူပြည်သားများကို အစုလိုက်အပြုံ လိုက် တမင်ကလာ လို်က်လံသတ်ဖြတ်ခဲ့ပေသည်။ ဤလူမဆန်သော လုပ်ရပ်တို့နှင့်ခြားနားစွာ ဆာလာဒင်က ဂျေရု ဆလင်ကို သိမ်းပိုက်လိုက်နိုင်သော တတိယ ခရူးဆိတ်၏ ၁၁၈၇ တွင် ရှေ့ ပထမ ခရူးဆိတ် ၁၀၉၉ တွင် ဖြစ်ပွားခဲ့သည့် ပြည်သူပြည်သားတွေကို အုံလိုက်ကျင်းလိုက် လက်စားချေ သတ်ဖြတ်ခြင်းမျိုး မဖြစ်ရလေအောင် စစ်ရှုံးသူ ခရစ်ယာန် ခေါင်းဆောင်တို့နှင့် ညှိနိုင်းပြီး စီမံဆောင်ရွက်ပေးခဲ့သည်မှာ မူဆလင်လောက တခုလုံးသာမက လူ့သမိုင်းတခုလုံးကပါ ဂုဏ်ယူဖွယ်အင်မတန်ကောင်းသည့် အထင်ကရ သမိုင်းမှတ်တိုင် တခုပါတည်း။

တတိယခရူးဆိတ် စစ်ပွဲအကြောင်းကို နာမည်ကျော် ဗြိတိသျှဒါရိုက်တာ ရစ်ဒလီ စကော့ ရိုက်ကူး၍ ဆီးရီးယား သရုပ် ဆောင်မင်းသား အကျော်အမော် အာဆန်မစု မှ မူဆလင်ဘုရင် ဆာလာဒင်အဖြစ် သရုပ်ဆောင်သော Kingdom of Heaven ဇာတ်ကားကြီးသည် အမေရိကရော ဥရောပပါ ဟိုးလေးတကျော် လွန်စွာကျော်ကြားပေါက်ရောက်ခဲ့ပြီး ဥရောပ နှင့် အမေရိက ရုပ်ရှင်ဆုများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါ၏။ အထူးသဖြင့် အာဆန်မစု၏ ဆာလာဒင် အဖြစ် သရုပ် ဆောင်မှုမှာ သမိုင်းထဲမှာလာသော ဘုရင်ဆာလာဒင် အစစ်၏ သွင်ပြင်လက္ခဏာတို့သည် မော်ဒန်ပရိသတ်ရှေ့တွင် ခုပင် ရောက်နေသည့်အလား ထင်မှတ်မှားရပုံကို နယူးယောက်တိုင်း သတင်းစာက ချီးမွမ်းခဲ့သည်မှာ “ရေတကောင်း ရှည် တခုကဲ့သို့ အေးမြတည်ငြိမ်သော ပုံဟန်” ဟု သြဘာပေးခဲ့ပါသည်။

သမိုင်းထဲမှာ တကယ်လာမလာ မသေချာပေမယ့် ရုပ်ရှင်ထဲက မူဆလင်ဘုရင် ဆာလာဒင်နှင့် အစ်ဘလန် ရဲတိုက်က ခရစ်ယာန်စစ်သည် ဘယ်လီရန် တို့ ဇာတ်ကား၏ နောက်ဆုံးဇာတ်ကွက်တွင် ပြောခဲ့သည့် စာသားတို့မှာလည်း ကျဉ်း မြောင်းသော ဘဝတနေရာမှ ကျနော်တို့ လူသားတွေအားလုံး၏ ဖြစ်တည်မှုကို ခါးသီးလှသော ထိုစစ်ပွဲမှ ဤစစ်သည် နှစ်ဦးတို့ သင်ခန်းစာယူ သံဝေဂဉာဏ် ရင့်သန်သိမြင်ခဲ့ပုံကို ဖော်ကျူးပြသနေပါ သတည်း။

အစ်ဘလန် က ဘယ်လီရန်။ ဂျေရုဆလင် ဘယ်လောက်တန်ပေ သလဲ

ဆာလာဒင်။ ဘာမှ မဟုတ်ပါဘူး (ကျောခိုင်းထွက်သွား၍ )

ဆာလာဒင်။ အရာရာပါပဲ !

တတိယ ခရူးဆိတ်စစ်ပွဲသည် ရုပ်ရှင်ထဲမှာတော့ ထိုစစ်သည်တော်ကြီး နှစ်ဦးက စောစီးစွာ အဆုံးသတ်နိုင်ခဲ့သည်သာ။

[ဂျော်ဒန်နို ဘရူနို] တစ်ဆယ့်ခြောက်ရာစု၏ မီးရှူးတန်ဆောင်၊ သင်္ချာနှင့် နက္ခတ္တဗေဒ ထိပ်တန်းပညာရှင် ဖြစ်ပြီး သူ၏ ခရစ်ယာန်နှင့် ဆန့်ကျင်ပြီး အနန္တ စကြာဝဌာ နေကြတဲ့ များသတ္တဝါ အယူအဆကို ဖြန့်ဖြူးမှုကြောင့် ခရစ်ယာန်ဘာသာ တရားကို အသရေ ညှိုးနွမ်းစေမှု စသော စွဲချက်မျိုးစုံဖြင့် ညှဉ်းပန်းစွဲဆိုကာ ရောမအာဏာပိုင်များက စီရင်ခဲ့ပါသည်။

သည်ဖက်ခေတ် ၂၁ ရာစုမှာ ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွဲနေတယ်ဆိုတဲ့၊ ကိုယ့်ကိုကိုယ်လည်း ဘယ်ဘာသာ ကိုမှ မဖက်မပင်းကြေးလို့ (secular state) ကြေငြာတဲ့ မြန်မာနိုင်ငံတော်က မြန်မာအာဏာပိုင်ဆိုသူတို့ကို မေးစရာ ရှိ ပါသည်။ မြင်းမိုရ်တောင်ဆိုတာ ဘယ်မှာရှိလို့လဲလို့ ဗုဒ္ဓဘာသာ မယုံကြည်သူတဦးက စာတတန်ပေတတန်နှင့် ရေးပြခဲ့ လျှင်ကော ထိုသူကို ရောမအာဏာပိုင်တို့က ဘရူနိုကို လုပ်သလို လုပ်ဦးမှာလား။ အနည်းဆုံးမတော့ ငါတို့ မနှစ်မြို့ သည်ကား မူဆလင်တဦးက ၉၆၉ တံဆိပ်ကို သွားခွာတာနဲ့ ဘာသာတရားကို အသရေညှိုးနွမ်းစေမှုဖြင့် ထောင်နှစ်နှစ် ချပစ်သည်ဆိုသော မော်ဒန်ဒီမိုကရေစီခေတ် မြန်မာအာဏာပိုင်ဆိုသူတို့သည် တဆယ့်ခြောက်ရာစု ဥရောပအမှောင် ခေတ်က ရောမအာဏာရှင်တွေလိုပဲ သည်ဘက်ခေတ်ထိအောင် လူမိုက်ချေးတက် ရမ်းကားနေခြင်းကိုပါတည်း။

ဟုတ်ကဲ့၊ ဝါရှင်တန်ဒီစီတွင် သူရဦးရွှေမန်းက “၉၆၉ တွေကို အရေးယူဖို့ စလုပ်နေပါပြီ” ဟု ပြောသောအခါ များစွာသော သူတို့သည် သူတို့ကပ်ထားသော ၉၆၉ စတစ်ကာတွေကို ကြောက်အားလန့်အားဖြင့် ပြန်ခွာကြကုန်၏။ ထိုသူတို့ကို လည်း ဘုရားတရားသံဃာ သာသနာကို အသရေညှိုးနွမ်းစေမှုဖြင့် သူတို့ခွာသော ၉၆၉ ကပ်ခွာတခုလျှင် ထောင်နှစ် နှစ်နှုန်းနှင့် ချရန် ၉၆၉ ခေါင်းဆောင် ဘုန်းကြီးတို့သည် သူတို့အပေါင်းပါ မြန်မာအာဏာပိုင်တို့ကို တောင်းဆိုသင့်ပါပေ သည် မဟုတ်လား၊ ဗျာတို့။

[မူဂါ အင်ပါယာ] ဘင်္ဂလား ဒေသမှသည် ကက်ရှ်မီးယားနှင့် ကာဗာရီ ချို့င်ဝှမ်းသို့တိုင်အောင် ကျယ်ပြန့်ခဲ့ပါသည်။

ညိုထွန်း

1 comment:

Mg Su said...

Again seeing the series of useless article, blindly making fallacious statement without taking any glace to the Muslim countries, the way how neighbors Muslim countries firmly make their rules to protect their people and their religion, instead just blaming only what happen in Myanmar. this article is not worth to read