မြန်မာ့ လူနေမှုဘ၀မှာ နိုင်ငံတကာနဲ့ မတူတဲ့ ထူးခြားချက်က မြန်မာအမျိုးသမီးထုရဲ့ နေ့တစ်ဓူဝ တွေ့ကြုံနေရတဲ့ အခက်အခက်တွေကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကသာ အသိဆုံးဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ်၊ တရားပွဲတွေမှာပဲဖြစ်ဖြစ် အများစုက အမျိုးသမီးတွေက ရာခိုင်နှုန်း(၉၀)ကျော်ပါတယ်။ အမျိုးသမီးတွေကလည်း သူတို့ တွေ့ကြုံနေရတဲ့ လူမှုအခက်အခဲမျိုးစုံကို သူတို့အားထားကိုးကွယ် ယုံကြည်ရာ ဘုန်းဘုန်းတွေစီမှာပဲ လျှောက်ထား၊ ရင်ဖွင့်၊ အကြံအဥာဏ်ယူ၊ အဆုံးအမ ခံယူတဲ့ဓလေ့ဟာ မြန်မာ့ လူမှုဝန်းကျင်မှာ ရှေးအစဉ်အဆက် ကတည်းက ဒီနေ့အထိ ကျယ်ပြန့်စွာ ဖြစ်တည်ခဲ့တယ်။ အိမ်ရှင်မ အမျိုးသမီးတွေကလည်း သူတို့ကိုးကွယ်အားထားတဲ့ ဘုန်းတော်ကြီးတွေရဲ့ အထွေထွေ လိုအပ်ချက်ကို အမျိုးသားတွေထက် တတ်သိလိမ္မာစွာ ၀တ်ဖြည့် ကုသိုလ်ယူကြတယ်။ ဒါကြောင့် မြန်မာ လူနေမှုဘ၀မှာ အမျိုးသမျိုးသမီးထုရဲ့ လိုအပ်ချက် ကိစ္စအ၀၀ကို အမျိုးသားထုထက်၊ ဘုန်းတော်ကြီးတွေက လက်တွေ့ဆန်စွာ ပိုလို့သိရှိ နားလည်နေကြရတယ်။ အမျိုးစောင့်ဥပဒေမူကြမ်းဆိုတာ အပေါ်ယံကြည့်ရင်တော့ မိန်းမတွေ လင်ယူမယ့်ကိစ္စကို ဘုန်းတော်ကြီးတွေက မဆီမဆိုင် ၀င်ရှုတ်နေသလို မြင်နိုင်တယ်။ တကယ်တော့ ဒီဥပဒေဆိုတာဟာလည်း အမျိုးသမီးထုကို ဖိနှိပ်ဖို့ လုံးဝမဟုတ်ဘဲ၊ အမျိုးသမီးထုရဲ့ သူတို့ကိုယ်ပိုင်ဆန္ဒမပါဘဲ အခက်အခဲ အမျိုးမျိုးရဲ့ ဖိအားကြောင့် အိမ်ထောင် ပြုပြီးတာနဲ့ ဘာသာတရား အတင်းသွပ်သွင်းခံရခြင်းက အကာအကွယ်ပေးဖို့ဖြစ်တယ်။ သူတို့ရဲ့ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးနဲ့ ဘ၀အာမခံချက်ကို ကာကွယ်ပေးဖို့က ရည်ရွယ်ရင်းဖြစ်တယ်။ ဒီဥပဒေကို ဆန့်ကျင်နေကြတာထက် ဘယ်ဟာတွေကိုတော့ လိုတိုးပိုလျှော့ လုပ်သင့်တယ်ဆိုပြီး အပြုသဘောဆန်ဆန် ဆွေးနွေးသင့်တယ်လို့ မြင်မိတယ်။ တချို့အမျိုးသမီးတွေက သူတို့ လင်ယူသားမွေးကိစ္စကို လူမျိုးခြား၊ ဘာသာခြားနဲ့ယူရာမှာ အကန့်အသပ် ဖြစ်သွားနိုင်တာ တစ်ခုကိုပဲ လူခွင့်အရေးအကြောင်းပြပြီး လုံးဝခါးခါးသီးသီး ငြင်းဆန်နေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ကျနော့ ပုဂ္ဂလိကအမြင်ကတော့ ဘုန်းကြီးတွေအနေနဲ့ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုတဲ့ မူကို နှလုံးသွင်းပြီး မူကြမ်းအဆင့်မှာ ခပ်တင်းတင်း တင်ပြထားတာလို့ နားလည်တယ်။ ဥပဒေတစ်ခုဆိုတာ ပြဌာန်းအတည်ပြုမယ့်သူတွေက ဘက်စုံထောင့်စုံ အပြန်ပြန်အလှန်လှန် သုံးသပ်ဆွေးနွေးပြီး ပြည်သူအများစုက ထောက်ခံမှ ဖြစ်လာမှာပါ။ ဘုန်းကြီးတွေ တင်ပြတိုင်း တသွေမသိမ်း ဖြစ်လာမှာ မဟုတ်ဘူးလို့ သိပ်ပြီး ခါးခါးတူးတူး ငြင်းဆန်နေကြတဲ့ အမျိုးသမီးအချို့ကို သိပ်ပြီးစိတ်မပူပန်ဖို့ ပြောချင်ပါတယ်။ အမျိုးသမီးထုရဲ့ ဥာဏ်ရည်၊ အသိတရား၊ အတွေးအခေါ်တွေ မြင့်မားလာဖို့က အဓိက ဒီလိုဥပဒေတွေ ပြဌာန်းဖို့ အဓိက မကျဘူးလို့ မဇင်မာအောင်က ဆွေးနွေးထားတယ်။ အဲဒါဟုတ်ပါတယ်။ ဒါပေမယ့် အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ လူမဆန်မှုတဲ့ ဖိနှိပ်မှုတွေကြောင့် လူအများစုမှာ အသိဥာဏ်၊ အတွေးအခေါ်၊ ဘာသာရေးနားလည်နိုင်မှုစတဲ့ အသိတရားတွေ အလွန်တရာ နိမ့်ကျလာတဲ့အပြင် ဒီနေ့ဆိုရင် တိုင်းတပါးရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှု၊ သတင်းအချက်အလက်တွေရဲ့ မြန်ဆန်မှုက မျိုးဆက်သစ်လူထုရဲ့ အသိတရား တိုးတက်မှုထက် များစွာကျော်လွန် နေရာယူလာတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အသိတရား နိမ့်ပါးနေစဉ်အခိုက်အတံ့ကာလမှာ ဒီလိုမှ မထိန်းချုပ်ထားလိုက်နိုင်ရင် ရာစုနှစ်ဝက်လောက်မှာ ပြန်ပြီးအဖတ်ဆယ်ဖို့ ဘယ်လိုမှ အချိန်မမီနိုင်တော့ပါဘူး။ အဲဒီအချိန်မှာ အသိဥာဏ်တွေ အတွေးအခေါ်တွေ ဘယ်လိုပဲ မြင့်နေနေ ပြန်ပြီး ပြုပြင်ဖို့ ဆေးမမီနိုင်တော့ပါဘူး။ ဒါကြောင့် ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ကြမလဲလို့ဘဲ စဉ်းစားသင့်ကြပါတယ်။ ကိုယ့်အမျိုးအနွယ် တည်တံ့ခိုင်မြဲရေးအတွက် စိတ်ဆန္ဒရှိတာခြင်းတူရင် ညှိနှိုင်း အဖြေရှာလို့ ရနိုင်ပါတယ်။ ကိုယ့်အတွေးအခေါ် အယူအဆ လမ်းစဉ်နဲ့မတူတာနဲ့ မတူသူကို ဖယ်ထုတ်ဖို့ ကြိုးစားတာဟာ အာဏာရှင်တွေရဲ့ လမ်းစဉ်ဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရက မတူတာတွေကို ညှိယူပြီး အတူသွားခြင်းပါ။
Post a Comment
1 comment:
မြန်မာ့ လူနေမှုဘ၀မှာ နိုင်ငံတကာနဲ့ မတူတဲ့ ထူးခြားချက်က မြန်မာအမျိုးသမီးထုရဲ့ နေ့တစ်ဓူဝ တွေ့ကြုံနေရတဲ့ အခက်အခက်တွေကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကသာ အသိဆုံးဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ်၊ တရားပွဲတွေမှာပဲဖြစ်ဖြစ် အများစုက အမျိုးသမီးတွေက ရာခိုင်နှုန်း(၉၀)ကျော်ပါတယ်။ အမျိုးသမီးတွေကလည်း သူတို့ တွေ့ကြုံနေရတဲ့ လူမှုအခက်အခဲမျိုးစုံကို သူတို့အားထားကိုးကွယ် ယုံကြည်ရာ ဘုန်းဘုန်းတွေစီမှာပဲ လျှောက်ထား၊ ရင်ဖွင့်၊ အကြံအဥာဏ်ယူ၊ အဆုံးအမ ခံယူတဲ့ဓလေ့ဟာ မြန်မာ့ လူမှုဝန်းကျင်မှာ ရှေးအစဉ်အဆက် ကတည်းက ဒီနေ့အထိ ကျယ်ပြန့်စွာ ဖြစ်တည်ခဲ့တယ်။ အိမ်ရှင်မ အမျိုးသမီးတွေကလည်း သူတို့ကိုးကွယ်အားထားတဲ့ ဘုန်းတော်ကြီးတွေရဲ့ အထွေထွေ လိုအပ်ချက်ကို အမျိုးသားတွေထက် တတ်သိလိမ္မာစွာ ၀တ်ဖြည့် ကုသိုလ်ယူကြတယ်။ ဒါကြောင့် မြန်မာ လူနေမှုဘ၀မှာ အမျိုးသမျိုးသမီးထုရဲ့ လိုအပ်ချက် ကိစ္စအ၀၀ကို အမျိုးသားထုထက်၊ ဘုန်းတော်ကြီးတွေက လက်တွေ့ဆန်စွာ ပိုလို့သိရှိ နားလည်နေကြရတယ်။
အမျိုးစောင့်ဥပဒေမူကြမ်းဆိုတာ အပေါ်ယံကြည့်ရင်တော့ မိန်းမတွေ လင်ယူမယ့်ကိစ္စကို ဘုန်းတော်ကြီးတွေက မဆီမဆိုင် ၀င်ရှုတ်နေသလို မြင်နိုင်တယ်။ တကယ်တော့ ဒီဥပဒေဆိုတာဟာလည်း အမျိုးသမီးထုကို ဖိနှိပ်ဖို့ လုံးဝမဟုတ်ဘဲ၊ အမျိုးသမီးထုရဲ့ သူတို့ကိုယ်ပိုင်ဆန္ဒမပါဘဲ အခက်အခဲ အမျိုးမျိုးရဲ့ ဖိအားကြောင့် အိမ်ထောင် ပြုပြီးတာနဲ့ ဘာသာတရား အတင်းသွပ်သွင်းခံရခြင်းက အကာအကွယ်ပေးဖို့ဖြစ်တယ်။ သူတို့ရဲ့ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးနဲ့ ဘ၀အာမခံချက်ကို ကာကွယ်ပေးဖို့က ရည်ရွယ်ရင်းဖြစ်တယ်။ ဒီဥပဒေကို ဆန့်ကျင်နေကြတာထက် ဘယ်ဟာတွေကိုတော့ လိုတိုးပိုလျှော့ လုပ်သင့်တယ်ဆိုပြီး အပြုသဘောဆန်ဆန် ဆွေးနွေးသင့်တယ်လို့ မြင်မိတယ်။ တချို့အမျိုးသမီးတွေက သူတို့ လင်ယူသားမွေးကိစ္စကို လူမျိုးခြား၊ ဘာသာခြားနဲ့ယူရာမှာ အကန့်အသပ် ဖြစ်သွားနိုင်တာ တစ်ခုကိုပဲ လူခွင့်အရေးအကြောင်းပြပြီး လုံးဝခါးခါးသီးသီး ငြင်းဆန်နေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ ကျနော့ ပုဂ္ဂလိကအမြင်ကတော့ ဘုန်းကြီးတွေအနေနဲ့ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုတဲ့ မူကို နှလုံးသွင်းပြီး မူကြမ်းအဆင့်မှာ ခပ်တင်းတင်း တင်ပြထားတာလို့ နားလည်တယ်။ ဥပဒေတစ်ခုဆိုတာ ပြဌာန်းအတည်ပြုမယ့်သူတွေက ဘက်စုံထောင့်စုံ အပြန်ပြန်အလှန်လှန် သုံးသပ်ဆွေးနွေးပြီး ပြည်သူအများစုက ထောက်ခံမှ ဖြစ်လာမှာပါ။ ဘုန်းကြီးတွေ တင်ပြတိုင်း တသွေမသိမ်း ဖြစ်လာမှာ မဟုတ်ဘူးလို့ သိပ်ပြီး ခါးခါးတူးတူး ငြင်းဆန်နေကြတဲ့ အမျိုးသမီးအချို့ကို သိပ်ပြီးစိတ်မပူပန်ဖို့ ပြောချင်ပါတယ်။
အမျိုးသမီးထုရဲ့ ဥာဏ်ရည်၊ အသိတရား၊ အတွေးအခေါ်တွေ မြင့်မားလာဖို့က အဓိက ဒီလိုဥပဒေတွေ ပြဌာန်းဖို့ အဓိက မကျဘူးလို့ မဇင်မာအောင်က ဆွေးနွေးထားတယ်။ အဲဒါဟုတ်ပါတယ်။ ဒါပေမယ့် အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ လူမဆန်မှုတဲ့ ဖိနှိပ်မှုတွေကြောင့် လူအများစုမှာ အသိဥာဏ်၊ အတွေးအခေါ်၊ ဘာသာရေးနားလည်နိုင်မှုစတဲ့ အသိတရားတွေ အလွန်တရာ နိမ့်ကျလာတဲ့အပြင် ဒီနေ့ဆိုရင် တိုင်းတပါးရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှု၊ သတင်းအချက်အလက်တွေရဲ့ မြန်ဆန်မှုက မျိုးဆက်သစ်လူထုရဲ့ အသိတရား တိုးတက်မှုထက် များစွာကျော်လွန် နေရာယူလာတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အသိတရား နိမ့်ပါးနေစဉ်အခိုက်အတံ့ကာလမှာ ဒီလိုမှ မထိန်းချုပ်ထားလိုက်နိုင်ရင် ရာစုနှစ်ဝက်လောက်မှာ ပြန်ပြီးအဖတ်ဆယ်ဖို့ ဘယ်လိုမှ အချိန်မမီနိုင်တော့ပါဘူး။ အဲဒီအချိန်မှာ အသိဥာဏ်တွေ အတွေးအခေါ်တွေ ဘယ်လိုပဲ မြင့်နေနေ ပြန်ပြီး ပြုပြင်ဖို့ ဆေးမမီနိုင်တော့ပါဘူး။ ဒါကြောင့် ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ကြမလဲလို့ဘဲ စဉ်းစားသင့်ကြပါတယ်။ ကိုယ့်အမျိုးအနွယ် တည်တံ့ခိုင်မြဲရေးအတွက် စိတ်ဆန္ဒရှိတာခြင်းတူရင် ညှိနှိုင်း အဖြေရှာလို့ ရနိုင်ပါတယ်။ ကိုယ့်အတွေးအခေါ် အယူအဆ လမ်းစဉ်နဲ့မတူတာနဲ့ မတူသူကို ဖယ်ထုတ်ဖို့ ကြိုးစားတာဟာ အာဏာရှင်တွေရဲ့ လမ်းစဉ်ဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရက မတူတာတွေကို ညှိယူပြီး အတူသွားခြင်းပါ။
Post a Comment