Monday, August 5, 2013

တိုင်းပြည်ရှေ့ရေး ဗကပ အတွေး

www.dailymail.co.uk
“ဆင်ကြီးတွေ မိတ်လိုက်ရင် တောကျေပြီး ရန်ဖြစ်ရင် တောပြုန်းတယ်”

(၁) မြေပေါ်နိုင်ငံရေးအင်အားစုများ “၂၀၁၅ ရွေးကောက်ပွဲကိုမျှော်ပြီး လှုပ်ရှားနေကြသည်။ အဓိကပြိုင်ဘက် ဖြစ်ကြ သည့် NLD နဲ့ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲအတွက် အလှုပ်ရှားဆုံးဖြစ်သည်။ ကြံ့ဖွံ့ပါတီက ပိုပြီးလှုပ်ရှားတာတွေ့သည်။ NLD မှာက သမ္မတဖြစ်ချင်သူ တဦးတည်းရှိသည်။ ကြံ့ဖွံ့ ပါတီမှာက သမ္မတနေရာ မှန်းနိုင်သူ များသည်။ အခုအထိ မရွေးချယ်ရသေး၊ ဒါကြောင့် ပိုလှုပ်ရှားခြင်း ဖြစ်သည်။ ကြံ့ဖွံ့ပါတီမှာက

အုပ်စုတွေများသည်။ တယောက်တပေါက် ပြောကြတာလည်း များသည်။ အခြေခံဥပဒေကို ပြင်ရမည်ဟု သူတို့ကပဲ စပြီးပြောသည်။ NLD က မပြောဘဲနေသည်။ ကိုယ့်တွက် ကိန်းနဲ့ကိုယ် ဖြစ်လိမ့်မည်။ NLD ဥက္ကဋ္ဌက မီးသေသည်။

ကြံ့ဖွံ့ပါတီက အဲဒီလို မဟုတ်၊ စစ်တပ် (တပ်မတော်) က သမ္မတလောင်း တင်ခွင့်ရှိတာကို ပြင်ရမည်ဟု ပြောသူရှိသည်။ တချို့က စစ်တပ်ကို “အရေးပေါ်အာဏာ အပ်ပြီး” ရွေးကောက်ပွဲ ကျင်းပပေးစေလိုသည်။ (၁၉၆၀ တုန်းက စစ်တပ်ကြီး မှူးကျင်းပတဲ့ ရွေးကောက်ပွဲမျိုး) ဟိုတုန်းက ဦးနုက အခြေခံဥပဒေကို ကုလားဖန်ထိုးပြီး လုပ်ရသည်။ အခု အဲဒီလိုလုပ် စရာ မလိုပါ၊ အခြေခံဥပဒေ အခန်း (၁၁) အတိုင်း လုပ်လိုက်လို့ ရသည်။

ရခိုင်က စလိုက်တဲ့အဓိကရုဏ်းက မိတ္တီလာကူးသည်။ အခု ရန်ကုန်တိုင်းအတွင်းထိ ရောက်နေပြီ၊ အဓိရုဏ်း မန်းလိုက် နေပြီ။ အဲဒီလိုဖြစ်အောင်လည်း ကြံ့ဖွံ့ အုပ်စုတခုက လုပ်နေပုံရသည်။ အရေးပေါ်အခြေအနေ တပြည်လုံးမှာ ကြေညာရ တာအထိ ဖြစ်စေချင်ပုံရသည်။

စစ်တပ်မှာကလည်း “နံပါတ်ဝမ်း” ပီပီပြင်ပြင် မရှိသေး၊ နံပါတ်ဝမ်း (ငြိမ်း) ဗိုလ်သန်းရွှေ တင်ခဲ့တဲ့ စစ်ကဲတွေချည်း ဖြစ်နေ သည်။ ဗိုလ်သန်းရွှေ သေလျှင် ဗိုလ်မင်းအောင်လှိုင် နံပါတ်ဝမ်း တန်းပြီးဖြစ်ဖို့ မသေချာပါ၊ “နဝတ” ကာလတုန်းက ဗိုလ် သန်းရွှေနဲ့ ယှဉ်နိုင်သူတွေများသလို ဗိုလ်မင်းအောင်လှိုင်နဲ့ ယှဉ်နိုင်သူတွေ များနေသည်။ ရွယ်တူတွေကိုရှင်းပစ်ပြီး ငယ်သူတွေကို မြှင့်တင်တဲ့ သန်းရွှေ လုပ်နည်းမျိုး လုပ်ရလိမ့်မည်။ “နဝတ” မှ “နအဖ” သို့ အကူးအပြောင်းမျိုး လုပ်ရလိမ့် မည်ဟု တွက်သည်။ စစ်တပ်မှာ “နံပါတ်ဝမ်း” ဖြစ်ဖို့ ဗိုလ်နေ၀င်းလုပ်ခဲ့ပုံမျိုး ဗိုလ်သန်းရွှေ လုပ်ရသည်။ ဗိုလ်မင်းအောင် လှိုင် လည်း လုပ်ရလိမ့်မည်။

(၂) ဗမာပြည်အရေးမှာ ပါဝင်ပတ်သက်နေတဲ့ အင်အားကြီးနိုင်ငံတွေက ထိပ်သီးတွေအားလုံးလောက် ဗမာပြည်ကို လာကြသည်။ အိမ်သာလို့ ဧည့်လာတာလို့ထင်လျှင် မှားလိမ့်မည်။ အင်္ဂလိပ် ကိုလိုနီဘ၀တုန်းကပင်လျှင် အကျိုးတူချင်း ပူးတွဲဖို့ ချန်ကေရှိတ် လာဖူးသည်။ အင်္ဂလိပ် - ဂျပန်နဲ့ စစ်ဖြစ်တော့ KMT တပ်တွေ ၀င်လာဖူးသည်။ အခု လွတ်လပ်တဲ့ ဗမာပြည်မှာ ပိုပြီးလာကြလိမ့်မည်။ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ လာနေကြပြီ။ ကမ္ဘာ့အခင်းအကျင်းသစ် New World Order (NOW) အတွက် လွန်ပွဲပြင်းထန်ချိန်ဖြစ်လို့ လာကြတာ ဖြစ်သည်။ နောင်မှာလည်း ပိုပြီးလာကြလိမ့်မည်။ ဗမာ ပြည်က အလှည့်ကျ ဥက္ကဋ္ဌလုပ်လျှင် ပိုပြီးလာကြလိမ့်မည်။

(၃) ဗကပ ကတော့ အိမ်တွင်းရေးသာယာဖို့ အဓိကဟု ယူဆသည်။ အိမ်တွင်းရေး မသာယာလျှင် အိမ်သာသည်ဟု မဆိုနိုင်ပါ။ အိမ်ပေါ်မှာ ဧည့်သည်တွေ အချင်းချင်း ရန်ဖြစ်ကြမှာကိုပဲ တွေးပူသည်။ အာဖရိက ဆိုရိုး ထင်သည်။ “ဆင်ကြီးတွေ မိတ်လိုက်ရင် တောကျေပြီး ရန်ဖြစ်ရင် တောပြုန်းတယ်” ဆိုလား အဲဒီလိုဖြစ်မှာပဲ စိုးသည်။

ပြည်တွင်းသာယာဖို့ဆိုလျှင် (၃) ခု မဖြစ်မနေရှိရမည်ဟု ဗကပ ယူဆသည်။

(က) ပြည်တွင်းငြိမ်းချမ်းရေး “အစစ်အမှန်” ရှိရမည်။
(ခ) ပြည်တွင်းတည်ငြိမ်မှု “အစစ်အမှန်” ရှိရမည်။
(ဂ) ပြည်သူ့အခွင့်အရေး “အပြည့်အ၀” ရှိရမည်။

ပြည်သူ့အာဏာဂျာနယ် ... အမှတ် (၃၆) သြဂုတ် ၂၀၁၃ ... မှ

No comments: