နောက်ဆုတ်နေတဲ့တပ် နောက်ဆုတ်နေတဲ့ခြေထောက်
“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ။ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့မည်သည်ကား တပ်ကို ဆုတ်တဲ့အခါမှာ အစီအစဉ်တကျဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာ ဖြစ်တယ်။” အဲသလိုပြောသွားသူကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နန့်နန့်တက်ဖြစ်နေတဲ့ ဦးသုဝေ ဘဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ရှင်းရှင်းသိထားဖို့က နအဖ တပ်မှာ နောက်ဆုတ်တယ် ဆိုတာ မရှိပါဘူး။ ခွာစစ်ဆင်တယ် ဆိုတာဘဲရှိပါတယ်။ နအဖတပ်ဟာ ဂျပန်ဖက်ဆစ်တပ်က မွေးထုတ်ထားတာဖြစ်လို့
ဂျပန်ဖက်ဆစ်တပ်လိုဘဲ တပ်ဆုတ်တဲ့ကဏ္ဍကို သူ့စစ်ဗျူဟာမှာ လက်မခံပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို စတင်တည်ထောင်တုံးက ဂျပန်စစ်တပ်ရဲ့ တပ်,မဆုတ်ရေး အားနည်း ချက်ကိုသိမြင်ပြီး ဗမာ့တပ်မတော်ရဲ့ စစ်သဘောတရားမှာ တပ်ဆုတ်ရေးဗျူဟာနဲ့ သဘောတရားကို အသေအချာ ထည့်သွင်းဖို့ လမ်းညွှန်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဗမာ့တပ်မတော်ရဲ့ စစ်ပါရဂူဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗမာ့တပ်မတော်ရဲ့ ခေတ်မီရေး သဘောတရားပါရဂူလုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင် တို့ကလည်း တပ်ဆုတ်ခွာခြင်း သဘောတရားနဲ့ လက်တွေ့ကို စစ်မဟာဗျူဟာ နည်းဗျူဟာတွေထဲ စနစ်တကျထည့်သွင်းချမှတ်ခဲ့ပါတယ်
ဒါပေမဲ့ ဒီမိုကရေစီအစိုးရကို ဖြတ်လမ်းနည်းနဲ့ အင်အားသုံးဖြုတ်ချခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ စစ်အာဏာသိမ်းပွဲနောက်ပိုင်းမှာေ
နအဖစစ်တပ်သတ်မှတ်ထားတဲ့ ခွာစစ်ဆင်ဖို့ အကြောင်းတရားတွေကတော့
(က) ရန်သူအားနှောင့်ယှက်ရန်၊အင်အားယ
(ခ) ရန်သူအားကျုံးသွင်း၍ဖျက်ဆီးရန်(
(ဂ) အဆုံးအဖြတ်တိုက်ပွဲများအတွက် ပြင်ဆင်ချိန် ပိုရရန်
(ဃ) မိမိတပ်များ တပ်ဖြန့်ပုံနှင့်တညီတစည်းတည်းဖြ
(င) မိမိတပ်အစိတ်အပိုင်းကို အခြားတဒေသတွင် သုံးနိုင်ရန်
(စ) ရန်သူ့ထိုးစစ်ကို ရင်ဆိုင်နိုင်စွမ်းမရှိလို့ မိမိအင်အား လုံးဝချေမှုန်းခံရမယ့်အခြေအနေမျု
လက်တွေ့ ရှေ့တန်းစစ်မြေပြင်မှာဆိုရင် နအဖစစ်တပ်ဟာ မဆုတ်တမ်းခံစစ်စခန်း ဆိုတာတွေ တည်ဆောက်ထားပါ တယ်။ ခ-အဆင့် မဆုတ်တမ်းခံစစ်စခန်းဆိုတာ တိုင်းစစ်ဌာနချုပ်အမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့စခန်းဖြစ်ပြီး က-အဆင့် မဆုတ်တမ်းခံစစ်စခန်းဆိုရင်တော့ ကကကြည်းအမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့စခန်း ဖြစ်ပါတယ်။ ကကကြည်းဟာ ဘယ်တော့မှ ဆုတ်မိန့်ပေးတဲ့ထုံးစံမရှိလို့ တကယ်တော့ လုံးဝမဆုတ်ဘဲ အသေခံရတဲ့စခန်းတွေသာ ဖြစ်ပါတယ်။ ဒီလိုစခန်းမျိုးတွေကဆုတ်ရင် သေချာပေါက် စစ်ခုံရုံးနဲ့ တွေ့မှာဖြစ်ပါတယ်။
ဗမာစစ်တပ်မှာလူကိုအလေးထားတာ မဟုတ်တဲ့အတွက် လူမသေဘဲ လက်နက်ဆုံးရင် စစ်ခုံရုံးရောက်တာချည်း ဖြစ်ပါတယ်။လေတပ်မှာဆိုရင် ပျံနေရင်း လေယာဉ်ပျက်လို့ လေယာဉ်မှူး လေထီးနဲ့ခုန်ဆင်းရင် စစ်ခုံရုံးနဲ့တွေ့ပါတယ်။ နာဂစ်မုန်တိုင်းတုံးက ရေတပ်အရာရှိတွေ စစ်သည်တွေဟာ အခြေအနေကိုသေချာသိလျက်နဲ့ စစ်ခုံရုံးကိုကြောက်လို့ စစ်သင်္ဘော အစုတ်ကလေးတွေပေါ်မှာဘဲ တွယ်ကပ်နေကြရတဲ့အတွက် ရေတပ်ရဲဘော် ရာနဲ့ချီပြီး အသက်ဆုံးခဲ့ကြပါတယ်။ ဒါဟာ နအဖစစ်တပ်ရဲ့ မဆုတ်ရေး သဘောတရားအပေါ် အခြေခံတာဖြစ်ပါတယ်။
ဒီလိုလက်နက်ကလေးတလက်၊ စခန်းလေးတခု၊ လှေကလေးတစီးကိုတောင် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စွန့်လွှတ် ဖို့စိတ်မကူးတဲ့နအဖ ဟာ တနှစ်ကို အနည်းဆုံးဒေါ်လာ သန်း ၂၀၀၀ ဝင်နေတဲ့ သဘာဝဓာတ်ငွေ့တွေ၊ ဒေါ်လာ သန်းချီရတဲ့ကျောက်စိမ်း၊ ကျောက်နီ၊ ရွှေ၊ ကြေးနီ၊ ကျွန်း ပျဉ်းကဒိုး ပိတောက်၊ ငါး ပုဇွန် နဲ့တကွတပြည်လုံးက လူထုတွေ လုပ်ငန်းရှင်တွေဆီ က ဆက်ကြေးတွေကို စွန့်လွှတ် ဆုတ်ခွာပြီး သဟိတ်ဂ်မြို့သို့မဟုတ် ဘရပ်ဆဲမြို့က စစ်ရာဇဝတ်မှုအထူးခုံရုံး သို့မဟုတ် လူသားမျိုးနွယ်ဆန့်ကျင်ရေး ရာဇဝတ်မှုအထူးခုံရုံးဆီ ချီတက်ဖို့ ဘယ်တော့မှ မလုပ်ပါဘူး။
အခုဆိုရင် ဗိုလ်ချုပ်ကြီးများ အဓိကရှယ်ယာပါတဲ့ စီးပွားရေးကုမ္ပဏီတွေ၊ ဦးပိုင်နာမည်ခံထားတဲ့ မြန်မာ့စီးပွားရေး ဗိုလ်ပိုင်လီမိတက်နဲ့ တခြားစစ်တပ်ကုမ္ပဏီက ဗမာပြည်စီးပွားရေး အဆောက်အအုံကြီးကို စိတ်ပိုင်းခွဲခြမ်းပြီး အိတ်တွေထဲထည့်နေကြတာ တွေ့ရသလို အနှစ် ၂၀ လုံးလုံး စီးပွားရေးထဲနစ်နေတဲ့ တိုင်းရင်းသား အပစ်ရပ်တွေရဲ့ခေါင်းပိုင်းတွေကိ
ရွေးကောက်ပွဲဥပဒေပါတီမှတ်ပုံတင်
ဒါ့အပြင် ခွာစစ်မှာ လုပ်ရကိုင်ရမယ့်လုပ်ငန်းစဉ်တွေက
ဒုတိယကမ္ဘာစစ်အစပိုင်းက အင်္ဂလိပ်စစ်တပ်တွေ မြေလှန်စနစ်ကျင့်သုံးပြီး ဗမာပြည်ကနေ 'အောင်မြင်စွာ' ဆုတ်ခွာ သွားရာမှာ ဗမာပြည်တခုလုံး ဖွတ်ဖွတ်ကြေသွားခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ အခုလည်း အင်္ဂလိပ်ထက်အဆ တထောင်မကပိုဆိုးတဲ့ နအဖတွေ ဒီလိုဆုတ်ခွာမှာကို ပြောနေတာဆိုရင်တော့ ကျနော်တို့ မြန်မာပြည်သူတွေ ထိုင်း၊ မလေးရှား၊ ဘင်္ဂလား၊ တရုတ် ရရာနိုင်ငံကို ရတဲ့အပေါက်ကနေ အသားကုန်ပြေးဖို့၊ မပြေးနိုင်ရင်တော့ ကမ္ဘာမှာရှိသမျှ ဘုရားအားလုံးကို တ,နေဖို့ဘဲရှိပါတော့တယ်။
ခံစစ်အကြောင်းတရား ခံစစ်လက္ခဏာတွေကတော့
(က) ထိုးစစ်ဆင်ဖို့ ပိုအခွင့်သာတဲ့ အခြေအနေများ ပေါ်ပေါက်ရန် (စစ်ကူ-အချိန်) စောင့်ခြင်း
(ခ) တနေရာတွင် စစ်အင်အားခြိုးခြံခြင်း၊ ရန်သူကိုထိန်းချုပ်/
်(ဂ) အချက်အခြာနေရာတခုကို ရန်သူမသိမ်းနိုင်အောင် ကာကွယ်ရန်
(ဃ) စစ်နံကိုကာကွယ်ရန် တို့ဖြစ်ပါတယ်။
တိုက်စစ်အကြောင်းတရားတိုက်စစ်လက
(က) ရန်သူ့အင်အားများကိုဖျက်ဆီးရန်
(ခ) ရန်သူ့ နယ်များသိမ်းပိုက်ရန်
(ဂ) ရန်သူက မိမိတပ်မှူးအလိုကို လိုက်နာစေရန်
(ဃ) ရန်သူကို ပထမအဆင့် ထိန်းချုပ်ထား၊ဒုတိယအဆင့် စစ်ကစားထားပြီး တတိယအဆင့် ဖိဖိစီးစီးတိုက်ခိုက်ဖျက်ဆီးရန်
(င) ခံစစ် ခွာစစ်ချီစစ်များဖြင့် လိုအပ်သလိုကျွမ်းကျင်ပါး နပ်စွာပေါင်းစပ်ပြီး စစ်အောင်စေရန် လို့တွေ့ရပါတယ်။ဒါ့အပြင် ရန်သူနဲ့ လူထုကို ချောက် ချားတုန်လှုပ်စေတာ၊ ရန်သူ့ပစ္စည်း ကရိယာ အဆောက်အဦ လမ်းပန်းဆက်သွယ်ရေးတွေကို ဖျက်ဆီးလုယူတာ၊ ရန်သူ့လှုပ်ရှားမှုကျုံ့သွားစေတာ၊
ဒါတွေနဲ့အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ လုပ်နေတာတွေကို ချိန်ထိုးကြည့်ရင် နအဖ အခုလုပ်နေတာတပ် နောက်ဆုတ်တာလား၊ ခွာစစ်လား၊ ခံစစ်လား၊ တိုက်စစ်လား သိနိုင်ပါတယ်။ မဆလ-နဝတ-နအဖ စစ်အုပ်စုဟာ တပ်ဆုတ်ဖို့မပြောနဲ့၊ သူတို့ပြောတဲ့ခွာစစ် ဆင်နေတဲ့အရိပ်အယောင်တောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ ကမ္ဘာပေါ်က ဖက်ဆစ်စစ်တပ်တိုင်းမှာ တပ်ဆုတ်တယ်ဆိုတာမရှိဘဲ သေတာတောင် ချီးပန်းမရပ်ဘူးဆိုတဲ့ စရိုက်လက္ခဏာဘဲ အပြည့်ရှိပါတယ်။
ဒါပေမဲ့ တချိန်က ဦးနုရဲ့ ပီဒီပီ လက်နက်ကိုင်တော်လှန်ရေးသမား အဖြစ်ကနေ မဆလ မောင်နေဝင်းထံ လက်နက်ချခဲ့၊ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေး တောင်းဆိုချက်ကို ပထမဆုံးစွန့်လွှတ်ပြီး ၉၀ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီအဖြစ် အဦးဆုံးမှတ်ပုံတင်ခဲ့၊ နောက်တခါ ၂၀၀၈ နာဂစ်အခြေခံဥပဒေအတည်ဖြစ်သွားတဲ့
ဂါမဏိ
ရည်ညွှန်း။
(၁) ဦး-ရေး-ထောက်ဆိုင်ရာအရာရှိများ
(၂) စစ်မြေပြင်လက်စွဲကျမ်း
(၃) ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးမှုလ
(၂၀၁၀ ဧပြီလ ခေတ်ပြိုင် ဝက်ဆိုက်မှာ ဖော်ပြပြီးဆောင်းပါး)
No comments:
Post a Comment