တပည့်မ သက်နှင်းသုန္ဒရီက သူ့ဖေ့စ်ဘုတ်မှာ "မြစ်ဆုံနေရာ သဲသောင်ပေါက်ပေါက်သည့် သောင်ပေါ်တဲတွေဆောက် မုဆိုးမတဲအောက် ခေါင်းလောင်းရောက်" ဆိုတဲ့ တဘောင်ကို အကြောင်းပြပြီး နိုင်ငံရေးတဘောင်လို ဖွနေကြတဲ့ကိစ္စ ပြစ်တင်ရှုတ်ချ ထားတဲ့ စတေးဒတ်လေးဖတ်ရလို့ ဒီအကြောင်းလေး ရေးချင်စိတ်ပေါက်ရလာတာပါ။
၁၉၉၉-လောက် သာယာဝတီထောင်ထဲမှာ ရှိနေတုန်းက ကောလာဟာလတခုကို အမှတ်ရနေသေးတယ်။ ထောင်ဆိုတာက အပြင်က သတင်းတွေကို အင်မတန်ကြားချင်ကြတဲ့နေရာလေ။ အဓိကကတော့ လွတ်ချင်ကြလို့ပါ။ ဒီတော့ အာဏာပိုင်ကလဲ ဒီအကြောကို သိတယ်။ လူတွေ စိတ်ဝင်စားမည့် သတင်းမျိုး တခုပြီးတခု ထောင်ထဲထည့်တော့တာပဲ။ ဒီတော့ထောင်ထဲက သတင်းဟာ ထောင်ဝင်စာကနေ အပြင်လောကရောက် ထောင်ပြင်ကလူတွေကပြောကြ၊ ဆိုကြ။ ကောလာဟာလထဲ နစ်မြောနေတုန်း
အာဏာပိုင်ဟာ လုပ်ချင်ရာလုပ်ဖို့ အခွင့်အလန်းရသွားတာပဲ ။
ထောင်ထဲက မောင်တွေမယ်တွေအတွက်ကတော့ ယုတ္တိ တဝက်လောက်တန်တဲ့ လိမ်ဆင်သတင်း တခုသာထည့်ပေးလိုက် တလလောက်ကတော့ ထောင်ကိုငြိမ်အောင် ထားနှိုင်တယ်။ စွယ်တော်ဘုရား ထီတော်တင်မှာ အထူးကြေငြာချက်လာမယ်ဆိုတာမျိုး- တပေါင်းလပြည့် သံဃာ့ဆွမ်းလောင်းပွဲပြီးရင် ထောင်ခါမယ်ဆိုတာမျိုး ။ သံဃာ့မဟာနာယက ဥက္ကဌ ဆရာတော်က ရက် ပေါင်း ဘယ်လောက်အလှူခံတယ်ဆိုတာကပါသေး။ ၁၉၈၀လောက်က ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးအပြီးမှာ ထောင်ထဲကလူတွေအမြောက်အများလွတ်ခဲ့ဘူးတာကို ။ဒီတော့ပုံစံတူ ဖြစ်ရပ်ကလေးများလာရင် အဲ့ဒီတုန်းကလို များဖြစ်မလားဆိုတဲ့ စိတ်အတွေးနဲ့ ထောင်ထဲကလဲ ယုံတာပေါ့။ ဘာနဲ့တူသလဲဆိုတော့ ခွင်ပျက်သွားတဲ့ ချဲတွက်နည်းလိုဖြစ်သွား တာကို။ဒီပုံစံနဲ့ တလဖြတ်ကျော် ။နောက်တလ သတင်းတခုစောင့် ဒီလိုနဲ့ နှစ်ရှည် အကျဉ်းသားတို့အတွက် အသက်ကယ်ဆေးကို အာဏာပိုင်တို့က ရှာကြံဖန်တီးပေးကြတယ်။ အာဏာပိုင်ရည်ရွယ်ချက်က ထောင်ငြိမ်အောင်။ အကျဉ်းသားတွေမျှော်လင့်ချက်က ထောင်ကလွတ်ဖို့။ ဒီလောက်တော့ကွာတယ်။ ဒါပေမယ့် ထောင်ထဲ ကောလာဟာလကတော့ ယနေ့အထိ အလုပ်ဖြစ်နေဦးမှာ သေချာတယ်။ ခံရပါများလို့ အသမာတက်နေတဲ့ ဦးဏှောက်ပိုင်ရှင် အကျဉ်းသားတချိ့ကလွဲ များသောအားဖြင့်ယုံကြတယ်။
ထောင်သားတွေနဲ့ပတ်သက်တာကို အဆက်မပြတ် ထောင်ထဲထည့်သလို တချို့ထောင်နဲ့ဘာမှမပတ်သက်ပဲ လုပ်ကြံကောလာဟာလ လိုဟာမျိုးကိုလဲ တီတွင်ထုတ်လုပ်သေးတယ်။
ဒါကတော့ တိုင်းရေး ပြည်ရာအတွက် တစုံတခု အကြောင်းရှိလိမ့်မယ်။ အကြောင်းမဲ့ ထွင်လုံးလုပ်တာမဟုတ်ဘူး။ မှတ်မိနေသေးတဲ့ လုပ်ကြံ ထုတ်လွှင့်မှုလေးကို ပြောပြချင်တယ်။ ဇာတ်ကြောင်းကရှည်ပြီးရှုပ်တော့ မျက်စေ့ မလည်အောင် တော့ ကြိုးစားဖတ်ကြပါ။ သတင်းက
ဇင်ယော်မောင်မောင်နဲ့ မေသန်းနုကိုအင်းစိန်မှာ ဖမ်းထားလိုက်ပြီဆိုတဲ့ သတင်းပါ။ ဖြစ်ပုံက ဒီလိုလာတယ်
-ပြေငြိမ်းသေတဲ့ကိစ္စ နဲ့ဆက်စပ် တယ်တဲ့။ အရက်မူးပြီးပြေငြိမ်း တင့်တင့်ထွန်းအတွဲကနေအပြန်မှာ ဇင်ယော်မောင်မောင်က ရထားပေါ်ကတွန်းချ လိုက်တဲ့ ကိစ္စတဲ့။ ဒီအမှုက ဘယ်လိုပေါ်သလဲဆိုတော့ - တွံတေးသိန်းတန်သေတာနဲ့ ဆက်စပ်ပြန်တယ်။ တွံတေး သိန်းတန်က ရိုးရိုး သေတာ မဟုတ် အဆိပ်မိပြီးသေတာတဲ့။ တွံတေးသိန်းတန်ကို အရက်လာပေးတဲ့ရန်အောင်ကို ဖမ်းစစ်ရာကနေ ဇင်ယော်မောင်မောင်တို့ အမှု ပေါ်တာဆိုပဲ။ ပြေငြိမ်းကို ရထားပေါ်ကတွန်းချတာ ရန်အောင်ကမြင်တယ် ။ဒီတော့ရန်အောင်ကိုနှုတ်ပိတ်ရအောင် ဇင်ယော်မောင်မောင် က ရန်အောင်ကို အဆိပ်ခတ်ထားတဲ့အရက်လက်ဆောင်ပေး။ရန်အောင်က သူရထားတဲ့အရက်ကို သူလေးစားတဲ့ တွံတေးသိန်းတန်ကို ပေး နောက်ဆုံး သိန်းတန်သေရာက သဲလွန်စရ။ ခုတော့တရာခံ ဇင်ယော်မောင်မောင်တို့ကို အင်းစိန်ထောင်မှာ အထူးတိုက်ထဲ ထည့်ထား ပြီးဆိုပဲ။ သာယာဝတီထောင်မှာ ဝန်ထမ်းက ကျကျနနကိုလာပြောပြတာ ။ ကောလာဟာလ တော ကျင်လည် နေရရှာတဲ့ ကိုကို အကျဉ်းသားတို့အတွက်တော့ အင်မတန်ထူးခြားတဲ့ ဇာတ်လမ်းကြီးတခုပါပဲ။
ဒီသတင်းက ဒီမှာမရပ်ဘူးလေ။ ထောင်ဝင်စာက တဆင့် ဟိုး မြန်မာပြည်တနံတလျှားကို ခရီးဆက်ဦးမှာ။
ကိုယ်ကလဲ ဒီသတင်းကို ထောင်ဝန်ထမ်းလာပြောပြီး ရက်ပိုင်း အတွင်းမှာပဲ တိုက်ဆိုင်စွာ အင်းစိန်ထောင်ကို ပြောင်းရတယ်။ အင်းစိန် ရောက်တော့ ဒီဇာတ်လမ်းကို ကိုယ်ကလည်း စိတ်ဝင်တစားရှိလို့ မေးကြည့်တော့တာပေါ့။ အားအားပါးပါး ဇာတ်လမ်းက သာယာဝတီနဲ့ တထပ်တည်းပဲ ။ ထူးတာက သာယာဝတီတုန်းက ဒီဇာတ်လမ်းမှာ တရားခံဇင်ယော်မောင်မောင်နဲ့ မေသန်းနုကို အထူးတိုက်ထဲ ထည့်ထား တယ် ။
အင်းစိန်မှာကြတော့ သူတို့က နာမည်ကြီးတွေ ဖြစ်လို့ နောက် ပြေငြိမ်းနဲ့တွံတေးသိန်းတန်ကိစ္စက တတိုင်းပြည်လုံး စိတ်ဝင်စားတဲ့သူ တွေ ဖြစ်နေလေတော့ လူတွေထောင်ကို လာမေးကြနဲ့ ရှုပ်ကုန်မှာစိုးလို့ သူတို့ကို အင်စိန်မှာ မထားပဲ သာယာဝတီ ထောင်မှာ သွားထားတယ်ဆိုတာပါပဲ။ ဒီသတင်းက ဒီမှာတင်ပြီးပြီ ထင်တာ မဟုတ်သေးဘူး။ ကိုယ်ကလဲ အင်းစိန်မှာ လပိုင်းပဲ နေပြီး တောင်ငူထောင်ပြောင်းရပြန်တယ်။ တောင်ငူထောင် မှာလဲဒီသတင်းက ၏ သည်မလွဲ တထေရာတည်း ကြားရပြန်ရော။
အင်းစိန်က ပြောင်းလာသူတွေကို တောင်ငူ ထောင်နေသူတွေက စုံစမ်းတာလေ အင်းစိန်မှာ -ဇင်ယော်မောင်မောင်တို့ကို ဖမ်းထားတယ် ဆိုတာ ကြားလားလို့လာမေးကြတာကို။
ဆိုလိုတာကို အားလုံး သဘောပေါက်လောက်မယ်ထင်ပါတယ်။ ကောလာဟာလ တခုကိုစနစ်တကျဖန်တီးပြီး လူတွေထဲ ထည့်ထည့်ကြည့်တာကို စစ်အာဏာရှင်ဟာ တချိန်လုံးစမ်းသပ် နေပြီးသားဆိုတာကိုပါ။
ကိုယ့်အထင်ကတော့ စစ်အာဏာရှင်ဟာ ကိစ္စရပ်တော်များများကို သေချာ ပြင်ဆင်ထားတယ်။ ဥပမာ- ကုလား ဗမာ အဓိကရုဏ်းလိုဟာမျိုး။ မန္တလေး မဟာမြတ်မုနိ ဗိုက်ဖောက် လို့ ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ သံဃာတွေကို ချက်ခြင်း လမ်းလွှဲအောင် သူတို့ လုပ်နှိုင်တာကကိုက အနာဂတ်နေ့ ရက်တွေအတွက် စစ်ပြိတ္တာ လူ့မသမာတို့အတွက် အောင်ပွဲပဲ။ ကြိုက်တဲ့ အချိန်ကြိုက်သလို ဖြစ်နေ ချက်ခြင်းလမ်းလွှဲဖို့ အလေ့အကျင့်ကို အကြိမ်ကြိမ် ပြင်ထားပြီးသား။
အပြင်ကလူတွေကတော့ပိုသိလိမ့်မယ် ထောင်ထဲတုန်းက ကြားတာ ၂၀၀၀ မတိုင်ခင်က ထောင်ဝင် စာကနေ အပြန်ပြောနေကြတာ။ မဲထည့်ပုံကို ရွာသားတွေကို မဲပုံထောင်ခိုင်းပြီးကြိုက်ရာ ထည့်ဖို့ ပြောပြီးစမ်းသပ်တာ။
သေချာတာကတော့ ကောလာဟာလ ကို သူတို့ကိုယ်တိုင်ဖန်တီးပြီး လူကြားထဲချချပေးတယ် ။ သူတို့ လိုချင်တဲ့ ဆီရောက်အောင် လူစိတ်ဝင်စားမှုတွေနဲ့ သေသေချာချာ ဇာတ်လမ်းကို စနစ်တကျတည်ဆောက်ဖန်တီးပြီးမှ လွှတ်တာ။ လူတွေလဲ အကြိမ်ကြိမ်ခံရပေမယ့် ထောင်ထဲက လူတွေ လွတ်ဖို့ အရေး ကောလာဟာလ အားကိုးသလို မိမိတို့ဘဝအကျဉ်းထောင်ကလွတ်ရေး ကောလာဟာလ ကပဲမျှော်လင့်ချက်တခု ဖြစ်နေတော့တာပါပဲ။
အခုခေတ် ပိုအလုပ်ဖြစ်တာက ဖေ့စ်ဘုတ်လို နေရာက ကြိုက်ရာ ကောလာဟာလကို ချပြလို့ရတယ်။ အမှန်တဝက်လောက်နဲ့ များရောပြီး သတင်းတခုကို ချပြကြည့်။ လာလိုက်မည့် လိုက်ခ်-တက်လာလိုက်မည့်ကွန်မင့်။ ထောင်ထဲကနေ အပြင်လောကကို သတင်းထုတ်သလို ဖေ့စ်ဘုတ်ကနေ အပြင်ကိုသတင်းတွေထုတ်မယ်။ ဒီကနေ့ ဖြစ်ပျက်နေတဲ့ အနေထားပါ။ မန္တလေးပဋိပက္ခလို အနေထားမှာတောင် ကောလာဟာလ ကြိုတင်ထုတ်လွှင့်မှုဟာ အဖြစ်အပျက်မတိုင်ခင် ဇွန်လ -၇-ရက်လောက်ထဲက သတင်းလိုလို တိုက်ခိုက်တာလို ရန်စနေတာ လူတွေသတိထားမိခဲ့ကြပေမယ့် မှီအောင် မတားနှိုင်လိုက်ဘူး။ ယုတ်မာသူတို့အကျိုးဆောင်များဟာလဲ မမှန်သတင်းကိုသိသိကြီးနဲ့ တမင် ဖြန့်ကြတာကလဲ ရှိနေတာကို။
ဒီနေရာမှာ စာနယ်ဇင်းတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပြီ။ သတင်းလွတ်မှုမရှိခင်က အုပ်စိုးသူဟာစိတ်ကြိုက် ဖန်တီးပြီး အာဏာ တည်မြဲရေး ဖန်တီး လို့ရပေမယ့် သတင်းလွတ်လပ်တာတဲ့အခါမှာ စာနယ်ဇင်းတွေကိုယ်တိုင်က တိကျဖို့လိုလာပြီ။ ဒီအခြေနေတွေကို မှီအောင် မှီအောင်လုပ်ဖို့လိုလာပြီ။ အခုဆို ခေါင်းလောင်းကြီးနဲ့ ပတ်သက်ပြီး သတင်းတွေစုံအောင်လွှင့်ရာကနေ လေ့ကျင့်ပြီးသား အာဏာရှင်ဟာ လိုရာကို ထည့်လွှတ်ပြီးလူတွေဝေဝါးအောင် လုပ်မယ်ဆိုတာကိုသိထားသင့်တယ်။
အရှင်ဇဝန (သစ္စာမြိုင်)
No comments:
Post a Comment