Tuesday, September 30, 2014

ကရင်ပြည်နယ် မွန်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် မိုးသီးဇွန် က ဒီလိုမြင်တယ်

30 Sept 2014 | နေ့သစ်

ဒီကေဘီအေ ကို behaviours (အပြုအမူ) ပြောင်းအောင် ကျုံးသွင်းနေတာပေါ့၊ မရတော့ တိုက်ပွဲတွေဖြစ်တာပေါ့၊ အဓိက က ဗိုလ်ဆန်းအောင် ပဲ။
သူက အကင်းပါးတယ်။ မတရားမှုတွေကို (sensitive) ဆတ်ဆတ်ထိမခံ ဖြစ်တယ်။ ဒီတော့ စစ်တပ်က ပုံသွင်းလိုမရ ဖြစ်နေတယ်။ သူ့လုံခြုံရေးအတွက် စိုးရိမ်မိတယ်။

ဒီကေဘီအေ အဖွဲ့ကို ပေးတာယူ၊ ကျွေးတာစား ၊ ပြန်မပြောနဲ့ ၊ ဒို့နဲ့ပေါင်းရင် ဒို့လို ချမ်းသာမယ်။ ငါတို့ခိုင်းတာတော့ လုပ်ရမယ်။ သခင်အဖြစ် မလိုချင်၊ ကျွန်အဖြစ်သာ လိုချင်တယ်လေ။ ဒါက behaviours ပြောင်းအောင် တဖြေးဖြေးလုပ်တာပေါ့။

MPC က မင်းဇော်ဦးတို့  အောင်နိုင်ဦးတို့ဆိုတာ အရင် အတိုက်အခံဘက်က အခု စိတ်ပြောင်းသွားတယ်ဆိုတာ ဘီဟေးဘီးယား (behaviours) ပြောင်းအောင်လုပ်တာလေ။ ဒါက အခွင့်အရေးပေးလိုက်တာပါပဲ။ အခွင်အရေးမယူရင် ပြစ်ဒဏ်ပေးတယ်။ လခတွေ မတရားပေးထားတော့ မြန်မာ့ဒီမိုကရေစီအရေးက အချိန်ယူရမယ်တို့ ၊ တောင်အာဖရိကမှာလဲ ဒီလိုပဲကြာပါတယ်တို့ လျှောက်ပြောပေးရတာပေါ့ဗျာ။ သမိုင်းအမှိုက်ခြင်းထဲမှာ ဒီလိုလူတွေကို ကျနော်တို့ တွေ့ဖူးခဲ့တာပဲ။

အခု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အပစ်ရပ်စေ့စပ်ရေး ဆွေးနွေးနေတာတွေနဲ့ပတ်သက်ပြီး မြန်မာစစ်အုပ်စုရဲ့ သဘောထားက ရှင်းတယ် သူတို့အောက်က နေခိုင်းတာ၊ သူတို့ပေါက်ပန်းဈေး လုပ်နေတာကို ထိုင်ကြည့်နေ ဒီလောက်ပဲ။

No comments: