Wednesday, September 17, 2014

ဗုံးတွေဆက်တိုက်တွေ့နေတဲ့ မြဝတီမြို့


16 September 2014 | နေ့သစ်

ကရင်ပြည်နယ် မြဝတီမြို့ မြို့နယ်တရားရုံးရှေ့ လက်ဘက်ရည်ဆိုင်မှာ ဒီကနေ့မနက် ၉ နာရီလောက်က ဆွဲခြင်းတခုထဲထည့်ထားတဲ့ ချိန်ကိုက်ဗုံးတလုံး ထပ်မံတွေ့ရှိတယ်လို့ သိရှိရတယ်။

အဆိုပါတွေ့ရှိတဲ့ ဗုံးကို

နေ့လည် ၁၂ နာရီမှာ ပေါက်ကွဲဖို့ အချိန်ကိုက်ထားတာတွေ့ရှိရပြီး၊ ဗုံးကိုတွေရှိပြီး မကြာခင်မှာပဲ မြဝတီမြို့ စစ်ပြေပြင်အင်ဂျင်နီယာတပ်က လာရောက်ရှင်းလင်း သွားတယ်။

ဒီကနေ့မနက် ဗုံးတွေ့တဲ့ ဖြစ်ရပ်ကြောင့် မြဝတီမြို့ တရားရုံးအနီးက ဈေးဆိုင်တွေ ပိတ်သိမ်းကုန်ကြပြီး ဒီကနေ့ တရားရုံးမှာ တရားစီရင်မှုတွေ မပြုလုပ်တော့ဘဲ ရုံးချိန်းတွေကို နောက်တရက်ရွှေ့လိုက်တယ်လို့ မြဝတီမြို့ခံတဦး ပြောပြချက်အရ သိရတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ကလည်း မြဝတီမြို့ ချစ်ကြည့်ရေးတံတားနဘေးမှာ ချိန်ကုန်ဗုံးတလုံးကို တွေ့ရှိပြီး ရှင်းလင်းဖယ်ရှားခဲ့ရတဲ့ ဖြစ်စဉ်တခုလည်း ဖြစ်ခဲ့ပါတယ်။ မြဝတီမြို့မှာ ဗုံးတွေ့ရှိတာတွေနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက ကရင်ပြည်နယ်အစိုးရနဲ့ နေပြည်တော်သို့ အစီရင်ခံရာမှာ အခုလို့ ဗုံးထောင်သူတွေဟာ နိုင်ငံရေးသိက္ခာကျဆင်းစေရန် ပြည်တွင်းပြည်ပရှိ အဖျက်အမှောက်ဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းတွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ထဲ့သွင်းအစီရင်ခံထားတယ်လို့လဲ သိရပါတယ်။

No comments: