Sunday, September 28, 2014

မြဝတီမြို့ မြေနီကုန်မှာ အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး

 28 September

မြဝတီမြို့ မြေနီကုန်ရပ်ကွက်မှာ ဒီကနေ့ ညနေ ၅ နာရီလောက်က မြဝတီ ရှေ့တန်းရုံး တပ်ရင်းမှူး ဦးစီးပြီး မြို့နယ်ရဲတပ်ဖွဲ့တွေ၊ အမှတ် ၄ ရပ်ကွက်မှူးအဖွဲ့တွေ စုစုပေါင်း အင်အား ၆၀ လောက်ဟာ၊ မြေနီကုန်းမှာ နေထိုင်နေကြတဲ့ အပစ်ရပ် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေ စစ်ဆေးသွားပြီး၊ လက်နက်ခဲယမ်းနဲ့ ပတ်သက်တဲ့ပစ္စည်း၊ ယူနီဖေါင်း ဝတ်စုံတွေကို တွေ့ရင် သိမ်းဆည်းသွားတယ်လို့ သိရတယ်။

တချို့အိမ်ရှင်တွေက မနေရဲတော့ဘဲ သော့ခတ် ထွက်ခွာသွားကြလို့ အိမ်တချို့ကို သော့ရိုက်ဖျက်ပြီး ဝင်ရောက်စစ်ဆေးခဲ့ရတာတွေ ရှိခဲ့တယ်လို့ သိရတယ်။

No comments: