Sunday, September 14, 2014

မွှေးသည့်ပန်းများမှ စည်းရုံးရေးစစ်ကြောင်းများ (၅)

 မွှေးသည့်ပန်းများမှ စည်းရုံးရေးစစ်ကြောင်းများ (၅)

ရဲဘော်မောင်မောင်တိတ်

ဘောလုံးကွင်းမှာ လူစုံနေကြပါပြီ။ ပွဲကြည့်တဲ့ပရိသတ်တောင် ရောက်နေကြသည်။ ရွာသားလက်ရွေးစဉ်နဲ့ စစ်ကြောင်း လက် ရွေးစဉ်ပွဲတဲ့ ရယ်ချင်စရာပင်။ ဗျုဟာမှုးက ဂိုးကီး ပါ၊ မိမိက အလယ်လူ။ တပ်စိတ်မှုးနဲ့အခြား ရဲဘော်များက ဖိုးတူး ဖိုး နေရာယူပြီးစကစား သည်။ ရွာသားများက ကွင်းပိုင်ဆိုတော့ အပေးအယူတည့်နေသည်။ ယူနီဖေါင်းတွေက ဆင်တူ၊၊ ဗလကောင်းကောင်း ထောင်ထောင်မောင်းတွေ။ တောင်ပေါ်တက်လိုက် ဆင်လိုက်နဲ့မို့ မိမိတို့ကလည်း ထရိန်နီလေး အတန်အသင့်ရှိနေ သေးတော့ ရွာသားတွေရဲ့
တိုက်စစ်ကို မိမိတို့က အလွယ်တကူ ဖျက်နိုင်နေသည်။

ပိန်ပိန်သေးသေးလေးတွေ ဖြစ်နေပေမဲ့ ပထမပိုင်းမှာ မိမိတို့ ကောင်းကောင်းကာကွယ် နိုင်ကြသည်။ ရွာသားများက လူ လဲ ကစားတော့သည်။ ကစားပွဲလည်း နဲနဲကြမ်းလာသည်။ မိမိတို့ဘက်က ဖျက်အားပြော့လာမှန်းသိတော့ သူတို့က ပိုဖိ ကစားလာတော့သည်။ မိမိဖျက်ထုတ်လိုက်သော ဘောလုံးမှာ တခြားရွာသားထဲရောက် သွားပြီး ဝမ်းတူးရိုက်ကာ မိမိတို့ ဘက်ကိုကျော်သွားပြီး ဂိုးကီပါ ဗျူဟာမှုးနှင့် တွေ့သွားပြီး ဘယ်ပြကာညာနှင့် ကန်သွင်းလိုက်ရာ ဒိုက်ထိုးဖမ်းလိုက်သော ဘယ်ဘက်မှ မဟုတ်ဘဲ ညာဘက်ဒေါက်မှ ကပ်ဝင်သွားပါတော့ သည်။ ဂိုး ရွာသားများအော်သံတကွင်းလုံး ညံသွား သည်သာမက တတောလုံးဟိန်းသွားပြီး လှိုဏ်သံပင်ပြန် ကြား လိုက်ရသည်။ နောက်ထပ်တဂိုး ရသွားပြန်သည်။ မိမိတို့ အစွမ်းကုန်ဖျက်သော်လည်း ချေပ ဂိုးမရတော့ (၂) ဂိုး (၀) နှင့် အပြတ်ရှုံးခဲ့ပါတော့သည်။

ပွဲသိမ်း နှုတ်ဆက်ပြီး ဗျူဟာမှုးက ဝက်သား (၅) ပိဿာနှင့် ဒိုင်လူကြီးအဖွဲ့ ကို ဆုကြေးပေးခဲ့ကာ ကျေးဇူးတင် စကားပြောခဲ့ပြီး မိမိတို့ စခန်းပုန်းရှိတဲ့ ဗျူဟာမှူးယာယီရုံးရှိရာ မက်ကလဲ့ချောင်းဖျားကို ထွက် လာခဲ့ကြပါတော့သည်။ ဝင်းမောင်းရွာကြီးနှင့် ကျွန်းပင် ဝင်းရွာလေးတို့ ကြားတွင်ကန့်လန့် ဖြတ် လျှိုလေးတခုရှိသည်။ အောက်နားတွင် သဘာဝ ရေအိုင်လေးရှိသည်။ ရေချိုး အနားယူပြီးမှ စခန်းပုန်း လေးတွင် ကျည်နှင့်ရိက္ခာ ထပ်ဖြည့်ပြီး ခေတ္တနားကာ ဗဟိုသို့ မိမိတို့ လှုပ်ရှုားမှုများကို ကန နှင့် အစီရင်ခံစာတင် ပေးရမည် ဖြစ်ပါသည်။ ဗျူဟာမှုး၏ အစီရင်ခံစာများနှင့်တွဲတင်ရန်လည်း ဖြစ်သည် ဒီည လျှိုလေးထဲမှာပဲနားပြီး နောက်တနေ့ အရောက်သွားကြရ မည် ဖြစ်ပါသည်။ မောမောနှင့် ရေချိုး ချက်ပြုတ် စားသောက်ကြသည်။ ရန်သူ နောက်နေ့ (၅) နာရီလောက်မှ ရောက်လာနိုင်မည်။ ရွာထဲတွင် သူတို့ သတင်းပေးများဆီ သတင်းအတိအကျရမှသာ မိမိတို့ဆီကို တက်လာနိုင်ကြ ပါမည်။ ဗိုလ်မြင့်သိန်း၏ လုံခြုံရေးစီမံချက်များနှင့် သတင်းပေးများက မိမိ တို့အတွက်စိုးရိမ်စရာ မရှိခဲ့။ သူကတော့ ကျွန်းပင်ဝင်းရွာရှိ သူ့ဇနီးဆွေမျိုး များဆီ နှုတ်ဆက်ပြီး အိပ်မည်။ နံနက် (ဂ) နာရီမထိုးမီ် ပြန်လာခဲ့မည်ဟု ဆိုကာ ရဲဘော်လေးတယောက်နှင့် ထွက်သွားတော့ သည်။ လျှိုအထက်တွင် တောင်ကြောတခုရှိနေသည်။ နောက်တဖက်က စောက်နက်လေး တခုရှိ သည်။ လျှိုထိပ်က ရန်သူကို ကျည်ကွယ်မျက်ကွယ်ရပြီး လက်ဦးမှုရနိုင် တာ မို့ စိတ်ချလက်ချနားနေနိုင်သည်။ ရင်း (၂၀၉) က တကက မောင်ဖြူ နှင့် (၂၁၀) က ရင်း မှူးမြင့်မောင်မောင်က ရဲဘော် (၅) ယောက်နှင့် တာဝန်ယူကာ ကင်းစောင့် နေကြသည်။

နံနက်လင်းသည်နှင့်မိမိတို့နံနက်စားပြီးအဆင်သင့်ဖြစ်နေကြပါပြီ။ အချိန်လေးနဲနဲရလို့ မိမိက ဂုဏ်တော်ပုတီးလေးစိတ် ရင်းမေတ္တာပို့နေမိသည်။ (၂၀၉) ရင်းမှုး ကိုသိမ်းဆန်းကတော ဓဇဂ္ဂသုတ်ရွတ်ပြီး မေတ္တာပို့နေသည်။ ပြီးတော့မှ မိမိတို့ဆီ ခွဲမှုးစောမြသိန်းနှင့် အသက် (၅၀) ခန့် လယ်သမားလူထွားကြီးတယောက် ရောက်လာကာ “ဟာ ခင်ဗျားတို့က သံသရာ ရှည်တဲ့ အလုပ်တွေလုပ်နေတာကိုး ဖြစ်ပျက်ပဲရှုကြစမ်းပါ” ဟု ခပ်တည်တည်နှင့် လာနောက်ပြီး နောက်ဖက်လှည့်ကာ ပေါ်တာခေါ်လို့ ရွာသားတယောက်ထွက်ပြေးလာတယ် အဲ့ဒါလာပို့တာ။ အဲ့ဒီလူကြီးက မိမိတို့ပြောနေတာ ကြည့်နေပြီး၊ ဟ ခင်ဗျားတို့ကတမျိုး ပါလား ကျုပ်လဲ ခင်ဗျားတို့တပ်ထဲဝင်မယ်ဗျာတဲ့။

ခင်ဗျားမှာ အမေရှိသေးလား အိမ်ထောင်ရှိလား ကလေးတွေရော။ ကျုပ်ကလူပျိုကြီး အမေအိုကြီးပဲရှိတယ်။ မခံချင်လွန်း လို့ပါဗျာ။ ကျုပ်နှမ အိမ်ထောင်သည်တွေက ကျွေးကြ ပါလိမ့်မယ်။ ကျုပ်အမေလဲ ငိုပြီးကျန်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်လိုက် မယ်ဗျာ။ ခင်ဗျား စိတ်ဓါတ်နဲ့ စေတနာလေးစားပါတယ်ဗျာ အမေအိုကြီးကို လုပ်ကျွေးလိုက်ပါဦး။ တိုင်းပြည် အုပ်ချုပ် မင်း လုပ်တာထက် မိဘကိုလုပ်ကျွေးတာက ပိုပြီးမြတ်တယ်လို့ ကျွန်တော်တို့ ကြားနာရဘူးတယ်။ ကဲ ကဲ ဟိုဘက်ရွာမှာရှိနေ တဲ့ ဗိုလ်မြင့်သိန်းဆီလဲ သတင်းပို့ပေးပါဦး ဟုတ်ကဲ့။ ခွဲမှုးရဲဘော် ခင်ကျော် ကတော့ ကင်းစစ် အခြေအနေကြည့်ဘို့ လျှောက်မြောင်းအတိုင်းထွက်သွားပါတော့သည်။

“ရော့..” “ကျောင်းသားတပ်ကွ..” “ဒါဘဲ…”
ရဲဘော် မောင်ဖြူ အသံနှင့်အတူ မိမိတို့ ပွိုင့်ကင်းက ဂျီဖိုးအော်တိုကုတ်သံ ကြားလိုက် ရသည်။ လာ… ငါနဲ့ (၂) ယောက် မျက်ကွယ်ကစောင့်ပြီး စနိုက်ပါသွားပစ်မယ်။ မိမိတို့ (၃) ယောက် လျှိုထဲနေရာမယူတော့ဘဲ ရန်သူကူးလာနိုင်တဲ့ နွယ် လိမ်ကြီးများ ကျနေသည့် ဗီးစပ်ခြုံများရှိသည့်နေရာမှ မှောက်လျှက်အနေထားနှင့် အလစ်အငိုက် စောင့်ပြီး နေရာ ယူထား လိုက်ပါတော့သည်။ ရန်သူ့စက်လတ် အော်တိုကုတ်သံ များ ညံသွား၏။ သူတို့က ကုန်းမြင့်ဆင်ခြေလျှောလေးရထားပြီး မိမိတို့က သဘာဝ ခံကတုတ်လေးလိုဖြစ် နေကာ ကျည်ကွယ်ရထားနေသည်။ တချက်တချက် ခေါင်းဖေါ်ပစ်နေရသည်။ အသည်းယား စရာ။ ရန်သူကလည်း ဆင်ခြေလျှောလေး မှာ ရထားပေမဲ့ ကျွန်းပင်ကြီးများမရှိလျှင် မိမိတို့၏ သတ်ကွင်းလို ဖြစ်နေသည်။ သူတို့ကလည်းရှေ့ထွက်မပစ်ရဲ။ မိမိတို့အင်အားကို မခန့်မှန်းနိုင်။ သတိထား နေကြသည်။ ပစ်မှတ်တခုစာ ရရင်တော့ မိမိတို့ (၃) ဦး၏ မျက်ကွယ်ပစ်မှတ်က သားကောင်ဖြစ်သွာပေ တော့မည်။ ဝေါ်ကီတော်ကီ ကိုင်ထားသော ခွဲမှူးနှင့် ရင်းမှူး များကလည်း သတင်းမပို့နိုင်ကြသေး။

အသံကြားလျှင် ပစ်မှတ်ရသွားတာမို့ အထူးသတိထားနေဟန်တူပါသည်။ တဖက်က ဆိုက်ဝါး သုံးပြီး အော်လိုက်သည်။ ကျွန်းပင်ဘေးက ကပ်ပြီးအော်နေသည်။ ဟေ့ကောင် ငပွေးတွေ လက်နက်ချ မင်းတို့ကို ငါတို့တပ်မတော် ကဝိုင်းထားပြီး ပြီ လက်နက်ချရင် မသတ်ဘူးဟေ့..။အော်သံနေရာကို မိမိတို့ (၃) ဦးက ပြောင်းထိုးပြီး စနိုက်ပါပစ်ဘို့ အသက်အောင့်ပြီး ချိန်ထားကြသည်။ သေနတ်ပြောင်းလေးပဲပေါ်နေတာမို့ ပစ်ကွင်းကို ရှာမရသေး။ ဖိုတီးအမ်အမ်နဲ့တော့ အဆက်မပြတ်ထု နေသည်။ လျှောက်မြောင်း ထဲတော့ တလုံးမှမကျ။ မိမိရဲဘော်များ ကံအလွန်ကောင်းသည်ဟု ဆိုရပေ မည်။ အသံတသံ ထွက်လာသည်။

“ငပွေးတွေမဟုတ်ဘူးကွ”
“ကျောင်းသားတပ်မတော်ကွ…”
“မင်းတို့ကို ဆော်ချင်နေတဲ့ တပ်ကွ..”
“ဟေ့ကောင်တွေ မင်းတို့အနောက်မှာ ဒို့တပ်တွေ ဝိုင်းထားတယ်။ လက်နက်ချလိုက်တော့… ”

“ငါ–ီုးမသားလေးတွေ ..”
“ဘာကျောင်းလဲ နွားကျောင်းသားလားရော့ ဟေ့”
စက်လတ်နှင့် ဖိုတီးအမ်အမ် အသံဆူညံသွားပြန်သည်။ သည်ကောင်တွေလဲ တော်တော် ပါးသည်။ မျက်ကွယ်ပစ်မှတ်ကို သတိတော်လေး ထားပုံရသည်။ ခပ်လှမ်းလှမ်းကျွန်းပင်ကြီး နောက်က အသံတသံထွက်လာသည်။
“ဟေ့ ဝေါ သားတွေပါသေးလားကွ..”
ကာဘိုင်ပြောင်းလေးထွက်လာပြီ ဦးထုတ်စွန်းလေးနှင့် မျက်နှာလေးတချမ်းပေါ်လာပြီ ပစ်မှတ်ကိုရှာနေဟန်တူသောတပ်ကြပ်ကြီးနှင့် သိပ်မဝေးသော လက်တဖက်ခန့်ရှိသည့် ကျွန်းပင်ဘေးမှ ဖိုတီးအမ်အမ်သမားက အောက်ကိုထိုးချိန်ပြီး ပစ်မှတ်ရှာနေချိန်တွင် အောက်မှအသံက ထွက်လာသည်။

“ငါ့နာမယ်..မောင်မောင်တိတ် ပဲခူးက..ရော့..
ကာဘိုင် အော်တိုနှစ်ချက်သံနှင့် အေကေ အေအာ အော်တိုသံများထွက်လာပြီး လျှောက် မြောင်းထဲမှ မိမိတို့ရဲဘော်လေး ယောက်က ရုတ်တရက်ထပစ်ပြီး ပြန်ငုံ့ချသွားပါ သည်။ ဝေါမြို့သားစစ်စစ် မိမိတို့မိခင်တပ်ရင်း (၂၀၉) မှ ခွဲမှုး ခင်ကျော် (အထက်တန်းကျောင်း သား) ၏ အသံဖြစ်ပါသည်။ မောင်မောင်တိတ်အစစ်မှာ အသက်တောင်ပြင်းပြင်း မရှုအားဘဲ သတ်ကွင်းကျယ်ကျယ်ရအောင် မှောက်လျှက်အနေထားနှင့် စိတ်ကြိုက် ပစ်မှတ်ကို စောင့်နေကြရပါသည်။

ထပစ်လိုက်သောကြောင့် ရန်သူက ပစ်မှတ်ရသွားတော့သည်။ ရန်သူကာဘိုင်သမားနှင့် ဖိုတီးအမ်အမ် သမားတို့က ပစ် မှတ်သိတော့ နဲနဲအတင့်ရဲလာပြီး ရှေ့တိုးပစ်မှတ်ရှာကာ လျှောက်မြောင်းထဲကို ပစ်ဘို့ထိုးချိန်စဉ် မိမိတို့လေးဦးထံမှ အေကေ လေးလက်၏ ပြောင်းလေးများမှ မီးပွင့်များဖျာထွက်သွားတော့သည်။ ကျွန်းပင်ကြီးများ၏ အခေါက်များလည်း ကွာကျသွားသည်ကို အဝေးမှပင် မြင်လိုက်ရသည်။ ပစ်မှတ်ထိရောက် သွားသည့်အတွက် ရင်အေးသွားတော့သည်။ မိမိတို့ ရှေ့အပေါ်စီး နေရာယူထားသော နေရာ၏ခပ်ဝေးဝေးမှ စက်လတ်ကုတ်သံ ကြားရပေမဲ့ ကျည်လမ်းကြောင်း က မြင့်နေ တော့ အနီးရှိနွယ်လိမ်ပင်ကြီးဘေးတွင် ကျည်ကွယ်ယူထားလိုက်ကြ သည်။ အာ ပီ ဂျေ (၃) လုံး ဆက်ထုသံကြားရပြီး နောက် ကရင်သံတွေဆူညံသွားတော့မှ နောက်ချန် KLNA, KNDO စစ်ကြောင်း (၂) ခုပေါင်းပြီး တွန်းထုတ်လိုက် ကြောင်း သိလိုက်ရပါတော့သည်။

ယောက်ဖတို့ရေ ဒီကောင်တွေ ကိုကျိုက်ထီးရိုး ဘုရားဖူး သွားခိုင်းလိုက်ပြီ။တက်လာတော့ မင်းတို့ပါးစပ်နဲ့ စစ်တိုက်နေ တုန်းထဲက ငါတို့ရောက်နေတာ လူမစုံသေးလို့ မင်းတို့ချတာလဲ ထိသွားပုံရတယ်၊ ဗျူဟာမှူးကုန်းကို တက်လာခဲ့ကြ တော့.. မိမိလဲ ရဲဘော်တွေ ထိခိုက် ဒါဏ်ရာစစ်ခိုင်းပြီး မိမိတို့ပစ်မှတ်နေရာကို ခတ်သွက်သွက်လေး သွားမိခဲ့ပါသည်။ လူနှစ်ဖက်နီးပါးရှိသည့် ကျွန်းပင်ကြီး၏ လူတရပ်စာအမြင့်လောက်တွင် ကျည်ရာများက ဇကာ ပေါက်များလို ဖြစ်နေသည်။ အောက်ခြေတွင် ဖိုတီးအမ်အမ် အသီးခွံများအလုံး လေးဆယ်ခန့် ရှိနေသည်။ တလံကျော်ကျော်လောက်တွင် သွေးစ လေးနဲနဲနှင့် ကျွန်းရွက်ပေါ်တွင် ဝါဂွမ်းစလေးများလိုလို တွေ့ရ၍ကောက်ကြည့်မိကာ ချွဲချွဲလေးဖြစ်တော့ နမ်းကြည့်မိရာ လား..လား..အား..ယမ်းငွေ့နံ့ နံနေတဲ့ ဦးနှောက် ဖတ်တွေပါလား…အံချင်စိတ်ပေါက်လာပြီး တံတွေးတချက်ထွေးပြီး စစ် ကြောင်းနောက် အပြေးလိုက်ခဲ့ပါတော့သည်။ မဲ့ကလဲ့ချောင်းအတိုင်း အထက်ကိုတက်သွား ရပါသည်။ ရေသောက်ချင်၍ ချောင်းလေးထဲ ဆင်းပြီးသောက်လိုက်တော့ ရွှေမှုံလေးတွေ ရေထဲမှ အရောင်လေးတွေ တလက်လက်နှင့် မျောနေတာ တွေ့လိုက်ရလို့ ကရင်ပြည်နယ် ရဲ့သယံဇာတ ကြွယ်ဝပုံတွေ သိခွင့်ရခဲ့သေးသည်။ ဒီကောင်တွေ ဒီနေရာသာသိသွားရင် ဒီတော၊ ဒီတောင်ကြီးတောင် တောင်ကတုံးဖြစ်သွားနိုင်သည်ဟု အတွေးလေးဝင်ခဲ့သေးသည်။ ချောင်းဖျားရောက်လေ ပိုအေးလေဖြစ်လာပြီး ရွှေမှုံလေးများ ပိုများလာလေလေတွေ့ရသည်။ မိုင်းကိုကြောက်သော ကြောင့် ရွာသားများမလာ ရဲကြ ဖြစ်မည်ကိုလည်း မိမိတွေးနေမိသည်။

ဗျူဟာမှူးနေရာလေးက အပင်ကြီးတွေခပ်စိတ်စိတ်နှင့် သန့်သန့်ရှင်းရှင်းလေးပင်။ သတင်း ပို့ပြီး မိမိတို့စစ်ကြောင်းမှ ဒဏ် ရာ ရသူများရှိနေသည် ဆေးမှူးရှိရာ ယာယီဆေးခန်း လေးသို့လာခဲ့ကာ အားပေးရန်နှင့် လိုအပ်လျှင် ဗဟိုသို့ပြန်ပို့ရန် အ ခြေနေများ သိရှိရန် သွားခဲ့ပါသည်။ ဒါဏ်ရာ (၃) ယောက်ရသည်။ ဘယ်ဘက်ဂျိုစောင်းတွင် ဖိုတီးအမ်အမ် အစလေးထိ ထားသော (၂၀၉) တပ်ရင်းက တပ်ရင်းမှူး ရဲဘော် သိမ်းဆန်း က ပြုံးပြပြီးဆေးထည့်နေသော ခွဲမှူးသန်းစိုး ၏ ညာ လက်ကောက်ဝတ်မှာ ဆေးထည့်နေ သည်ကို ကြည့်နေသည်။ ဘယ်ခြေထောက်တွင် ပတ်တီးစီးထားသော စိတ်မှူ သန်း နွယ် ကတော့ မိမိကို ပြုံးပြနေသည်။ ကြည့်နေရင်း တပ်ရင်းမှူးခေါင်းက သွေးတွေကျ လာသည်။ ဒဏ်ရာနေရာလေးကို ကပ်ကျေးနှင့် ကွင်းညှပ်ပြီး အစရှာတော့မတွေ့ရ၍ ဝမ်းသာမိ ကြသည်။ ဂွမ်းစလေးတလိပ် ထိုးထည့်ထားလိုက်သည်။ ခေါင်းမူးသေးလားဆိုတော့ ဘာမှ ဖြစ်ဘူး ဟုဆိုသည် (ယခုထိ ကိုသိမ်းဆန်း ခေါင်းတွင်အချိုင့် လေး ဖြစ်နေ သေးသည်)။ မိမိနှင့် (၂၁၀) ရင်းမှုး မြင့်မောင်မောင် တို့ စိုးရိမ်မိကြပြီး ကိုသိမ်းဆန်း ကို ဗဟိုပြန်ပြီး အနားယူခိုင်းတော့ သူကလက် မခံ။ သူ့ရဲဘော်များကို စိတ်မချ။ စိတ်ဓါတ်ကျသွားမည်ကိုလည်း စိုးရိမ်သည်ဟု ဆိုသည်။ ခေါင်းကသွေးတွေက စို့နေ တုန်းမို့ မိမိတို့ကစိုးရိမ်နေသည်။ မနက်အထိသွေးကျနေရင် မိမိအမိန့်သုံးရတော့မည်ဟု တွေးထားသည်။ှ ကျန် ရဲဘော် များ မထိကြ။ ဒီတပွဲလဲ ကံတရား က မိမိတို့ဖက်က အသာစီးရနေပြန်သည်။

တရားသောစစ်၊ မိဘပြည်သူများမေတ္တာကြောင့်လား၊ မိမိတို့ရွတ်ဖတ် မေတ္တာပို့မှုကြောင့် လားဆိုတာ မဝေခွဲတတ်တော့ ပေ။ ညအိပ်ရင်း တောင်တွေးမြောက်တွေးနဲ့ စဉ်းစား မိတော့၊ သိမ်းဆန်း သန်းစိုး သန်းနွယ် တို့ပဲထိတယ် မိမိတို့တပ်ရင်း က အရာရှိ ရဲဘော် တွေပဲ။ ဒီပွဲကို မိမိစိတ်ထဲမှာမှတ်တမ်းတင်ထား လိုက်တယ်။ ကြုံရဆုံရတဲ့အခါ ပြန်ပြော ဖြစ်လိမ့်မယ်လို့ (အခုတော့ ပြောဖြစ်သွားပြီး ရဲဘော်တို့ရေ)။ သသုံးလုံးထိတဲ့ တိုက်ပွဲလို့။

No comments: