Thursday, October 2, 2014

ဒီကနေ့ မနက် ကျိုက်မရောအနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

၂၇ စက်တင်ဘာ ၂၀၁၄

မြန်မာအစိုးရ စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေကြား မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာမှာ ဒီကနေ့ စက်တင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး
နှစ်ဖက်တပ်ဖွဲဝင်တွေကြား ထိခိုက်ဒဏ်ရတာတွေရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့တုန်းက တိုက်ပွဲဖြစ်ပွဲပြီးတဲ့နောက် နှစ်ဖက်တပ်ဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တဲ့ အခြေအနေကို ဒီကေဘီအေ တပ်မှူး ဗိုလ်ဆန်းအောင် ပြောပြတာက ..

မနက် ၅ နာရီကျော်ကတည်းက ရွှေဝါချောင်ရွာမှာ ခုချိန်ထိ ပစ်လိုက် ရပ်လိုက်ဖြစ်နေတာ နှစ်ဖက်စလုံးက ထိခိုက်မှုတွေနဲ့ ရှိနေတယ်။ နောက်တော့ အတ္ထရံတံတား လုံခြုံရေး သင်္ဘောကလည်း ဇမိချောင်းဖက်ကို ခုတ်မောင်းလာတယ်ပေါ့နော် အဲဒါကို ကျနော်တို့ အနေနဲ့ ဖြတ်တိုက်တယ်။ ဇမိချောင်းကနေ စစ်သင်္ဘောတွေနဲ့ ပိတ်ဆို့ထားတယ်။ အစိုးရဘက်က စစ်ကြောင်း ၆ ခု လောက်ရှိတယ်။

ဒီနေ့မနက်ပိုင်း ကျိုက်မရောမြို့နယ်ဘက်ကမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို မြဝတီမှာလည်း စစ်ကားတန်းကို အမည်မသိအဖွဲ့တဖွဲ့ရဲ့ တိုက်ခိုက်မှု ဒီနေ့ နေ့လည် ၁၁ လောက်မှာ ဖြစ်ပွားခဲ့ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေ ပစ်ခတ်မှုတွေကြောင့် မြ၀တီအာရှလမ်းပိုင်းကို ဒီကနေ့ မနက်ပိုင်းမှာ စစ်တပ်၊ BGFပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ပိတ်ထားလိုက်ပြီး မွန်လွဲ ၂ နာရီကျော်လောက်မှာ ပြန်ဖွင့်ပေးခဲ့တယ်။ မြ၀တီမြို့တွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တင်မားမှုတွေနဲ့ ရှုပ်ထွေးနေလို့ စာသင်ကျောင်းတွေ ကျောင်းသားတွေလည်း ရှုတ်ရှုတ်သဲသဲဖြစ်ကုန်ပြီး ပြန်လွှတ်လိုက်ရတဲ့ အခြေအနေထိဖြစ်ခဲ့ပြီးတယ်လို့ မြ၀တီမြို့ခံပြည်သူတွေက ပြောတယ်။

မနေ့က စက်တင်ဘာ ၂၆ ရက်နေ့မှာလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို ဒီကေဘီအေတပ်ဖွဲ့ဝင်တွေက ယူနီဖောင်းချွတ်ပြီး လက်နက်သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မူ ၃ ကြိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီ ဖြစ်စဉ်မှာ ဒီကေဘီအေက စစ်တပ်နဲ့ ရဲတပ်သား ၃၀ လောက်ကို ထိန်းသိမ်းကာ လက်နက်များ သိမ်းယူခဲ့ပြီး စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်သားတွေကို ပြန်လည်လွှတ်ပေးခဲ့တယ်။

အခုလိုဖြစ်ပွားရတာဟာ ဒီလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေတုန်းက ဒီကေဘီအေ တပ်သားတွေကို ယူနီဖောင်း ချွတ်ခို်င်းတာအပါအ၀င် ဒီကေဘီအေ ခေါင်းဆောင်တွေ ရန်ကုန်မြို့ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားနေစဉ် မွန်ပြည်နယ်ထဲက ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေ သိမ်းခံရလို့ မြန်မာစစ်တပ်နဲ့ အောက်ခြေအဆင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေကြားမှာ တင်းမာမူတွေ ဖြစ်နေတာ ဖြစ်တယ်လို့ ဗိုလ်ဆန်းအောင် က တဆက်တည်းပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရစစ်တပ်တွေနဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေဖြစ်ပြီး မြန်မာအစိုးရတပ်ဘက်က လမ်း တံတား မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး လုံခြုံရေးအင်အားတွေ အထူးတိုးမြှင်ချတာတွေ့ရပြီး မုဒုံ ချောင်းနခွ ကားလမ်းတွေကို ပိတ်ထားပြီး၊ အစိုးရစစ်တပ်က ချောင်းနှစ်ခွ ကနေ ဖါသိမ် အရောက် စစ်တပ်အင်အားတွေ တိုးချထားကြောင်း ဒေသခံတွေ ပြောပြချက်အရ သိရတယ်။

No comments: