(ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်း အပြည့်အစုံ၊ အိမ့်သံစဉ် စုစည်းတင်ပြ)
သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီက ပြောကြားတဲ့ ရေဒီယို မိန့် ခွန်းဖြစ်ပါတယ်။ အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန စာမျက်နှာကနေ ပြန်လည်ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီ အစဉ်များမှ
တဆင့် ပြောကြားသည့် မိန့်ခွန်း
(၁ - ၂ - ၂၀၁၃)
မိဘပြည်သူများခင်ဗျား…
နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတဆင့် ကျနော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို အခါအခွင့်သင့်တိုင်း ဆက်သွယ်ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့ အတိုင်း ယခုလို ဆက်သွယ်ပြောကြားခြင်း ဖြစ်ပါတယ်။
ကျနော်တို့
အခုရောက်နေတဲ့ နေရာကနေ ပြန်လှည့်ကြည့်မယ်ဆိုရင် ကျနော်တို့ အစိုးရသက်တမ်း နှစ်နှစ်အတွင်းမှာ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက တ ဆင့် အောက်ခြေအဆင့် ပြည်သူလူထုအားလုံးအထိ
သက်ရောက်မှုရှိစေမယ့် ပြည်သူ့ဗဟိုပြု စီးပွားရေးပြုပြင်ပြောင်း လဲမှုများကို အကောင်အထည်ဖော်
ဆောင်ရွက် လျက်ရှိပါတယ်။
၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် အရေးကြီးတဲ့ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့တနေ့ ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာလည်း နိုင်ငံတကာ ချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တနေ့အဖြစ် မှတ်တမ်း တင် ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာငွေကြေးဈေးကွက် များနှင့် စီးပွားရေး အသိုက်အဝန်းထဲကို ပြန်လည်ဝင်ရောက်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းသစ်တခုကို စတင်နိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
လက်ရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံများဟာ တချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့ နိုင်ငံတကာ ဘဏ်များ၊ အဖွဲ့များမှ ငွေကြေးအကူအညီ ရယူခဲ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ သန်းထောင်ပေါင်း များစွာသော ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံကြီးများ၊တောင်ကိုရီးယားနိုင် ငံ၊ အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့ဟာလည်း ငွေကြေးအကူအညီများကို ရ ယူခဲ့ရပါတယ်။
အထီးကျန်ဆန်တဲ့
နိုင်ငံတနိုင်ငံအနေနဲ့ ဒီလို အကူအညီတွေမရနိုင်သလို ရှေ့ကိုတိုးတက်ဖို့လည်း
အလွန်ခက်ခဲမှာ ဖြစ် ပါတယ်။ ကျနော်တို့ နိုင်ငံဟာ (၁ဝ) စုနှစ်များစွာ
စီးပွားရေးပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာချေးငွေ အကူအညီများ ရယူနိုင်ခဲ့ခြင်း
မရှိခဲ့ပါဘူး။
ယခုအခါမှာ ကျနော်တို့နဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှု တွေကြောင့် အခြေအနေတွေကို ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကျနော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် အပါအဝင် နိုင်ငံတ ကာ ချေးငွေအကူအညီအတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း ညှိနှိုင်းမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်က
တင်ကျန်ခဲ့တဲ့ နိုင်ငံတတကာကြွေမြီများထဲမှ ဒေါ်လာသန်းပေါင်း ခြောက်ထောင်ကျော်ကိုလည်း
ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်းကိုလည်း ပြောကြားလိုပါတယ်။
ယခုလို အရေးကြီး တဲ့အချိန်အခါမှာ မိတ်ဆွေကောင်းဖြစ်ကြောင်းပြသခဲ့တဲ့ နော်ဝေနိုင်ငံနဲ့
ဂျပန်နိုင်ငံအပါအဝင် ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံ များရဲ့ အကူအညီများကို ပြန်လည်ရရှိနိုင်ပြီ
ဖြစ်ပါတယ်။
ဒီလိုရရှိနိုင်မယ့် သန်းပေါင်းများစွာသော ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများအလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံ တခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့ စာသင်ကျောင်း တွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ယခုလို ဆောင်ရွက်ခဲ့မှုများဟာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကျနော် ပြောကြားခဲ့သည့် အ ဆင်းရဲဆုံး LDC နိုင်ငံများစာရင်းမှ ရုန်းထွက်နိုင်အောင် ဆောင်ရွက်မည်ဆိုတဲ့ ကိစ္စရပ်နှင့် ပတ်သက်၍ ပထမခြေလှမ်း အဖြစ် ရရှိနေပြီဖြစ်တဲ့ တိုးတက်မှု ဖြစ်ပါတယ်။
ကျနော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့် နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့အကျိုးစီးပွားအတွက် ပွင့်လင်းမြင် သာမှုရှိရှိ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ်တခုကို ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဦးမော့လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့ အသေးစားနဲ့ အလတ်စား
စက်မှုလုပ်ငန်းများကိုလည်း အားပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစားနဲ့အလတ်စားစက်မှုလုပ်ငန်းများ ကို မြေတောင်မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ နဲ့ လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများအတွက် လိုအပ်မယ့်နည်း ပညာ၊ အရင်းအနှီး၊ အကြံဉာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါ တယ်။ ယခုလည်း လိုအပ်သော ချေးငွေများကို အသေးစား၊ အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်မှ စတင်ထုတ်ချေးမှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါတယ်။ တစ တစ ပိုပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ထိုအတူမွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ငွေကြေးနှင့်လိုအပ်သော အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင်
၁၉-၁-၂ဝ၁၃ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့နဲ့အတူ ပြည်တွင်းပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့
ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကိုကျင်းပနိုင်ခဲ့ပြီး
စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်နဲ့ ပတ်သက်လို့
ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။ ဖွံ့ဖြိုးမှု
ပူးပေါင်းဆောင်ရွက်ရေးထိရောက်ဖို့အတွက် နေပြည်တော်
သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
y
ဒါ့အပြင်
ကျနော်တို့အစိုးရအနေနဲ့ ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နေတဲ့
ကိစ္စတွေလည်းရှိပါ တယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူအများစုဟာ
စားဝတ်နေရေးအတွက် တဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင် ရွက်ကြရပါတယ်။ ဒါပေမယ့်
မိမိနဲ့ မိမိရဲ့မိသားစုကို နွေးထွေးလုံခြုံစေမယ့် ကိုယ်ပိုင်အိတ်တလုံးကိုတောင်မှ
မပိုင်ဆိုင် နိုင်ဘဲ ချို့တဲ့စွာ နေထိုင်ရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။
ဒီလိုအိမ်ပိုင်ယာပိုင်မရှိတဲ့ အခြေအနေမျိုးတွေကို လွန် မြောက်စေဖို့အတွက်
တန်းဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်မြို့တဝိုက်မှာ စတင်စီမံဆောင်ရွက်နေပြီ
ဖြစ်ပါ တယ်။ တခြား ပြည်နယ်နဲ့ တခြား မြို့နယ်များမှာလည်း တန်းဖိုးနည်းအိမ်ရာမျာကို
ဆက်လက်ဖော်ဆောင်သွားမှာ ဖြစ်ပါ တယ်။
ဒါ့အပြင်
နိုင်ငံရဲ့ အဓိကလုပ်သားအင်အားအများစုဖြစ်တဲ့ တောင်သူ လယ်သမားများကိုလည်း အမတော်ကြေး
စိုက်ပျိုး စရိတ် လယ်တဧကကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ နှုန်းအထိ တိုးမြှင့်ထုတ်ပေးနိုင်ခဲ့ပြီ
ဖြစ်ပါတယ်။ ယာ တဧကကိုလည်း ကျပ် ၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်းအထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီ
ဖြစ်ပါတယ်။ ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ ပေ မယ့်လည်း အမှန်တကယ်လိုအပ်မည့် စိုက်ပျိုးစရိတ်အတွက်
ပြည့်မီနိုင်ခြင်းမရှိတာကို သတိပြုမိပါတယ်။ တည်ဆဲ ဥပ ဒေများအရ လယ်ယာမြေပိုင်ဆိုင်ခွင့်များကို
ခွင့်ပြုထားပြီဖြစ်တဲ့အလျှောက် မိမိတို့ရဲ့လယ်ယာမြေများကို အာမခံထား၍
လိုအပ်တဲ့ စိုက်ပျိုးစရိတ်အရင်းအနှီးများ ချေးယူစုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေပိုင်ဆိုင်မှု မှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
လိုအပ်တဲ့ စိုက်ပျိုးစရိတ်အရင်းအနှီးများ ချေးယူစုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန် လယ်ယာမြေပိုင်ဆိုင်မှု မှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
လယ်ယာမြေလုပ်ကိုင်သူ လယ်သမားထုကြီးကို မိမိအနေနဲ့ တိုက်တွန်းလိုတာကတော့လည်း ပွင့်လင်းလွတ်လပ်လာတဲ့ ဈေးကွက်နှင့် လိုက်လျောညီထွေရှိမည့် ငွေကြေးစီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့်အလမ်းတွေကို အမိအရ ဆုပ် ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန် ဖြစ်ပါတယ်။
မိမိတို့၏
အဓိက ကုန်ထုတ် အရင်းအနှီးဖြစ်တဲ့ လယ်ယာမြေများ တန်ဖိုးမြင့် တက်လာရန်လည်း မိမိတို့၏
လယ်မြေများကို ပြုပြင်ကြစေလိုပါတယ်။ ရေတိုစီမံခန့်ခွဲမှုများဖြင့်
မိမိတို့၏ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ လယ်မြေများ ဆုံးရှုံးမှုမရှိရန်ကိုလည်း သတိပြုဆောင်ရွက်
ကြရန် တိုက်တွန်းလိုပါတယ်။ တဆက်တည်းမှာပင် လယ်ယာကဏ္ဍကို ဈေး ကွက်စီးပွားရေးစနစ်နှင့်အညီ
တိုးတက်စေမယ့် ခေတ်မီ လယ်ယာစိုက်ပျိုး ရေးစနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရ မှာ
ဖြစ်ပါတယ်။
ယခု နိုင်ငံရေးဖြစ်ထွန်းမှုဟာ အစိုးရ၊ လွှတ်တော်၊ တက်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ လူထုအား လုံးက ကဏ္ဍအသီးသီးကနေ အားလုံးပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲတွေ ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ အသိအမြင်ကြွယ်ဝတဲ့ ပြည်သူ လူထုတရပ်လုံးက ပြည်သူတို့ဘဝ အတွက် ရွေးချယ်မှုတွေကို ဖိနှိပ်မှု၊ ချုပ်ချယ်မှုတွေမရှိဘဲ ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ
သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့လည်း
အလွန်အရေး ကြီးပါတယ်။ ကျနော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့
ခေတ်အဆက်ဆက်မှာအရေးပါတဲ့ အခန်းကဏ္ဍမှာရှိခဲ့တဲ့ အ ရပ်ဘက် လူအဖွဲ့အစည်းတွေ
အားကောင်းလာဖို့က နိုင်ငံသားတဦးချင်းစီမှာလည်း တာဝန်ရှိပါတယ်။
ကျနော့်အနေနဲ့
အားလုံးပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တခု စနစ်တကျ
ဖြစ်ပေါ်လာစေဖို့အတွက်
၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ တွေ့ဆုံ ခဲ့ပါတယ်။
၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ တွေ့ဆုံ ခဲ့ပါတယ်။
၂၇-၁-၂ဝ၁၃ ရက်နေ့ကလည်း သက်ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့ အစည်းများနှင့် ကျနော်တို့ အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးများနှင့်လည်း စားပွဲဝိုင်းဆွေးနွေးမှုများကို စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုတွေကနေအစပြုပြီး ပြည် ထောင်စုအဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်ကစလို့ အစိုးရယန္တရားအဆင့်ဆင့်မှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ ပါဝင်တဲ့ အုပ်ချုပ်မှုဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။
တဆက်တည်းမှာပင်
ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများ အောင်မြင်စေဖို့အတွက်
နိုင်ငံရေး တည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး တည်ဆောက်မှုတို့ကိုလည်း အလေးထား ဆောင်ရွက်ရမယ့် အချိန်ကာလလည်း ဖြစ်ပါတယ်။
ယခုဖြစ်ပွားနေတဲ့
ပဋိပက္ခဖြစ်ပွားရာဒေသများက ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေဟာလည်း
မိမိတို့ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့
ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်း သား ညီအစ်ကိုများအားလုံးအတွက်
လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ထိရောက်စွာပေးနိုင်ဖို့ အသင့်
ပြင်ဆင်လုပ်ကိုင်လျက်ရှိပါတယ်။ သင့်တော်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်လျက်
ရှိပါတယ်။ တဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူ
လိုလားတောင့်တနေကြတဲ့ စစ်မှန်သော
ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျ ရောက်နေပြီ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာရမယ့် အချိန်အခါကို ကျ ရောက်နေပြီ ဖြစ်ပါတယ်။
y
ဒါ့ကြောင့် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအားလုံး စားပွဲဝိုင်းသို့ လာရောက်ပြီး ဆွေးနွေးညှိ နှိုင်းကြရန် ကျနော့်အနေနဲ့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ကြိုးပမ်းတည်ဆောက်လျက်ရှိတဲ့ ငြိမ်းချမ်း ရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ်ရှလွယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တိုက် ရိုက် ပါဝင်ကြိုးပမ်းလုပ်ဆောင်နေသူများနဲ့ ပြည်သူလူထုတရပ်လုံးအနေနဲ့ တညီတညွတ်တည်း သဘောထားကြီးကြီးနဲ့
ရုန်းကန်လုပ်ကိုင်မှသာ ဒီအကျပ်အတည်းကို ကျော်လွှားအောင်မြင်နိုင်မှာဖြစ်ကြောင်းကိုလည်း ကျနော့်အနေနဲ့ အလေး အနက် ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာကတော့ ယခုအချိန်အခါဟာ ကျနော်တို့ နိုင်ငံအတွက် အခက်အခဲတွေ စိန်ခေါ်မှု တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပြီး တချိန်တည်းမှာပဲ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကာလအတွင်းမှာ မရဖူးသေးတဲ့ အခွင့်အလမ်းတွေကိုလည်း ရရှိနေပါတယ်။
ပြည်သူတရပ်လုံးဟာ
ကျနော်တို့နဲ့အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်ကျော်ဖြတ်ကြဖို့ တိုက်တွန်း ပြောကြားချင်ပါတယ်။
မကြာ ခင်မှာ ကျရောက်တော့မယ့် (၆၆) နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျနော်တို့ တမျိုးသားလုံး စု စည်းခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ပြန်လည်းနှိုးဆွပြီး ပြည်သူတဦးချင်းစီအနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
မကြာ ခင်မှာ ကျရောက်တော့မယ့် (၆၆) နှစ်မြောက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျနော်တို့ တမျိုးသားလုံး စု စည်းခဲ့တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ပြန်လည်းနှိုးဆွပြီး ပြည်သူတဦးချင်းစီအနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့
ပြည့်စုံနိုင်ကြပါစေ
No comments:
Post a Comment