Showing posts with label ကိုညို. Show all posts
Showing posts with label ကိုညို. Show all posts

Sunday, May 10, 2015

ရေနဲ့ ငါး၊ ရဲနဲ့ ပြည်သူ


ရဲတပ်ဖွဲ့ဝင်တွေ ဥပဒေဘောင်အပြင်က ကျူးလွန်မှုတွေကြောင့် သေဆုံးကြရတဲ့သတင်းတွေ မကြာခနလိုလို ပြည်တွင်း သတင်းဂျာနယ်တွေမှာ တွေ့ရတတ်တယ်။  တလောကပဲ ရန်ကုန်ရွှေပြည်သာမြို့နယ်မှာ မူးယစ်ဆဲဆိုနေသူတယောက် ကို ရဲ ၂ ယောက်က ပြောဆိုမရတာကြောင့် ထိုးကြိတ်နှိပ်ဆက်လို့ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့သတင်း ကြားခဲ့ရတယ်။  အဲလိုမူးလို့ ရဲကဖမ်းဆီးနှိပ်ဆက်ပြီး လက်လွန်သေဆုံးတဲ့သတင်းတွေ ဗမာပြည်မှာခနခနဖြစ်တာ မဆန်း တော့သလိုပဲ။  ရဲမှမဟုတ်ဘူး၊  ထောက်လှမ်းရေးကလက်လွန်လို့၊  တပ်မတော်သားတွေက ပစ်ခတ်လို့၊  ထောင်ဝန်ထမ်း တွေနှိပ်စက်လို့.. စ တဲ့.. စ တဲ့ 

Sunday, July 6, 2014

တန်ပြန် အကြမ်းဖက် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ပါ (သို့မဟုတ်) မိမိကိုယ်ကိုတည်ဆောက်ပါ

ရပ်ကွက်တိုင်းမှာ လူထုက ကိုယ့်ဖာသာ ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ အကြမ်းဖက်မှုကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ဖို့ လိုအပ်နေပြီလား။ အဲဒီအခြေအနေရောက်နေပြီလား။

နေ့ခင်းကြောင်တောင် လူအုပ်စုနဲ့၊ ဆိုင်ကယ်အုပ်စုနဲ့၊ လမ်းမှာတွေ့တဲ့လူတိုင်းကို မဲမဲမြင် အကုန်ရိုက်သတ်တဲ့ခေတ် ရောက်နေပြီကိုး။

အမှန်တော့ ပြည်သူတွေကိုအကြောက်တရားတွေ၊ စိုးရိမ်သောကတွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ ဆိုတဲ့ စိတ်ဓာတ်တွေ ရိုက်သွင်းပေးနေတာဖြစ်တယ်။ ဒါမှ

Saturday, December 7, 2013

နိုင်ငံရေးလုပ်ရင် အဆောင်ကထုတ်မယ်တဲ့လား

ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာမှာ တက္ကသိုလ် အဆောင်နေကျောင်းသားတွေ နိုင်ငံရေးလုပ်ဆောင်ရင် အဆောင်ကထုတ်ပစ်မယ့်အကြောင်း အဆင့်မြင့်ပညာဦးစီးဌာန အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းတပုဒ်ဖော်ပြသွားတာကို စိတ်ပျက်လက်ပျက် ဖတ်လိုက်ရတယ်။ “နိုင်ငံရေးနဲ့ နွယ်သူတွေကို လက်ခံပါတယ်၊ ဒါပေမဲ့ အဆောင်စည်းကမ်းအတိုင်း နိုင်ငံရေးလုပ်လို့မရဘူး၊ လုပ်ရင်တော့ ထုတ်ပစ်မှာ” လို့ အဆိုပါ အဆင့်မြင့်ပညာဦးစီးဌာနအရာရှိ ဆိုသူရဲ့ မိန့်မှာချက်ကိုလည်း တွေ့ရပါတယ်။ ဒီတော့

Saturday, September 21, 2013

ဒီမိုကရေစီ အရေခြုံမှာ စိုးရိမ်တယ် (ကိုညို)

“နော်ဝေးနိုင်ငံအနေနဲ့ ဦးသိန်းစိန်အစိုးရကို ပိုမိုအားကောင်းစေပြီး အခွင့်အရေးတိုက်ပွဲဝင်နေသူတွေကို အင်အားချိနဲ့စေမှုမျိုးတွေ မပြုမိစေဖို့လိုတယ်၊ အစိုးရ သီရိလင်္ကာနိုင်ငံကို သင်ခန်းစာယူစေလိုတယ်။ သီရိလင်္ကာနိုင်ငံနဲ့ မြန်မာ မတူတာတွေ အများကြီးပါ၊ တမီးလ်ပျောက်ကျား LTTE က တဖွဲ့သာဖြစ်ပေမယ့် မြန်မာက အရပ်လေးမျက်နှာမှာ

Sunday, July 28, 2013

၈၈ တို့ ဘယ်သွားမလဲ

မကြာသေးမီက ဖေ့စ်ဘွတ်စာမျက်နှာကနေ ABSDF အဖွဲ့ဝင်ဟောင်း ကိုသီရိညွန့် ရှစ်လေးလုံးငွေရတုနဲ့ပတ်သက်ပြီး ရေးလိုက်တဲ့ သူ့သဘောထားကို ဖတ်ရတယ်။ မိမိတို့ရည်မှန်းချက် ပြီးဆုံးအောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘဲ၊ ကျဆုံးသွားသူတွေ၊ ခန္ဓာကိုယ်စွန့်လွှတ်ခဲ့သူတွေ၊ ဒီနေ့အထိ တောထဲတောင်ထဲ၊ ကတုတ်ကျင်းတွေမှာ ဒုက္ခခံရပ်တည် နေကြသူတွေကို အားနာလို့ ပြည်တွင်းက ရှစ်လေးလုံးငွေရတုပွဲကြီးကို မတက်ရောက်နိုင်တဲ့အကြောင်း၊ အဝေးကပဲ အမျှဝေ ကုသိုလ်ကောင်းမှုပြုလုပ်သွားမယ်လို့ ရေးထားတာဖတ်ရတော့

Saturday, July 27, 2013

လူငယ်၊ ဘန်းစကားနဲ့ ဖိနှိပ်မှုအောက်က အသံများ

လွန်ခဲ့တဲ့သုံးရက်က မန္တလေးကအကိုကြီးဆီ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဖြစ်တယ်။ သူက အင်တာနက် လိုင်းမကောင်းတဲ့အကြောင်း၊ ဝန်ထမ်းတွေ အကျင့်ပျက်တာ မပျောက်နိုင်တဲ့အကြောင်း၊ ၉၆၉ တွေ အိမ်တိုင်းစေ့ စည်းရုံးရေးလုပ်နေတဲ့အကြောင်း ပြောပြတယ်။ “မလန်းဘူး” “ ပြုန်းနေပြီ” “ကွိုင်စားတယ်” နဲ့ သူ့စကားထဲက ဝေါဟာရ တချို့ကို

Wednesday, July 17, 2013

နောက်ထပ် အရှုံးမပေါ်စေချင်ပါ

အာဇာနည်နေ့.. ဒို့မမေ့

ကျနော့်ဘဝဟာ အာဇာနည်နေ့မှာ အစပြုခဲ့သလို အာဇာနည်နေ့မှာ လူဖြစ်လာတာပါ။ ကျနော့ကို မွေးဖွားပေးခဲ့တဲ့ ကရင်သူနာပြုဆရာမကြီးက မွေးမွေးချင်း “အာဇာနည်မောင်” လို့ နာမည်ပေးခဲ့တယ်။ သူပေးတဲ့နာမည်ကို မိသားစုညီ အကို မောင်နှမတွေကရော၊ ရပ်ကွက်ထဲက သူငယ်ချင်းတွေကရော ဘယ်သူမှ မခေါ်သလို အသိအမှတ်လည်းမပြုဘူး။ ဒါပေမဲ့

Tuesday, July 16, 2013

အာဏာရှင်တွေ ဒေါသူပုန်ထလို့ (နိဂုံးပိုင်း)

“၇ ဇူလိုင် (သို့) အာဏာရှင်ရဲ့ သတ်ဖြတ်မှု နိဒါန်း”

“ညနေ ၅ နာရီကျော်လောက်မှာ ဗိုလ်နေ၀င်းရဲ့ ကိုယ်ရံတော် သနက (၄) စစ်တပ်က ၀င်လာတယ်။ တက္ကသိုလ် တလျှောက် စစ်သားတွေ ဖြန့်ကျက် နေရာယူ ထားတယ်။ ကျောင်းသားတွေကလည်း အစောပိုင်းကပဲ ဆန္ဒပြခဲ့ ခဲနဲ့ပေါက် ခဲ့လို့ မောပြီး တချို့က မြက်ခင်းမှာတချို့ကလည်း ရပ်ပြီး နားနေတဲ့အချိန်၊ သေနတ်နဲ့ တန်းစီချိန်ထားတဲ့ စစ်သားတွေကို တချို့ကငေးမောကြည့်နေတာပေါ့၊ မန္တလေး၊ ရာမည၊ အမရပူရ၊ တောင်ူ က စာသင်ဆောင်တွေမဟုတ်ဘူး၊ ကျောင်းသား အဆောင်တွေ၊ ကျောင်းသားတော်တော်များများက အဆောင်တွေပေါ်က လှမ်းအကဲခတ်ကြည့်နေတယ်။ စာတိုက်ဖက် က ပုဂံတို့တကောင်းတို့က ကျောင်းသားတွေကလည်း ငေးကြည့်နေတယ်။

အဲ.. အဲဒီအချိန်မှာ အေးအေးဆေးဆေးပဲ၊ ပစ်မယ်ခတ်မယ်လို့ ဘယ်သူမှမထင်ဘူး”

မေ့မရနိုင်တဲ့ အိန္ဒိယက ကျေးဇူးရှင်တွေ အပိုင်း(၁)

နွားသူတောင်းစား၊ စာနာတဲ့ ကုလားနဲ့ နိဗာန်ရပ်ကွက်က ကျောင်းသားသူပုန်တွေ

“ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း” စောစောစီးစီး၊ ချမ်းချမ်းစိမ့်စိမ့်မှာ စည်းချက်မှန်မှန်နဲ့အိမ်ရှေ့တံခါးကို ခေါက်နေတဲ့အသံကြောင့် ကျနော်တို့အားလုံး နိုးနေပေမဲ့ စောင်ခေါင်းမြီးခြုံထဲက ကွေးအိပ်နေရတဲ့ အရသာကိုနှမြောပြီး တယောက်မှမထချင်ကြ။ မသိချင်ယောင်ဆောင်ပြီး ဆက်ကွေးနေကြတယ်။

“ဒုန်း…ဒုန်း…ဒုန်း..ဒုန်း” အသံကရပ်မသွား၊ ပိုတောင်ကျယ်လာတယ်၊

Friday, July 12, 2013

အာဏာရှင်တွေ ဒေါသူပုန်ထလို့

ဇူလိုင်ရက်လ ရောက်ခဲ့ရတိုင်း
စိတ်ကျရောဂါဝင်လာတယ်..
ဇူလိုင်မိုးဖွဲ သည်းချေပျက်အောင်
ရက်စက်မှုများကြုံခဲ့တယ်…
ဇူလိုင်မှာ ဖွားရက်များစွာဟာ
အင်အားချိနဲ့သွားခဲ့တယ်…
ဇူလိုင်မှာမွေးရက်လေးတွေလည်း
သွေးနံ့ညှီတုန်းရှိသေးတယ်။
(ဇူလိုင်ဝေဒနာကဗျာမှ)

လွန်ခဲ့တဲ့ ၂၂ နှစ်လောက်က အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာကျောင်းသားတွေထုတ်ခဲ့တဲ့ ဇူလိုင်လက်ကမ်းစာ ဆောင်လေး တခုမှာ  ရေးခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးတခုကို ကောက်နှုတ်ဖော်ပြလိုက်တာပါ။ အဲဒီတုန်းက ဇူလိုင်ဟာ မြန်မာပြည်အတွက် အိပ်မက်ဆိုးတွေရှိခဲ့ဖူးတဲ့ ခံစားချက်နဲ့ တွေးခဲ့ရေးခဲ့ဖူးတယ်။ တိုင်းပြည်ရဲ့

Tuesday, June 11, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (နိဂုံးပိုင်း)

ကျနော်တို့ ထောင်ထဲရောက်တော့ ဖတ်စရာဆိုလို့ အောင်သန့်မင်း(ဂိုင်စီ)ဆီက အဖုံးတွေပြုတ်ပြီး စာရွက်တွေ ကြေမွတွန့်ခေါက်နေတဲ့ အင်္ဂလိပ်ဂရမ်မာ စာအုပ်အဟောင်းတအုပ် ဖတ်ရတယ်။ စာအုပ်တအုပ်လုံး လွတ်နေတဲ့ ကွက်လပ်တွေမှာ မြန်မာသီချင်းတွေ အများကြီး ရေးထားတယ်။ ပုံနှိပ်စာလုံးတွေ လွတ်နေတဲ့ အပေါ်ပိုင်းနဲ့

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၂၁)

ပြူတင်းပေါက် မရှိ၊ တံခါး မရှိတဲ့ အဆောက်အဦကြီးတခု။ နံရံကြီးတွေနဲ့ တိုင်လုံးကြီးတွေက စကျင်ကျောက်တွေနဲ့ဆောက်ထားသလို ဖွေးဖွေးဖြူနေတယ်။ မှန်တွေနဲ့ အမိုးလုပ်ထားပြီး အလင်းရောင်က စူးစူးဝါးဝါး ရနေတယ်။ တနေရာမှာ တစုံတခုကို လူတွေ စုပြုံတိုးဝှေ့ကြည့်နေတယ်။ ကျနော်လည်း အဲဒီလူတွေကြားတိုးဝင်ပြီး အလယ်က

Saturday, June 1, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၂ဝ)


အင်ဖားထောင်ထဲက ဘဝ

“ပါလီ.. ပါလီ.. ပါလီ”

နံနက် နေရောင်နဲ့အတူ စူးစူးဝါးဝါး အော်လိုက်တဲ့အသံကြောင့် အဆောင်အသီးသီးက အကျဉ်းသားတွေ ကမန်းကတန်း နဲ့ပဲ ကသဲ မယ်တော်ကြီး နတ်ကွန်းနားက မြေကြီးတွေနဲ့ ပေကျံမဲညစ်နေတဲ့ အဝတ်စုတ်အပိုင်းအစတွေကို အလုအယက်

Thursday, May 30, 2013

“လက်ခမောင်းခတ်သံ တညံညံ”

အကြမ်းဖက် လက်တဆုတ်စာ တွေက လစဉ်လိုလို် ဘာသာရေးပဋိပက္ခတွေ ဖန်တီးနေတာ တကယ့်ကို အစီ အစဉ်ကျကျပါပဲ။ အရင်က နယ်စပ်အရပ်မျက်နှာ အသီးသီးက တိုင်းရင်းသားလူမျိုးစုအသီးသီးနဲ့ နှစ် (၆၀) နှစ် (၄၀) နှစ်(၂၀) ပြည်တွင်းစစ်တွေအမျှင်မပြတ်မွေးထားခဲ့တယ်။ တိုင်းပြည်က မွဲပြာတယ်။ ပြည်သူက ပြောင် ပြောင်ရောင်ရောင် မရှိ၊ အမျော်အမြင်နည်းတဲ့ စစ်ခေါင်းဆောင်လက်တဆုတ်ကြောင့်

Tuesday, May 28, 2013

“ဒီနေရာမှာရပ်နေမှာမဟုတ်ဘူး” (ကိုမွန်းအောင်နဲ့ စကားပြောကြည့်ခြင်း)

ဓါတ်ပုံ .. ကိုညို
အဆိုတော် မွန်းအောင်ဟာ ၁၉၈၁-၈၂ ကစပြီး ခေတ်ပေါ်တေးလောကမှာ ထင်ရှားတဲ့ အဆိုတော်တယောက် ဖြစ်လာ ပြီး ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် သူရဲ့ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ကာ ကျောင်းသားတပ်မတော်ထဲ ၀င်ရောက်ခဲ့သူ ဖြစ်တယ်။ ပြည်တွင်းမှာ သူ့တကိုယ်တော်သီချင်းခွေ ၄ ခွေ၊ ပြည်ပမှာ ၂ ခွေ ထုတ်ဝေဖြန်ချိခဲ့တယ်။ ပြီး ခဲ့တဲ့ မေလ တလလုံး အပတ်စဉ်စနေနေ့တိုင်း (တတိယအပတ်မှလွဲပြီး) နော်ဝေးနိုင်ငံ အော်စလိုမြို့ ပါလီမန် အဆောက် အဦရှေ့မှာ အဆိုတော် ကိုမွန်းအောင်နဲ့ သူ့မိတ်ဆွေတွေဟာ မြန်မာ့နိုင်ငံရေးအဖြစ်မှန်ကို နော်ဝေးပြည်သူများသိရှိရေးနဲ့ သမ္မတ ဦးသိန်းစိန်ကို ၂၀၁၃ ခု နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းထားမှုကနေ နောက်ထပ် စကာတင်အ ဆင့်ထိ နာမည်မတက်လာဖို့ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကို လက်မှတ်ထိုးတောင်းဆိုမှု ကင်ပိန်းတခုကို လုပ်ခဲ့ ကြတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အဆိုတော် မွန်းအောင်နဲ့ မေးမြန်းထားတာကို တင်ဆက်လိုက်ပါတယ်။

မေး… အခုလှုပ်ရှားမှုဟာ ဘယ်လောက်ထိရောက်မှုရှိတယ်လို့ မြင်သလဲ

ဖြေ… ဘယ်လောက် ထိရောက်တယ်ဆိုတာ အတိုင်းအတာအရ ပြောရခက်သည့်တိုင်အောင် ကျနော့အနေနဲ့ ဘာကို ယူသလဲဆိုတော့ လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါဟာ လူစုလူဝေးနဲ့ဆန္ဒပြတာမျိုးမဟုတ်တော့ လူများများမလိုဘူး၊ ဦးသိန်းစိန် နိုဘယ်လ်ဆုနဲ့ မထိုက်တန်ဘူးဆိုတာ

Saturday, May 25, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား (၁၉)

“မင်းက ဘယ်ကလဲ”
“ဗမာပြည်က”
“မင်းက သူခိုးပဲ”
“ကျနော် သူခိုးမဟုတ်ဘူး၊ တော်လှန်ရေးသမား”
“မင်းဟာ ငါတို့နိုင်ငံကို ခိုးပြီးဝင်လာတာဖြစ်တယ်၊ အဲဒီတော့ သူခိုးပဲ”
“ခိုးဝင်လာတာ မဟုတ်ဘူး၊ ရာဂျစ်ဂန္ဒီ်ခေါ်လို့လာတာ

Thursday, May 23, 2013

“သမ္မတကြီး ထွက်မပြေးနဲ့”

ပြီးခဲ့တဲ့စနေနေ့က မြန်မာ့တသွင်ဆန်း ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်ရဲ့ နှစ် (၅၀) အတွင်း ပထမ ဆုံး အမေရိကန် ခရီးစဉ်မှာ (တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေနှာခေါင်းရှုံ့သွားစေနိုင်လောက်တဲ့ )သမိုင်းတွင်မဲ့ စကား တခွန်းပြောသွားပါတယ်။ ဒီစကားကြောင့် မြန်မာသမ္မတကြီးဟာ မပြောသင့်တာကိုပြောတယ်၊ အင်မတန် ထုံထိုင်း န လွန်းတဲ့ သနားစရာ သတ္တ၀ါလေးပါလားလို့လည်း သတင်းစာဖတ် ကမ္ဘာ့ပြည်သူက တထိုင်တည်း မှတ်ချက်ချကြပါ တယ်။ ငါတို့ သမ္မတကြီးကွလို့ မြှောက်ထိုးပင့်ကော် သာကူးတွေရော၊ နိုင်ငံရေးသိက္ခာကို ရသမျှအောက်ထစ်ဈေးနဲ့ အသနားခံ ပြည်တော်ဝင်ပြီး စစ်ရာထူးပြုတ် ခေါင်းပေါင်းတွေဆီ ပါးယက် နားယက်လုပ်နေတဲ့

Thursday, May 16, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၁၈)

“ဘယ်လိုထင်ထင်ဖြစ်တယ်လေ ××× ထာဝစဉ်မှန်ကန်တဲ့တရားမရှိနိုင်ပါ…. ×× တချပ်မှောက်တဲ့ ကစားကွက်များ ××× အဖြေဟာဝိုင်းသိမ်းတော့မှတွေ့မှာပါ××

ငါဟာ မတည်ငြိမ်မိုးတိမ်ပဲ ×× ဂျစ်ပစီတွေလို ×× မရပ်မနားခရီးနှင်နေ ×× ဘယ်လိုနေထိုင်မှာလဲ ဘ၀ဆိုတာ ×× ပြဇတ်တပုဒ်ပါပဲ ×××

အဆိုတော်သန်းနိုင်ဆိုထားပြီးတေးရေးဆရာ ၀င်းမင်းထွေးရဲ့ ဂျစ်ပစီမိုးတိမ် သီချင်းလေးဟာ ကျနော်တို့ တက္ကသိုလ် ကျောင်းသားဘ၀က ညည်းဆိုနေကျ

Sunday, May 12, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား - ၁၇

“ပြောက်ကျား အနုပညာ” 

လပေါင်းများစွာ ဒီမျက်နှာ၊ ဒီမြင်ကွင်း၊ ဒီထမင်း ဒီဟင်းနဲ့ ဒီလေ့ကျင့်ခန်း၊ ဒီစခန်းထဲ အနေကြာလာတော့ ကျနော်တို့တတွေ ငြီးငွေ့နေပြီ၊ တယောက်နဲ့တယောက်လည်း ဟိုလူ့ကို ကည့်မရ၊ ဒီလူက ဘာဖြစ်တယ် ဒီခေါင်းဆောင်က မျက်နှာလိုက်တယ်၊ အုပ်စုမွေးနေတယ်ဆိုတာတွေနဲ့ မတည့်အတူနေတွေ ဖြစ်ကုန်ပြီ။ ပြဿနာဖြစ်ရင်လည်း အစည်းအဝေးနဲ့ မီးဖိုချောင်က များတယ်။ အစည်းအဝေးတခုပြီးသွားရင် တယောက်နဲ့တယောက် မခေါ်နိုင် မပြောနိုင်

Tuesday, May 7, 2013

“လက်ပံတောင်းမှာ မြွေရှိတယ်”


ဗမာပြည် မတ်လ သမိုင်းဟာ ထကြွတယ်၊ ပုန်ကန်တယ် နိုးကြားတယ်ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ပါ။ ဖက်ဆစ်တွေကို တော် လှန်ခဲ့တာလည်း မတ်လပဲ။ အာဏာရှင်တွေကို ပုန်ကန်ခဲ့တာလည်း အဲဒီမတ်လပဲ။ အာဏာရှင် လက်ရုံးတပ်တွေကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကို မြန်မာပြည်ရဲ့ လူ့အခွင့်အရေးနေ့လို့ (၁၉၈၉ ခုနှစ် ဖုန်းမော် နှစ်ပတ်လည်မှာ) ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြေငြာပေးခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင်