Sunday, May 10, 2015

ရေနဲ့ ငါး၊ ရဲနဲ့ ပြည်သူ


ရဲတပ်ဖွဲ့ဝင်တွေ ဥပဒေဘောင်အပြင်က ကျူးလွန်မှုတွေကြောင့် သေဆုံးကြရတဲ့သတင်းတွေ မကြာခနလိုလို ပြည်တွင်း သတင်းဂျာနယ်တွေမှာ တွေ့ရတတ်တယ်။  တလောကပဲ ရန်ကုန်ရွှေပြည်သာမြို့နယ်မှာ မူးယစ်ဆဲဆိုနေသူတယောက် ကို ရဲ ၂ ယောက်က ပြောဆိုမရတာကြောင့် ထိုးကြိတ်နှိပ်ဆက်လို့ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့သတင်း ကြားခဲ့ရတယ်။  အဲလိုမူးလို့ ရဲကဖမ်းဆီးနှိပ်ဆက်ပြီး လက်လွန်သေဆုံးတဲ့သတင်းတွေ ဗမာပြည်မှာခနခနဖြစ်တာ မဆန်း တော့သလိုပဲ။  ရဲမှမဟုတ်ဘူး၊  ထောက်လှမ်းရေးကလက်လွန်လို့၊  တပ်မတော်သားတွေက ပစ်ခတ်လို့၊  ထောင်ဝန်ထမ်း တွေနှိပ်စက်လို့.. စ တဲ့.. စ တဲ့ 
အာဏာပိုင်တွေက စည်းမဲ့ကမ်းမဲ့ဆောင်ရွက်လို့ အချီးနှီးသေဆုံးခဲ့ရသူတွေ မနည်းတော့ ဘူး။  သေချာစနစ်တကျ မှတ်တမ်းတင်ထားရင် အဲလိုလက်လွန်ခြေလွန် အသုဘတွေက ကံကုန်လို့သေဆုံးသွားကြသူ တွေထက် ပိုများလိမ့်မယ်ထင်တယ်။

မကြာခင်ရက်ပိုင်းကဖြစ်ခဲ့တဲ့ လက်ပံတောင်းသပိတ်ဖြိုခွဲမှုကလည်း မဆင်မခြင်အရေးယူလုပ်ဆောင်မှုက အခြေခံပဲ။  ဒီ မိုကရေစီနိုင်ငံတွေမှာ လက်ပံတောင်းလိုကိစ္စမျိုးဆိုရင် တာဝန်ရှိသူတွေ တလှေကြီးအရေးယူခံရမယ်၊ ရာထူးကနှုတ် ထွက်ရလိမ့်မယ်။  ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ လူတယောက်စီတိုင်းမှာ တန်ဘိုးကိုယ်စီရှိတယ်လို့ နားလည်ထားရ တယ်။  ခန္ဓာကိုယ်နာကျင်ဒဏ်ရာရဘို့ မဆိုထားနဲ့ ကိုယ့်အပြုအမူကြောင့် လူတယောက်ရဲ့စိတ်ထဲခံစားသွားရရင်၊ ဂုဏ် သိက္ခာညှိုးငယ်သွားရင် တရားစွဲခံရတယ်။  သေရာပါအမာရွတ်တွေမျက်နှာနဲ့ ခန္ဓာကိုယ်မှာထင်ကျန်ရစ်ခဲ့မယ့် လူတ ယောက် ရဟန်းတပါးရဲ့ဂုဏ်သိက္ခာနဲ့ သူရဲ့ခံစားချက်က ကိုယ်ချင်းစာကြည့်ပေါ့။

လူတယောက်သေတယ်ဆိုတာ (လူကိုလူချင်း တန်ဘိုးမထားတတ်တဲ့) အာဏာရှင်နိုင်ငံတွေမှာသာ မဆန်းတော့သာ၊ ဒီမိုကရေစီနိုင်ငံတွေဆို အုန်းအုန်းကျွက်ကျွက်ပဲ။

ကျနော်တို့ သတင်းထောက်လောကမှာ လူတယောက် သွေးရိုးသားရိုးမဟုတ်ဘဲ သေတယ်ဆို သိပ်ကိုအရေးကြီးတဲ့ သ တင်းပဲ။ နော်ဝေးနိုင်ငံမှာဆို၊ လူတယောက်ပျောက်ဆုံးနေတဲ့သတင်းဟာ ရဲကအသက်ရှင်ရက်ဖြစ်စေ၊အလောင်းပဲဖြစ် စေ မဖော်ထုတ်နိုင်မချင်း နေ့စဉ်ရက်ဆက် မီဒီယာတွေကနေ အဲဒီသတင်းကို စာလုံးမဲကြီးတွေနဲ့ ခေါင်းကြီးသတင်းအ ဖြစ် ဖော်ပြနေတာပဲ။ ရဲအမှုထမ်းတွေမှာ တာဝန်သိပ်ကြီးလေးတယ်။ ပြည်သူတွေအပေါ် ပေါ့ပေါ့တန်တန်၊ လက်လွတ်စ ပယ် သွားလုပ်လို့မရဘူး။

ဗမာပြည်မှာ ကျနော်တို့ လူမှန်းသိစကတည်းက ရဲတွေနဲ့ပတ်သက်ပြီး အထင်သေးစရာတွေချည်း ကြားနေရတယ်။ လူ တိုင်းက ရဲဆို ချဉ်တယ်။ သံပုရာသီးလို့လည်း ခေါ်ကြတယ်။ သူတို့ကလည်း လူမြင်ရင်အချဉ်ဖမ်းဘို့ပဲ ကြည့်တယ်ဆိုတာ မျိုးအထိ ကြားနေရတာ..စိတ်မကောင်းစရာချည်း။ ဗမာပြည်မှာ ရဲနဲ့ပတ်သက်တဲ့ အရပ်စကားပုံကလည်း သိပ်မကောင်းလှဘူး။

ဥပမာ.. ဟင်းမရှိ ပဲပြုတ်၊ ဉာဏ်မရှိ ရဲလုပ်။ ယောင်္ကျားပျင်းပုလိပ်၊ မိန်းမပျင်းကွိတ် (ကွိတ်ဆိုတာ ပြည့်တန်ဆာကို ဗန်း စကားနဲ့ခေါ်တာ) ပြီးတော့ ရုပ်ရှင်ကြည့်တိုင်း (ဇာတ်လမ်းသဘောအရ) လူဆိုးတွေကို ဇာတ်လိုက်ကအပြတ်ချပြီးမှ ရဲက ရောက်ရောက်လာတော့.. ရဲဆိုရင် ပြည်သူ့ကယ်တင်ရှင်လို့ကို မမြင်ဘူး။ ဒါတောင် ဗမာကားတွေမှာ ပေါ်လစီအရ ပြည် သူ့ရဲတပ်ဖွဲ့ဆို..အမွှန်းတင်ရိုက်ရတာ၊ သေးသိမ်အောင်မလုပ်ရတာတွေ ရှိသေးတယ်။ ကုလားကားဆို သိပ်လွတ်လပ် တာ။ ရဲဆိုရင် အပြတ်နှိပ်ကွတ်ခံရတယ်။ လာဘ်စားတာ၊ ငွေရှင်ဓနရှင်တွေရဲ့ လက်ကိုင်ဒုတ်ဖြစ်တာ၊ အစိုးရ၀န်ကြီးတွေ ကို အကာအကွယ်ပေးတာ.. ဒါတွေပဲ ထပ်နေအောင်ဇာတ်လမ်းတွေထဲ အထည့်ခံနေရတာ။ အပြင်မှာလည်း အိန္ဒိယ ရဲအများစုက အဲလိုစရိုက်တွေရှိကြတာ ကြုံဖူး၊ တွေ့ဖူးတယ်။

ဒီတော့ ရဲဆိုရင် ဘယ်ရဲဖြစ်ဖြစ် အောက်ဆိုက်နည်းနဲ့ ပိုက်ဆံရှာသူတွေလို့ပဲ သိထားကြတာများတယ်။ ရဲရဲ့ နမိတ်ပုံဟာ မလှဘူး။ ဒါဟာ ကျနော်တို့နိုင်ငံအတွက် မကောင်းလှဘူး။ အရာရာမှာ အကောင်းအဆိုးတွေရှိတဲ့ထဲမှာ ရဲဆိုရင် ပြည်သူ တွေက အဆိုးမြင်တာ သိပ်မကောင်းလှဘူး။ ဒီလိုဖြစ်အောင်လည်း ကျနော်တို့တိုင်းပြည်က ခေတ်စနစ်နဲ့၊ အုပ်ချုပ်ရေး ယန္တရားကြီးက ပြဋ္ဌာန်းပေးလိုက်တာပါ။ မြန်မာ့ရဲတပ်ဖွဲ့ဟာ လက်နက်ကိုင်တပ်တွေထဲမှာ အောက်ကျနောက်ကျဆုံး ဖြစ် အောင်၊ အခွင့်အရေး အမဲ့ဆုံးဖြစ်အောင်၊ ပြည်သူ့ချဉ်ဖတ်ဖြစ်အောင် စစ်အာဏာရှင်စနစ်ကြီးက သွတ်သွင်းပေးလိုက် တာ ဖြစ်တယ်။

မြန်မာပြည်မှာ ရဲမှူးဆိုတာ အဆင့်အမြင့်ဆုံးရာထူး ဖြစ်တယ်။ ဒါပေမယ့် တပ်မတော်က စစ်ဗိုလ်တယောက်လောက် တောင် အာဏာစက်မပြင်းဘူး။ သာမန် ရဲအုပ်ဘ၀ကနေမြို့နယ်မှူးလောက်ဖြစ်ဘို့ အနှစ် ၂၀ လောက် စောင့်ရပေမဲ့၊ စစ်တပ်ထဲမှာ ၇ နှစ်နဲ့ ဗိုလ်ကြီးဖြစ်လာသူက ရဲထဲမှာ မြို့နယ်မှူးအဆင့် ရာထူးရပါတယ်။ တပ်ထဲက တပ်ကြပ်တ ယောက်က ရဲထဲရောက်ရင် ရဲတပ်ကြပ်ကြီးရာထူးရပါတယ်။ စစ်တပ်ကပဲ အခွင့်ထူးခံနေတာပါ။ ပြီးတော့ စစ်တပ်ရဲ့အစေ အပါး ကျေးကျွန်လိုခိုင်းရာလုပ် အိမ်နိမ့်စံဘ၀နဲ့ နေရတာဖြစ်တယ်။ တပ်မတော်သားတွေကိုယ်တိုင်က ရဲဆိုရင် နှိမ့်ချ ဆက်ဆံတတ်သလို၊ ရဲတွေကိုယ်တိုင်က စစ်သားကိုတောင် ကြောက်ရွံ့ နေရတာပါ။ ကျနော်တို့ နိုင်ငံမှာ အဲလိုမျိုး ၀န် ထမ်းချင်းအတူတူ၊ အဆင့်ခွဲခြားဆက်ဆံခံနေရတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ ဒါကိုထုံးစံလို့ပဲ မြင်နေကြပါတယ်။

ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ရဲဆိုတာပြည်သူနဲ့အနီးဆုံး လက်နက်ကိုင်တပ်ဖြစ်တယ်။ ပြည်သူကို အနီးကပ် စောင့်ရှောက်ရတယ်။ တာဝန်ချိန်အတွင်း၊ လူတွေကို ဘာအကူအညီလိုသလဲ၊ ဘယ်နေရာမှာ ဘာလုပ်ပေးဖို့ လိုအပ်သ လဲဆိုတာကိုပဲ အာရုံစိုက်တယ်။

တခါတုန်းက ကျနော်နေထိုင်တဲ့ နော်ဝေးနိုင်ငံ အော်စလိုဘူတာနားမှာ အရက်မူးနေတဲ့ အမျိုးသားတယောက်ကို ရဲ ၂ ယောက်က လက်မောင်းတဖက်တချက်စီကိုင်ပြီး တွဲခေါ်လာတယ်။ အမူးသမားက ဘယ်ဘက်ကရဲကို ခေါင်းထောင် ကြည့်ပြီးဆဲလိုက်၊ ညာဘက်က ရဲရဲ့မျက်နှာပြန်လှည့်ကြည့်ပြီး ဆဲလိုက်နဲ့ သူ့ကိုလူကြားထဲကနေ အခုလိုဆွဲခေါ်သွားရ မလားဆိုပြီး ရန်ထောင်နေတာ။ ရဲ ၂ ယောက်ကတော့ ဘာမှမဖြစ်သလိုပဲ ရီရီမောမောနဲ့ အမူးသမားကိုချော့ခေါ်သွား တယ်။ အဲလိုမြင်ကွင်းမျိုး မကြာခနတွေ့ဖူးတယ်။ ရဲက အမူးသမားကြောင့် အများတကာ စိတ်အနှောက်အယှက် မဖြစ် အောင် ထိမ်းသိမ်းတာ ဖြစ်တယ်။ အဲဒီအမူးသမားကို ရဲစခန်းထဲခနခေါ်သွားမယ်။ သူလိုအပ်တာကျွေးမွေးမယ်၊ အမူးပြေ ရင် အိမ်ပြန်ပို့ပေးမယ်၊ ဒါပဲ။

သူ့ကို ကိုယ်ထိလက်ရောက်ထိုးကြိတ်၊ ခြိမ်းခြောက်၊ ရိုက်နှက်တာမျိုး ထုံးစံမရှိဘူး။ လုပ်လို့လဲမရဘူး။ တခါတုန်းက မြို့ ပတ်ရထားပေါ်မှာ မှူးနေသူတယောက် သူ့ဖာသာ ကျယ်ကျယ်လောင်လောင်နဲ့ တယောက်ထဲ အော်ဟစ်ဆဲဆိုတာကို တစုံတယောက်က နံပါတ် ၁၁၂ (ရဲအရေးပေါ်နံပါတ်) နှိပ်ခေါ်လိုက်တယ် ထင်တယ်။ ရထား ၂ မှတ်တိုင်လောက်မှာပဲ ရဲ ၂ ယောက် တက်လာတယ်။ သူ့ကို နောက်မှတ်တိုင်မှာ ဆင်းဖို့နားချနေတယ်။ ဟိုလူက ဂျစ်ကန်ကန်ရယ်၊ ဂိတ်ဆုံးအထိ စီးမယ်၊ ငါ့အိမ်က ဂိတ်ဆုံးမှာဆိုလို့ ရဲတွေရထားဂိတ်ဆုံးထိစီးပြီး လိုက်ပို့ပေးရတယ်။ ခရီးသည်တွေ စိတ်မပျက်အောင် ဆောင်ရွက်ပေးသလို၊ သူ့ကို စောင့်ရှောက်ပေးတဲ့သဘောလည်းပါတယ်။

နော်ဝေးမှာ မူးယစ်ဆေးစွဲနေသူတွေကို အစိုးရက မှတ်ပုံတင်ထားတယ်။ နေ့စဉ် အချိန်တန်ရင် ရဲတွေကလာပြီး မူးယစ် ဆေးကို အချိုးကျဝေငှပေးတယ်။ (ကိုယ်ကမပေးရင် ရာဇ၀တ်မှုပိုဖြစ်လာမယ်၊ အတိုင်းအဆမရှိ သုံးစွဲပြီး အသက် အန္တရာယ်ထိခိုက်မယ်) ရဲဆိုတာ ဆောင်ပုဒ်ချိတ်ထားရုံသက်သက်မဟုတ်ဘဲ လက်တွေ့ ပြည်သူတွေအသက်နဲ့ စည်းစိမ် ဥစ္စာလုံခြုံရေးကို စောင့်ရှောက်တာ ဖြစ်တယ်။

“သူများဆီက ရဲတွေက လူတွေကို ဘာအကူအညီပေးရမလဲ ဆိုတဲ့ မျက်လုံးနဲ့ကြည့်တာ၊ ကျနော်တို့နိုင်ငံက ရဲတွေက လူတွေဆီ ငွေဘယ်လိုညှစ်ရမလဲ ဆိုတဲ့ မျက်လုံးနဲ့ ကြည့်တာဗျ”လို့မိတ်ဆွေတယောက်ကပြောဘူးတယ်။ ဒီကရဲတွေနဲ့ ပတ်သက်ပြီး ရီစရာလိုလိုနဲ့ အမြဲသတိတရဖြစ်နေတာလေးတခု ပြောအုံးမယ်။

တခါက အော်စလိုမြို့လည်ခေါင် လူစည်တဲ့ ရှော့ပင်စင်တာကြီးတခုလှေခါးနားမှာ ရဲ ၂ ယောက် ရပ်နေတယ်။ လူတွေက သူတို့ကို ရှောင်ကွင်းသွားနေရတယ်။ သူတို့က လမ်းမဖယ်ပေးဘူး။ သတိထားကြည့်လိုက်တော့ သူတို့ ၂ ယောက်အ လည်မှာ မစင်ပုံလေး။ ခလေးတယောက်ယောက် ထွက်ကျသွားဟန်တူတယ်။ သန့်ရှင်းရေးသမား မလာမချင်း လူများမ နင်းမိအောင် ရဲတွေက စောင့်ကြပ်နေတဲ့မြင်ကွင်းကိုကြည့်ပြီး ရဲတွေကို လေးစားသွားတယ်။ သူများဆီက ရဲတွေ တာဝန် ထမ်းတယ်၊ လူထုအကျိုးကြည့်တယ်ဆိုတာ အဲလို အသေးအမွှားလေးကအစ ဂရုတစိုက် တာဝန်ယူတာမျိုး။

ကျနော်တို့ဆီက ရဲတွေရဲ့ဘ၀အခြေအနေကနိမ့်ကျသလို၊ လည်သလိုရှာစားနေရတော့ အများမကြည်ဖြူ၊ မလေးစားတဲ့ အခြေအနေဆိုက်နေတယ်။ ဒီအတွက် ရဲအမှုထမ်းတွေကိုယ်စီသာမက၊ အထက်အာဏာပိုင်တွေမှာလည်း တာဝန်ရှိပါ တယ်။

မကြာသေးခင်ရက်ပိုင်းက လက်ပံတောင်းသပိတ်ဖြိုခွဲမှုကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ သွားလေ့လာတော့၊ ရဲကလည်း သူ့တာဝန်ကို အများလက်ခံအောင် သေသေချာချာမရှင်းပြပဲ တင်းတင်းမာမာ ဆက်ဆံခဲ့သလို ဗိုလ်ကြီးဟောင်း ကိုနေ မျိုးဇင်ကလည်း ရင့်ရင့်သီးသီး ပြောဆိုတုန့်ပြန်လို့ ၂ ဘက် တင်းမာတာတွေ ဖြစ်ကုန်တယ်။ တကယ်တော့ ပြည်သူတွေ မှာ လည်း Right to Information လို့ခေါ်တဲ့ သိလိုတာကို မေးနိုင်တဲ့အခွင့်အရေးမျိုးမရှိတော့လို့ ဒီလောက်ထိဖြစ်ကုန် တာပါ။ ရဲတွေက ပြည်သူနဲ့အနီးကပ်ဆုံးမှာ တာဝန်ထမ်းရတော့ ရဲနဲ့ ပြည်သူပဲ ထိတ်တိုက်တွေ့နေရတယ်။ ၁၉၈၈ တုန်း က ရဲဝန်ထမ်းတွေနဲ့ ပြည်သူတွေထိတ်တိုက်တွေ့ပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတယ်။

ဒီကနေ့ ကျနော်တို့တိုင်းပြည်ဟာ လူမဆန်တဲ့စနစ်ဆိုးကြီးနဲ့ အင်မတန်မှ လူကိုလူလိုသိတတ်တဲ့၊ လူတဦးချင်းစီအပေါ် မှာရော အယုတ်အလတ်အမြတ်မရွေး လေးစားချစ်ခင်တဲ့ ယဉ်ကျေးတဲ့ ဒီမိုကရေစီစနစ်ဆီကို လှမ်းနေကြတာပါ။ လက် အောက်ခံ တပ်မတော်သားတွေရော၊ ပြည်သူ့ရဲရော ဘ၀တူတွေပါ။ နှစ်ပေါင်းများစွာ လူလိုသူလို အသိအမှတ်ပြုမခံရတဲ့ ကျောမွဲလူတန်းစားတွေထဲလည်း ဖြစ်တယ်။ လယ်သမားတွေ အလုပ်သမားတွေ ဆင်းရဲသလို သူတို့လည်း ချို့တဲ့ပါ တယ်။ အခွင့်အရေးမဲ့သူချင်း အတူတူပါ။ တကယ့်အခွင့် အရေးသမားတွေဘယ်သူလည်းဆိုတာ ပြည်သူက သိပါတယ်။

ဒီခေတ်မှာ သူတို့ကို သူတို့အာဏာပိုင်လို့ အခေါ်ခံရတာကို ပဲရှက်သလိုလိုလုပ်နေပေမဲ့ ပြည်သူ့ဘဏ္ဍာတွေ ခိုးဝှက်စား သောက်နေတာကိုတော့ မရှက်သေးပါဘူး။ ပြီးတော့ အောက်ခြေ၀န်ထမ်းတွေကို နှဖားကြိုးဆွဲ၊ လိုရာခိုင်းစေချင်တဲ့ အာဏာရှင်စရိုက်လည်း ရှိနေတုန်းပါ။

“မရှိတာထက်၊ မသိတာခက်” ဆိုတဲ့ စကားလိုပဲ…

အသိစိတ်ဓာတ်မဲ့တာဟာ မိမိကိုယ်တိုင်ရော၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတခုရဲ့ဂုဏ်သိက္ခာနဲ့ ဖွံ့ဖြိုးမှုကို အစွမ်းကုန်ပါ ထိခိုက် စေပါတယ်။

ကိုညို (အော်စလို)

No comments: